စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ရှိ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့သော အိမ်တွင် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် အုပ်စုက အိန္ဒိယ အစားအသောက်နှင့် အိန္ဒိယ ပစ္စည်းများ ရောင်းချမည့်ဆိုင်ကို နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဟု သိရသည်။
အဆိုပါဆိုင်ကို Royal Lagacyဟု အမည်ပေးထားပြီး အိန္ဒိယ အစားအသောက်နှင့် အိန္ဒိယ ပစ္စည်းများ ရောင်းချမည်ဟု သိရသည်။ လူသတ်မှုဖြစ်ပြီး ထိုအိမ်ကို ဦးစ၀်ကြည်ဖ(ခ) ဦးချာလီ၏ ညီဖြစ်သူ ဦးအော်လီက အမွေရခဲ့သည်။ တစ်ဦးတည်း အသက်ရှင်ကျန်ခဲ့သော မမြစန္ဒာ၏ ခင်ပွန်း ကိုသုဇော်ကိုမူ မွေးစားသမီး၏ ခင်ပွန်းဖြစ်၍ ဟုဆိုကာ ထိုအိမ်ကို အမွေမပေးခဲ့ပေ။ ထိုအိမ်အစား ကိုသုဇော်မှာ ပြင်ဦးလွင်မှ မြေကွက်နှစ်ကွက်သာ ရခဲ့သည်။ ထိုအိမ်ကို အမွေရသူ ဦးချာလီ၏ ညီက တစ်စတုရန်းပေလျှင် ကျပ်သုံးသိန်းခွဲဖြင့် စုစုပေါင်း ကျပ်သိန်းငါးသောင်းဖြင့် ရန်ကုန်ရှိ ပဲကုန်သည် အုပ်စုသို့ ရောင်းခဲ့သည်။ ထိုအုပ်စုက အိမ်ကို အငှားချထားသော်လည်း လူငှားများမှာ မမြဲပဲ အိမ်ကို ပြန်အပ်သွားကြကြောင်း သိရသည်။ ထို့နောက် အိမ်ကို အိန္ဒိယရှိ သူဌေးတစ်ဦးအား ထပ်မံရောင်းချခဲ့ကြောင်း သိရသည်။ ထို့အပြင် လူသတ်သမားက သေဆုံးသူတို့၏ ၀ိညာဉ်ကိုပါ ချုပ်သွားသဖြင့် ထိုသေဆုံးသူ မိသားစုအတွက် အဆိုပါ ခြံအတွင်း နတ်ကွန်းပုံစံ အိမ်ငယ်လေး တစ်လုံးလည်း ဆောက်လုပ်ထားကြောင်း အိမ်ခြံမြေပွဲစား တစ်ဦးထံမှ သိရသည်။ အိန္ဒိယ လုပ်ငန်းရှင်ကလည်း အိမ်အတွင်း နွားရုပ်ကြီး နှစ်ရုပ်ကို အဆောင်ဆောက်လုပ် ကိုးကွယ်ထားကြောင်း အိမ်ခြံမြေ ပွဲစားတစ်ဦးထံမှ သိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ကမူ အိန္ဒိယ သံအမတ်ကြီး အပါအ၀င် စီးပွားရေးသမားများကို ဖိတ်ခေါ်ပြီး အဆိုပါအိမ်တွင် ဖွင့်လှစ်မည့် အိနိ္ဒယ စားသောက်ဆိုင်သစ် မိတ်ဆက်ပွဲလုပ်ခဲ့သည်။ အဆိုပါအိမ်တွင် မကောင်းဆိုးဝါးများကို ဖယ်ရှားနိုင်သည်ဆိုသော နှစ်ငါးရာ သက်တမ်းရှိ နံသာဖြူ တံခါးကိုလည်း တပ်ဆင်ထားပြီး အဆိုပါ တံခါးတန်ဖိုးမှာ မြန်မာငွေကျပ် သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။
Tomorrow journal
SearchMyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။