မေမေသို့.....တမ်းချင်း
**************
မေမေ...နံနက်ခင်း နေရောင်ခြည်လို
ပါးရေနားရေ တွန့်တဲ့အထိ အားရပါးရ
ပြုံးတတ်ပါသော ကျနော့် ရဲ့ မေမေ.......
ဂန္တဝင်ဂီတတွေ ရတုပိုဒ်တွေနဲ့ မဖွဲ့နွဲ့တတ်ပေမယ့်.....
အရိုးသားဆုံး ယက်လုပ်ထားတဲ့ ဒီဝါကျတွေနဲ့
မေမေ့ကို လွမ်းတဲ့ တမ်းချင်းတစ်ပုဒ်တော့
ရေးသားပါရစေ.....
မေမေ့ အိမ်တိုင်ကိုဖောက်တဲ့ ခြတွေရဲ့
ရယ်သံမှာ ကျနော့် ဘဝကို အဖြေရှာကြည့်မိတယ်.....အတွ င်းသားပိုးကိုက်ခံထားရသလို
ဒဏ်ရာတွေနဲ့သာပြည့်နှက်နေလို့ မာယာဆူးခြုံတွေ ထူထပ်လွန်းတဲ့ လောကဓံ လမ်းမမှာ
ကျနော့်ခြေထောက်တွေ တစ်ဖက်နဲ့တစ်ဖက်တောင် မျက်တောင်မခတ်ရဲ ဖြစ်နေပြီ မေမေ......
ကျနော်တို့ အသိုက်ကို ဘယ်လေပြင်းမှ မတိုက်ရပါပဲ ယုံကြည်ရာ တစ်ခုအတွက်နဲ့ ကိုယ်တိုင်
လေလွင့်ခဲ့တဲ့ ကျနော်....လယ်ကွင်းစိမ်းတွေ ကြားက ခြေလှမ်းတွေနဲ့....မြို့ပလက်ဖောင်းတွေမှာ ရှပ်တိုက်ပျံဝဲရင်း လူလိုသူလို ရှင်သန်ခွင့်ရချင်ရုံနဲ့ နယ်မြေခြားကို အလှမ်းကျယ်ခဲ့မိတယ်လေ......
မိဘတွေရဲ့ မျှော်လင့်ခြင်းမှာ ငွေကြေးတစ်ပြား
တစ်ချပ်မှမပါပဲ အနားမှာပဲ ရှီနေစေချင်တာ ကျနော် သိပေမယ့် ခုချိန်ထိ ရှင်ကွဲဆိုတဲ့ မီးက ကျနော့်အတွက် စိမ်းနေတုန်းပါပဲ မေမေ....
ဖုန်းဆက်တိုင်း အနန္တငါးပါးကို မမေ့ဖို့ မှာကြားတဲ့ မေမေ့ ရဲ့မှာတမ်း ..... ရင်နံရံကိုပဲ့တင်နေဆဲပါ ၊ဖုန်းမချခင် ဆုပေးသံတွေနဲ့ တိမ်ဝင်သွားတဲ့ မေမေ့ရဲ့ အသံ မျက်ရည်စမ်းစီးစေတာ ကျနော် မလိမ္မာတာပါ မေမေရယ်....
မနက် ဆယ်နာရီထိုးတိုင်း အိမ်ရှေ့ ကုက္ကိုပင် ထိပ်ဖျှားက ဖြတ်သွားတဲ့ လေယာဉ် လမ်းကြောင်းကို ကြည့်ရင်း ထမင်းအိုးတည်နေတဲ့ မေမေ့ ရဲ့လက်ဖမိုးတွေ ပါးပြင်ပေါ်ကို ဘယ်နှစ်ကြိမ် ပွတ်သပ်ပြီးခဲ့ပြီလဲ ....ညနေတိုင်း ဘုရားပန်းအိုးလဲရင်း .....မေမေ့ မျက်ရည်ပန်းအိုး ကျကွဲခဲ့တာ ဘယ်နှစ်ခါတောင် ရှီခဲ့ပြီလဲ မေမေရယ်.....
မေမေ့ရဲ့ အပြုံးလှိုဏ်ခေါင်းထဲက မျက်ရည်တွင်းနက်လေး ခမ်းစေဖို့ မစွမ်းဆောင်နိုင်သေးတာ ကျနော်မိုက်တာပါ မေမေ ......
ညနေညနေတွေမှာ အလင်းဖျော့ချိတ်ဆွဲထားတဲ့
ကောင်းကင်လည်တိုင်ကို ကြည့်ယင်း အစောဆုံးထွက်လာတဲ့ ကြယ်လေးတွေကိုရေတွက်ရင်း ကောင်မလေးတစ်ယောက်ရဲ့ မျက်ဝန်းအောက်မှာ တောအကြိမ်ကြိမ်မှောက်ခဲ့တဲ့ သား......
လရောင်ကို ထိုင်ငေးရင်း အားအင်တွေနဲ့
လဲလှယ်ထားတဲ့ ငွေစက္ကူ တစ်ချို့ကို ဆုပ်ကိုက်ရင်းဝေဒနာထူထူ ညဆိုးပေါင်းများစွာကို ဖိနပ်လုပ်စီးရင်း ပျော်နေခဲ့မိလို့ မေမေ့အိမ်ကို ပြန်မယ့်ကျနော် အရိပ်တွေ မှောင်နေခဲ့တယ် မေမေ....
အခုတော့ ပျော်ရွှင်ဖို့ ကျနော်အရေပြားကို ကိုယ်တိုင် ခင်းအိပ်လည်း လန့်လန့် နိုးနေပြီ မေမေ
မြေအောက်ရထား ကျည်ဆံ ရထားတွေ ပေါများလွန်းတဲ့ နိုင်ငံမှာ စက်ဘီးစီးသွားနေရတာကို မပျော်တော့ဘူး အပူအအေး မမျှတလွန်းတဲ့ ရာသီဥတု မှာ မပျော်တော့ဘူး ....
မျက်နှာကို အံဝှက်ထဲထည့်ပြီး လိုသလိုသွန်းဖြိုးတတ်တဲ့ အပြုံးတုတွေကြားမှာ မပျော်တော့ဘူး အလုပ်နဲ့ ဂုဏ်သိက္ခာကို ဆတူရောပြီး ချိန်ခွင်လျှာညှိတတ်တဲ့ ပစ္စုန်ပ္ပန် မှာ ကျနော်မပျော်တော့ဘူး.....
ခလုပ်ထိမှ တခဲ့မိတယ်ဆိုတာထက် မေမေ့ရဲ့ မေတ္တာရိပ်ကို သွေဖယ်ခဲ့မိတဲ့ ကျနော့်ခြေ အစုံ ထင်သလို လျှောက်ခွင့်မရတော့မှ မေမေ့ကို အရမ်းသတိရလာတယ်လို့ပြောရင် ကျနော့်ကို စိတ်ဆိုးနေမလား ....မေမေ ......
အိုမင်း နှုံးချိနေတဲ့ မေမေ့ လက်ကလေးတွေကို ဆုပ်နယ်ပေးဖို့ သွေးကြောတွေအပြိုင်းပြိုင်း ထနေတဲ့
မေမေ့ ရဲ့ ခြေသလုံးလေးတွေကို နင်းနှိပ်ပေးဖို့ မေမေ ချိုးမယ့်ရေ
နေ့တိုင်းခပ်ပေးဖို့ မေမေ့ ထဘီကို အမြဲလျှော်ခွင့်ရဖို့
.....ကျနော်ပြန်လာခဲ့ချင်ပါ ပြီ မေမေရယ်.......@@@
Credit to David Htay
**************
မေမေ...နံနက်ခင်း နေရောင်ခြည်လို
ပါးရေနားရေ တွန့်တဲ့အထိ အားရပါးရ
ပြုံးတတ်ပါသော ကျနော့် ရဲ့ မေမေ.......
ဂန္တဝင်ဂီတတွေ ရတုပိုဒ်တွေနဲ့ မဖွဲ့နွဲ့တတ်ပေမယ့်.....
အရိုးသားဆုံး ယက်လုပ်ထားတဲ့ ဒီဝါကျတွေနဲ့
မေမေ့ကို လွမ်းတဲ့ တမ်းချင်းတစ်ပုဒ်တော့
ရေးသားပါရစေ.....
မေမေ့ အိမ်တိုင်ကိုဖောက်တဲ့ ခြတွေရဲ့
ရယ်သံမှာ ကျနော့် ဘဝကို အဖြေရှာကြည့်မိတယ်.....အတွ
ဒဏ်ရာတွေနဲ့သာပြည့်နှက်နေလိ
ကျနော့်ခြေထောက်တွေ တစ်ဖက်နဲ့တစ်ဖက်တောင် မျက်တောင်မခတ်ရဲ ဖြစ်နေပြီ မေမေ......
ကျနော်တို့ အသိုက်ကို ဘယ်လေပြင်းမှ မတိုက်ရပါပဲ ယုံကြည်ရာ တစ်ခုအတွက်နဲ့ ကိုယ်တိုင်
လေလွင့်ခဲ့တဲ့ ကျနော်....လယ်ကွင်းစိမ်းတွေ
မိဘတွေရဲ့ မျှော်လင့်ခြင်းမှာ ငွေကြေးတစ်ပြား
တစ်ချပ်မှမပါပဲ အနားမှာပဲ ရှီနေစေချင်တာ ကျနော် သိပေမယ့် ခုချိန်ထိ ရှင်ကွဲဆိုတဲ့ မီးက ကျနော့်အတွက် စိမ်းနေတုန်းပါပဲ မေမေ....
ဖုန်းဆက်တိုင်း အနန္တငါးပါးကို မမေ့ဖို့ မှာကြားတဲ့ မေမေ့ ရဲ့မှာတမ်း ..... ရင်နံရံကိုပဲ့တင်နေဆဲပါ ၊ဖုန်းမချခင် ဆုပေးသံတွေနဲ့ တိမ်ဝင်သွားတဲ့ မေမေ့ရဲ့ အသံ မျက်ရည်စမ်းစီးစေတာ ကျနော် မလိမ္မာတာပါ မေမေရယ်....
မနက် ဆယ်နာရီထိုးတိုင်း အိမ်ရှေ့ ကုက္ကိုပင် ထိပ်ဖျှားက ဖြတ်သွားတဲ့ လေယာဉ် လမ်းကြောင်းကို ကြည့်ရင်း ထမင်းအိုးတည်နေတဲ့ မေမေ့ ရဲ့လက်ဖမိုးတွေ ပါးပြင်ပေါ်ကို ဘယ်နှစ်ကြိမ် ပွတ်သပ်ပြီးခဲ့ပြီလဲ ....ညနေတိုင်း ဘုရားပန်းအိုးလဲရင်း .....မေမေ့ မျက်ရည်ပန်းအိုး ကျကွဲခဲ့တာ ဘယ်နှစ်ခါတောင် ရှီခဲ့ပြီလဲ မေမေရယ်.....
မေမေ့ရဲ့ အပြုံးလှိုဏ်ခေါင်းထဲက မျက်ရည်တွင်းနက်လေး ခမ်းစေဖို့ မစွမ်းဆောင်နိုင်သေးတာ ကျနော်မိုက်တာပါ မေမေ ......
ညနေညနေတွေမှာ အလင်းဖျော့ချိတ်ဆွဲထားတဲ့
ကောင်းကင်လည်တိုင်ကို ကြည့်ယင်း အစောဆုံးထွက်လာတဲ့ ကြယ်လေးတွေကိုရေတွက်ရင်း ကောင်မလေးတစ်ယောက်ရဲ့ မျက်ဝန်းအောက်မှာ တောအကြိမ်ကြိမ်မှောက်ခဲ့တဲ့
လရောင်ကို ထိုင်ငေးရင်း အားအင်တွေနဲ့
လဲလှယ်ထားတဲ့ ငွေစက္ကူ တစ်ချို့ကို ဆုပ်ကိုက်ရင်းဝေဒနာထူထူ ညဆိုးပေါင်းများစွာကို ဖိနပ်လုပ်စီးရင်း ပျော်နေခဲ့မိလို့ မေမေ့အိမ်ကို ပြန်မယ့်ကျနော် အရိပ်တွေ မှောင်နေခဲ့တယ် မေမေ....
အခုတော့ ပျော်ရွှင်ဖို့ ကျနော်အရေပြားကို ကိုယ်တိုင် ခင်းအိပ်လည်း လန့်လန့် နိုးနေပြီ မေမေ
မြေအောက်ရထား ကျည်ဆံ ရထားတွေ ပေါများလွန်းတဲ့ နိုင်ငံမှာ စက်ဘီးစီးသွားနေရတာကို မပျော်တော့ဘူး အပူအအေး မမျှတလွန်းတဲ့ ရာသီဥတု မှာ မပျော်တော့ဘူး ....
မျက်နှာကို အံဝှက်ထဲထည့်ပြီး လိုသလိုသွန်းဖြိုးတတ်တဲ့ အပြုံးတုတွေကြားမှာ မပျော်တော့ဘူး အလုပ်နဲ့ ဂုဏ်သိက္ခာကို ဆတူရောပြီး ချိန်ခွင်လျှာညှိတတ်တဲ့ ပစ္စုန်ပ္ပန် မှာ ကျနော်မပျော်တော့ဘူး.....
ခလုပ်ထိမှ တခဲ့မိတယ်ဆိုတာထက် မေမေ့ရဲ့ မေတ္တာရိပ်ကို သွေဖယ်ခဲ့မိတဲ့ ကျနော့်ခြေ အစုံ ထင်သလို လျှောက်ခွင့်မရတော့မှ မေမေ့ကို အရမ်းသတိရလာတယ်လို့ပြောရင် ကျနော့်ကို စိတ်ဆိုးနေမလား ....မေမေ ......
အိုမင်း နှုံးချိနေတဲ့ မေမေ့ လက်ကလေးတွေကို ဆုပ်နယ်ပေးဖို့ သွေးကြောတွေအပြိုင်းပြိုင်း
Credit to David Htay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။