မြန်မာမြေပေါ်ရှိ သစ်တောများကို ကိုယ်လုံးတီး ဖြစ်အောင် နည်းမျိုးစုံ နဲ့
ခ္ဈတ်ခွာယူနေကြသော တရုတ် သစ်ခိုး ဂိုဏ်းများက တရုတ်ပြည်ထဲမှ လူအင်အား
ထောင်ချီတဲ့ အလုပ်သမားတွေကို အသုံးပြု ပြီး နေ့စဉ် ၀င်ရောက်ခိုးယူနေကြဆဲ
ဖြစ်တယ်လို့ လန်ဒန်မှာ အခြေစိုက်တဲ့ Environmental Investigation Agency
(EIA) အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာအရ ၂၀၀၁ မှ ၂၀၁၃ အတွင်း မြန်မာ သစ်တော ဧကစုစုပေါင်း ၄.၂ သန်း ဆုံးရှုံးသွားခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအထဲက အတော်များများဟာ တရုတ်ပြည်ထဲကို ရောကိရှိသွားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ၂၀၀၉ က စလို့ ဦးသိန်းစိန်လက်ထက်မှာ တနှစိကို ဧက ၄ သိန်းခွဲ လောက် ပျမ်းမျ ဆုံးရှုံးမှု ရှိနေတယ် ဆိုပါတယ်။

ဥပဒေ အရ သစ် နဲ့ သစ်တောထွက်ပစ္စည်းတွေကို ရန်ကုန် ဆိပ်ကမ်းကတဆင့်သာ ပို့ရန်
နဲ့ ကုန်းလမ်းခရီုးနဲ့ ပြည်ပကို တင်ပို့ ခြင်း မပြု ဘို့ တားမြစ်ထားပါတယ်။
၂၀၁၄ မှာ နိုင်ငံခြားကို သစ်လုံးများ တင်ပို့ ခြင်းကို လုံးဝ တားမြစ်
ပိတ်ပင်ခဲ့ပါတယ်။
ဒါတွေအားလုံးဟာ ကချင်ပြည်နယ်ရဲ့ ၆၀% ကို ထိမ်းချူပ်ထးးတဲ့ တပ်မတော် အရာရှိတွေ အဖို့က သူတို့နဲ့ မဆိုင်သလို ပြုမူနေကြပြီး တရုတ်ပြည်ထဲကို သစ်တွေ မှန်မှန် တင်ပို့ ရောင်းချနေကြပါတယ်။ အလားတူ ကချင် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ရံပုံငွေတွေ ရရှိအောင် ဈေးပေါပေါ နဲ့ အပြိုင် ရောင်းချနေကြပါတယ်။
မြန်မာအစိုးရက ဒီကိစ္စကို ကိုင်တွယ်ချင်တယ် ဆိုရင်တောင်မှ တရုတ်ရဲ့ ထောက်ခံမှု မရပဲနဲ့ မဖြစ်နိုင်ပါဘူး။ တရုတ် အစိုးရ က ၎င်းတို့ရဲ့ သစ်တောတွေကို လုံးလုံး အထိမခံတဲ့ မူ ချမှတ် ကျင့်သုံးနေတာကြောင့် တိုးတက်လာနေတဲ့ တရုတ်လူလတ်တန်းစားတွေရဲ့ ပရိဘောဂ တွေ အိမ် ကြမ်းခင်းတွေအတွက် ဈေးပေါတဲ့ မြန်မာသစ်တွေဟာ သဘာဝကျစွာပဲ ၀ယ်လိုအား အရမ်းကောင်းလာတာ တွေ့ရပါတယ်။
ဒီအတွက် ယူနန်က တရုတ် အရာရှိတွေက အရင် မြန်မာသစ်တော ထိမ်းသိမ်းရေး ကြိုး ပမ်းမှုတွေကို ထောက်ခံမှု ပြု ခဲ့ကြပေမယ့် အခုတော့ ဖာသိဖာသာ မျက်စိမှိတ် လာနေပါတယ်။ လော်ရီ အစီးလိုက် ပြန်သယ်လာနေတဲ့ သစ်တွေကို ဂိတ်ဖွင့်ပြီး အခွန်တာင် ဗြောင် ကောက်နေကြပါပြီ။
တဖြေးဖြေး နဲ့ တရုတ်အပေါ် အလွန်အက္ဈံ မှီခိုလာနေရမှုကြောင့် အာဏာရ ဗိုလ်ချု ပ်ကြီးတွေက သက်သာလို သက်သာငြား တိုင်းပြည်အား ပြင်ပကမ္ဘာကို တံခါးဖွင့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုအခါ မြန်မာ အစိုးရက တရုတ်ကို အရင်ကလောက် ဂရုစိုက်စရာ မလိုတော့တဲ့ အမူအရာတွေ ပြလာနေတဲ့ အတွက် သစ်တွေ ဆက်လက်ခိုးယူနေတဲ့ ကိစ္စကို ရပ်တန့်အောင် တရုတ်ကို ဖျောင်းဖြဘို့ သိပ်မလွယ်လှတဲ့အပြင် တရုတ်အစိုးရကလည်း ငွေဝင်လမ်းဖြောင့်နေတဲ့ ယူနန် အရာရှိတွေကို ဆက်လက်ထောက်ခံသွားဘို့ သာ ရှိနေပါတယ်။
ကိုးကား။ ။ The Economist, September 19th 2015
HSW

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။