Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 27, 2015

အလှည့်စား ခံခဲ့ရသော ``` King Of Pop ´´´ အပိုင်း - ၁-၂


အလှည့်စား ခံခဲ့ရသော
``` King Of Pop ´´´
အပိုင်း - ၁

~~~~~~~
လူတွေရဲ့ပရိယာယ်ဆင် လှည့်စားတာကို ကျွန်တော်ခံရတာ ငြီးငွေ့လာခဲ့ပြီ။ ဒီလိုအတင်းအဓမ္မတွေက တကယ်ရှိခဲ့တယ်။ သူတို့ဟာ လူလိမ်တွေ၊ သမိုင်းစာအုပ်ကလည်း အလိမ်အညာတွေချည်းပဲ။ ခေတ်စားခဲ့တဲ့သီချင်း Jazz ၊ Rock ကနေ hip-hopထိ နောက်ပြီး အကတွေကိုလည်း လူမည်းတွေ စထွင်ခဲ့တယ်ဆိုတာကို လူတွေသိထားသင့်တယ်။ ဒါပေမယ့် သမိုင်းစာအုပ်ရဲ့ချောင်ထဲ ဒီအကြောင်းအရာတွေ ထိုးသိပ်ခံခဲ့ရတယ်။ လူမည်းတစ်ယောက်ရဲ့ပုံကို ဘယ်မျက်နှာဖုံးပေါ်မှာ ခင်ဗျားတွေ့ဖူးလဲ? Elvis Presley နဲ့ Rolling Stones အဖွဲ့ကိုပဲ ခင်ဗျားတွေ့ခဲ့လိမ့်မယ်။ တကယ်ဆို ဘယ်သူတွေက အမှန်စင်စစ် စတင်ထီထွင်သူလဲ?
ကျွန်တော့်အခွေထုတ်ပြီးနောက် Elvis Presleyကို ကျွန်တော်စံချိန်ချိုးခဲ့တယ်။ Beatles ကို စံချိန်ချိုးခဲ့တယ်။ နောက်ဆုံးတော့.. ? ကျွန်တော့်ကို အင်္ဂါချို့တဲ့သူ၊ လိင်တူဆက်ဆံသူ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်အသားကို ဖြူအောင်ဆေးချွတ်သူ၊ လုပ်ချင်တာလုပ်ပြီး ကိုယ့်ဂုဏ်သိက္ခာကို ဖျက်ဆီးသူ စတာတွေက သူတို့ရဲ့ မကောင်းကြံစည်တာတွေဖြစ်တယ်။ ဒါပေမယ့် မှန်ရှေ့ရောက်တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် သိတယ်။ ကျွန်တော် လူမည်းတစ်ယောက်ဖြစ်တယ်။
( မိုက်ကယ်ဂျက်ဆင် )
 
 အပိုင်း - ၂
-----------

သီချင်းလောကမှာ မိုက်ကယ်ဂျက်ဆင်ဆိုတဲ့ နာမည်က ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ နာမည်ကြီး ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဟာ (၁ဝ)နှစ်ကျော်လုံးလုံး မီဒီယာတွေရဲ့ မဟုတ်မမှန်သတင်း လွှမ်းခြုံမှုကို ခံခဲ့ရတယ်။

လူတွေရဲ့ အကဲ့ရဲ့၊ အလှောင်ပြောင်ကြားမှာ နစ်မွန်းခဲ့ရတယ်။
တကယ့်မိုက်ကယ်ဂျက်ဆင်က လူသားတွေကို ချစ်မြတ်နိုးတဲ့စိတ်ရှိသူ တစ်ဦးဖြစ်တယ်။

သီချင်းထဲကနေ ငြိမ်းချမ်းခြင်းကို သူကြွေးကြော်ခဲ့တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သူကြေညာခဲ့တယ်။

မေတ္တာတွေပေးကမ်းခဲ့တယ်။ လူ့အဖွဲ့အစည်းကို ဂရုစိုက်ခဲ့တယ်။ မတရားမှုတွေကို တွန်းလှန်ခဲ့တယ်။ သီချင်းထဲတင်မက အပြင်လက်တွေ့မှာလည်း သူတကယ်လုပ်ခဲ့တယ်။

သူ့ရဲ့ အနှစ်(၂ဝ)ကျော် အလှူဒါနတွေမှာ သူဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အနုပညာသည်တွေထဲက ဒါနအလုပ်ဆုံး၊ ပေးကမ်းစွန့်ကျဲမှု အများဆုံးလုပ်ခဲ့သူဖြစ်တယ်။

လူသားချင်း စာနာတတ်တဲ့ဆုကို သူမကြာခဏရခဲ့တယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် စာရင်းနှစ်ကြိမ် ပေးသွင်းခံရသူဖြစ်ခဲ့တယ်။

မိုက်ကယ်ဂျက်ဆင်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Charitable organizations အဖွဲ့ (၄ဝ) ကို လှူဒါန်းတဲ့အပြင်....

ကမ္ဘာ့ကယ်ဆယ်ရေး အဖွဲ့အစည်း Save the World Foundationကို (၁၉၉၂)မှာ တည်ထောင်ခဲ့တယ်။

ကလေးများကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့အစည်းHealကို (၂ဝဝ၁) ခုနှစ်မှာ တည်ထောင်ခဲ့တယ်။

မိုက်ကယ်ဂျက်ဆင် လောင်ကျွမ်းကုသရေးဌါန Burn Center (၁၉၈၄)
မိုက်ကယ်ဂျက်ဆင် အေအိုင်ဒီအက်စ် ကယ်ဆယ်ကုသရေးဌါန (၁၉၈၆)
မိုက်ကယ်ဂျက်ဆင် အသားရောင်မျိုးစုံ သင်ကြားရေး ပညာရေးငှါန (၁၉၈၇)
မိုက်ကယ်ဂျက်ဆင် ကလေးဆေးရုံ (Warsaw -၁၉၉၃)

မိုက်ကယ်ဂျက်ဆင် ကလေးဆေးရုံ (ပဲရစ် - ၁၉၉၅)

မိုက်ကယ်ဂျက်ဆင် ဆီးချိုရောဂါဝေဒနာရှင်များ အဖွဲ့အစည်း (၁၉၉၉ခုနှစ် Elizabeth Taylor နှင့်အတူ)

နှစ်စဉ်နှစ်တိုင်း ဖျားနာသူတွေအတွက် ပေးကမ်းလှူဒါန်းခဲ့တယ်။ အထူးသဖြင့် ကလေးသူငယ်တွေအတွက် ဖြစ်တယ်။

မရှိဆင်းရဲသားတွေကိုလည်း ဆေးကုသမှုတွေပေးခဲ့တယ်။ ကျော်ကြားမှုကို မလိုလားတဲ့ မိုက်ကယ်အတွက် တစ်ခြားအဖွဲ့အစည်း၊ အလှူအဒါန်းတွေလည်း ရှိပါဦးမယ်။

ဒါပေမယ့် ဒါတွေကို မီဒီယာတွေက ပုံကြီးချဲ့ မကြေညာချင်ခဲ့ကြဘူး။ အကြောင်းက ကမ္ဘာကျော်အဆိုတော်တစ်ယောက်ရဲ့ ကမ္ဘာ့ကယ်တင်မှုအစား သူရဲ့မကောင်းတဲ့ အပြစ်အနာတွေကိုဖန်တီးပြီး လူတွေရဲ့စူးစမ်း၊ စပ်စုလိုစိတ်ကို ပြည့်ဝစေဖို့ပဲ သူတို့ကြော်ညာခဲ့ကြတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ နှစ်အတော်ကြာ သတင်းမီဒီယာတွေရဲ့ လုပ်ကြံမှုကိုခံခဲ့ရတယ်။

သိသာတဲ့ လုပ်ကြံမှုတစ်ခုက မိုက်ကယ်ဂျက်ဆင်မှာ Vitiligo (သမင်ဖြူရောဂါ) ရှိမှန်းသိသိနဲ့ သူ့ကို အသားဖြူအောင် ဆေးချွတ်တယ်ဆိုပြီး လူအများအမြင်လွဲမှားအောင် သတင်းလွှင့်ခဲ့တယ်။

ဒီလို အထင်လွဲမှားမှုကို (၁ဝ)နှစ်ကျော်ကြာ မိုက်ကယ်ဂျက်ဆင် ခံခဲ့ရတယ်။

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့အမှု တွေမှာလည်း လစ်ဟချက်တွေ ရှိခဲ့တယ်။ တစ်ချို့အမှုက ကျောက်ခဲရေညှစ်သလို အဖြေရှာမရခဲ့ပေမယ့် မိုက်ကယ်မှာ အပြစ်ရှိတယ်လို့ အရင်ဦးအောင် ဒဏ်ခတ်လိုက်ကြပြီးဖြစ်တယ်။

၁၉၈ဝခုနှစ်ဝန်းကျင်က Charlie Chaplin စတိုင်လ်နဲ့ မိုက်ကယ်ဂျက်ဆင်ပုံဟာ မျက်နှာပေါ်မှာ မိတ်ကပ်တွေ လိမ်းခြယ်ထားတယ်ဆိုပေမယ့် မိုက်ကယ်ရဲ့မျက်နှာနဲ့ နားရွက်တွေမှာ သမင်ဖြူကွက်တွေကို တွေ့နိုင်ပါသေးတယ်။

အသားဖြူအောင် မိုက်ကယ်ဂျက်ဆင် ဆေးမချွတ်ခဲ့သလို၊ ဖြူအောင် ဆေးချွတ်လို့လည်း မရနိုင်ပါဘူး။

တကယ်လို့ ကမ္ဘာပေါ်မှာ လူမည်းတွေရဲ့ အသားဖြူဆေးချွတ်တဲ့ပညာ တကယ်ရှိခဲ့ရင် ကမ္ဘာပေါ်မှာ အသားဖြူအောင် ဆေးချွတ်တဲ့လူ တစ်ယောက်ထက်မနည်း ရှိခဲ့ကြမှာပါ။

ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်က လွဲပြီး တစ်ခြားဆေးချွတ်တဲ့လူကို ကျွန်မတို့မတွေ့ဖူးခဲ့ကြသလို "လူမည်းတွေ အသားဖြူအောင် ဆေးချွတ်တယ်" ဆိုတာကိုလည်း မကြားခဲ့ဖူးပါဘူး။

တကယ်တမ်းလည်း ဒီကမ္ဘာမှာ အသားဖြူဆေးချွတ်ပညာဆိုတာ မရှိခဲ့ပါဘူး။ သေချာစဉ်းစားကြည့်ရင် လူမည်းတွေမဆိုထားတဲ့ ကျွန်မတို့လို အသားလတ်သူတွေတောင် အသားဖြူအောင် လုပ်ဖို့မလွယ်ခဲ့ပါဘူး။

ဒီလိုဆိုရင် အရင်ကမည်းပြောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ အသားက ဘာကြောင့် အခုချိန်မှာ နှင်းတွေလို့ ဖြူဖွေးနေသလဲလို့ မေးစရာအကြောင်းရှိလာပါတယ်။

ဒီ့အတွက် ၁၉၉၃ ခုနှစ်ကတည်းက မိုက်ကယ်ဖြေရှင်းခဲ့ပါတယ်။ “သမင်ဖြူ” ရောဂါကြောင့် သူ့အသားအရည်တွေ ပြောင်းလဲခဲ့ကြောင်း၊ ဒီရောဂါကို (၇ဝ)ခုနှစ်ဝန်းကျင်မှာ စတင်ဖြစ်ပွါးခဲ့ကြောင်း၊ ရောဂါကြောင့် အသားရောင်မညီမျှလို့ မိတ်ကပ်တွေနဲ့ လိမ်းခြယ်ဖုံးကွယ်ခဲ့ရကြောင်း သူဖြေရှင်းခဲ့ပါတယ်။

တကယ်လို့ မည်းနက်နေတဲ့ကိုယ်လုံးကို တစ်ကိုယ်လုံး ဖြူဖွေးအောင် လုပ်နိုင်ခဲ့ရင် ဒီကမ္ဘာမှာ မိုက်ကယ်ဂျက်ဆင်တစ်ယောက်ထဲ ဖြူအောင်လုပ်ခဲ့မှာ မဟုတ်ပါဘူး။

သမင်ဖြူရောဂါနဲ့ ပတ်သက်တဲ့ သူ့ဓာတ်ပုံတွေ တော်တော်များများ မှတ်တမ်းမတင်ခဲ့နိုင်ကိုက နှမြောစရာကောင်းခဲ့ပါတယ်။

အနုပညာသည်မို့ သူ့ရဲ့အကောင်းဆုံး အပြင်အဆင်၊ အပြုအမှုတွေကိုပဲ ပရိသတ်ကို ပြသပေးခဲ့ချင်တာဖြစ်တယ်။ ဒါကြောင့် ပရိသတ်ရှေ့ထွက်ဖို့ မိတ်ကပ်တွေသူသတိထား လိမ်းခြယ်ခဲ့ရပါတယ်။

Admin-- MP

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။