Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Monday, October 26, 2015

အရွက္ကုိ အသက္ႏွင့္လဲၾကသူမ်ား

. [Zawgyi]
အရွက္ကုိ အသက္ႏွင့္လဲၾကသူမ်ား

''လက္ထပ္ဖို႔က အဆင္မေျပေသးေတာ့ ဒီကေလးကို ယူလို႔မျဖစ္ေသးဘူး။
ဖ်က္မခ်ခ်င္ေပမယ့္ ဒီလိုမလုပ္လို႔မရေတာ့တဲ့ အေျခအေနေလ။ လက္သည္ဆီကိုလဲ အပ္ ထားၿပီးၿပီ။ ဒါမွ အရွက္တကြဲအက်ဳိးနည္းမျဖစ္မွာ''ဟု ဆိုလာသည့္ အသိမိတ္ေဆြတစ္ဦး၏ လြဲမွားေသာယူဆခ်က္ႏွင့္ ေျပာလာသည့္ စကားသံကို ၾကားေယာင္ရင္း သူမကိုယ္စားရင္ေလးမိပါသည္။


ခ်စ္သူႏွင့္ အတူေနထိုင္ရာမွ မေတာ္ တဆ ကိုယ္ဝန္ရွိသြားေသာအခါ ေငြေၾကးစီး ပြားရွာေနရဆဲအခ်ိန္ကာလႏွင့္ အသက္ ငယ္ေသးသည့္အတြက္ မိမိေျခေထာက္ေပၚ မိမိရပ္တည္ႏိုင္သည့္ အေျခအေနမ်ဳိးမ ေရာက္ေသးသူမ်ားျဖစ္ေနသည့္ အေၾကာင္း တရားမ်ားေၾကာင့္ ခ်က္ခ်င္းအိမ္ေထာင္မျပဳ ႏိုင္ၾကေသးေပ။ ယင္းတို႔အတြက္ လတ္တ ေလာ ျပႆနာေျပလည္ရန္ ကေလးဖ်က္ခ် ျခင္းနည္းလမ္းသည္ အဆင္ေျပေစႏိုင္မည့္ တစ္ခုတည္းေသာနည္းလမ္းျဖစ္ေနေလ ေတာ့သည္။
ယေန႔ေခတ္တြင္ သူတို႔ခ်စ္သူမ်ားကဲ့သို႔ အေနာက္တိုင္းယဥ္ေက်းမႈ၏ လႊမ္းမိုးမႈ ေၾကာင့္ ခ်စ္သူဘဝတြင္ ေပါင္းသင္းေနထိုင္သည့္ လူငယ္အမ်ားအျပား ရွိေနၾကသည္။ လူငယ္အမ်ားစု၏သံုးသပ္ခ်က္အရ ခ်စ္သူ၊ သမီးရည္းစားစံုတြဲ ၁ဝ တြဲ၌ living together ဟူေသာ စကားရပ္ကို လက္ခံကာ အတူ ေနထိုင္သူမွာ ခုနစ္တြဲခန္႔ရွိႏိုင္သည္။
''အေနာက္တိုင္းယဥ္ေက်းမႈ လႊမ္းမိုး လာတဲ့အခါက် သူတို႔ခ်စ္သူျဖစ္တာနဲ႔ နည္း နည္း လက္တည့္စမ္းခ်င္တာလဲပါတာေပါ့။ အခ်ဳိ႕ကလဲ လက္ထပ္ဖို႔အဆင္မေျပေသး ဘူး။ တစ္ခ်ိန္က်ရင္လက္ထပ္ဖို႔ အစီအစဥ္ ေတာ့ရွိတယ္ေပါ့။ အခ်ဳိ႕လဲေသေသခ်ာခ်ာ plan လုပ္ထားတာမရွိၾကဘူး။ ခုေနာက္ပိုင္း မွာေတာ့ living together က ေတာ္ေတာ္ မ်ားမ်ားျဖစ္ေနၾကတာပဲ''ဟု ကမာရြတ္ၿမိဳ႕နယ္
တြင္ ေနထိုင္သည့္ဆယ္ေက်ာ္သက္ လူငယ္တစ္ဦးျဖစ္သူကိုစိုးဝင္းထြဋ္က ေျပာသည္။
အတူေနထိုင္သည့္အခါ ပဋိသေႏၶ တားေဆးသံုးျခင္းကို သိရွိၾကေသာ္လည္း မည္သည့္ျပႆနာမွ ျဖစ္ေပၚမလာႏိုင္ဟုယူဆကာ မသံုးသူကပိုမိုမ်ားျပားေနသည္ကို ေတြ႕ရေၾကာင္း၊ အဆိုပါ စံုတြဲမ်ားမွာ က်ဴးလြန္ၿပီး အခ်ိန္ အေတာ္ၾကာသည္ အထိ စိတ္ပူပင္မႈမရွိၾကဘဲ ပံုမွန္အခ်ိန္၌ဓမၼတာမလာမွသာ စိတ္ထဲတြင္ ေၾကာက္လန္႔စိတ္ မ်ားေပၚေပါက္လာၿပီး ေဆးခန္းမ်ားသို႔ လာ ေရာက္ စစ္ေဆး၍ အကူအညီေတာင္းခံၾကေၾကာင္း ဆရာဝန္မ်ားက ဆိုသည္။
''အဓိကကေတာ့ သူတို႔က ပဋိသေႏၶ တားတာနဲ႔ပတ္သက္ၿပီးေတာ့ အသိပညာ နည္းပါးတာေပါ့။ တားေဆးသံုးရမယ္မွန္းကို မသိၾကတာပါ။ မသိတဲ့အခါက်ေတာ့ မလို အပ္တဲ့ ကိုယ္ဝန္ေတြရလာတယ္ေပါ့။ အဲလို မ်ဳိးရွိတဲ့အခါက်ေတာ့ သူတို႔ဒီကေလးကို ဘယ္လိုမွ ေမြးဖို႔အဆင္မေျပဘူး။ ဖ်က္ခ် ခ်င္တယ္။ မ်ားေသာအားျဖင့္ ကြၽန္မတို႔ ဆရာဝန္ေတြက ကယ္တဲ့အလုပ္ပဲလုပ္တာ။ အဲဒီလို ဖ်က္ခ်တာေတြမလုပ္ၾကဘူး''ဟု သားဖြား၊ မီးယပ္အထူးကုေဒါက္တာ ေအးစႏၵာ
က ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ကိုယ္ဝန္ဖ်က္ခ်ျခင္းႏွင့္ ပတ္သက္ေသာဥပေဒတစ္စံုတစ္ရာ မရွိေသးဘဲ Therapeutic abortion (ကေလး ဆက္လက္တည္ရွိေနမႈသည္ မိခင္၏အသက္ အႏၲရာယ္ကိုထိခိုက္ေစႏိုင္သည့္ အေျခအေနမွလြဲ၍) ဘာသာေရးအရႏွင့္ပါ အသက္အႏၲရာယ္ရွိေသာေၾကာင့္ အျခားမည္သည့္အေျခ အေနမ်ဳိးတြင္မွ abortion ကို တရားဝင္ဟု သတ္မွတ္ထားျခင္းမရွိေပ။
ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၂၁ တြင္ လည္း''မည္သူမဆို ကိုယ္ဝန္ေဆာင္မိန္းမ၏ အသက္ကိုကယ္ဆယ္လိုေသာ သေဘာ႐ိုး ျဖင့္ မဟုတ္ဘဲ ကိုယ္ဝန္ေဆာင္မိန္းမအား ကိုယ္ဝန္ပ်က္က်ေစရန္ လုပ္ေဆာင္လွ်င္ ေထာင္ဒဏ္သံုးႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ႏိုင္ သည္''ဟု ေဖာ္ျပပါရွိသည္။
ထို႔ေၾကာင့္ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္မ်ားမွ ကေလးဖ်က္ခ်ျခင္းကို လက္ မခံသည့္အတြက္ အရပ္လက္သည္မ်ားကို အားကိုးၾကရသည္။ အရပ္လက္သည္မ်ား သည္ က်န္းမာေရးအသိမရွိသျဖင့္ မသန္႔ ရွင္းေသာ ပစၥည္းကိရိယာမ်ားႏွင့္ပင္ ပဋိသေႏၶပ်က္က်ေစေရးကို လုပ္ေဆာင္ေပးတတ္ၾကသည္။
မသန္႔ရွင္းေသာပစၥည္းမ်ားကို အသံုး ျပဳရာမွ ေနာက္ဆက္တြဲျဖစ္ေပၚလာသည့္ အက်ဳိးဆက္မွာ သေႏၶသားပ်က္က်႐ုံသာ မက မသန္႔ရွင္းေသာအရာမ်ားမွ မိခင္ထံသို႔လည္း ပိုးမႊားမ်ားဝင္ေရာက္ကာ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနသို႔ ဆိုက္ေရာက္ေစႏိုင္သည္။
''ဖ်က္ခ်လိုက္ေပမယ့္ ကိုယ္ဝန္က ေသခ်ာမပ်က္သြားဘူး။ တစ္ဝက္တစ္စ က်န္ခဲ့တယ္ဆိုရင္ အဲဒါကေသြးသြန္ၿပီးေတာ့၊ ေသြးထြက္လြန္ၿပီး ေသႏိုင္တယ္။ အေမပါ ထိ ခိုက္တယ္ေပါ့။ ေနာက္ေသခ်ာ ပိုးသတ္ထားတာမ်ဳိးမဟုတ္တဲ့ပစၥည္းမ်ဳိးေတြကို သံုးရင္ ပိုးဝင္တာမ်ဳိးလဲ ရွိႏိုင္တယ္။ ေနာက္ အေျခအေနအရ ေသခ်ာပိုးသတ္ထားတဲ့ ေနရာ မဟုတ္ဘူးေပါ့။ အမွန္ေတာ့ ဒါက ခြဲစိတ္သလို
မ်ဳိးပဲေလ''ဟု ေဒၚေအးစႏၵာက ဆိုသည္။
ျမန္မာႏိုင္ငံရွိ မိခင္ ၁ဝဝ တြင္ ဗဘသမ- အငသည ေၾကာင့္ ၁ဝ ဦး ခန္႔ေသဆံုးႏႈန္းရွိသျဖင့္ ၁၉၉၁ ခုႏွစ္မွ စတင္၍ သားပ်က္သားေလွ်ာ ကာကြယ္ရန္အတြက္ သားဆက္ျခားစီမံ ခ်က္ကိုစတင္ခဲ့သည္။ ထို႔ေၾကာင့္ ေဘသမအငသည
မ်ား ေလ်ာ့က်ေစရန္အတြက္ သားဆက္ ျခားစီမံခ်က္တြင္ စားေဆး၊ ထိုးေဆး၊ ကြန္ဒံုး၊ သားအိမ္တြင္းထည့္ျခင္းႏွင့္ အေရျပားေအာက္ထည့္ျခင္း စသည့္နည္းလမ္းမ်ားကို အသံုး ျပဳေပးလ်က္ရွိသည္။
ယင္းစီမံခ်က္ေၾကာင့္ ၂ဝဝ၁ ခုႏွစ္တြင္ သားဆက္ျခား ေဆးဝါးသံုးစြဲမႈႏႈန္း ၃၇ ရာခိုင္ႏႈန္း၊ ၂ဝဝ၄ ခုႏွစ္တြင္ ၄၁ ရာခိုင္ႏႈန္း၊ ၂ဝဝ၉ခုႏွစ္တြင္ ၄၆ ရာခိုင္ႏႈန္းအထိ ျမင့္ တက္လာခဲ့သည္ဟု က်န္းမာေရးဝန္ႀကီး ဌာနတြင္ ေဖာ္ျပထားသည္။
ထိုသို႔ သားဆက္ျခားေဆးဝါးသံုးစြဲမႈ ျမင့္တက္လာသည္ဆိုေသာ္လည္း ကိုယ္ဝန္ ဖ်က္ခ်သည့္ ႏႈန္းမွာလည္း ၿမိဳ႕နယ္အလိုက္ တိုးပြားေနေၾကာင္း ဆရာဝန္မ်ားက ေျပာ ဆိုမႈရွိေနသည္။
ကိုယ္ဝန္ဖ်က္ခ်ရာတြင္ ေစ်းႏႈန္းမ်ား အေနျဖင့္ ကိုယ္ဝန္လအႏုအရင့္အေပၚ မူ တည္ၿပီး ေငြက်ပ္ေသာင္းဂဏန္းမွႏွစ္သိန္း သံုးသိန္းေက်ာ္အထိရွိေၾကာင္း သိရသည္။
၂ဝ၁၄ ခုႏွစ္တြင္ ကမၻာ့ကုလသမဂၢ လူဦးေရရန္ပံုေငြအဖြဲ႕မွ ေဖာ္ျပထားေသာ စာရင္းဇယားမ်ားအရ ျမန္မာႏိုင္ငံတြင္ ကိုယ္ဝန္ဖ်က္ခ်ႏႈန္း ငါးရာခိုင္ႏႈန္းခန္႔ ရွိၿပီး ယင္းပမာဏတြင္ အသက္ ၁၅ႏွစ္မွ ၂ဝ ေအာက္အရြယ္ ဖ်က္ခ်ႏႈန္းမွာ ၁၁ ဒသမ ၃၁ ရာခိုင္ႏႈန္းရွိေနသည္။
''Sex Education ပိုင္းကို သိရွိနား လည္ထားရင္ ဒီလိုျပႆနာေတြေပၚေပါက္ ေတာ့မွာမဟုတ္ဘူး။ လူငယ္ေတြအေနနဲ႔ ခ်စ္သူနဲ႔အတူေနေတာ့မယ္ဆိုရင္ အကာ အကြယ္ ကြန္ဒံုးသံုးတာ ျဖစ္ျဖစ္၊ ဒါမွမဟုတ္ အေရးေပၚေဆးမဟုတ္ဘဲနဲ႔ ညစဥ္တစ္ရက္ တစ္လံုးပံုမွန္ေသာက္တဲ့ ေဆးမ်ဳိးျဖစ္ျဖစ္ သံုးစြဲသင့္ပါတယ္။ တားေဆးေတြလဲ အမ်ား ႀကီးရွိေနတာပဲ''ဟု မာရီစတုပ္စ္အင္တာေန ရွင္နယ္(ျမန္မာ)မွအသင္းဝင္ကိုမ်ဳိးေက်ာ္ ေဆြက ရွင္းျပသည္။
အေရးေပၚတားေဆးမွာ အတူေနၿပီး ၄၈ နာရီအတြင္း အဆင္ေျပသည့္အခ်ိန္တြင္ ေသာက္သံုးရန္ လြယ္ကူေသာ္လည္း Arrow ကဲ့သို႔ ေန႔စဥ္ေသာက္ေဆးသံုးရန္မွာ ထားသိုရန္ ေနရာကအစ အဆင္ေျပမႈမရွိသည့္ အတြက္ အေရးေပၚတားေဆးကိုသာ သံုးစြဲ ရသည္ဟု ခ်စ္သူႏွင့္လက္မထပ္ဘဲ အတူ ေနထိုင္သူတစ္ဦးက ၄င္း၏ အခက္အခဲကို ဆိုသည္။
ေလ့လာဆန္းစစ္ခ်က္မ်ားအရအေရး ေပၚတားေဆးမွာ သာမန္တားေဆးထက္ မလိုအပ္သည့္ ေဟာ္မုန္းပမာဏေျမာက္ ျမားစြာသံုးထားေသာေၾကာင့္ ေဟာ္မုန္း၏ ဆိုးက်ဳိးမ်ားသည္ ကင္ဆာေရာဂါအထိ ျဖစ္ပြားႏိုင္မည္ျဖစ္သည္။
''တခ်ဳိ႕ေတြကလဲ ေသခ်ာနားမလည္ ဘဲနဲ႔ အေရးေပၚသံုးတဲ့တားေဆးကို သံုး တတ္ၾကတယ္။ အဲဒါေတြက တကယ္တမ္း တီထြင္ထားတာက မုဒိမ္းမႈတို႔လိုမ်ဳိးနဲ႔ တစ္ ခါတေလအေရးေပၚမွ ေသာက္ရမယ့္ေဆး ပါ။ ေရရွည္သံုးစြဲလို႔ရတာမ်ဳိး မဟုတ္ဘူး။ ဒါေပမဲ့ သူတို႔ကနားမလည္ဘူး။ တစ္ခါေန ၿပီးတာနဲ႔ဒါေသာက္လိုက္ရင္ အဆင္ေျပမယ္ေပါ့''ဟု သားဖြား၊ မီးယပ္အထူးကု ဆရာဝန္ေဒါက္တာေနျခည္ေအာင္က ေျပာျပသည္။
ဆရာဝန္အမ်ားစု၏ သုေတသနျပဳ ထားခ်က္မ်ားကို ေမးျမန္းထားခ်က္မ်ားအရ ကိုယ္ဝန္ဖ်က္နည္းေပါင္း ၉ဝ ေက်ာ္ခန္႔ရွိၿပီး ယင္းတို႔အနက္ မေရြး႐ိုးျဖင့္ထိုးျခင္း၊ သစ္ ကိုင္းေျခာက္ထိုးျခင္း၊ ဝမ္းဗိုက္ကို ဆီးစပ္ အထက္မွ ႏွိပ္ေပးျခင္းစသည့္ ဆိုးရြားလွ ေသာ နည္းလမ္းမ်ား ပါဝင္လ်က္ရွိသည္။
''ကိုယ္ဝန္ဖ်က္ခ်ရာမွာ မေရြး႐ိုးထိုး တယ္။ သစ္ကိုင္းေျခာက္ေလး ထိုးတယ္။ အခ်ဳိ႕က်ေတာ့ ေဆးထည့္ၾကတာေပါ့။ မသန္႔ရွင္းတဲ့ပစၥည္းေတြနဲ႔ ထည့္လိုက္တဲ့ အခါက်ေတာ့ ပိုးေတြဟာ ေမြးလမ္းေၾကာင္းက တစ္ ဆင့္ဝင္သြားတယ္။ အဲဒီလိုဝင္သြားတဲ့အခါ သားအိမ္ထဲမွာ ပိုးဝင္လာတယ္။ အဲဒီက တစ္ခါထပ္ၿပီး ျပန္႔သြားတဲ့အခါမွာ သားအိမ္ရဲ႕ ျပင္ပေတြမွာ ဝမ္းဗိုက္ေတြ ေရာင္တယ္။ ဝမ္း
ဗိုက္အတြင္းမွာ ျပည္ေတြေရာက္လာတယ္။ သားအိမ္ထဲမွာ ျပည္ေတြ ေရာက္လာတယ္။ အခ်ဳိ႕က်ေတာ့လဲ ေသြးထဲကို ေရာဂါပိုးက ျပန္႔သြားၿပီး ေသြးဆိပ္တက္တယ္ေပါ့။ ေသြး ထဲမွာ ပိုးေတြပ်ံ႕သြားၿပီဆိုရင္ ေသြးလည္ပတ္မႈကတစ္ဆင့္ ေသြးေလွ်ာက္တဲ့ေနရာေတြ အကုန္လံုးကို ေရာဂါပိုးေတြျပန္႔သြားတာေပါ့''ဟု ေဒါက္တာျမင့္သက္မြန္ တြဲဖက္ပါေမာကၡ၊ ဗဟိုအမ်ဳိးသမီး ေဆး႐ုံ (သားဖြား၊ မီးယပ္ အထူးကုဆရာဝန္ႀကီး)က ေျပာသည္။
အထက္ပါ နည္းလမ္းမ်ားႏွင့္ ကိုယ္ဝန္ဖ်က္ခ်သည့္အတြက္ ေနာက္ဆက္တြဲဆိုးက်ဳိး မ်ားအေနျဖင့္ အခ်ဳိ႕မွာ ကိုယ္ဝန္ဖ်က္ခ်ရာမွ ေသြးမတိတ္ေတာ့ဘဲ ေနရာအႏွံ႔ ေသြးထြက္ လာကာ ႏွာေခါင္းထဲမွ ေသြးလွ်ံျခင္း အပါ အဝင္ ေျခ၊ လက္မ်ားတြင္ ေသြးေျခဥႏိုင္ျခင္းမ်ား ျဖစ္လာသည္။ ေသြးလည္ပတ္မႈကို ေသြးတိတ္ေအာင္ ထိန္းသည့္ ဝမ္းတြင္းမွ mechenisn မ်ား ပ်က္စီးသြားသည္အထိ ျဖစ္လာႏိုင္သည္။ ယင္းမွတစ္ဆင့္ အဆုတ္၊ အသည္း၊ ေက်ာက္ကပ္၊ ႏွလံုးေသြးေၾကာမ်ားအားလံုးပ်က္စီးႏိုင္သည့္အဆင့္အထိ ေရာက္ရွိေစႏိုင္သည္။
''အခ်ဳိ႕က ေဆးခဲေတြထည့္တာရွိတယ္။ ေဆးရည္ေတြထည့္တာလဲရွိတယ္။ အဲဒီ ထဲမွာ ဘာေတြပါလဲမသိဘူး။ တစ္ခါတစ္ ေလက် chemical ေတြ ပါတာေပါ့။ ပါတဲ့ အခါမွာ အဲဒါေတြက ေသြးထဲကို ေရာက္သြားတယ္။ ခႏၶာကိုယ္မွာရွိတဲ့ အလုပ္လုပ္ေနတဲ့ ဝမ္းတြင္းကလီစာေတြ အထိေပါ့။ အကုန္လံုးကို ထိတယ္ေပါ့''ဟု ေဒါက္တာျမင့္သက္မြန္က ေျပာသည္။
တခ်ဳိ႕မွာ အသက္ေသဆံုးမႈ မျဖစ္ ေသာ္လည္း သားအိမ္ျပင္ပတြင္ သေႏၶ တည္ၿပီး ဥအိမ္ေပါက္ျခင္း၊ သားအိမ္ထုတ္ ပစ္လိုက္ရျခင္း၊ သားအိမ္တြင္းသို႔ ပိုးဝင္ သြားရာမွ ဥျပြန္၊ ဥအိမ္တို႔၌ ေရာဂါပိုးဝင္လာေသာေၾကာင့္ ပိတ္ဆို႔ျခင္းမ်ား ျဖစ္လာကာ တစ္သက္တာလံုး ၿမံဳသြားႏိုင္သည္အထိ ျဖစ္ေစႏိုင္သည္။
''လူငယ္ေတြမွာ ပဋိသေႏၶတားတာနဲ႔ ပတ္သက္ၿပီး အသိပညာရွိသင့္ပါတယ္။ ဖ်က္ခ်တယ္ဆိုတာ အသက္တစ္ေခ်ာင္းကို သတ္တာပဲေလ။ ပတ္ဝန္းက်င္က သိသြားခဲ့ရင္လဲ အရွက္တကြဲအက်ဳိးနည္းျဖစ္တယ္။ ကိုယ္မွားခဲ့တဲ့ဟာကို တာဝန္ယူတယ္ဆိုရင္ ေတာ့ အေကာင္းဆံုးပဲေပါ့။ အဓိကကေတာ့ ကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔တိုင္ပင္၊ ကိုယ့္မိသားစုကိုလဲ ပြင့္ပြင့္လင္းလင္းေျပာျပၿပီးေတာ့ ျဖစ္ လာတဲ့ကိစၥကို ရင္ဆိုင္ရမွာေပါ့''ဟု ေဒါက္တာေနျခည္ေအာင္က ေျပာသည္။
အခ်ဳိ႕ႏိုင္ငံမ်ားတြင္ ကိုယ္ဝန္ကိုတရား ဝင္ဖ်က္ခ်ခြင့္ရွိသည့္အတြက္ မိခင္ေသဆံုးႏႈန္းမွာ ျမန္မာႏိုင္ငံေလာက္မမ်ားေပ။ ထို႔ေၾကာင့္ယင္းကဲ့သို႔ ကိုယ္ဝန္ဖ်က္ခ်မႈကို တရားဝင္ ျပ႒ာန္းေပးပါက အမ်ဳိးသမီးမ်ား ကိုယ္ဝန္ ဖ်က္ခ်သျဖင့္ ေသဆံုးႏႈန္း ေလ်ာ့သြားႏိုင္သည္ဟုဆိုကာ ဥပေဒတစ္ရပ္ ျပ႒ာန္းေပးရန္ ၿပီးခဲ့သည့္ႏွစ္က တင္ျပခဲ့ျခင္းကို လႊတ္ေတာ္မွပယ္ခ်ခဲ့သည္။
''ဖ်က္ခ်တဲ့သူေတြဟာ သူတို႔ရဲ႕ အရွက္ ကို အသက္နဲ႔အရဲစြန္႕ၿပီးလဲၾကတာ။ ဒီလို စိတ္ကူးမ်ဳိးလုပ္ရပ္မ်ဳိးဟာ ေကာင္းေသာ ရလဒ္ ျဖစ္မလာႏိုင္ဘူး။ ဘာသာေရးအရလဲ မျဖစ္သင့္ဘူးေပါ့။ လူငယ္ေတြအေနနဲ႔ မျဖစ္ ခင္ႀကိဳတင္ကာကြယ္တာက အေကာင္းဆံုးပဲ ျဖစ္မွာပါ''ဟု ေဒါက္တာျမင့္သက္မြန္က ေျပာသည္။
ျဖဴသစ္လြင္
Ref: Yangon Media Group https://m.facebook.com/story.php…
__________
တင္သမွ်ဖတ္ရႈဖို ့ Page ကို Like ႏွိပ္ထား
ေပးပါခင္ဗ် Post ကိုအျခားသူငယ္ခ်င္းမ်ား
ဖတ္နိုင္ျမင္ေတြ႕နိုင္ေစရန္ Like and Share
လုပ္နိုင္ပါတယ္ခင္ဗ်ာ
ဖတ္ရႈအားေပးျခင္းအတြက္ေက်းဇူးပါ
______________
________________
. [Unicode]

အရှက်ကို အသက်နှင့်လဲကြသူများ
''လက်ထပ်ဖို့က အဆင်မပြေသေးတော့ ဒီကလေးကို ယူလို့မဖြစ်သေးဘူး။
ဖျက်မချချင်ပေမယ့် ဒီလိုမလုပ်လို့မရတော့တဲ့ အခြေအနေလေ။ လက်သည်ဆီကိုလဲ အပ် ထားပြီးပြီ။ ဒါမှ အရှက်တကွဲအကျိုးနည်းမဖြစ်မှာ''ဟု ဆိုလာသည့် အသိမိတ်ဆွေတစ်ဦး၏ လွဲမှားသောယူဆချက်နှင့် ပြောလာသည့် စကားသံကို ကြားယောင်ရင်း သူမကိုယ်စားရင်လေးမိပါသည်။
ချစ်သူနှင့် အတူနေထိုင်ရာမှ မတော် တဆ ကိုယ်ဝန်ရှိသွားသောအခါ ငွေကြေးစီး ပွားရှာနေရဆဲအချိန်ကာလနှင့် အသက် ငယ်သေးသည့်အတွက် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သည့် အခြေအနေမျိုးမ ရောက်သေးသူများဖြစ်နေသည့် အကြောင်း တရားများကြောင့် ချက်ချင်းအိမ်ထောင်မပြု နိုင်ကြသေးပေ။ ယင်းတို့အတွက် လတ်တ လော ပြဿနာပြေလည်ရန် ကလေးဖျက်ချ ခြင်းနည်းလမ်းသည် အဆင်ပြေစေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်နေလေ တော့သည်။
ယနေ့ခေတ်တွင် သူတို့ချစ်သူများကဲ့သို့ အနောက်တိုင်းယဉ်ကျေးမှု၏ လွှမ်းမိုးမှု ကြောင့် ချစ်သူဘဝတွင် ပေါင်းသင်းနေထိုင်သည့် လူငယ်အများအပြား ရှိနေကြသည်။ လူငယ်အများစု၏သုံးသပ်ချက်အရ ချစ်သူ၊ သမီးရည်းစားစုံတွဲ ၁ဝ တွဲ၌ living together ဟူသော စကားရပ်ကို လက်ခံကာ အတူ နေထိုင်သူမှာ ခုနစ်တွဲခန့်ရှိနိုင်သည်။
''အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုး လာတဲ့အခါကျ သူတို့ချစ်သူဖြစ်တာနဲ့ နည်း နည်း လက်တည့်စမ်းချင်တာလဲပါတာပေါ့။ အချို့ကလဲ လက်ထပ်ဖို့အဆင်မပြေသေး ဘူး။ တစ်ချိန်ကျရင်လက်ထပ်ဖို့ အစီအစဉ် တော့ရှိတယ်ပေါ့။ အချို့လဲသေသေချာချာ plan လုပ်ထားတာမရှိကြဘူး။ ခုနောက်ပိုင်း မှာတော့ living together က တော်တော် များများဖြစ်နေကြတာပဲ''ဟု ကမာရွတ်မြို့နယ်
တွင် နေထိုင်သည့်ဆယ်ကျော်သက် လူငယ်တစ်ဦးဖြစ်သူကိုစိုးဝင်းထွဋ်က ပြောသည်။
အတူနေထိုင်သည့်အခါ ပဋိသနေ္ဓ တားဆေးသုံးခြင်းကို သိရှိကြသော်လည်း မည်သည့်ပြဿနာမှ ဖြစ်ပေါ်မလာနိုင်ဟုယူဆကာ မသုံးသူကပိုမိုများပြားနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ စုံတွဲများမှာ ကျူးလွန်ပြီး အချိန် အတော်ကြာသည် အထိ စိတ်ပူပင်မှုမရှိကြဘဲ ပုံမှန်အချိန်၌ဓမ္မတာမလာမှသာ စိတ်ထဲတွင် ကြောက်လန့်စိတ် များပေါ်ပေါက်လာပြီး ဆေးခန်းများသို့ လာ ရောက် စစ်ဆေး၍ အကူအညီတောင်းခံကြကြောင်း ဆရာဝန်များက ဆိုသည်။
''အဓိကကတော့ သူတို့က ပဋိသနေ္ဓ တားတာနဲ့ပတ်သက်ပြီးတော့ အသိပညာ နည်းပါးတာပေါ့။ တားဆေးသုံးရမယ်မှန်းကို မသိကြတာပါ။ မသိတဲ့အခါကျတော့ မလို အပ်တဲ့ ကိုယ်ဝန်တွေရလာတယ်ပေါ့။ အဲလို မျိုးရှိတဲ့အခါကျတော့ သူတို့ဒီကလေးကို ဘယ်လိုမှ မွေးဖို့အဆင်မပြေဘူး။ ဖျက်ချ ချင်တယ်။ များသောအားဖြင့် ကျွန်မတို့ ဆရာဝန်တွေက ကယ်တဲ့အလုပ်ပဲလုပ်တာ။ အဲဒီလို ဖျက်ချတာတွေမလုပ်ကြဘူး''ဟု သားဖွား၊ မီးယပ်အထူးကုဒေါက်တာ အေးစန္ဒာ
က ပြောသည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်သောဥပဒေတစ်စုံတစ်ရာ မရှိသေးဘဲ Therapeutic abortion (ကလေး ဆက်လက်တည်ရှိနေမှုသည် မိခင်၏အသက် အန္တရာယ်ကိုထိခိုက်စေနိုင်သည့် အခြေအနေမှလွဲ၍) ဘာသာရေးအရနှင့်ပါ အသက်အန္တရာယ်ရှိသောကြောင့် အခြားမည်သည့်အခြေ အနေမျိုးတွင်မှ abortion ကို တရားဝင်ဟု သတ်မှတ်ထားခြင်းမရှိပေ။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၁ တွင် လည်း''မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမ၏ အသက်ကိုကယ်ဆယ်လိုသော သဘောရိုး ဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမအား ကိုယ်ဝန်ပျက်ကျစေရန် လုပ်ဆောင်လျှင် ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင် သည်''ဟု ဖော်ပြပါရှိသည်။
ထို့ကြောင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များမှ ကလေးဖျက်ချခြင်းကို လက် မခံသည့်အတွက် အရပ်လက်သည်များကို အားကိုးကြရသည်။ အရပ်လက်သည်များ သည် ကျန်းမာရေးအသိမရှိသဖြင့် မသန့် ရှင်းသော ပစ္စည်းကိရိယာများနှင့်ပင် ပဋိသနေ္ဓပျက်ကျစေရေးကို လုပ်ဆောင်ပေးတတ်ကြသည်။
မသန့်ရှင်းသောပစ္စည်းများကို အသုံး ပြုရာမှ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်မှာ သနေ္ဓသားပျက်ကျရုံသာ မက မသန့်ရှင်းသောအရာများမှ မိခင်ထံသို့လည်း ပိုးမွှားများဝင်ရောက်ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေသို့ ဆိုက်ရောက်စေနိုင်သည်။
''ဖျက်ချလိုက်ပေမယ့် ကိုယ်ဝန်က သေချာမပျက်သွားဘူး။ တစ်ဝက်တစ်စ ကျန်ခဲ့တယ်ဆိုရင် အဲဒါကသွေးသွန်ပြီးတော့၊ သွေးထွက်လွန်ပြီး သေနိုင်တယ်။ အမေပါ ထိ ခိုက်တယ်ပေါ့။ နောက်သေချာ ပိုးသတ်ထားတာမျိုးမဟုတ်တဲ့ပစ္စည်းမျိုးတွေကို သုံးရင် ပိုးဝင်တာမျိုးလဲ ရှိနိုင်တယ်။ နောက် အခြေအနေအရ သေချာပိုးသတ်ထားတဲ့ နေရာ မဟုတ်ဘူးပေါ့။ အမှန်တော့ ဒါက ခွဲစိတ်သလို
မျိုးပဲလေ''ဟု ဒေါ်အေးစန္ဒာက ဆိုသည်။
မြန်မာနိုင်ငံရှိ မိခင် ၁ဝဝ တွင် ဗဘသမ- အငသည ကြောင့် ၁ဝ ဦး ခန့်သေဆုံးနှုန်းရှိသဖြင့် ၁၉၉၁ ခုနှစ်မှ စတင်၍ သားပျက်သားလျှော ကာကွယ်ရန်အတွက် သားဆက်ခြားစီမံ ချက်ကိုစတင်ခဲ့သည်။ ထို့ကြောင့် ဘေသမအငသည
များ လျော့ကျစေရန်အတွက် သားဆက် ခြားစီမံချက်တွင် စားဆေး၊ ထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ခြင်းနှင့် အရေပြားအောက်ထည့်ခြင်း စသည့်နည်းလမ်းများကို အသုံး ပြုပေးလျက်ရှိသည်။
ယင်းစီမံချက်ကြောင့် ၂ဝဝ၁ ခုနှစ်တွင် သားဆက်ခြား ဆေးဝါးသုံးစွဲမှုနှုန်း ၃၇ ရာခိုင်နှုန်း၊ ၂ဝဝ၄ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်း၊ ၂ဝဝ၉ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ မြင့် တက်လာခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဌာနတွင် ဖော်ပြထားသည်။
ထိုသို့ သားဆက်ခြားဆေးဝါးသုံးစွဲမှု မြင့်တက်လာသည်ဆိုသော်လည်း ကိုယ်ဝန် ဖျက်ချသည့် နှုန်းမှာလည်း မြို့နယ်အလိုက် တိုးပွားနေကြောင်း ဆရာဝန်များက ပြော ဆိုမှုရှိနေသည်။
ကိုယ်ဝန်ဖျက်ချရာတွင် ဈေးနှုန်းများ အနေဖြင့် ကိုယ်ဝန်လအနုအရင့်အပေါ် မူ တည်ပြီး ငွေကျပ်သောင်းဂဏန်းမှနှစ်သိန်း သုံးသိန်းကျော်အထိရှိကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်တွင် ကမ်ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ ဖော်ပြထားသော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချနှုန်း ငါးရာခိုင်နှုန်းခန့် ရှိပြီး ယင်းပမာဏတွင် အသက် ၁၅နှစ်မှ ၂ဝ အောက်အရွယ် ဖျက်ချနှုန်းမှာ ၁၁ ဒသမ ၃၁ ရာခိုင်နှုန်းရှိနေသည်။
''Sex Education ပိုင်းကို သိရှိနား လည်ထားရင် ဒီလိုပြဿနာတွေပေါ်ပေါက် တော့မှာမဟုတ်ဘူး။ လူငယ်တွေအနေနဲ့ ချစ်သူနဲ့အတူနေတော့မယ်ဆိုရင် အကာ အကွယ် ကွန်ဒုံးသုံးတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အရေးပေါ်ဆေးမဟုတ်ဘဲနဲ့ ညစဉ်တစ်ရက် တစ်လုံးပုံမှန်သောက်တဲ့ ဆေးမျိုးဖြစ်ဖြစ် သုံးစွဲသင့်ပါတယ်။ တားဆေးတွေလဲ အများ ကြီးရှိနေတာပဲ''ဟု မာရီစတုပ်စ်အင်တာနေ ရှင်နယ်(မြန်မာ)မှအသင်းဝင်ကိုမျိုးကျော် ဆွေက ရှင်းပြသည်။
အရေးပေါ်တားဆေးမှာ အတူနေပြီး ၄၈ နာရီအတွင်း အဆင်ပြေသည့်အချိန်တွင် သောက်သုံးရန် လွယ်ကူသော်လည်း Arrow ကဲ့သို့ နေ့စဉ်သောက်ဆေးသုံးရန်မှာ ထားသိုရန် နေရာကအစ အဆင်ပြေမှုမရှိသည့် အတွက် အရေးပေါ်တားဆေးကိုသာ သုံးစွဲ ရသည်ဟု ချစ်သူနှင့်လက်မထပ်ဘဲ အတူ နေထိုင်သူတစ်ဦးက ၄င်း၏ အခက်အခဲကို ဆိုသည်။
လေ့လာဆန်းစစ်ချက်များအရအရေး ပေါ်တားဆေးမှာ သာမန်တားဆေးထက် မလိုအပ်သည့် ဟော်မုန်းပမာဏမြောက် မြားစွာသုံးထားသောကြောင့် ဟော်မုန်း၏ ဆိုးကျိုးများသည် ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်မည်ဖြစ်သည်။
''တချို့တွေကလဲ သေချာနားမလည် ဘဲနဲ့ အရေးပေါ်သုံးတဲ့တားဆေးကို သုံး တတ်ကြတယ်။ အဲဒါတွေက တကယ်တမ်း တီထွင်ထားတာက မုဒိမ်းမှုတို့လိုမျိုးနဲ့ တစ် ခါတလေအရေးပေါ်မှ သောက်ရမယ့်ဆေး ပါ။ ရေရှည်သုံးစွဲလို့ရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကနားမလည်ဘူး။ တစ်ခါနေ ပြီးတာနဲ့ဒါသောက်လိုက်ရင် အဆင်ပြေမယ်ပေါ့''ဟု သားဖွား၊ မီးယပ်အထူးကု ဆရာဝန်ဒေါက်တာနေခြည်အောင်က ပြောပြသည်။
ဆရာဝန်အများစု၏ သုတေသနပြု ထားချက်များကို မေးမြန်းထားချက်များအရ ကိုယ်ဝန်ဖျက်နည်းပေါင်း ၉ဝ ကျော်ခန့်ရှိပြီး ယင်းတို့အနက် မရွေးရိုးဖြင့်ထိုးခြင်း၊ သစ် ကိုင်းခြောက်ထိုးခြင်း၊ ဝမ်းဗိုက်ကို ဆီးစပ် အထက်မှ နှိပ်ပေးခြင်းစသည့် ဆိုးရွားလှ သော နည်းလမ်းများ ပါဝင်လျက်ရှိသည်။
''ကိုယ်ဝန်ဖျက်ချရာမှာ မရွေးရိုးထိုး တယ်။ သစ်ကိုင်းခြောက်လေး ထိုးတယ်။ အချို့ကျတော့ ဆေးထည့်ကြတာပေါ့။ မသန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ ထည့်လိုက်တဲ့ အခါကျတော့ ပိုးတွေဟာ မွေးလမ်းကြောင်းက တစ် ဆင့်ဝင်သွားတယ်။ အဲဒီလိုဝင်သွားတဲ့အခါ သားအိမ်ထဲမှာ ပိုးဝင်လာတယ်။ အဲဒီက တစ်ခါထပ်ပြီး ပြန့်သွားတဲ့အခါမှာ သားအိမ်ရဲ့ ပြင်ပတွေမှာ ဝမ်းဗိုက်တွေ ရောင်တယ်။ ဝမ်း
ဗိုက်အတွင်းမှာ ပြည်တွေရောက်လာတယ်။ သားအိမ်ထဲမှာ ပြည်တွေ ရောက်လာတယ်။ အချို့ကျတော့လဲ သွေးထဲကို ရောဂါပိုးက ပြန့်သွားပြီး သွေးဆိပ်တက်တယ်ပေါ့။ သွေး ထဲမှာ ပိုးတွေပျံ့သွားပြီဆိုရင် သွေးလည်ပတ်မှုကတစ်ဆင့် သွေးလျှောက်တဲ့နေရာတွေ အကုန်လုံးကို ရောဂါပိုးတွေပြန့်သွားတာပေါ့''ဟု ဒေါက်တာမြင့်သက်မွန် တွဲဖက်ပါမောက္ခ၊ ဗဟိုအမျိုးသမီး ဆေးရုံ (သားဖွား၊ မီးယပ် အထူးကုဆရာဝန်ကြီး)က ပြောသည်။
အထက်ပါ နည်းလမ်းများနှင့် ကိုယ်ဝန်ဖျက်ချသည့်အတွက် နောက်ဆက်တွဲဆိုးကျိုး များအနေဖြင့် အချို့မှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးမတိတ်တော့ဘဲ နေရာအနှံ့ သွေးထွက် လာကာ နှာခေါင်းထဲမှ သွေးလျှံခြင်း အပါ အဝင် ခြေ၊ လက်များတွင် သွေးခြေဥနိုင်ခြင်းများ ဖြစ်လာသည်။ သွေးလည်ပတ်မှုကို သွေးတိတ်အောင် ထိန်းသည့် ဝမ်းတွင်းမှ mechenisn များ ပျက်စီးသွားသည်အထိ ဖြစ်လာနိုင်သည်။ ယင်းမှတစ်ဆင့် အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ နှလုံးသွေးကြောများအားလုံးပျက်စီးနိုင်သည့်အဆင့်အထိ ရောက်ရှိစေနိုင်သည်။
''အချို့က ဆေးခဲတွေထည့်တာရှိတယ်။ ဆေးရည်တွေထည့်တာလဲရှိတယ်။ အဲဒီ ထဲမှာ ဘာတွေပါလဲမသိဘူး။ တစ်ခါတစ် လေကျ chemical တွေ ပါတာပေါ့။ ပါတဲ့ အခါမှာ အဲဒါတွေက သွေးထဲကို ရောက်သွားတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အလုပ်လုပ်နေတဲ့ ဝမ်းတွင်းကလီစာတွေ အထိပေါ့။ အကုန်လုံးကို ထိတယ်ပေါ့''ဟု ဒေါက်တာမြင့်သက်မွန်က ပြောသည်။
တချို့မှာ အသက်သေဆုံးမှု မဖြစ် သော်လည်း သားအိမ်ပြင်ပတွင် သနေ္ဓ တည်ပြီး ဥအိမ်ပေါက်ခြင်း၊ သားအိမ်ထုတ် ပစ်လိုက်ရခြင်း၊ သားအိမ်တွင်းသို့ ပိုးဝင် သွားရာမှ ဥပြွန်၊ ဥအိမ်တို့၌ ရောဂါပိုးဝင်လာသောကြောင့် ပိတ်ဆို့ခြင်းများ ဖြစ်လာကာ တစ်သက်တာလုံး မြုံသွားနိုင်သည်အထိ ဖြစ်စေနိုင်သည်။
''လူငယ်တွေမှာ ပဋိသနေ္ဓတားတာနဲ့ ပတ်သက်ပြီး အသိပညာရှိသင့်ပါတယ်။ ဖျက်ချတယ်ဆိုတာ အသက်တစ်ချောင်းကို သတ်တာပဲလေ။ ပတ်ဝန်းကျင်က သိသွားခဲ့ရင်လဲ အရှက်တကွဲအကျိုးနည်းဖြစ်တယ်။ ကိုယ်မှားခဲ့တဲ့ဟာကို တာဝန်ယူတယ်ဆိုရင် တော့ အကောင်းဆုံးပဲပေါ့။ အဓိကကတော့ ကိုယ့်ရဲ့လက်တွဲဖော်နဲ့တိုင်ပင်၊ ကိုယ့်မိသားစုကိုလဲ ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ ဖြစ် လာတဲ့ကိစ္စကို ရင်ဆိုင်ရမှာပေါ့''ဟု ဒေါက်တာနေခြည်အောင်က ပြောသည်။
အချို့နိုင်ငံများတွင် ကိုယ်ဝန်ကိုတရား ဝင်ဖျက်ချခွင့်ရှိသည့်အတွက် မိခင်သေဆုံးနှုန်းမှာ မြန်မာနိုင်ငံလောက်မများပေ။ ထို့ကြောင့်ယင်းကဲ့သို့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင် ပြဋ္ဌာန်းပေးပါက အမျိုးသမီးများ ကိုယ်ဝန် ဖျက်ချသဖြင့် သေဆုံးနှုန်း လျော့သွားနိုင်သည်ဟုဆိုကာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် ပြီးခဲ့သည့်နှစ်က တင်ပြခဲ့ခြင်းကို လွှတ်တော်မှပယ်ချခဲ့သည်။
''ဖျက်ချတဲ့သူတွေဟာ သူတို့ရဲ့ အရှက် ကို အသက်နဲ့အရဲစွန့်ပြီးလဲကြတာ။ ဒီလို စိတ်ကူးမျိုးလုပ်ရပ်မျိုးဟာ ကောင်းသော ရလဒ် ဖြစ်မလာနိုင်ဘူး။ ဘာသာရေးအရလဲ မဖြစ်သင့်ဘူးပေါ့။ လူငယ်တွေအနေနဲ့ မဖြစ် ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပဲ ဖြစ်မှာပါ''ဟု ဒေါက်တာမြင့်သက်မွန်က ပြောသည်။

ဖြူသစ်လွင်
Ref: Yangon Media Group https://m.facebook.com/story.php…

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။