Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 29, 2015

သမ္မတနဲ့ လွှတ်တော်ဥက္ကဌ အားပြိုင်မှုမှသည် ပြည်ခိုင်ဖြိုးပာတီအကွဲအပြဲ


 

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ သမတဦးသိန်းစိန်နှင့် လွှတ်နာယက သူရဦးရွှေမန်းအကြား အားပြိုင်မှုသည်ကား ကြီးထွားသထက် ကြီးထွားလာနေပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးအတွက် ထင်ရှားသော အပေါင်းလက္ခဏာဆောင်သော အလှည့်အပြောင်းတစ်ခုပေါ်ထွက်လာမည့် အလားအလာဖြစ်သလို ဘယ်နည်းနဲ့ဖြစ်ဖြစ်ဆိုသည့်စိတ်ဓါတ်များဝင်လာပြီး အစွမ်းကုန်ညစ်ပတ်လျှင်ကား တပ်မတော်ကိုအသုံးချ၍ (တပ်မတော်ကလည်း အသုံးချခံခဲ့လျှင်) တိုင်းပြည်အတွက် ရလာဒ်ဆိုးထွက်ပေါ်လာနိုင်ပြီး နိုင်ငံရေးအကြပ်အတည်းကြီးဆီသို့လည်း ရောက်သွားနိုင်ပြန်သည်။

အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ။



လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေရှိကြတယ်။ တချို့က ကမ္ဘာကြီးကိုပတ်ဖို့၊ တချို့က ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့။ သင့်ရဲ့စိတ်ကူးအိပ်မက်ဟာ ဘာပဲဖြစ်နေဖြစ်နေ သတ္တိရှိရှိစိတ်ကူးပါ။ ပြီးရင် အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ။ 

အရေးကြီးတာက အဲဒီမြေပေါ်မှာ ငါတို့ရဲ့စိတ်ကူးအိပ်မက်ကို စိုက်ပျိုးရဲ မရဲဆိုတာပါပဲ"



၁၈၆၇ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William H. Seward ဟာ ဒေါ်လာ ၇.၂ မီလီယံနဲ့ ရုရှားနိုင်ငံရဲ့လက်ထဲကနေ အလက်စကား (Alaska) ကိုဝယ်ယူခဲ့တယ်။ ဝယ်ယူခဲ့စဉ်တုန်းက လွှတ်တော်မှာ ပြင်းထန်တဲ့ဝေဖန်ငြင်းခုန်သံတွေ မပြတ်ခဲ့ဘူး။ တချို့လွှတ်တော်အမတ်က သူ့ကို "Williamရဲ့ လူပြိန်းလုပ်ရပ်"လို့ ဝေဖန်ခဲ့ကြတယ်။ တကယ်လည်း အဲဒီတုန်းက အလက်စကားဟာ သဲဗွက်နဲ့ လေကြမ်းတွေကလွဲလို့ ဘာမှမရှိတဲ့အရပ်ဖြစ်တယ်။ ရှားစောင်းပင်နဲ့ ပူးကောင်တွေ ရှိခဲ့တဲ့အရပ်ဖြစ်တယ်။

၃လအရွယ်ကလေးငယ် လက်ကိုင်ဖုန်း Flashမီးကြောင့် မျက်စိကွယ်၊ ကလေးများအတွက် share ပေးပါ


3 hrs · 
၃လအရွယ်ကလေးငယ် လက်ကိုင်ဖုန်း Flashမီးကြောင့် မျက်စိကွယ်၊ ကလေးများအတွက် share ပေးပါ
----------
များမကြာမီရက်များက လူတစ်ဦးသည် ၃လသားအရွယ်ကလေးအား ဓာတ်ပုံရိုက်ပေးရာတွင် လက်ကိုင်ဖုန်းရှိ flash မီးအားပိတ်ရန်မေ့သွားခဲ့သည့် အပြင် အကွာအဝေးအလွန်နီးကပ်သွားကာ ကလေးငယ်မျက်နှာနှင့် နို့ဘူးလောက်သာဝေးကွာသောကြောင့် ကလေးငယ်၏ ဘယ်ဘက်မျက်လုံးအမြင်အား ၁.၂ နှင့် ညာဘက်မျက်လုံးအမြင်အား ၀.၂ထိပဲရှိလောက်အောင်ထိခိုက်သွားခဲ့သည်။

"သန်၎ကိုဘာသာပြန်ခဲ့မိသော ဟာသများ"


"သန်၎ကိုဘာသာပြန်ခဲ့မိသော ဟာသများ"

===========
1. တစ်ရက်ထဲလားလို့
===========
ကျောင်းက ပြန်လာတဲ့ သူငယ်တန်းကျောင်းသားလေးကို သူ့အမေက မေးတယ်... ...
"ပထမဆုံးကျောင်းတက်ရက်မှာ ပျော်ရဲ့လား သားသား"
"ဂျာ... ပထမဆုံးရက် ဟုတ်လား၊ ဒါဆို နောက်ရက်လည်း သွားရအုံးမယ်လို့ ဆိုလိုတာလား"

ရေနဲ့ မောင်းမယ့် Mercedes-Benz Ener-G-Force


ရေနဲ့ မောင်းမယ့် Mercedes-Benz Ener-G-Force

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

Tuesday, July 28, 2015

ဇီဒန်းနဲ့ ဖိနပ် သင်ခန်းစာ.

 


ဇီဒန်းနဲ့ ဖိနပ် သင်ခန်းစာ.

ကမ္ဘာကျော် ပြင်သစ် ဘောလုံးအားကစားသမားဟောင်း ဇီဒန်းက ယခုလို ပြောခဲ့ပါတယ်။ "ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ဖို့ ရှူးဖိနပ်မရှိတော့ ငိုဖူးတယ်။ ဒါပေမယ့် ခြေထောက်မရှိတဲ့ လူတစ်ယောက်ကို မြင်တော့ ကျွန်တော် ခြေထောက်နှစ်ဖက်ရှိသေးတဲ့အပေါ်မှာ ကျေနပ် ရောင့်ရဲသွားမိတယ်။"

နောက်ဆုံးပါးကွက်သား

 

နောက်ဆုံးပါးကွက်သား
-------------

ထိုင်းနိုင်ငံမှာ သေဒါဏ်ကျခံရသူတွေကို သေနတ်နဲ့ပစ်သတ်ပေးရတဲ့ အလုပ်ကိုနှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ လူတစ်ယောက်က သူ့အလုပ်မှာ အမှတ်တရဖြစ်ခဲ့ရတဲ့ အကြောင်းတချို့ကို ကိုယ်တိုင်အင်္ဂလိပ်လို ကြိုးစားပြီးရေးထားတာဖြစ်ပါတယ်။ အင်္ဂလိပ်စာရေးဆရာတယောက်က အချောပြန်ကိုင်ထားပေးထားတာပါ။
ဒီစာအုပ်မှာ အမှတ်ရနေတဲ့ အရေးအသားကတော့ နှလုံးနေရာမှားရောက်နေတဲ့ ဘိန်းကုန်ကူးသူ အမျိုးသမီးကို သေနတ်နဲ့ ပစ်...
အပြီး သေပြီအထင်နဲ့ ရင်ခွဲရုံကို သယ်တဲ့လမ်းမှာ သေနတ် ဒါဏ်ရာတွေနဲ့ သွေးရူးသွေးထပြေးတဲ့ အဲ့ဒီအမျိုးသမီးအကြောင်းဖြစ်ပါတယ်။

လူ့ဘောင် လူ့အဖွဲ့အစည်းတိုးတက်ဖို့အတွက် စာဖတ်တဲ့ငတုံးငအတွေ အများကြီးလိုပါတယ်။

 

နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ စာဖတ်တဲ့လူငယ်အများအပြားလိုအပ်တယ်။
စာဖတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် အသိဉာဏ်၊ တွေးဆဆင်ခြင်နိုင်စွမ်းတွေပေးနိုင်ရုံတင်မက
အဲဒီနိုင်ငံတိုးတက်ဖို့အထောက်အကူပြုတဲ့ အင်အားအရင်းအမြစ်လည်းဖြစ်တယ်။

----

White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ

 
White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ

မနေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့ဖြစ်တယ်။ ကွန်မင့်ရေးသူတွေကလည်း ကောင်းကောင်းသတိထားမိကြတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်းမှာ ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင်မက်ဒိုနာလီလီပန်းကို ဆိုလိုပါသတဲ့။ နတ္ဘုရားေ...
တွရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာပန်းလို့လည်း သတ်မှတ်ထားတယ်။

ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

ကြွက်တစ်ကောင်ဟာ ကြောင်ကိုကြောက်နေခဲ့ရလို့ အမြဲမပျော်နိုင်ဖြစ်နေခဲ့တယ်။ ဒါကို ဖန်ဆင်းရှင်ကကိုယ်ချင်းစာပြီး သူ့ကို ကြောင်တစ်ကောင်ဖြစ်စေလိုက်တယ်။

ကြွက်ဟာ ကြောင်ဖြစ်သွားပြီးတဲ့နောက် ခွေးကိုကြောက်နေခဲ့ရပြန်တယ်...

ဖန်ဆင်းရှင်က သူ့ကို ခွေးတစ်ကောင်ဖြစ်စေလိုက်တယ်

Thursday, July 23, 2015

အသားတံဆိပ် (သို့မဟုတ်) ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း ( အပိုင်း-၂ နိဂုံး)



အသားတံဆိပ်
(သို့မဟုတ်)
ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း
( အပိုင်း-၂ နိဂုံး)
ကျနော်တို့ လက်ကိုင် မိုဘိုင်းဖုံးတွေကိုင်ဆောင်တဲ့အခါ ကိုယ် ဘယ်ရောက်နေတယ်ဆိုတာ အဲဒီဖုံးထဲမှာလမ်းညွှန်ပြသလို၊ တမြို့နဲ့ တမြို့၊ တနိုင်ငံနဲ့ တနိုင်ငံ ရောက်နေတာကိုလည်း မိုဘိုင်းကုမ္မဏီက အလိုအလျှောက်သိနေပါတယ်။
နည်းပညာတိုးတက်မှုတွေက ကိုယ့်လွတ်လပ်မှုကို ထိမ်းချုပ်ထားတယ်။
ခေတ်ကြီးဟာတိုးတက်ဖွံ့ဖြိုးမှုနဲ့အတူ လွယ်ကူပြီးသက်သာ၊ အဆင်ပြေမှု ဆီရွေ့ လျှားနေတာဖြစ်တယ်။
အထူးသဖြင့် တိုးတက်မှုကိုလိုလားတဲ့ လူငယ်တွေဟာ ခေတ်ရေစီးရဲ့ ပေါ်ပင်တွေအပေါ် လိုက်ပါတတ်တယ်။ အခုအသားတံဆိပ်ဟာ နည်းပညာဖွံ့ဖြိုးတဲ့ ဆွီဒင်နိုင်ငံမှာတောင် ဒီနှစ်ဆန်းကမှစပြီး၂၀၀ ပဲထုတ်လုပ်ပါသေးတယ်။စတော့ဟုမ်း မိုက်ခရိုချိ(ပ်)လို့ခေါ်တယ်။ အရွယ်ဆိုဒ်က ၁၂မီလီမီတာလောက်သာရှိတယ်။ မိမိကိုယ်ပိုင်မှတ်ပုံတင်နံပါတ်၊ ဘဏ် နံပါတ်၊ လှို့ဝှက်ဂဏန်းတွေထည့်ထားတယ်။မိမိမိုဘိုင်းဖုံးနဲ့လည်း ဆက်သွယ်နိုင်တယ်။လူစိတ်ဝင်စားပြီး အခက်အခဲနဲ့ အဆင်ပြေ၊မပြေ အနေအထားတွေကို သုသေသနလုပ်ထားတာမို့ ပြင်ဆင်မှုတွေနဲ့အတူ နောက်လာမယ့် ၂၀၁၆မှာ ၂သိန်းလောက် ထုတ်လုပ်မယ်လို့ သိရတယ်။

အသားတံဆိပ် (သို့မဟုတ်) ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း ( အပိုင်း-၁)



အသားတံဆိပ်
(သို့မဟုတ်)
ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း
( အပိုင်း-၁)
ဆွီဒင်နိုင်ငံရဲ့ အလည်တည့်တည့်ကျတဲ့ မြို့လေးဖြစ်တဲ့ ဟူဒစ်စ်ဗားလ် Hudiksvall မြို့လေးဟာ သက်တမ်း၄၀၀လောက်ရှိပါပြီ။လွန်ခဲ့တဲ့ အနှစ် ၂၀၀လောက်က ဂျာမန်တွေ တိုက်ခိုက် မီးရှို့ပြီးဖျက်ဆီးခံရတဲ့နောက် ပြန်လည်တည်ဆောက်နိုးထလာတဲ့ မြို့လေးဖြစ်တယ်။ ငြိမ်းချမ်းပြီး လှပသာယာတဲ့ ဟူးဒစ်စ်ဗားလ် မြို့လေးရဲ့ မြန်မာလိုအဓိပ္ပါယ်က ပျော်ရွှင်ခြင်း ဖြစ်တယ်။

ကျန်းမာချင်ရင် NLD ကိုသာမဲပေးပါ


Vote for change

ကျန်းမာချင်ရင် NLD ကိုသာမဲပေးပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှသတ်မှတ်ထားသော နိုင်ငံအလိုက် ကျန်းမာရေးစနစ်အဆင့် (၂ဝဝဝ) 
WHO က ဒီစာရင်းနောက်မှာ အသစ်မထုတ်တော့ပါ။

အဆင့် တိုင်ပြည်
1 France
2 Italy
3 San Marino
4 Andorra
5 Malta
6 Singapore
7 Spain
8 Oman
9 Austria
10 Japan
11 Norway

HIV survival outside the body ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလည်း


HIV survival outside the body ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလည်း

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲကနေထွက်လာရင် ရောက်နေတဲ့ပတ်ဝန်းကျင်အခြေအနေအပေါ်မှာ မူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာ ရက်သတ္တပါတ်တွေအထိရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။ သူတို့ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့အရည်တွေအပေါ်မှာမူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလည်း။ အရည်ရဲ့အပူချိန်၊ အက်စစ်ဓါတ်၊ ရေငွေ့ဓါတ်နဲ့ နေရောင်။

နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။

နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်စေချင်သော စာတစ်ပုဒ်။
အလံကို
ထိပ်ဆုံးလူလက်
ထိလုလု အချိန်
ချောတိုင်ရင်းကို
တင်းတင်းဖက်ထားတဲ့
အောက်ဆုံးလူ
ပခုံးသားမျိုး
ဒို့နှလုံးသားတွေ
သန်မာစမ်းပါရစေ။
ဒီကဗျာလေးက
ကိုမင်းကိုနိုင် ရေးခဲ့တဲ့ ကဗျာလေးဖြစ်ပြီး
ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးပဲ သဘောပေါက်ကြမယ်လို့ ထင်ပါတယ် ။

အမျိုးသမီးဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်. . .



အမျိုးသမီးဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်. . .
-----------------------------------------------------
မိန်းမရဲ့တစ်သက်က ခက်ခဲတဲ့တစ်သက်ဖြစ်တယ်။

သမီးတော်အဖြစ် အနှစ် ၂ဝ၊ မိဖုရားအဖြစ် ၁ရက်၊ တော်ဝင်မင်းသမီးအဖြစ် ၁ဝလ၊ အထိန်းတော်အဖြစ် တစ်သက်.. ဒါဟာ မိန်းမတစ်ယောက်ရဲ့တစ်သက်တာဖြစ်တယ်။ မိန်းမအများစုဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့ပါတယ်။

မိန်းမဟာ ကလေးငယ်ကိုပွေ့ချီထားပြီး နွားနို့ကျိုနေတယ်၊ အဝတ်လျှော်နေတယ်။ ဆပ်ပြာတွေပေနေတဲ့လက်နဲ့ နဖူးထက်ကချွေးတွေကို သုတ်ရင်း “အင်း.. အခုအချိန်မှာ ကလေးငယ်သေးတယ်၊ ကလေးကြီးလာရင် ငါလည်းအားလပ်ချိန်လေးတော့ရှိလာမှာပါ”လို့ တွေးတယ်။

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ
===================
===================
ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားသည်နှင့် ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူများတွင် ခရိုနီများနှင့်အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများလည်း ပါဝင်သည်။
ပြည်သူများ၏ လက်ထဲမှ ခိုးယူခံရသည့် မြန်မာပြည်၏ သဘာဝ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။

Friday, July 17, 2015

ဒီမင်းသားကို သိကြလား


ဒီမင်းသားကို သိကြလား

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စု က ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အများကြီးမပြောဘူးဗျာ လူနှစ်ယောက် အကြောင်း၊ တစ်နည်းအားဖြင့် မာတုရနှစ်ပါးပေါ့။

အများကြီးမပြောဘူးဗျာ
လူနှစ်ယောက် အကြောင်း၊ တစ်နည်းအားဖြင့် မာတုရနှစ်ပါးပေါ့။
****************** **************
ပထမတစ်ယောက်ကတော့
အီရတ်နိုင်ငံက ဖြစ်ပါတယ် ။ကြိုးပေးခံရတဲ့ တစ်ယောက်ပါ။
ဘာကြောင့်လဲ ? ဘာအပြစ်ရှိလို့လဲ?
ခရစ်တော်ကို ယုံကြည်ကိုးကွယ်လို့တဲ့။
သူ့ကိုမေးတယ်''မင်းခရစ်တော်ကို စွန့်လွတ်မလား? '' ဒါမှမဟုတ် '' အသေခံမလား '' တဲ့။
တစ်ခါတည်းမေးတာမဟုတ်ဘူးနော်။
အထပ်ထပ်မေးတာ. . .။
အထပ်ထပ်ငြင်းခဲ့တယ်။ ''ငါယေရှုခရစ်
တော်ကို ကိုးကွယ်တာမစွန့်လွတ် နိုင်ဘူး ၊အသက်ပဲ အသေခံသွားမယ်''ဆိုပြီး သေမဲ့လမ်းကို ရွှေးချယ်ခဲ့တယ်။

ချဉ်ပေါင်ဖူး၏ အကျိုးကျေးဇူးများ


ချဉ်ပေါင်ဖူး၏ အကျိုးကျေးဇူးများ
-===================

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ချဉ်ပေါင်ဖူးမှာ HCA (hydroxycitric acid) လို့ ခေါ်တဲ့ သြဂဲနစ် အက်စစ်ပမာဏ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီး သုံးနေကြောင်း ဆိုပါတယ်။ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း 

ခါးနာခြင်း


ခါးနာခြင်း
=======

ယနေ့ လူသားများ ခံစားရလေ့ ရှိသော ဝေဒနာမှာ ခါးနာခြင်း ဖြစ်တယ်။ အထူးသဖြင့် တင်ပါးဆုံ အထက် နာကျင်ခြင်း ဝေဒနာနှင့် အတူ ဆေးရုံ၊ ဆေးခန်းများကို ရောက်လာ ကြတယ်။

ပညာရှင်များ အဆိုအရ လူ ၁ဝ ဦးမှာ ရှစ်ဦးက ခါးနာတတ်တယ်။ အမေရိကန် ပြည်ထောင်စုမှာ ခါးနာဝေဒနာ ခံစားရသူ ခုနစ်သန်း ရှိတယ်။ ငါးသန်းဟာ လုပ်ငန်းခွင် ပျက်ကွက်နေပြီး နှစ်သန်းခန့်ဟာ လုံးဝ အလုပ် လုပ်ကိုင်နိုင်အောင် ဒုက္ခရောက်နေ ကြတယ်။

ခါးနာခြင်းဟာ ကျား၊ မ အသက်အရွယ် မရွေး ဖြစ်ပွားတတ်တယ်။ ခါးနာတဲ့ ဝေဒနာကြောင့် မတ်တတ်ရပ် စာရေးရတာ၊ အိပ်ရာထဲ အမြဲဆန့်ဆန့် လှဲနေတာ၊ လေ့ကျင့်ခန်းလုပ်၊ အနားယူတာ တွေ့ရတယ်။ ယင်းရောဂါကြောင့် စီးပွားရေး ထိခိုက်မှု မနည်းလှပါ။

ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ Evan Spiegel


ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ Evan Spiegel
================================

ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် Evan Spiegel ဟာ အသက် ၂၄ နှစ်အရွယ်မှာ (၂၀၁၄ ခုနှစ်က) ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။ Evan ဟာ ၁၉၉၀ ခုနှစ် ဇွန်လ ၄ ရက်ဖွား ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးဟာ အနည်းဆုံး ၁.၅ ဘီလျံရှိတယ်လို့ ထုတ်ပြန်ချက် ထွက်ပြီးနောက် ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်

အမေရိကန် ပြည်ထောင်စုဖွား Evan ဟာ Snapchat လို့ အမည်ရတဲ့ မိုဘိုင်း Application ကို သူငယ်ချင်း နှစ်ဦးနဲ့ အတူ တည်ထောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူက လက်ရှိ အမှုဆောင် အရာရှိချုပ်ပါ။ တည်ထောင်တုန်းက စတန်းဖို့ တက္ကသိုလ်ရဲ့ ကျောင်သား အဖြစ်သာ ရှိသေးပြီး ကျောင်းမှာ လုပ်တဲ့ ပရောဂျက် တစ်ခု အဖြစ်သာ လုပ်ခဲ့ရာ နောက်တော့ ဈေးကွက်ကို ဖြန့်ချိတဲ့ အထိ လုပ်လိုက်ပါတယ်။ 

စက်ရုပ်များဥာဏ်ပိုကောင်းလာပြီး လူသားများကို မတော်တဆ မျိုးဖြုတ် ပစ်လိုက်မိတာမျိုး ဖြစ်ပွားလာနိုင်


စက်ရုပ်များဥာဏ်ပိုကောင်းလာပြီး လူသားများကို
မတော်တဆ မျိုးဖြုတ် ပစ်လိုက်မိတာမျိုး ဖြစ်ပွားလာနိုင်
==================================

စက်ရုပ်တွေကို မယုံဖို့ ဟောလီးဝုဒ် ရုပ်ရှင်များက 
လူသားတို့ကို သတိပေးနေသည်။

စက်ရုပ်ဉာဏ်ရည် (Artifical Intelligence) ဆိုင်ရာ ကျွမ်းကျင် သူများကလည်း မဝေးတော့သော အနာဂတ်တွင် ဉာဏ်ရည်မြင့် စက်ရုပ်များသည် လူသားတို့ထက် ပိုစမတ်ကျ၊ ပိုမြန်လာမည် ဖြစ်ကာ နိုင်ငံများ လည်ပတ်မှုမှ အစ စတော့ဈေးကွက် လည်ပတ်မှုများကိုပါ ထိန်းချုပ်ကာ နောက်ဆုံးတွင် လူသားကိုပါ မျိုးဖြုတ် ပစ်လိုက်သည် အထိ ဖြစ်ပွားလာနိုင်ကြောင်း သတိ ပေးထားကြသည်။

Slash နဲ့ သူ့ ဆစ်ကနေချာ ဦးထုပ်



Slash နဲ့ သူ့ ဆစ်ကနေချာ ဦးထုပ်
--------------------------------

တကယ်လို့များ ခင်ဗျားဟာ ဂီတလောကထဲမှာ အခြေချဖို့ မျှော်လင့်တယ်ဆိုပါစို့ အနည်းဆုံးတော့ ဂီတနဲ့ပတ်သက်တဲ့ ပါရမီအခံရှိဖို့ လိုအပ်ပါလိမ့်မယ်။ အဲအချက်တခုထဲနဲ့တင် ပြည့်စုံလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ စတိုင်ရှိမှ စတားဖြစ်တယ် ဆိုတဲ့ စကားအတိုင်း လိုအပ်တာ နောက်တခုက လူအများက စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ဖို့အတွက် ထွင်ထားတဲ့ ဒါမှမဟုတ် သီးခြားပြုလုပ်ထားတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခု ရှိရလိမ့်မယ်ထင်ပါတယ်။ ဥပမာ ဂျွှန်လင်နွင်လို့ဆိုလိုက်တာနဲ့ သူရဲ့  ထူးခြားတဲ့ ဆစ်ကနေချာ (ဝါ) ကိုယ်ပိုင်အမှတ်တံဆိပ်ဟာ ဝိုင်းစက်နေတဲ့ မျက်မှန်လို့ဆိုရမှာပါ။ အဲ့ဒီမျက်မှန်သာ မပါခဲ့ရင် ဂျွှန်ဟာ သူလို ကိုယ်လို မျက်နှာပေါက်မျိုးပဲ ဖြစ်နေလိမ့်မယ်ထင်ပါတယ်။ KISS အဖွဲ့ ဆိုရင်လည်း မျက်နှာမှာဆေးချယ်ခြင်းဟာ သူတို့ရဲ့  ကိုယ်ပိုင်အမှတ်အသားလိုပါပဲ။ Slipknot တို့ဆိုရင်လည်း မျက်နှာဖုံးစွပ်တွေနဲ့ အကျီဆင်တူဝတ်ခြင်းဟာ သူတို့ရဲ့  အမှတ်အသားတွေပေါ့။ စသဖြင့် ..

ဒုက္ခပေါင်းစုံကြားက.ရွေးချယ်စရာလမ်းတခု။

 
 
ဒုက္ခပေါင်းစုံကြားက.ရွေးချယ်စရာလမ်းတခု။
လူတွေဟာ.ဆိုးရွားလှတဲ့ဒုက္ခအခက်အခဲတွေနဲ့ကြုံလာရင်.ငါ့ကံကဆိုးလိုက်တာ။.တခြားရွေးစရာလမ်းလဲမရှိဘူး။.အဲဒီတော့.လောကကြီးကိုလက်မြှောက်အရှူံးပေးပြီး.လူ့ဘဝကထွက်ခွာသွားဖို့.စိတ်ကူးတတ်ကြပါတယ်။.သင့်မှာ.အဲဒီလိုစိတ်ကူးမျိုးဖြစ်နေရင်.အောက်မှာရေးပြထားတာလေးကို.ဖတ်ကြည့်လိုက်ပါအုံး။
၁၉၄၂ခုနှစ်.ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့.သြစတီးယားနိုင်ငံကို.ဂျမဏီနာဇီစစ်တပ်က.ဝင်သိမ်းလိုက်ပါတယ်။.အဲဒီနိုင်ငံမှာရှိနေကြတဲ့ဂျူးလူမျိုးတွေကို.ဂျာမန်စစ်သားတွေကဖမ်း.ပစ္စည်းတွေသိမ်းယူပြီး.ဂျာမန်စစ်တပ်က.သိမ်းပိုက်ထားတဲ့ဥရောပနိုင်ငံတွေမှာရှိကြတဲ့အကျဉ်းစခန်းတွေကိုပို့ပြီး.အလုပ်ကြမ်းတွေလုပ်ခိုင်းတယ်။.အလုပ်မလုပ်နိုင်သူတွေကို.သတ်ပစ်ကြတယ်။
သြစတီးယားနိုင်ငံက.ဂျူးလူမျိုးတယောက်ဖြစ်တဲ့စိတ်ရောဂါကုဆရာဝန်Viktor_Frankl(ဗစ်တာ)ဟာ.သူ့မိသားစုနဲ့အတူ.ဂျာမန်စစ်သားတွေရဲ့ဖမ်းဆီးခံရပြီး.ဂျာမန်အကျဉ်းစခန်းကိုတခုပြီးတခုအပို့ခံရတယ်။.နောက်ဆုံးသူနဲ့သူ့မိသားစုအပို့ခံရတဲ့အကျဉ်းစခန်းကတော့ဂျာမန်တွေသိမ်းပိုက်ထားတဲ့ပိုလန်နိုင်ငံက.Auschwitz_Concentration_Camp(အော့စဝစ်ခ်ျအကျဉ်းစခန်း)ပါပဲ။

Tuesday, July 14, 2015

တစ်ကြိမ်အောင်မြင်ရင် ရပြီ

 

တစ်ကြိမ်အောင်မြင်ရင် ရပြီ
-----------------------------------

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။
...

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင် ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင်အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သဘောင်္မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

ကလေးကို မစနောက်ပါနဲ့

 

ကလေးကို မစနောက်ပါနဲ့
---------------------------------
ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကိုအသုံးပြုကို ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

စိတ်ထားမှန်မှ.ထိုက်တန်တဲ့အကျိုးခံစားရမယ်။

 


စိတ်ထားမှန်မှ.ထိုက်တန်တဲ့အကျိုးခံစားရမယ်။

တနေ့မှာ.အတော်လေးဆင်းရဲတဲ့အသက်၇၀ကျော်အရွယ်အဖွားကြီးတယောက်ဟာ.သူထိုးထားတဲ့ထီလက်မှတ်တစောင်ကို.ထီပေါက်စဉ်မှာတိုက်ကြည့်ရင်း.တစ်သိန်းဆုပေါက်နေတာ.တွေ့လိုက်တယ်။.အဖွားကြီးလဲ.ဝမ်းသာပြီး.ဘာလုပ်ရမှန်းမသိတာနဲ့.ချက်ခြင်းပဲ.အိမ်တံခါးသော့ခတ်ပြီး.စက်ရုံတခုမှာ.အလုပ်လုပ်နေတဲ့သူ့သားဆီကို.ဆိုက်ကားတစီးငှားစီးပြီး.သွားပါတော့တယ်။

Cosmetics တော်တော် များများမှာ ဆိုရင် ကုန်ဆုံး date တွေမပါ တတ်ကြပါဘူး ။

ဒီ status ကို ရေးမယ် ..ရေးမယ် စဉ်းစားပြီး
မရေးဖြစ်သေးတာ
ခုတော့ မဖြစ်မနေ ရေးလိုက်ပါပြီ
တော်တော်များများလည်း သိပြီးသားဖြစ်မှာ ပါ ။
မသိသေး တဲ့ သူတွေ အတွက်တော့ အသုံးဝင်လို ဝင်ငြားပေါ့
အထူးသဖြင့် မိန်ခလေး သူငယ်ချင်းတွေ အတွက်ပါ ။
Cosmetics တော်တော် များများမှာ ဆိုရင် ကုန်ဆုံး date တွေမပါ တတ်ကြပါဘူး ။

ဦးနေဝင်းသမိုင်းကြောင်း ဇတ်သိမ်းမကောင်းခြင်း***

 
ဦးနေဝင်းသမိုင်းကြောင်း
ဇတ်သိမ်းမကောင်းခြင်း***
======

ငယ်စဉ်က မြန်မာ့ ယဉ်ကျေးမှုတွေကို လူကြီးတွေ ပြောပြတဲ့ ရိုးရာ ပုံပြင်တွေနဲ့ သိမှတ် ခဲ့ရတယ်...
နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ငယ်ငယ်
ကတည်းကထမင်းစားဝိုင်းမှာအဖေကအ
မြဲပြောပြပါတယ်။

ကလေးဘ၀ကတည်းက
သွားရှာလေသူ အာဏာရှင်
နိုင်ငံ့  ဘဏ္ဍာ သူခိုးကြီး ဦးနေ၀င်း ၊ ပြည်ပမှာ ဘယ်လို မြင်းပွဲ လောင်းကစား လုပ်ခဲ့တာတွေ၊ မယားတွေ မှိုလိုပေါက် ယူခဲ့တာတွေ ကြားရတယ်။

ပြည်သူတွေ မအ ကြပါ

ပြည်သူတွေ မအ ကြပါ
============

ဦးအောင်သောင်း ဦးနှောက်သွေးကြောပေါက်လို့
နေပြည်တော်ဆေးရုံမှာ အခြေအနေဆိုးနေတာနဲ့...

စင်ကာပူဆေးရုံကို စင်းလုံငှားနဲ့ပို့ပြီး..
ဆေးကုသမှုခံယူနေတယ်ဆိုတဲ့
သတင်းတွေတက်လာပါတယ်..၊

အဲဒီသတင်းတွေတက်လာတဲ့အချိန်မှာ..

Online ပေါ်မှာရှိတဲ့ ပြည်သူများဟာ..
ဝမ်းသာစွာနဲ့ သောင်းသောင်းဖျဖျ သြဘာပေးကြပါတယ်၊