Ko Nyo added 4 new photos.
အသားတံဆိပ်
(သို့မဟုတ်)
ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း
( အပိုင်း-၂ နိဂုံး)
(သို့မဟုတ်)
ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း
( အပိုင်း-၂ နိဂုံး)
ကျနော်တို့ လက်ကိုင် မိုဘိုင်းဖုံးတွေကိုင်ဆောင်တဲ့အခါ ကိုယ် ဘယ်ရောက်နေတယ်ဆိုတာ အဲဒီဖုံးထဲမှာလမ်းညွှန်ပြသလို၊ တမြို့နဲ့ တမြို့၊ တနိုင်ငံနဲ့ တနိုင်ငံ ရောက်နေတာကိုလည်း မိုဘိုင်းကုမ္မဏီက အလိုအလျှောက်သိနေပါတယ်။
နည်းပညာတိုးတက်မှုတွေက ကိုယ့်လွတ်လပ်မှုကို ထိမ်းချုပ်ထားတယ်။
ခေတ်ကြီးဟာတိုးတက်ဖွံ့ဖြိုးမှုနဲ့အတူ လွယ်ကူပြီးသက်သာ၊ အဆင်ပြေမှု ဆီရွေ့ လျှားနေတာဖြစ်တယ်။
နည်းပညာတိုးတက်မှုတွေက ကိုယ့်လွတ်လပ်မှုကို ထိမ်းချုပ်ထားတယ်။
ခေတ်ကြီးဟာတိုးတက်ဖွံ့ဖြိုးမှုနဲ့အတူ လွယ်ကူပြီးသက်သာ၊ အဆင်ပြေမှု ဆီရွေ့ လျှားနေတာဖြစ်တယ်။
အထူးသဖြင့် တိုးတက်မှုကိုလိုလားတဲ့ လူငယ်တွေဟာ ခေတ်ရေစီးရဲ့ ပေါ်ပင်တွေအပေါ် လိုက်ပါတတ်တယ်။ အခုအသားတံဆိပ်ဟာ နည်းပညာဖွံ့ဖြိုးတဲ့ ဆွီဒင်နိုင်ငံမှာတောင် ဒီနှစ်ဆန်းကမှစပြီး၂၀၀ ပဲထုတ်လုပ်ပါသေးတယ်။စတော့ဟုမ်း မိုက်ခရိုချိ(ပ်)လို့ခေါ်တယ်။ အရွယ်ဆိုဒ်က ၁၂မီလီမီတာလောက်သာရှိတယ်။ မိမိကိုယ်ပိုင်မှတ်ပုံတင်နံပါတ်၊ ဘဏ် နံပါတ်၊ လှို့ဝှက်ဂဏန်းတွေထည့်ထားတယ်။မိမိမိုဘိုင်းဖုံးနဲ့လည်း ဆက်သွယ်နိုင်တယ်။လူစိတ်ဝင်စားပြီး အခက်အခဲနဲ့ အဆင်ပြေ၊မပြေ အနေအထားတွေကို သုသေသနလုပ်ထားတာမို့ ပြင်ဆင်မှုတွေနဲ့အတူ နောက်လာမယ့် ၂၀၁၆မှာ ၂သိန်းလောက် ထုတ်လုပ်မယ်လို့ သိရတယ်။
နောက်ဆို တကမ္ဘာလုံးအနှံ့သုံးစွဲလာနိုင်ပါတယ်။ တီထွင်သူကတော့ အများကောင်းကျိုး၊ အဆင်ပြေမှုကို အခြေခံပေမယ့် ငွေရှင် စီးပွားရေးသမားတွေက မိမိတို့ ပိုင်ဆိုင်မှုဓနဥစ္စာနဲ့ ရုပ်ဝတ္တု တွေသာမက စိတ်ပိုင်းဘ၀နဲ့ မိမိတို့ဘ၀ကြီးတခုလုံးကိုပါ ထိမ်းချုပ်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း မြင်တတ်ဘို့လိုပါတယ်။
အထူးသဖြင့် ဘုရားရှင်ကိုယုံကြည်သူတွေရဲ့ အသက်တာမှာ မိမိကံကြမ္မာကို ဘုရားသခင်ကိုသာစိုးမိုးခွင့်ပေးထားရမှာဖြစ်ပြီး လူအချင်းချင်း၊ မတော်မတရား ငွေကြေးရှင်များ၊စီးပွားလောဘသားများ၊ အာဏာရှင်များ လက်ထဲ မိမိဘ၀ကို အပ်နှင်းစရာအကြောင်းမရှိပါ။
ဘုရားသားသမီးတွေဟာ လူအောက်ကြုံ့စရာမလို၊ လူသားအချင်းချင်းရဲ့ ကျေးကျွန်ပြုမှုကို ခံယူစရာမလိုပါ။ လူတိုင်းလူတိုင်း မိမိ ကိုယ်ပိုင်အတွေးအခေါ်ယုံကြည်မှု၊ ပိုင်ဆိုင်မှုတွေရှိပြီး ဒါတွေအားလုံးရဲ့ အချုပ်အချာဟာ ဘုရားသခင်သာဖြစ်တယ်။
ဒီကနေ့ ဆွီဒင်နိုင်ငံမှာတွေ့ခဲ့ရတဲ့ အသားတံဆိပ်ဟာ သမ္မာကျမ်းစာရဲ့ ဗျာဒိတ် ၁၃ နဲ့ ၁၄ ပါ ကျမ်းချက် အချို့ကို ပြည့်စုံစေတာဖြစ်တယ်။

ဗျာဒိတ်အခန်းကြီး ၁၃း အခန်းငယ်၁၆ နဲ့ ၁၇မှာ
“ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လင်္ကျာလက်မှာဖြစ်စေ၊ နဖူးမှာဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊- ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏ အရည်အတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမ၀ယ်စေချင်းငှာလည်းကောင်းစီရင်၏။“

ဗျာဒိတ်ကြီး ၁၄ အငယ် ၉-မှာ “ ထိုမှတပါး တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်ထုကိုကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူးတွင်ခံသည်ဖြစ်စေ၊ လက်မှာခံသည်ဖြစ်စေ၊- ထိုသူသည် ဘုရားသခင်၏ ဒေါသဖလားမှာလောင်းသော အမျက်တော် စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်“လို့ ဖော်ပြထားတယ်။ ဆက်ပြီး အခန်းငယ် ၉နဲ့ ၁၀ ကို ဆက်ဖတ်ရင် ဘယ်လို အပြစ်ဒါဏ်ကျမယ်ဆိုတာကိုလည်း အသေးစိတ်ဖော်ပြထားတယ်။
ဘုရားသခင်ကသူဖန်ဆင်းထားတဲ့ လူသားတွေကိုသူနဲ့ စိတ်နှလုံး သဏ္ဍန်တူဖန်ဆင်းထားတာဖြစ်တယ်။ လူသားတွေကို လောကလူ့ရွာထဲ သူ့နေရာနဲ့သူ အုပ်စိုးဖို့သာ အလိုရှိတာပါ။ တိရိစ္ဆာန် သတ္တ၀ါတွေကို စိုးမိုးခွင့်၊ အနိုင်ယူခွင့်လည်း ပေးထားတယ်။ လူသားထက် နိမ့်ကျတဲ့ အဲဒီ တိရိစ္ဆာန်တွေကကိုးကွယ်ဘို့၊ အရုပ်ထုပြီး ယတြာချေဘို့၊ ပန်းဆီမီးနံ့သာနဲ့ ပူဇော်ခွင့်ပေးမထားဘူး။ လူတယောက်နဲ့တယောက်အကြား ကျေးကျွန်ပြုဘို့၊ ထိမ်းချုပ်ဘို့၊ မတော်မတရားသိမ်းပိုက်ဘို့လည်း ဘုရားက အလိုမရှိဘူး။
လူကို လွတ်လပ်ခွင့်ပေးထားသလို အမြင့်ဆုံးသောနေရာနဲ့ အခွင့်အရေးကိုလည်းပေးထားတယ်။
ဆာလံ ၈၂း၆ မှာ (သင်တို့သည်ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ဟု ငါဆိုသတည်း.) လို့ အတိအလင်းပြောထားတယ်။ ဒါဟာ ကျနော်တို့ကို ဘုရားသခင်က သူ့ အလိုတော်နဲ့အညီ မြင့်ဆုံး သြဇာကို အပ်နှင်းထားတာဖြစ်တယ်။ ကိုယ်က ဘုရားနှစ်သက် လက်ခံတဲ့ အလိုတော်နဲ့ အသက်ရှင်ဘို့သာ အဓိကကျပါတယ်။

ဘုရားလိုလားတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ပြဘို့လိုအပ်တယ်။ ဘုရားနဲ့အတူ ရပ်တည်ဘို့လိုတယ်။
သူဖန်ဆင်းထားတဲ့လူသားတွေ သူနဲ့ဖယ်ခွါကုန်တာ အလိုမရှိဘူး။ သူ့နှုတ်ကပတ်နဲ့မရပ်တည်ပဲ ၊ သူ့ရဲ့ အုပ်ထိမ်းမှုအောက်မှာမနေပဲ လူအချင်းချင်း အုပ်ထိန်း ချုပ်ကိုင်မှု၊ စေခိုင်းမှု၊လူအချင်းချင်း ကိုးကွယ်မှု၊ လူသားအတွေးအကြံနဲ့ လုပ်ဆောင်တဲ့ ရုပ်ထုတွေကို ကိုးကွယ် စေခိုင်းမှုနောက်ရောက်နေတာ ဘုရားရဲ့ အကြံအစည်မဟုတ်ဘူး။ အကြီးအကျယ်လွဲချော်မှုဖြစ်တယ်။

ဘုရားအလိုတော်နဲ့ဆန့်ကျင်ရင် အလုံးစုံ ပျက်သုန်းခြင်းဆီ ဦးတည်တာဖြစ်တယ်။
ဒီကနေ့ ဖွံ့ဖြိုးတိုးတက် ခေတ်မှီမှုမှာ ဘုရားအလိုတော်နဲ့မကိုက်ညီရင် ပျက်ဆီးဆုံးရှုံးမှုရဲ့ နိဒါန်းသက်သက်ဖြစ်တယ်။ ပျက်သုန်းခြင်းဆီ ဦးတည်သွားမှာဖြစ်တယ်။
ဘုရားဟော ဗျာဒိတ်ကျမ်းရဲ့ ပြည့်စုံမှုလည်းဖြစ်ပါတယ်။
ဒီကနေ့ ဖွံ့ဖြိုးတိုးတက် ခေတ်မှီမှုမှာ ဘုရားအလိုတော်နဲ့မကိုက်ညီရင် ပျက်ဆီးဆုံးရှုံးမှုရဲ့ နိဒါန်းသက်သက်ဖြစ်တယ်။ ပျက်သုန်းခြင်းဆီ ဦးတည်သွားမှာဖြစ်တယ်။
ဘုရားဟော ဗျာဒိတ်ကျမ်းရဲ့ ပြည့်စုံမှုလည်းဖြစ်ပါတယ်။
လူတိုင်း ဘုရားအလိုဆန္ဒနဲ့ တလုံးတ၀တည်းနေထိုင်နိုင်ကြပါစေ.။
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။