ဒီ status ကို ရေးမယ် ..ရေးမယ် စဉ်းစားပြီး
မရေးဖြစ်သေးတာ
ခုတော့ မဖြစ်မနေ ရေးလိုက်ပါပြီ
တော်တော်များများလည်း သိပြီးသားဖြစ်မှာ ပါ ။
မသိသေး တဲ့ သူတွေ အတွက်တော့ အသုံးဝင်လို ဝင်ငြားပေါ့
အထူးသဖြင့် မိန်ခလေး သူငယ်ချင်းတွေ အတွက်ပါ ။
Cosmetics တော်တော် များများမှာ ဆိုရင် ကုန်ဆုံး date တွေမပါ တတ်ကြပါဘူး ။
ကိုယ် လဲ မသိခင်က တော့ မိတ်ကပ် တဗူး နှူပ်ခမ်း ဆိုးဆေး တဗူး ကို မကုန်မချင်း မလွင့်ပြစ် ပဲ သုံးခဲ့ ဖူးပါတယ် ။
ကုန်ဆုံး date မပါတာ မဟုတ် ပဲ ...
အောက်က ပုံ လေးတွေ မှာ လို 12M , 24M ,6M ,36M အဲ့ လို လေးတွေ ရေးထား ပေးတာပါ ။
သဘော ကတော့ ပါကင် စဖွင့် စကနေ၆လ အတွင်း ,6M... တနှစ် အတွင်း 24M .... စသည် ဖြင့် ပေါ့ ။
အဓိက ကတော့ ကိုယ် စသုံးတော့မယ် ဆို ရင် ဘယ့်နေ့ ဘယ် ရက် မှာ စဖောက် သုံးလဲ ဆိုတာ ရက်စွဲ လေး မှတ်ထားသင့်ပေါ့ နော် ။
ကိုယ်ဆို လဲ စ သိသိ ချင်း မှာ ပဲ လွင့်ပြစ် လိုက် ရတဲ့
ပစ္စည်း နည်း တာမှတ်လို့ ။
Brand ရေမွှေးအကောင်း စား တော် တော် များများမှာတော့ အဲ့လို အမှတ်အသား သိပ်မပါ တတ်ပါဘူး။
နာမည်သိပ် မရှိတဲ့ ရေမွှေး တွေမှာ တော့ တွေ့ရတတ်ပါတယ် ။ ဒါပေသည့် 36M ဆိုတော့ အနည်းလေး ၃ နှစ်တော့ ခံတာ ပေါ့နော် ။ ကိုယ် လွင့်ပြစ် ရတဲ့ တော်တော် များများ ကတော့ လက်သဲ ဆိုးဆေး နဲ့ လိုးရှင်း တော်တော် များများ ပေါ့ ။
ခေါင်းလျော်ဆေး နဲ့ ပေါင်းတင် ဆေး တွေလဲ ပြစ် လိုက် ရသေးတယ် ။ အထူးသဖြင့် မျက်တောင်ကော့ ဆေး တော်တော် များများ က ၆လ လောက်ပဲ ခံတတ်ကြတယ်။ ဒီ အကြောင်းကို သိပြီးပိုလာတဲ့ အလုပ် တခု က ကိုယ် စသုံးတဲ့ Cosmetic ပစ္စည်း ကို ဘယ်နေ့စဖွင့် တယ် ဆိုတဲ့ date မှတ်ဖို့ ရယ်
နောက် တစ်ခုက စဝယ်ထဲ က ဖွင့်ပြီး ဘယ်လောက် ကြာကြာ အထိ အသုံးခံမလဲ ... ဘူးကြီး မို့ သူပြထားတဲ့ အချိန်အတိုင်းအတာအတွင်း မကုန်လောက်ဘူးထင်ရင် ဘူးသေး ဝယ်သုံး တာပဲဖြစ်ဖြစ် လုပ်သင့် တယ် လို့ ထင်ပါတယ် ။ ကိုယ်တိုင် လည်း အဲ့လို ပဲလုပ်နေပါပြီ ။ ခေတ်မှီ တိုးတက် လာတဲ့ ခေတ် ကြီးထဲ မှာ ရောဂါ ဆန်းတွေ လဲ ပေါ များလာတာကြောင့် အလှအပ အတွက် ကပ်စေးလဲ မနဲ သင့် သလို နှမျော တသ ပြီး လည်း မသုံး သင့်ကြောင်း
အလှအပ မက်မောတဲ့ သူငယ်ချင်း ညီအမတွေ ကို ပြောပြပေးတာပါလို့ ။
စမီး နဲနဲ လျာရှည် တွားလား ငင်... 😜😜😜

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။