Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label ဝတ္ထု. Show all posts
Showing posts with label ဝတ္ထု. Show all posts

Friday, March 30, 2018

အို အသင်လောက

အို အသင်လောက

တစ်အိမ်လုံးမှာ ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကို ပြားကစ၍ အတိအကျသိရသည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်၏။ ကလေးတွေကို သူတို့အမေက မုန့်ဖိုး တစ်ယောက်တစ်မတ်စီ ပေးသည်။ ခါတိုင်း သုံးဆယ့်ငါးပြား ပေးနေကျ ဖြစ်သဖြင့် ကလေးတွေက မကျေနပ်ကြ။ ဘာမျှတော့ မပြောချေ။ ပြောလို့လည်း ဘာမှမထူး၊ ပိုရမည်မဟုတ်မှန်း သိသောကြောင့် လေကုန်ခံပြီး မပြောကြခြင်း ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် သူတို့အမေ စိတ်ထွက်ပြီး ခေါင်းခေါက်မည် စိုးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်မည်။
အငယ်ဆုံးကောင်ကတော့ ပိုက်ဆံတစ်မတ်စီကိုင်၍ လှည့်အထွက်တွင်..
“နည်းနည်းလေး ပေးတာ မလောက်လို့.. များများကြီး ပေးပါဦးလို့”
ဟု သီချင်းတစ်ပုဒ်ကို ဖျက်ပြီး မကြားတကြား ဆိုသွားသည်။

Saturday, November 11, 2017

အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ

အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ
~~~~~~~~~~~~~~~~~~~~~~
(ကိုလှိုင်ကြည်ဝင်း)

" ရုံး Order ထွက်ပြီးကတည်းက ဆရာ့ကို မျှော်နေတာ။ ဆရာက J.A.T နဲ့ ပြောင်းလာ ပေမယ့် လောလောဆယ် စတုတ္ထတန်း အတန်းပိုင် ဆရာမက မီးဖွားခွင့် ယူထားတော့ ဖြစ်နိုင်ရင်ဆရာ့ကို အဲဒီအတန်း တာဝန်ပေးချင်ပါတယ် "

ကိုယ်က ဝန်ထမ်းပဲ။ ကျရာဝန် ထမ်းရမှာပေါ့။ ရွှံ့ပျော့ကလေးတွေ၊ အဖြူရောင်ပန်းကလေးတွေဆိုတာ ကိုယ်လိုချင်တဲ့ အရောင် ကိုယ်လိုချင်တဲ့ ပုံစံ ရိုက်သွင်းလို့ အကောင်းဆုံး မဟုက်လား။ ကျောင်းအုပ်ဆရာကြီးက အသက် 50 ဝန်းကျင်၊ အသားညိုညို၊ မျက်နှာချိုချိုနဲ့ တွဲအလုပ်လုပ်လို့ အဆင်ပြေမယ်ဆိုတာ စိတ်က အလိုလို သိလိုက်တယ် ။

Sunday, November 5, 2017

ပုလင်းချစ်သူ - မင်းလူ

ပုလင်းချစ်သူ - မင်းလူ
************
“ဒီအရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ်
လိုက်သည်။ ထိုအခါ ဆိုင်ရှင်ကြားသွားပြီး

“ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့အတိုင်းပါပဲဗျာ။
ကျွန်တော်က ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး
ဆိုတာ အစ်ကိုကြီးသိပါတယ်။ အမြဲသောက်နေကျပဲ
မဟုတ်လား”

Friday, October 6, 2017

" နင်က ဝလာလို့လေ "

" နင်က ဝလာလို့လေ "
(ဆောင်းပါးပြည့်)

ဘာလို့ လမ်းခွဲချင်တာလဲဆိုတဲ့ မေးခွန်းကို မောင်က တွန့်ဆုတ်ဆုတ်နဲ့ ဖြေတယ်။ စကားလုံးတစ်လုံးချင်းစီက ရင်ထဲကို တစ်စစီခြေမွလိုက်သလိုခံစားရတယ်။

" နင် " ....

" ဝလာလို့ " ....

ခေါ်နေကြ "သဲ" ဆိုတဲ့နေရာမှာ "နင်" လို့ မောင်ကဆိုတယ်။ အခေါ်အဝေါ်ပြောင်းသွားတဲ့ ကျွန်မရှေ့က အမျိုးသားကိုရော "မောင်" လို့ ဆက်ပြီး သတ်မှတ် သင့်မသင့် ကျွန်မ မသိတော့။

Thursday, October 5, 2017

သက်ခိုင်ကို ဖန်ဆင်းခဲ့သူ (သို့မဟုတ်) မင်းဒင်


မြန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 2 new photos.

သက်ခိုင်ကို ဖန်ဆင်းခဲ့သူ (သို့မဟုတ်) မင်းဒင်
——————————————————
ဌေးဝင်း, The Ladies News
BurmaDemocracy, 4 October 2017
(က)
၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ ညဦးပိုင်း။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ အမြင့်ဆုံး အဆောက်အအုံကြီး တခုဖြစ်သော ဘိုင်းယောင့် အဆောက် အအုံနားက ဂျူးလဒစ် ဟော်တယ်၏ ၁၄ ထပ်မှာရှိသော သူတည်းခိုရာ အခန်းတွင် ကျွန်တော့် မိတ်ဆွေက ယခုလိုပြောသည်။
“ဗိုလ်ဌေး။ ကျွန်တော်လည်း မထင်မှတ်ဘဲနဲ့ အလုပ်ကြီးတစ်ခုကို လုပ်မိလျက်သား ဖြစ်နေပြီဗျာ”
ဟု ကျွန်တော့် မိတ်ဆွေက ဆိုသည်။
အခုအချိန်မှာ သူဟာ အရင်ကလို ဖူးကက်မြို့က မြန်မာပစ္စည်း ရောင်း သည့် ကုန်သည် သက်သက် မဟုတ်တော့။ အွန်လိုင်း ပေါ်မှာရော ပုံနှိပ်စာပေ လောကမှာပါ အုတ်အော်သောင်းတင်း အောင်မြင်သည့် စာရေးဆရာ တယောက် ဖြစ်နေချေပြီ။

Tuesday, September 26, 2017

ချိုမြိန်သော အဆိပ်

ချိုမြိန်သော အဆိပ်
*************

( 1 )
စန္ဒီ တစ်ယောက် အိမ်ထောင်ပြု ပြီးနောက်
အဖေ အိမ်မှ ခွာ၍ ယောင်္ကျားနောက် လိုက်
နေခဲ့ ပါတယ်။ သူတို့ လင်မယား နဲ့ အတူ
ယောက္ခမ အဖွားကြီး ပါ အတူလိုက်နေ ခဲ့တာပါ။

အိမ်သစ် ကြီး မှာ နေကြရင်း စန္ဒီ တစ်ယောက်
ယောက္ခမ ဘွားတော် ကြီး နဲ့ အဆင်မပြေ ဖြစ်
လာခဲ့ပါတယ်။ ရှေးရိုးဆန် တင်းကျပ် ဗစိဗစပ်
များသော ဘွားတော် ကြောင့် ခေတ်သမီးပျို
စန္ဒီတစ်ယောက် တစ်မိုးအောက် ထဲ အတူ နေ
ရ ဇာတ်လမ်းကတော့ အက်ကြောင်း ထင်လာ
ပါတယ်။

Thursday, September 21, 2017

ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ


“ခင်ဗျားအမေ ဘာအလုပ်လုပ်သလဲ”
“ဟုတ်ကဲ့၊ ကျွန်တော့်အမေ အိမ်အလုပ်လုပ်ပါတယ်”
တစ်ယောက်ယောက်ကများ မေးလိုက်လို့ ကျွန်တော်သာ ဒီလိုဖြေလိုက်ရင် ကျွန်တော့ကို နောက်နေတယ်လို့ ထင်သွားမယ်ထင်ပါတယ်။ အမှန်ကတော့ ဒီအဖြေဟာ အင်မတန်မှကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဖြေတစ်ခုပါ။
ရှင်းပြပါမယ်။
အရင်ဆုံးတော့ Gender ဆိုတဲ့ စကားလုံးကနေ စကြရအောင်။ ဒီစကားလုံးကို တချို့ကလည်း ဂျန်ဒါလို့ပဲ မူရင်းအတိုင်း ခေါ်ဝေါ်ရေးသားကြတယ်။ တချို့ကတော့လည်း ကျားမရေးရာ လို့ မြန်မာမှုပြုကြတယ်။ ထားပါတော့။ အခေါ်အဝေါ်ထက် အဓိပ္ပါယ်ကသာ ပိုအဓိကကျပါတယ်။

Sunday, July 30, 2017

“ အနီရောင် မိုးကာအင်္ကျီလေး ” ( ဝတ္တုတို )

“ အနီရောင် မိုးကာအင်္ကျီလေး ” ( ဝတ္တုတို )

အိမ်အပြင်မှာတိုက်နေတဲ့ လေသံကိုနား ထောင်ရတာ မိုးရွာတော့မယ်ထင်ပါရဲ့ခြံထဲကအုန်း လက်တွေ ကွမ်းသီးပင်တွေအချင်းချင်းပွတ်တိုက်သံ ​တွေက ညအချိန်ဆိုတော့ ပိုကျယ်နေသလားမသိ ။ ဒီလေမျိုးဆို ခြံ အစပ်ချောင်းကမ်းနားက ဓနိပင်တွေ လည်း ယိမ်းခါနေမှာပဲ ။ ကိုယ်ကဒီခြံထဲမှာမွေး ၊ ဒီခြံထဲ မှာလူလားမြောက် ခဲ့သူမို့ ဒီအသံတွေကိုယဉ်ပါးနေပေ မယ့် အစိမ်းသက်သက်ဆိုရင်တော့ ဒီအသံတွေက ကြောချမ်းစရာကြီးပေါ့။

Monday, July 24, 2017

အိမ်ထောင်ပျက်မိန်းမတစ်ယောက်ပါ …ထားခဲ့သော်လည်း အားအပြည့်ရှိပါတယ်


shared by snowde on 22/07/17  -  phothutaw.com  -  Other
ယောက်ျားကထားခဲ့လို့ဖြစ်စေ ချစ်သူကထားခဲ့လို့ ဖြစ်စေ အငယ်အနှောင်းယူသွားလို့ဖြစ်စေ စွန့်ပစ်ခဲ့ရင် မိန်းမတချို့ ဘဝပျက်မတတ် ဖြစ်တတ်ကြပါတယ်..
အမှန်က ပျော်ရမှာပါ.... လက်ခုပ်တီးပြီးကို ကျေနပ်ဝမ်းမြောက်စွာပျော်ရမှာပါ.... ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့အတွက် ကိုယ့်တန်ဖိုးနားမလည်တဲ့လူရဲ့ဘေးနား အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို လွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်.... . .

အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ


shared by theingiphyu on 23/07/17  -  facebook.com  -  Other
" ရုံး Order ထွက်ပြီးကတည်းက ဆရာ့
ကို မျှော်နေတာ။ ဆရာက J.A.T နဲ့ ပြောင်းလာ ပေမယ့် လောလောဆယ် စတုတ္ထတန်း အတန်း
ပိုင် ဆရာမက မီးဖွားခွင့် ယူထားတော့ ဖြစ်နိုင်ရင်
ဆရာ့ကို အဲဒီအတန်း တာဝန်ပေးချင်ပါတယ် "
ကိုယ်က ဝန်ထမ်းပဲ။ ကျရာဝန် ထမ်းရမှာပေါ့။ ရွှံ့ပျော့ကလေးတွေ၊ အဖြူရောင်
ပန်းကလေးတွေဆိုတာ ကိုယ်လိုချင်တဲ့ အရောင်
ကိုယ်လိုချင်တဲ့ ပုံစံ ရိုက်သွင်းလို့ အကောင်းဆုံး မဟုက်လား။ ကျောင်းအုပ်ဆရာကြီးက အသက် 50 ဝန်းကျင်၊ အသားညိုညို၊ မျက်နှာချိုချိုနဲ့ တွဲအလုပ်လုပ်လို့ အဆင်ပြေမယ်ဆိုတာ စိတ်က အလိုလို သိလိုက်တယ် ။

Wednesday, July 12, 2017

မိအေးနှစ်ခါနာ ဆိုတာ


shared by ThiThi on 06/01/17  -  thutazone.com  -  Other
"မိအေးနှစ်ခါနာဖြစ်မယ်။ မိအေးနှစ်ခါနာဖြစ်မယ်။" ဆိုပြီးလူကြီးတွေ ဆုံးမတဲ့ စကားပုံလေးရဲ့ ဇတ်လမ်းလေးပါ။

တောရွာလေးတစ်ရွာမှာ လယ်သမားမိသားစုက မွေးဖွားလာတဲ့ မိအေးဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်တဲ့။ မိဘကတော့ စာတက်ပေတက် ဖြစ်စေချင်လို့ ကျောင်းထားပေးထားပေမယ့် မိအေးကတော့ စာကို စိတ်မဝင်စားပါဘူး။ ကြိုးလဲ မကြိုးစားဘူးပေါ့။ ဒီလိုနဲ့ပဲ တစ်တန်းကို နှစ် နှစ်၊ သုံးနှစ် နှုန်းနဲ့ နေနေလိုက်တာ ငါးတန်းလည်း ရောက်ရော မိအေးတစ်ယောက် တစ်ဆယ့်ငါးနှစ် အရွယ်ရောက်လို့အပျိုကြီးဖားဖား ဖြစ်နေပါပြီ။ အတန်းတူတွေနဲ့ အသက်အများကြီး ကွာနေတဲ့ မိအေးဟာ ကျောင်းနေရတာကို ရှက်ပြီး ကျောင်းမနေချင်တော့ဘူးပေါ့။ အချို့ရွယ်တူတွေကလည်း ရည်းစားတွေဘာတွေနဲ့မို့ မိအေးလည်း စိတ်ကစားပြီး ရည်းစားလိုချင် လာပါတယ်။

Monday, June 19, 2017

ငြမ်းပေးတဲ့လမ်း

ငြမ်းပေးတဲ့လမ်း
✿✿✿✿✿✿✿
.
”ဟဲ့… ကိုအောင်တင် ဆုံးပြီတဲ့”

”ဟယ်… ဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာတဲ့လဲ”

”အစာအိမ်သွေးကြောပေါက် တာကို အချိန်မီ
မခွဲနိုင်လို့ဆိုလား”

”ကလေးနှစ်ယောက်တော့ ဒုက္ခပါပဲဟယ်”

”လိမ္မာတဲ့ ကလေးတွေကျ တော့လည်း
ကံဆိုးလိုက်တာ နော်”

Monday, June 5, 2017

ရင်ကိုစူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်

ရင်ကိုစူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်

ကျွန်မမှာ ကျွန်မထက် သုံးနှစ်ငယ်တဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။ ကျွန်မတို့ဟာ ဆင်းရဲ လွန်းတာကြောင့် ကျွန်မတို့ ပတ်ဝန်းမှာ ရှိသော မိန်းကလေးငယ်လေး တွေအားလုံး လိုလိုမှာ ရှိကျတဲ့ လက်ကိုင်ပဝါ လေးတစ်ထည်တောင် မဝယ်နိုင်ရှာပါဘူး။ ကျွန်မလဲ သူများနည်းတူ လက်ကိုင်ပဝါလေး တစ်ထည်လောက် လိုချင်မိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မဟာ တစ်နေ့မှာ ဖေဖေ့ စားပွဲ အံဆွဲထဲက ပိုက်ဆံအနည်းငယ်ကို ဖေဖေမသိအောင် ခိုးယူမိပါတယ်။ ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက် သွားတာကို သိပါတယ်။ ထို့ကြောင့်ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ လက်ထဲမှာလဲ ကြိမ်လုံးကို ကိုင်ထားပြီး
"ငါ့စားပွဲအံဆွဲထဲက ပိုက်ဆံ ဘယ်သူခိုးသလဲ"

အကြွေစောမှာ စိုးလှတယ်


shared by knight on 06/10/16  -  myanmarlatestnews.com  -  Personals
“ဖြန်း”

ပူထူသွားတဲ့ပါးပြင်ကို စမ်းကိုင်မိရင်း
အံကိုကြိတ်လိုက်မိသည်။

“ဘာလဲနင်ကငါ့ကိုပြန်လုပ်ချင်သေးလို့လား၊ ကိုယ့်အသက်ရွယ်ပြန်ကြည့်၊ဒါကျောင်းသားအလုပ်လား ”

“တတ်စေချင်လို့ တော်စေချင်လို့ ကျောင်းထားပေးတာလေ ။ ငါ့ညီမလေးဘဝ လှပ ပါစေဆိုတဲ့စိတ်နဲ့ ငါဘယ်လောက် ပင်ပန်းပါစေ မမှုခဲ့ဘူး၊အခုတော့ကြည့်စမ်း – နင် အားတာနဲ့ ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေတယ်ပေါ့… ဟုတ်လား!”

ဆူညံနေသောအသံများက ဗလောင်ဆူစွာ ဝင်လာသည်။မကျေမနပ်ဖြင့် မမကြီးကို တစ်ချက်ကြည့်ပြီး အခန်းတွင်းသို့ ဝင်လာကာ နွေးနွေး လွယ်အိတ်ကို ဆောင့်ချလိုက်သည်။
နာကျင်နေသောပါးပြင်ကိုပွတ်ရင်း ပါးစပ်မှ မကျေနပ်စွာရေရွတ်နေမိသည်။”ဖုန်းကိုင်တာ အပြစ်လားလေ”။

Sunday, May 28, 2017

ရေခဲတိုက်မှာတစ်ညတာ

ရေခဲတိုက်မှာတစ်ညတာ
-------------------------

အချိန်က ည ခွန်နှစ်နာရီကျော်လောက်ရှိပေလိမ့်မည် ။ စားလက်စ ထမင်းကို လက်စသတ်ရင်း ရေဇလုံထဲမှာလက်ဆေးပြီး ထမင်းစားပွဲမှထလိုက်သည် ။

" ယောက်ျား....စားမကောင်းဘူးလား... ယောက်ျားအကြိုက်ငါးတန်ခေါင်းနဲ့ မျှစ်ချဉ်လေ..."

" စားကောင်းတယ်မိန်းမ... ငါးပိထောင်းနဲ့ တညင်းသီးနဲ့ တွေ့လိုက်တော့ လူလဲကြေးစည်လို ဒူဝေဝေဖြစ်နေပြီ "

" ဟယ်တော့.... ဖြစ်ပါ့မလား.... "

Sunday, May 7, 2017

"ထိုင်ပါရစေ" (မင်းလူ)

ရသစာပေ ကဏ္ဍ အတွက် ပထမဆုံး ဆရာ မင်းလူ ရဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း နဲ့ ပက်သက်တဲ့ "ထိုင်ပါရစေ " ဝတ္ထုတိုလေးကို တင်ပေးလိုက်ပါတယ်။

__________

"ထိုင်ပါရစေ" (မင်းလူ)
===============

"မြန်မာလူမျိုးတွေဟာ အားရင် လက်ဖက်ရည်ဆိုင်ပဲ ထိုင်နေကြတာပဲ"ဆိုသောစကားကို မကြာခဏ ကြားရသည်။ နိုင်ငံခြားသားတွေက ပြောခြင်းတော့မဟုတ်။ မြန်မာအချင်းချင်းက ပြန်ပြောခြင်းသာဖြစ်၏။ အထူးသဖြင့် အလုပ်နှင့်လက်မပြတ်အောင် လုပ်ရင်း တိုးတက်ကြီးပွားဖို့ အမြဲကြံစည်နေသူများနှင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖူးသူတချို့က ပြောကြခြင်းဖြစ်၏။

Friday, April 21, 2017

မေ့သမီးကလေး

မေ့သမီးကလေး

မနေ့က ငုံနေသည့် နှင်းဆီပွင့်လေး နှစ်ပွင့် ဒီနေ့ပွင့်နေပြီ။ မနက်စောစော ပန်းနုရောင် နှင်းဆီလေး နှစ်ပွင့်ကိုမြင်ရတော့ စိတ်အေးချမ်းလှသည်။ ဒီနေ့ ဈေးထဲသွားမည်။ ပန်းရောင်ပိတ်စလေးများဝယ်မည်။ လူ့လောကထဲ ရောက်လာတော့မည့် သမီးလေးအတွက် အင်္ကျီ၊ ဘောင်းဘီလေးတွေ ချုပ်ရမည်။

“ကြည်ရယ် ဘာလို့ သမီးလေးပဲဖြစ်မယ်လို့ တွေးရတာလဲ။ သားလေးရောမဖြစ်နိုင်ဘူးလား”

“မောင်မသိပါဘူး။ သမီးလေးမွေးမယ်ဆိုတာ သေချာသိတာပေါ့။ မိခင်တွေမှာ မမြင်ရတဲ့ စိတ်စွမ်းအင် တွေရှိနေတာ မောင်သိရဲ့လား”

လင်းမြွေကြီးနှင့် မိန်းမပျို

 
 
လင်းမြွေကြီးနှင့် မိန်းမပျို
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဖြစ်ရပ်ဆန်းကြယ်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာလေးတွင်ဖြစ်သည်။ ထိုကျေးရွာလေးတွင် စိုက်ပျိုးလေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြလေပြီး အများစုမှာ စပါးစိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ထိုကျေးရွာလေးတွင် ကျွန်ုပ်ဖခင်နှင့်အစ်ကိုကြီး တော်စပ်သူဦးမြင့်ထွေးဟူသည့် ကျွန်ုပ်နှင့်ဘကြီးတော်စပ်သူ မိသားစုများမှာနေထိုင်လျက်ရှိပါသည်။

Wednesday, April 12, 2017

“အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်” (မစန္ဒာ)


shared by knight on 07/01/17  -  lwinpyin.com  -  Personals
ဟိုတစ်ဖက်က ငါးမြစ်ချင်းဆိုင်တွင် လူအုံနေသော်လည်း ပုစွန်ကျားဆိုင်ရှေ့တွင် လူရှင်းနေသည်။ ပုစွန် လာကိုင်ကြည့်လိုက်၊ ဈေးမေးလိုက်၊ “အင်း” ဟူ၍ သက်ပြင်းချကာ ပြန်သွားလိုက်နှင့် ပုစွန်သည် မပုစိန်လည်း တော်တော်လေး စိတ်တိုနေပြီဖြစ်သည်။ ထို့ကြောင့်လည်း “အပျင်းပြေ လာကိုင်ကြည့်လို့ ရတယ်နော်၊ တစ်ဆယ်သားကို ၆ကျပ်ကြီးများတောင် ရောင်းတာ” ဟု အငေါ်တူးပြီး အော်လေသည်။
“မြတ်စွာဘုရား ခြောက်ကျပ်တဲ့”

Wednesday, March 15, 2017

မြွေဖြူ မလေးရဲ့ အချစ်ဇာတ်လမ်း


天下第一 added 4 new photos.

မြွေဖြူ မလေးရဲ့ အချစ်ဇာတ်လမ်း
မြွေဖြူ မလေးရဲ့ ပုံပြင်လေးကိုတော့ မြန်မာပရိသတ်တွေနဲ့ တော်တော်လေးကို ရင်းနှီးကြမှာပါ။ ငယ်စဉ်ကလဲ မြဝတီမှာ စိတ်သဘောထားကောင်းတဲ့ မြွေဖြူ မလေးရဲ့ ဇာတ်လမ်းတွဲလေးကို ပြသပေးသွားဖူးပါတယ်။ ၂၀၁၁ ခုနစ်မှာပဲ ဂျက်လီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးလဲ ရှိသေးတော့ ပိုပြီး မှတ်မိလွယ်တာပေါ့။ ဒါ့ကြောင့် ငယ်ဘဝအလွမ်းပြေ ပုံပြင်လေးကို ကိုယ့်ညီငယ် ညီမငယ် တူ တူမတွေကို ပြန်ပြောပြလို့ရအောင် ကျွန်တော်တို့ ထျန်းရှသိယိက ရေးသားပေးလိုက်ပါတယ်။