Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 15, 2017

မြွေဖြူ မလေးရဲ့ အချစ်ဇာတ်လမ်း


天下第一 added 4 new photos.

မြွေဖြူ မလေးရဲ့ အချစ်ဇာတ်လမ်း
မြွေဖြူ မလေးရဲ့ ပုံပြင်လေးကိုတော့ မြန်မာပရိသတ်တွေနဲ့ တော်တော်လေးကို ရင်းနှီးကြမှာပါ။ ငယ်စဉ်ကလဲ မြဝတီမှာ စိတ်သဘောထားကောင်းတဲ့ မြွေဖြူ မလေးရဲ့ ဇာတ်လမ်းတွဲလေးကို ပြသပေးသွားဖူးပါတယ်။ ၂၀၁၁ ခုနစ်မှာပဲ ဂျက်လီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးလဲ ရှိသေးတော့ ပိုပြီး မှတ်မိလွယ်တာပေါ့။ ဒါ့ကြောင့် ငယ်ဘဝအလွမ်းပြေ ပုံပြင်လေးကို ကိုယ့်ညီငယ် ညီမငယ် တူ တူမတွေကို ပြန်ပြောပြလို့ရအောင် ကျွန်တော်တို့ ထျန်းရှသိယိက ရေးသားပေးလိုက်ပါတယ်။

မြွေဖြူ မလေးပုံပြင်ဟာ တရုတ်ပြည်ရဲ့ ရှေးဟောင်း ဂန္တဝင် ပုံပြင်လေးပုဒ်ထဲက တပုဒ်အပါအဝင် ဖြစ်ပါတယ်။ လျံစန်းပေါ် ကျူ ယင်းထိုက်နဲ့ နွားကျာင်းသားနဲ့ နတ်သမီးလေး (တရုတ်ချစ်သူများနေ့) ပုံပြင် ၂ ပုဒ်ကိုတော့ တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ Page ထဲမှာပဲ ရှာဖတ်ကြည့်ကြပါ။
တခါတုန်းက အော်မေ့တောင်ပေါ် တရားကျင့်ရင်းနဲ့ မှော်စွမ်းအင်များရရှိကာ နှစ်ပေါင်းများစွာ နေထိုင်နိုင်ကြတဲ့ မြွေဖြူ မလေးနဲ့ မြွေစိမ်းမလေး ၂ ယောက် ရှိကြပါတယ်။ သူတို့ဟာ လူယောင်ဖန်ဆင်းနိုင်ကြပြီး သူတို့ကိုယ်သူတို့လဲ နာမည်တွေ ပေးထားကြပါတယ်။ မြွေဖြူ မလေးရဲ့ နာမည်ကတော့ 白素貞 ပိုင်စုကျန်း ဖြစ်ပြီး မြွေစိမ်းမလေး နာမည်ကတော့ 小青 ရှောင်ချင်း ဖြစ်ပါတယ်။ ရှောင်ချင်းကို ပိုင်စုကျန်းက ကယ်တင်ဖူးတာကြောင့် ရှောင်ချင်းက ပိုင်စုကျန်းကို သူ့အမလို့ မှတ်ယူထားပြီး တကယ့် ညီအမတွေလို ချစ်ခင်ကြပါတယ်။
ချင်းမင်ပွဲတော်နေ့မှာ သူတို့ဟာ လူ့ပြည်ကို လာလည်ရင်းနဲ့ ဟန်ကျိုးမြို့ရဲ့ တံတားအိုတစ်ခုမှာ 許仙 ရွှီရှန်းဆိုတဲ့ ယောကျာ်းလေး တစ်ယောက်ကို သွားတွေ့ခဲ့ပါတယ်။ ပိုင်စုကျန်းဟာ ရွှီရှန်းကို မြင်မြင်ချင်း ချစ်မိသွားတာကြောင့် ရွှီရှန်းရှိရာကို လာရင်းနဲ့ မိုးရွာချလာတဲ့အခါ ရွှီရှန်းကတော့ မိန်းကလေး တစ်ယောက်တည်း မိုးရွာထဲမှာ လမ်းလျှောက်နေရတော့ စိတ်ရင်းကောင်းတဲ့ ရွှီရှန်းဟာ သူ့ရဲ့ ထီးနဲ့ လိုက်မိုးပေးခဲ့ပါတယ်။ နောက်တော့ ရွှီရှန်းက ပိုင်စုကျန်းကို ချစ်မိပြီး ၂ ဦးသား လင်မယားအဖြစ် လက်ထပ်လိုက်ကြပြီး ကျဲ့ကျန်းပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
ရွှီရှန်းဟာ သမားတော်လေး တစ်ဦးဖြစ်ပြီး သူတို့ ၂ ဦးဟာ ဆေးဆိုင်လေး တဆိုင်ဖွင့်ထားပါတယ်။ ပိုင်စုကျန်းဟာ ရွှီရှန်းကို ဆေးပင်တွေ ကူရှာပေး ဆေးစာရေးပေးစသည်ဖြင့် ယောကျာ်းရဲ့ အလုပ်တွေကို ကူညီပေးရင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ပိုင်စုကျန်းရဲ့ စွမ်းအင်တွေနဲ့ ဆေးကုပေးတာတွေကိုတော့ ရွှီရှန်းတစ်ယောက် မသိခဲ့ပါဘူး။ ရွှီရှန်းဟာလဲ စေတနာကောင်းသူလဲ ဖြစ်တာကြောင့် လူနာများကို အခမဲ့ ကုသပေးပြီး ဆေးစွမ်းလဲ ထက်တာကြောင့် ထိုဒေသမှာ အလွန်နာမည်ကြီးလာပါတယ်။
အဲ့အချိန်မှာပဲ 法海 ဖာဟိုင်လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးဟာ ပိုင်စုကျန်းတို့် နေထိုင်ရာ နေရာကို ရောက်ရှိလာပါတယ်။ ဖားဟိုင်ဟာလဲ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီးတပါး ဖြစ်တာကြောင့် ပိုင်စုကျန်းကို မြင်ကတည်းက အယောင်ဆောင်ထားမှန်း သိခဲ့ပါတယ်။ ထို့ကြောင့် ရွှီရှန်းကို သူ့မိန်းမဟာ မြွေဖြူ တစ်ကောင်ဖြစ်ကြောင်း ပြောပြခဲ့ပေမယ့် ရွှီရှန်းကတော့ မယုံကြည်ခဲ့ပါဘူး။ ဒါ့ကြောင့် သွမ့်ဝူကျယ် နဂါးလှေပြိုင်ပွဲတော်နေ့မှာ ပိုင်စုကျန်းကို အရက်မူးအောင်တိုက်သင့်ကြောင်း ပွဲတော်နေ့မှာ သောက်သင့်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့ကြောင့် ရွှီရှန်းကလဲ ပွဲတော်နေ့မှာ သူ့မိန်းမကို အရက်မူးအောင် အတင်းတိုက်ခဲ့ပါတယ်။ အဲ့အချိန် ပိုင်စုကျန်းဟာ ရွှီရှန်းနဲ့ရထားတဲ့ ကိုယ်ဝန်ရှိတဲ့ အချိန်မို့ သူမရဲ့ စွမ်းရည်ဟာ အားလျော့နေတဲ့အချိန် ဖြစ်တာကြောင့် အမူးလွန်သွားပါက မူလဇာတိ ပေါ်လာနိုင်တာမို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် သူမယောကျာ်းက အတင်းတိုက်နေတာကြောင့် ယောကျာ်းစိတ်ကျေနပ်စေရန် သောက်သုံးခဲ့ပါတယ်။
ဒီလိုနဲ့ ပိုင်စုကျန်း မူးလာတဲ့အချိန်မှာတော့ အယောင်ဆောင်ခြင်းကို မထိန်းချူ ပ်နိုင်တော့ပဲ သူမရဲ့ ဇာတိရုပ်ဖြစ်တဲ့ မြွေဖြူ သဏ္ဍာန်ဟာ ပြန်ပေါ်လာပါတယ်။ ထိုအခါ မြွေဖြူ ကြီးကို မြင်လိုက်ရတဲ့အခါ သူ့ဇနီးဟာ လူသားမဟုတ်ပဲ မြွေဖြူ မှန်း သိလိုက်ရချိန်မှာတော့ ထိတ်လန့်ပြီး သေဆုံးသွားခဲ့ပါတယ်။
ထိုအခါ ပိုင်စုကျန်းနဲ့ ရှောင်ချင်းတို့ ၂ ဦးဟာ ရွှီရှန်းရဲ့ အသက်ကို ပြန်သွင်းပေးမို့ ခွန်းလွန်တောင်ပေါ်ကို တက်ပြီး အသက်ကယ်ဆေးပင်ကို ခိုးယူခဲ့ပါတယ်။ အဲ့နောက် ရွှီရှန်းကို အသက်ပြန်သွင်းပေးခဲ့ပါတယ်။ ရွှီရှန်း အသက်ပြန်ရှင်လာပြီးနောက် ပိုင်စုကျန်းရဲ့ ဇာတိရုပ်ကို သိသော်လည်း ချစ်တဲ့စိတ်ကြောင့် ပိုင်စုကျန်းနဲ့ အတူပြန်နေထိုင်ခဲ့ပါတယ်။
ထိုအကြောင်းကို ဖာဟိုင်ဘုန်းတော်ကြီး သိသွားတဲ့အခါ သူတို့ ၂ ဦးကို ပြန်ခွဲဖို့ ရွှီရှန်းကို ဖမ်းဆီးပြီး 金山寺 ကျင်းစန်းကျောင်းတော်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ထိုအခါ ပိုင်စုကျန်းဟာ သူမရဲ့ မိတ်ဆွေတွေကို ခေါ်ပြီး စစ်တပ်ဖွဲ့ကာ ကျင်းစန်းကျောင်းတော်ကို ရေလွှမ်းအောင် ပြုလုပ်ခဲ့ပါတယ်။ ထိုအခါ ဖာဟိုင်ဘုန်းတော်ကြီးလဲ ထွက်လာပြီး ပိုင်စုကျန်းနှင့် ရှောင်ချင်းတို့ကို တိုက်ခိုက်ခဲ့ပါတယ်။ လူများစွာ သေကြေပျက်ဆီးတာမို့ ကောင်းကင်ဘုံက နတ်စစ်သည်တို့ကလဲ ဖာဟိုင်ဘက်ကနေ ကူညီတိုက်ခိုက်ပေးကြပါတယ်။ အဲ့အချိန်က ပိုင်စုကျန်းဟာ ရွှီရှန်းရဲ့ ရင်သွေးလေးကို ဝမ်းမှာလွယ်ထားရတာကြောင့် တန်ခိုးတွေ အားကုန်ခမ်းလာပါတယ်။ အဲ့ဒါကြောင့် ပိုင်စုကျန်းတို့လဲ အရှုံးပေးခဲ့ရပြီး ထွက်ပြေးခဲ့ရပါတယ်။
ပိုင်စုကျန်းဟာ ဟန်ကျိုးက ဂူလေးထဲမှာ သူမရဲ့ သားလေးကို မွေးဖွားခဲ့ပြီး ယောကျာ်းကို ကယ်တင်ဖို့ အင်အားပြန်လည် စုစည်းနေခဲ့ပါတယ်။ သိပ်မကြာခင် ရွှီရှန်းလဲ ကျင်းစန်းကျောင်းတော်ကနေ ထွက်ပြေးလာခဲ့ပြီး သူ့ရဲ့သားလေး ရွှီမုန့်ကျောင်း 許夢蛟 နဲ့ တွေ့ဆုံခဲ့ပြီးနောက် မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းတော်ကြီး ဖာဟိုင်က နောက်နေလိုက်လာပြီး အားနည်းနေတဲ့ ပိုင်စုကျန်းကို အလွယ်တကူပဲ အနိုင်ရရှိပြီး ဖမ်းခေါ်သွားကာ လေဖုန်းစေတီထဲမှာ ဖမ်းဆီးထားခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ အကြာမှာတော့ ရွှီမုန့်ကျောင်းလဲ အရွယ်ရောက်လာပြီး နန်းတွင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်ခဲ့ပြီး အရာရှိတစ်ဦး ဖြစ်လာပါတယ်။ အဲ့အချိန်မှာပဲ မြွေစိမ်းမလေး ရှောင်ချင်းဟာ အင်အားစုဆောင်းပြီး ကျင်းစန်းဘုံကျောင်းကို သူမအင်အားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဘုန်းတော်ကြီး ဖာဟိုင်လဲ အရှုံးပေးခဲ့ရပြီး ရှောက်ချင်းဟာ လေဖုန်းစေတီထဲမှာ အဖမ်းခံထားရတဲ့ ပိုင်စုကျန်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပိုင်စုကျန်းတို့ မိသားစု ၃ ဦးလဲ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါတယ်။ ဘုန်းတော်ကြီး ဖာဟိုင်ကိုတော့ ဂဏန်းစာကျွေးပစ်ခဲ့ပြီး ဂဏန်းရဲ့ ဝမ်းဗိုက်ထဲမှာပဲ ထည့်ထားခဲ့ပါတယ်။ ဒါ့ကြောင့် ဂဏန်းရဲ့ အတွင်းသားအဆီဟာ လိမ္မော်ရောင် ရှိတယ်လို့ ဆိုပါတယ်။ အကြောင်းက ဘုန်းတော်ကြီး ဖာဟိုင် ရုံတဲ့သင်္ကန်းဟာ လိမ္မော်ရာင် ဖြစ်နေလို့ပါတဲ့။
ဒါပေမယ့် ဒီပုံပြင်လေးဟာ တစ်နေရာနဲ့ တစ်နေရာမှာတော့ တူညီခြင်း မရှိပါဘူး။ ပြဇာတ် ဇာတ်လမ်းနဲ့ ပုံပြင်တွေဟာ ဇာတ်ဆရာတို့ရဲ့ အလိုကျ ပြင်ဆင်ရေးကြတာမို့ ကွဲပြားကုန်ကြပါတယ်။
#SwamHtet(天下第一)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။