Myat Minn Ko added 3 new photos.
နိုင်ငံခြားကစက်သုံးဆီဆိုင်တွေလာဖွင့်ရင် ပြည်တွင်းလုပ်ငန်းရှင်တွေထိခိုက်နိုင်လို့ အသနားခံတယ်ဆိုပဲ။
ငါနဲ့ချည်းကိုင်တုပ်ပြီးဆဲချင်တာလေ။ ခုတောင် ဒီစာရိုက်ရင်း ပါးစပ်က မအေ နှမ စုံအောင်ဆဲပြီးရိုက်နေတာ။ ဒေါသထွက်လွန်းလို့။ သူတောင်းစားတွေ လူပါးတွေ ဝတာဝတာဆိုတာ။
အရင်တုန်းက စက်သုံးဆီတွေကိုအစိုးရကဖြန့်တယ်။ နိုင်ငံတကာဈေးထက်သက်သာတယ်။ သို့သော် ခွဲတမ်းနဲ့ပဲရတယ်။ ကားတစ်စီး တစ်ရက်နှစ်ဂါလံပေါ့။ ဒီပမာဏထက် ပိုလိုအပ်တဲ့သူတွေက ပြင်ပမှောင်ခိုဈေးကွက်ကနေ ဝယ်သုံးကြပေါ့။ အဲဒီလို။
နောက်ပိုင်း ကားတွေသွင်းကြမယ်ဆိုတော့ စက်သုံးဆီတွေကိုလည်းဖွင့်ချပေးလိုက်တယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး။ အစ်ကိုကြီးတွေ ညီလေးတွေကို။ အရင်ကအစိုးရဆီဆိုင်နေရာတွေကို သူတို့အချင်းချင်းခွဲဝေယူကြတယ်။ သဘောက ဂရန်အမည်ပေါက်ပါရတာ။ အစိုးရကိုမြေဖိုးသွင်းတော့ သူခိုးဈေးနဲ့ပေါ့။ တစ်ပေပတ်လည် မြန်မာငွေငါးရာကျပ်တို့ ဘာတို့နဲ့။ ပြောရရင် ရန်ကုန်ရဲ့တကယ့်အကွက်အကွင်းကောင်းကောင်းနေရာတွေကို အလကားရလိုက်ကြတာ။ အစ်ကိုကြီး အကြီးကြီးတွေက ပြည်လမ်းတို့၊ ဦးဝိစာရလမ်းတို့ပေါ်ရမယ်။ ညီလေးခပ်သေးသေးတွေက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာလိုနေရာတွေ ရတယ်။ ပျော်ကြသည်ပေါ့။ မြေဈေးခေါင်ခိုက်နေချိန် တကယ့်ဒင်ဆိုတဲ့နေရာတွေကို ဖရီးဖလိုးနဲ့ ရလိုက်ကြတာ။ အဲဒီတုန်းကကျတော့ ဘာသောက်သံမှမထွက်ကြဘူးလေ။
ကဲ ဆီတွေသွင်းကြပြီ။ လွတ်လပ်စွာသွင်းနိုင်တယ်ဆိုပေမယ့် သွင်းတဲ့ပမာဏနဲ့ပြန်ချုပ်ထားတယ်။ အနည်းဆုံး ဘယ်နှစ်တန်သွင်းရမယ်ဆိုပြီးတော့။ တကယ့် ဆိုင်ကြီးတွေတောင် တစ်ဦးချင်းမသွင်းနိုင်ဘူး။ ပေါင်းသွင်းရတယ်။ ဘယ်သကောင့်သားကမှ ဖိုက်တာလုပ်ပြီးတစ်ယောက်တည်းသွင်းလို့မရလောက်အောင်ကို ချုပ်ထားတာ။ အဲဒီတော့ ဆိုင်နံမည်တွေသာကွဲသွားတယ်။ တစီးပွားတည်းလိုဖြစ်နေတယ်။ ဈေးတွေကလည်း လုံးဝကိုကွက်တိပဲ။ တူနေကြတာ တဆိုင်နဲ့တဆိုင် တစ်ကျပ်တောင်မကွာဘူး။
ဥရောပတို့၊ အရှေ့အလယ်ပိုင်းတို့၊ အမေရီးကားတို့ ရေနံဈေးတွေဘယ်နေရာမှာ ဘယ်လောက်တောင်စံချိန်တင် ထိုးကျတယ်ပြောပြော အဲဒါကသတင်းထဲမှာပဲဖတ်ရတာ။ ဒီရွှေပြည်ကြီးမှာတော့ တက်လိုက်ရင်သာ ဝုန်းကနဲ ပြန်ဆင်းဖို့ကျတော့ အတိတ်မေ့သလိုလို ဝက်ရူးပြန်သလိုလို လုပ်ကုန်ကြတယ်။ တက်ပြီးရင် ပြန်မဆင်းချင်တဲ့သောက်ကျင့်တွေကိုက သေတဲ့အထိပါကြမှာ။ ခံပေါ့ ကိုယ်တို့ပြည်သူတွေက။ ဓာတ်ဆီကလည်း Alibaba တို့၊ Amazon တို့ကတဆင့် အွန်လိုင်းကနေလှမ်းမှာလို့မှမရတာ။ သူတို့ဆီဆိုင်တွေကပဲ ထည့်ပေါ့။
အဲဒီလောက် ဘုန်းဘောလအော ပွဲတော်ကြီးလိုကြိတ်နေကြရတာတောင် အားမရဘူး။ ထပ်ခိုးကြသေးတယ်။
ဆီကွာလတီမပြည့်ဘူး။ အခြင်အတွယ်မပြည့်ဘူး။
ဆီတန်ကာကြီးတွေ ဆိပ်ကမ်းမကပ်ခင်ပင်လယ်ဝမှာကတည်းက ရောပြီးသားတဲ့။ အားရစရာနော်။ အဲ ဆိပ်ကမ်းရောက်တော့ရော။ ဟုတ်ကဲ့ ထပ်ရောတယ်တဲ့ဗျာ။ ကဲ ဆီဆိုင်ကကန်ထဲရောက်ပါပြီ။ ပန့်ကနေ ကားထဲထည့်ပါပြီတဲ့။ ခိုးတယ်ခင်ဗျာ ခိုးတယ်။ ပက်ပက်စက်စက်ခိုးတယ်။ ပိုင်ရှင်ကိုယ်တိုင်ကခိုးခိုင်းသလို ဆိုင်ဝန်ထမ်းတွေကလည်း တတ်သိပညာမနေသာဆိုသလို ထပ်ဆင့်ခိုးကြတယ်။ ဆီခိုးဖို့အတွက် ပန့်ကိုဖွင့်ပြီးချိန်ရတဲ့တက္ကနစ်ရှင်ကို ဈေးကြီးပေးခေါ်ကြရတယ်။ အချင်းချင်းအဝေမတဲ့တော့ အဲဒီတက္ကနစ်ရှင်က ပြန်ခြိမ်းခြောက်တယ်။ နင်တို့ဆီဆိုင်ဆီခိုးတာတွေ ဖော်လိုက်ရမလားတဲ့။ သေပေါ့။ ခံပေါ့။
ကြားထဲက ငထွားပြည်သူတွေက ခါးနာရုံမက အောက်ပိုင်းပါသေကြပါလေရော။
ဈေးကြီးလည်းပေးဝယ်ရသေး၊ အခြင်အတွယ်ကလည်း ခိုးခံရသေး၊ ဆီမသန့်လို့ ကားစက်ပိုင်းဆိုင်ရာထိခိုက်တာလည်းခံရသေး။ နာ နာ နာ နာ နာ ပဲ။ ခံ ခံ ခံ ခံ ပဲလေ။
အဲဒီလို ပျော်တပြုံးပြုံးနဲ့ အမုန်းဆွဲနေရတုန်းကတော့ ဘဘကြီးတို့ကျေးဇူးတွေပါပေါ့လေ။ ဆီဆိုင်မန်နေဂျာတစ်ယောက်ဆို မယားငယ်ငါးယောက်။ အငယ်ဆုံးမက ပရာဒိုကိုကိုယ်တိုင်မောင်းတာ။ ဒီလောက်ဆို ပေါက်လိုက်တော့။
အဲဒီလောက် ဝုန်းချင်တိုင်းဝုန်းခဲ့ရတာကိုအားမရသေးဘူး။ ခုအစိုးရသစ်လက်ထက် နိုင်ငံခြားကစက်သုံးဆီဆိုင်တွေလာဖွင့်မယ်ဆိုတော့ အသနားခံသတဲ့။ ဆဲချင်လိုက်တာလေ။ ယားနေတာပဲ။ ဒီမှာ အသနားတော့မခံနဲ့။ ခံချင်ရင် တခြားတခုခုသာခံ။ မျက်ရည်ခံတို့ ဘာတို့ပြောပါတယ်။
သောက်သူတောင်းစားတွေ။ သောက်ရှက်မရှိတဲ့ကောင်တွေ။
ကြားလိုက်မှဖြင့် သောက်ဆန်းကြီးပဲ။
ခွီး
Credit to Okka Kyi Winn
Photos from Google.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။