ခြောက်ဘာသာဂုဏ်ထူးရဲ့ လျှို့ဝှက်ချက် အပိုင်း (၄)
လျှို့ဝှက်ချက် (၃-ခ)
ရှေ့မှာ ကျောင်းသားတစ်ယောက်ဟာ စာတစ်ပုဒ်ကို အသေအချာ ကျက်မှတ်လေ့ကျင့်ထားရင် အများစုက သုံးရက်ထက် ပိုမမှတ်မိနိုင်ဘူးလို့ ဆွေးနွေးထားပါတယ်။
သည်တော့ ဒါကို အပြန်အလှန် အသုံးချလိုက်ရုံပါပဲ။ သုံးရက်နေရင် ကျက်ထားတဲ့ စာတွေ မေ့သွားတတ်တဲ့အတွက် ကျက်ထားတဲ့စာကို သုံးရက်ဆက်တိုက် ပြန်နွှေးမယ့် ပြန်ဆိုမယ့် စနစ် ဖြစ်ပါတယ်။
သည်နေ့ကျက်တဲ့စာ နက်ဖြန် ပြန်ဆိုမယ်၊ သဘက်ခါ ဆိုမယ်၊ ဖိန်းနွှဲခါဆိုမယ်၊ လိုအပ်ရင် လေးရက်ငါးရက် ဆက်တိုက်ဆိုမယ်၊ အဲသည်လို ရက်ဆက် ဆိုထားတဲ့ စာဟာ တစ်လလောက်အတွင်းမှာ မမေ့နိုင်တော့ပါဘူး။ နောက် ဆယ့်ငါးရက်ခြာ တစ်ခါလောက် ပြန်ပြန် ဆိုထားမယ်ဆိုရင် တစ်နှစ်ပတ်လုံး မှတ်မိသွားပါလိမ့်မယ်။
တကယ်တော့ တစ်မျက်နှာ ရှိတဲ့စာကို အလွတ်ရအောင် ကျက်ရင် တစ်နာရီမက ကြာကောင်းကြာနိုင်ပါတယ်။ စာတစ်မျက်နှာကို အလွတ်ရလို့ ပြန်ဆိုရင် နှစ်မိနစ် သုံးမိနစ်အတွင်း ပြီးပါတယ်။
ကျောင်းသားတစ်ယောက်ဟာ တစ်နေ့ကို စာသုံးမျက်နှာလောက်ပဲ ရအောင် ကျက်နိုင်တယ်ဆိုပါစို့။ အဲသည်ကျက်ထားတဲ့ စာက မေ့မသွားဘူးဆိုရင် ဆယ်လမှာ စာမျက်နှာ ကိုးရာကျော်ကို အာဂုံဆောင်နိုင်ပါလိမ့်မယ်။ အဲသည်လို စာရထားတဲ့ ကျောင်းသားမှ ဂုဏ်ထူးမထွက်ရင် ဘယ်ကျောင်းသား ဂုဏ်ထူးထွက်ဦးမှာလဲ။
နောက် စာဆိုတာ ကျက်ရမယ့်စာကိုမှ ပြန်နွှေးဖို့ လိုတာမျိုး မဟုတ်ပါဘူး။ တွက်ရတဲ့ စာတွေကိုလဲ ပြန်နွှေးရပါတယ်။ သင်္ချာဆိုပါစို့။ သူက တွက်ရတာ။ တွက်ရတာကလဲ ခက်ခဲတဲ့ ပုစ္ဆာတွေ၊ ပညာသားပါတဲ့ ပုစ္ဆာတွေဆိုရင် ထပ်ကာထပ်ကာ တွက်ထားဖို့ လိုတာပါပဲ။ မတွက်နိုင်ရင်တောင် စာကျက်သလိုမျိုး ကိုယ်တွက်ထားတာတွေကို ပြန်ပြန် ဖတ်နေရပါ့မယ်။ တွေးနေရပါ့မယ်။
ခက်တဲ့ပုစ္ဆာတွေကို အဖြေထုတ်တဲ့ နည်းနာနိသျ အမျိုးမျိုးက ကိုယ့်စိတ်ထဲမှာ စွဲလမ်းနေရင် ဉာဏ်စမ်းပုစ္ဆာတွေကိုလဲ အလွယ်တကူ အဖြေထုတ်နိုင်တဲ့ အစွမ်းသတ္တိမျိုး ပိုင်ဆိုင်လာတတ်ပါတယ်။
ကျက်ထားတဲ့စာတွေကို အချိန်ပေးပြီး နှုတ်က ရွတ်ဆိုမယ်၊ အခွင့်ရတိုင်း လက်က ရေးမယ်၊ ရထားတဲ့ စာတွေရဲ့ သဘောအဓိပ္ပါယ်တွေကို အားလပ်ချိန်တွေမှာ တွေးကြံကြည့်နေမယ် ဆိုရင် ခြောက်ဘာသာဂုဏ်ထူးအတွက် လုံလောက်တဲ့ အားထုတ်မှု ရှိနေပြီ ဆိုရပါမယ်။
ဉာဏ်ထိုင်းလှတဲ့ မပုကြွယ်ဟာ ဆရာမက ပေးမယ့် ဆုကို လိုချင်လို့ ကဗျာတစ်ပုဒ်ကို ရအောင် ကျက်ပါတယ်။ ဒါပေမဲ့ မရနိုင် ဖြစ်နေတာပေါ့လေ။ စာအုပ်ကိုင် မှိုင်နေခိုက် သူ စာစကျက်စဉ်က အိမ်ခြံဝင်းထရံတိုင်ပေါ် တရွေ့ရွေ့ စတက်နေတဲ့ ခရုငယ်ကလေးက တိုင်ပေါ်ရောက်သွားပြီး နှုတ်ခမ်းမွှေး နှစ်စထောင်ကာ သူ့ကို လှောင်လိုက်ပါတယ်။
သည်မှာတင် မပုကြွယ် နည်းလမ်းရသွားပါတယ်။
သူက ကဗျာတစ်ပုဒ်လုံးကို အစအဆုံး အခေါက်ခေါက် အခါခါ ဆိုနေတာကိုး ဘယ်ရနိုင်ပါ့မလဲ။
သည်တစ်ခါတော့ မပုကြွယ်က ကဗျာတစ်ပုဒ်လုံး အစအဆုံး မဆိုတော့ဘူး။ ခရုငယ်ကလေးက တရွေ့ရွေ့ အထက်ကို တက်သလို တစ်ပါဒချင်း တစ်ပိုဒ်ချင်းကို အခေါက်ခေါက် အခါခါ ထပ်ကာထပ်ကာ ကျေညက်အောင် ဆိုပါတယ်။
တစ်ပါဒက နှစ်ပါဒ၊ နှစ်ပါဒက တစ်ပိုဒ်၊ တစ်ပိုဒ်က နောက်တစ်ပိုဒ်ရဲ့ တစ်ပါဒ နှစ်ပါဒ တစ်ပိုဒ်၊ ပြီးတော့ အဲသည်နှစ်ပိုဒ်ကို အခါခါ ကျေညက်အောင် ဆိုလိုက်တာ...တစ်ပိုဒ်..နှစ်ပိုဒ်..သုံးပိုဒ်...သည်လို နဲ့ ကဗျာတစ်ပုဒ်လုံး မွှတ်နေအောင် ရသွားပါတော့တယ်။
နောက်နေ့ကျတော့ ဆရာမဆီမှာ ကျောင်းသားတွေ ကဗျာဆိုပြကြရပါတယ်။ စာအတော်ဆုံး ဆိုတဲ့ ကျောင်းသားတွေက ဆိုဆို သွားလိုက်ကြတာ အမှားကင်းသူ၊ အထစ်အငေါ့ကင်းသူ တစ်ယောက်မှ မရှိပါဘူး။ ဆရာမက စာပြင်ပေး ထောက်ပေးရသူချည်းပါပဲ။
နောက်ဆုံး ထုံးစံအတိုင်း မပုကြွယ်အလှည့်ကို ရောက်လာပါတယ်။ ဆရာမက "မပုကြွယ်..." လို့ ခေါ်လိုက်တဲ့အချိန်မှာ တစ်တန်းလုံးက 'ဝါး'ခနဲ ရယ်လိုက်ကြပါတယ်။ မပုကြွယ် စာဆိုရင် အမှားမှား အယွင်းယွင်း အထစ်ထစ် အငေါ့ငော့မို့ သူတို့ ရယ်ပွဲဖွဲ့နိုင်တော့မယ်ပေါ့ လေ။ သူတို့တောင် ချောချောမောမော မရတာ မပုကြွယ်တော့ တစ်တန်းလုံးရဲ့ 'လူပြက်' ဖြစ်ပြီပေါ့။
ခါတိုင်းဆို မျက်နှာသေကလေးနဲ့ တွန့်ဆုတ်နေတတ်တဲ့ မပုကြွယ်က သည်တစ်ခါတော့ ထိုင်နေရာကနေ 'ဆတ်'ခနဲ ထလိုက်ပြီး ဆရာမရှေ့ကို 'လွှား'ခနဲ ရောက်သွားပါတယ်။ ရောက်တာနဲ့ပဲ လက်ပိုက်ပြီး ဆရာမ ကျက်ခိုင်းထားတဲ့ ကဗျာကို ဆိုချလိုက်တာ ကျောင်းသားတွေရဲ့ ပြုံးစိစိ လှောင်စစ အမူအရာတွေဟာ ရုတ်ချည်း အံ့အားသင့်တဲ့ အသွင်ကို ပြောင်းသွားကြလေရဲ့။
မပုကြွယ် ကဗျာရွတ်လို့ အဆုံးမတော့ တစ်တန်းလုံး အပ်ကျသံ မကြားရလောက်အောင် ချောက်ချားဖွယ် ငြိမ်ကျသွားပါတယ်။ ဆရာမက သတိဝင်လာလို့ လက်ခုပ်တီးလိုက်တာ မပုကြွယ်အတန်းက လက်ခုပ်သံက ကျောင်းတော်တစ်ခုလုံး ညံသွားလို့ အားလုံးက မေးမြန်း အံ့သြ ဖြစ်ကုန်ကြပါသတဲ့။
မပုကြွယ်ကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးလိုက်တာ သူ့ရဲ့ စာဆိုတဲ့ အကြိမ်အရေအတွက်နဲ့ စနစ်ပါပဲ။
တကယ်တော့ အက်ဒီဆင်ကို ဉာဏ်ကောင်းတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူဟာ လျှပ်စစ်မီးသီးကလေး ဖြစ်လာအောင် အကြိမ်တစ်သောင်းတောင် ကြိုးစားရသတဲ့။ မပုကြွယ်နဲ့ ဘာထူးသလဲဗျာ။
အက်ဒီဆင် ကိုယ်တိုင်က "အောင်မြင်မှုဟာ ဇွဲ လုံ့လ ကိုးဆယ့်ကိုးကျပ်သားကို ဉာဏ်တစ်ကျပ်သားနဲ့ ထည့်မွှေလို့ ရခဲ့တာ" လို့ သူ ဉာဏ်မကောင်းတာကို ဝန်ခံ ပြောထားပါတယ်။
မြန်မာဘုန်းတော်ကြီးတွေဟာ အင်မတန် ခက်ခဲလှတဲ့ ဘုရားဟော ပါဠိတော်ကြီးတွေကို ဂျောင်းဂျောင်းပြေး ရွတ်ဆိုနိုင်တာ နေ့စဉ် စာတွေကို ပြန်ဆိုနေလို့ပါပဲ။ "မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း" စကားပြေထဲက ဦးအောင်ဒွန်းဟာ ဘုရားရှိခိုးပြီးတိုင်း 'စာဝါး'သလိုမျိုးပေါ့။
သည်တော့ ခြောက်ဘာသာ ဂုဏ်ထူးရဲ့ နည်းစနစ် လျှို့ဝှက်ချက်ကတော့ သင်ပြီးသားစာ၊ ရပြီးသားစာ၊ တွက်ပြီးသားစာ မမေ့အောင် စာပြန်နွှေးနေဖို့ပါပဲ။
ကျောင်းသားတစ်ယောက်ဟာ စာအသစ်ကျက်တာမျိုး မဟုတ်ဘဲ ရပြီးသားစာတွေကို ပြန်နွှေးချိန် တစ်နေ့ကို တစ်နာရီထားပြီး လေ့ကျင့်လာမယ် ဆိုရင် ခြောက်ဘာသာ ဂုဏ်ထူးဆိုတာ ချိုနဲ့လားလို့ မေးလိုက်ပါတော့။
ထွက်ပြီ...။
ဦးမြင့်ဇော် (ရွှေတံခါး)
လျှို့ဝှက်ချက် (၃-ခ)
ရှေ့မှာ ကျောင်းသားတစ်ယောက်ဟာ စာတစ်ပုဒ်ကို အသေအချာ ကျက်မှတ်လေ့ကျင့်ထားရင် အများစုက သုံးရက်ထက် ပိုမမှတ်မိနိုင်ဘူးလို့ ဆွေးနွေးထားပါတယ်။
သည်တော့ ဒါကို အပြန်အလှန် အသုံးချလိုက်ရုံပါပဲ။ သုံးရက်နေရင် ကျက်ထားတဲ့ စာတွေ မေ့သွားတတ်တဲ့အတွက် ကျက်ထားတဲ့စာကို သုံးရက်ဆက်တိုက် ပြန်နွှေးမယ့် ပြန်ဆိုမယ့် စနစ် ဖြစ်ပါတယ်။
သည်နေ့ကျက်တဲ့စာ နက်ဖြန် ပြန်ဆိုမယ်၊ သဘက်ခါ ဆိုမယ်၊ ဖိန်းနွှဲခါဆိုမယ်၊ လိုအပ်ရင် လေးရက်ငါးရက် ဆက်တိုက်ဆိုမယ်၊ အဲသည်လို ရက်ဆက် ဆိုထားတဲ့ စာဟာ တစ်လလောက်အတွင်းမှာ မမေ့နိုင်တော့ပါဘူး။ နောက် ဆယ့်ငါးရက်ခြာ တစ်ခါလောက် ပြန်ပြန် ဆိုထားမယ်ဆိုရင် တစ်နှစ်ပတ်လုံး မှတ်မိသွားပါလိမ့်မယ်။
တကယ်တော့ တစ်မျက်နှာ ရှိတဲ့စာကို အလွတ်ရအောင် ကျက်ရင် တစ်နာရီမက ကြာကောင်းကြာနိုင်ပါတယ်။ စာတစ်မျက်နှာကို အလွတ်ရလို့ ပြန်ဆိုရင် နှစ်မိနစ် သုံးမိနစ်အတွင်း ပြီးပါတယ်။
ကျောင်းသားတစ်ယောက်ဟာ တစ်နေ့ကို စာသုံးမျက်နှာလောက်ပဲ ရအောင် ကျက်နိုင်တယ်ဆိုပါစို့။ အဲသည်ကျက်ထားတဲ့ စာက မေ့မသွားဘူးဆိုရင် ဆယ်လမှာ စာမျက်နှာ ကိုးရာကျော်ကို အာဂုံဆောင်နိုင်ပါလိမ့်မယ်။
နောက် စာဆိုတာ ကျက်ရမယ့်စာကိုမှ ပြန်နွှေးဖို့ လိုတာမျိုး မဟုတ်ပါဘူး။ တွက်ရတဲ့ စာတွေကိုလဲ ပြန်နွှေးရပါတယ်။ သင်္ချာဆိုပါစို့။ သူက တွက်ရတာ။ တွက်ရတာကလဲ ခက်ခဲတဲ့ ပုစ္ဆာတွေ၊ ပညာသားပါတဲ့ ပုစ္ဆာတွေဆိုရင် ထပ်ကာထပ်ကာ တွက်ထားဖို့ လိုတာပါပဲ။ မတွက်နိုင်ရင်တောင် စာကျက်သလိုမျိုး ကိုယ်တွက်ထားတာတွေကို ပြန်ပြန် ဖတ်နေရပါ့မယ်။ တွေးနေရပါ့မယ်။
ခက်တဲ့ပုစ္ဆာတွေကို အဖြေထုတ်တဲ့ နည်းနာနိသျ အမျိုးမျိုးက ကိုယ့်စိတ်ထဲမှာ စွဲလမ်းနေရင် ဉာဏ်စမ်းပုစ္ဆာတွေကိုလဲ အလွယ်တကူ အဖြေထုတ်နိုင်တဲ့ အစွမ်းသတ္တိမျိုး ပိုင်ဆိုင်လာတတ်ပါတယ်။
ကျက်ထားတဲ့စာတွေကို အချိန်ပေးပြီး နှုတ်က ရွတ်ဆိုမယ်၊ အခွင့်ရတိုင်း လက်က ရေးမယ်၊ ရထားတဲ့ စာတွေရဲ့ သဘောအဓိပ္ပါယ်တွေကို အားလပ်ချိန်တွေမှာ တွေးကြံကြည့်နေမယ် ဆိုရင် ခြောက်ဘာသာဂုဏ်ထူးအတွက် လုံလောက်တဲ့ အားထုတ်မှု ရှိနေပြီ ဆိုရပါမယ်။
ဉာဏ်ထိုင်းလှတဲ့ မပုကြွယ်ဟာ ဆရာမက ပေးမယ့် ဆုကို လိုချင်လို့ ကဗျာတစ်ပုဒ်ကို ရအောင် ကျက်ပါတယ်။ ဒါပေမဲ့ မရနိုင် ဖြစ်နေတာပေါ့လေ။ စာအုပ်ကိုင် မှိုင်နေခိုက် သူ စာစကျက်စဉ်က အိမ်ခြံဝင်းထရံတိုင်ပေါ် တရွေ့ရွေ့ စတက်နေတဲ့ ခရုငယ်ကလေးက တိုင်ပေါ်ရောက်သွားပြီး နှုတ်ခမ်းမွှေး နှစ်စထောင်ကာ သူ့ကို လှောင်လိုက်ပါတယ်။
သည်မှာတင် မပုကြွယ် နည်းလမ်းရသွားပါတယ်။
သူက ကဗျာတစ်ပုဒ်လုံးကို အစအဆုံး အခေါက်ခေါက် အခါခါ ဆိုနေတာကိုး ဘယ်ရနိုင်ပါ့မလဲ။
သည်တစ်ခါတော့ မပုကြွယ်က ကဗျာတစ်ပုဒ်လုံး အစအဆုံး မဆိုတော့ဘူး။ ခရုငယ်ကလေးက တရွေ့ရွေ့ အထက်ကို တက်သလို တစ်ပါဒချင်း တစ်ပိုဒ်ချင်းကို အခေါက်ခေါက် အခါခါ ထပ်ကာထပ်ကာ ကျေညက်အောင် ဆိုပါတယ်။
တစ်ပါဒက နှစ်ပါဒ၊ နှစ်ပါဒက တစ်ပိုဒ်၊ တစ်ပိုဒ်က နောက်တစ်ပိုဒ်ရဲ့ တစ်ပါဒ နှစ်ပါဒ တစ်ပိုဒ်၊ ပြီးတော့ အဲသည်နှစ်ပိုဒ်ကို အခါခါ ကျေညက်အောင် ဆိုလိုက်တာ...တစ်ပိုဒ်..နှစ
နောက်နေ့ကျတော့ ဆရာမဆီမှာ ကျောင်းသားတွေ ကဗျာဆိုပြကြရပါတယ်။ စာအတော်ဆုံး ဆိုတဲ့ ကျောင်းသားတွေက ဆိုဆို သွားလိုက်ကြတာ အမှားကင်းသူ၊ အထစ်အငေါ့ကင်းသူ တစ်ယောက်မှ မရှိပါဘူး။ ဆရာမက စာပြင်ပေး ထောက်ပေးရသူချည်းပါပဲ။
နောက်ဆုံး ထုံးစံအတိုင်း မပုကြွယ်အလှည့်ကို ရောက်လာပါတယ်။ ဆရာမက "မပုကြွယ်..." လို့ ခေါ်လိုက်တဲ့အချိန်မှာ တစ်တန်းလုံးက 'ဝါး'ခနဲ ရယ်လိုက်ကြပါတယ်။ မပုကြွယ် စာဆိုရင် အမှားမှား အယွင်းယွင်း အထစ်ထစ် အငေါ့ငော့မို့ သူတို့ ရယ်ပွဲဖွဲ့နိုင်တော့မယ်ပေါ့
ခါတိုင်းဆို မျက်နှာသေကလေးနဲ့ တွန့်ဆုတ်နေတတ်တဲ့ မပုကြွယ်က သည်တစ်ခါတော့ ထိုင်နေရာကနေ 'ဆတ်'ခနဲ ထလိုက်ပြီး ဆရာမရှေ့ကို 'လွှား'ခနဲ ရောက်သွားပါတယ်။ ရောက်တာနဲ့ပဲ လက်ပိုက်ပြီး ဆရာမ ကျက်ခိုင်းထားတဲ့ ကဗျာကို ဆိုချလိုက်တာ ကျောင်းသားတွေရဲ့ ပြုံးစိစိ လှောင်စစ အမူအရာတွေဟာ ရုတ်ချည်း အံ့အားသင့်တဲ့ အသွင်ကို ပြောင်းသွားကြလေရဲ့။
မပုကြွယ် ကဗျာရွတ်လို့ အဆုံးမတော့ တစ်တန်းလုံး အပ်ကျသံ မကြားရလောက်အောင် ချောက်ချားဖွယ် ငြိမ်ကျသွားပါတယ်။ ဆရာမက သတိဝင်လာလို့ လက်ခုပ်တီးလိုက်တာ မပုကြွယ်အတန်းက လက်ခုပ်သံက ကျောင်းတော်တစ်ခုလုံး ညံသွားလို့ အားလုံးက မေးမြန်း အံ့သြ ဖြစ်ကုန်ကြပါသတဲ့။
မပုကြွယ်ကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးလိုက်တာ သူ့ရဲ့ စာဆိုတဲ့ အကြိမ်အရေအတွက်နဲ့ စနစ်ပါပဲ။
တကယ်တော့ အက်ဒီဆင်ကို ဉာဏ်ကောင်းတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ သူဟာ လျှပ်စစ်မီးသီးကလေး ဖြစ်လာအောင် အကြိမ်တစ်သောင်းတောင် ကြိုးစားရသတဲ့။ မပုကြွယ်နဲ့ ဘာထူးသလဲဗျာ။
အက်ဒီဆင် ကိုယ်တိုင်က "အောင်မြင်မှုဟာ ဇွဲ လုံ့လ ကိုးဆယ့်ကိုးကျပ်သားကို ဉာဏ်တစ်ကျပ်သားနဲ့ ထည့်မွှေလို့ ရခဲ့တာ" လို့ သူ ဉာဏ်မကောင်းတာကို ဝန်ခံ ပြောထားပါတယ်။
မြန်မာဘုန်းတော်ကြီးတွေဟာ အင်မတန် ခက်ခဲလှတဲ့ ဘုရားဟော ပါဠိတော်ကြီးတွေကို ဂျောင်းဂျောင်းပြေး ရွတ်ဆိုနိုင်တာ နေ့စဉ် စာတွေကို ပြန်ဆိုနေလို့ပါပဲ။ "မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း" စကားပြေထဲက ဦးအောင်ဒွန်းဟာ ဘုရားရှိခိုးပြီးတိုင်း 'စာဝါး'သလိုမျိုးပေါ့။
သည်တော့ ခြောက်ဘာသာ ဂုဏ်ထူးရဲ့ နည်းစနစ် လျှို့ဝှက်ချက်ကတော့ သင်ပြီးသားစာ၊ ရပြီးသားစာ၊ တွက်ပြီးသားစာ မမေ့အောင် စာပြန်နွှေးနေဖို့ပါပဲ။
ကျောင်းသားတစ်ယောက်ဟာ စာအသစ်ကျက်တာမျိုး မဟုတ်ဘဲ ရပြီးသားစာတွေကို ပြန်နွှေးချိန် တစ်နေ့ကို တစ်နာရီထားပြီး လေ့ကျင့်လာမယ် ဆိုရင် ခြောက်ဘာသာ ဂုဏ်ထူးဆိုတာ ချိုနဲ့လားလို့ မေးလိုက်ပါတော့။
ထွက်ပြီ...။
ဦးမြင့်ဇော် (ရွှေတံခါး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။