Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 24, 2017

ကိုရီးယားသွားခြင်းနဲ့ ဝင်ခွင့် ဖောင်တစ်စောင်တန်ဖိုး

ကိုရီးယားသွားခြင်းနဲ့ ဝင်ခွင့် ဖောင်တစ်စောင်တန်ဖိုး
.................................................................
ယခုတလော ရေပန်းစားနေတဲ့ သတင်းတစ်ခုကို သာမန်သာ ဖတ်လိုက်ပေမဲ့ ညဘက်အိမ်ရောက်ပြီး အနားယူနေတုန်း အိမ်က ဝန်ထမ်းတစ်ယောက်က လာပြောတာက
"ကျွန်တော်မနက်ဖြန် ကိုရီးယားဖောင်သွားတင်မလို့ လစာထဲက ၄၀၀၀၀ လောက်ထုတ်ချင်တယ်"
ဆိုပြီးပြောလာတော့ အမှုမဲ့အမှတ်မဲ့ဘဲ
"အေးအေး ခဏနေ ထုတ်ပေးမယ်" ဆိုပြီးပြောလိုက်ပြီး ပြောလိုက်ပြီးမှ နေ့လည်က ဖတ်ထားတဲ့သတင်းကို ပြန်အမှတ်ရပြီး အဲ့ကလေးကို ခဏလာပါဦး မေးစရာရှိလို့ဆိုပြီးမေးခဲ့တယ်။
ကျွန်တော် - ညီလေး ဘာလို့သွားချင်တာလည်း ကိုရီးယားကို။
သူ - ကျွန်တော်က အိမ်မှာအကြီးဆုံးပါ။ အဆင်မပြေတော့ ကျွန်တော်မှမလုပ်ရင် ဘယ်လိုလုပ် မိသားစုကို ရှာကျွေးမလည်းဗျာ။
.
ကျွန်တော် - ဘာလို့ဒီလိုတွေးတာလည်း။
သူ - ကျွန်တော်ဒီမှာနေလည်း တစ်လ ၃ သိန်းဝင်အောင် မရှာနိုင်ဘူးလေ။
.
ကျွန်တော် - မရှာနိုင်တာလား မရှာတာလား။ ကြိုးစားရှာခဲ့ပြီးပြီလား။
သူ - ဟုတ် ကျွန်တော်ဒီလိုသွားမှ ဖြစ်မှာမလို့ပါ။
.
ကျွန်တော် - သွားချင်တယ်ဆို သွားပါ ကြိုးစားပါ ဒါနဲ့ ဖောင်တစ်စောင်က ဘယ်လောက်မလို့ ၄၀၀၀၀ တောင်ထုတ်တာလည်း။
သူ - ဖောင်တစ်စောင်က ဒေါ်လာ ၂၇ ဒေါ်လာဆိုလား မြန်မာငွေနဲ့ဆို ၃၅၀၀၀ လို့ပြောတယ် အကို။
.
ကျွန်တော် - လာလျှောက်တဲ့သူက အများကြီးဆို အဲ့တာဟုတ်လား လူတောင်သေတယ်ဆိုတာ ဟုတ်လား။
သူ - ပဲခူးတိုင်းတစ်ခုထဲတင် လူက ၃ သောင်းကျော်တယ်အကို။
.
ကျွန်တော် - ဘယ်လို ဘယ်လို လူပေါင်း ၃ သောင်းကျော်တယ်။ ရန်ကုန်ပါမယ် မန္တလေးပါမယ်ဆို များပြီးပေါ့။ သူတို့က အဲ့လူအကုန်ခေါ်တာလား။
သူ - လူက ၅ သောင်းလောက်ရှိမယ် လာလျှောက်နေကြတာ။ အကုန်မခေါ်ဘူးအကို ဒါပေမဲ့လည်း ထီထိုးသလို ကံစမ်းနေရတာပါဘဲ အကိုရယ်။
.
ကျွန်တော် - ဒါနဲ့မင်းသွားရတော့မယ်ဆို ပိုက်ဆံက ဘယ်ကရမှာလည်း။ သိန်း ၃၀ ၄၀ ကျော်မယ်ဆို။
သူ - ဟုတ်တယ်အကို ဒီလိုဘဲ ချေးဌားသွားရမှာဘဲ အကိုရယ်။
.
စကားတွေကို အကျဉ်းချုပ်ပြောပြခဲ့တာပါ။
.
ဒါနဲ့သူ့ကို မြန်မာပြည်ကနေ ထွက်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ထဲကနေ မြန်မာပြည်ပြန်လာပြီး သူဌေးဘွဲ့ခံယူထားတဲ့သူကို ဘယ်သူရှိလည်းမေးတော့ သူမသိဘူးတဲ့။
သူ့ကိုလုပ်တစ်ခုအကြောင်း ရှင်းပြပေးလိုက်တယ်။
.
ကျွန်တော် - မင်း လှည်းတန်းကိုသိလား။ လှည်းတန်းမှာ အဆောင်နေတဲ့သူ များတာသိလားဆိုတော့ သူသိတယ်ဆိုတာနဲ့ ဒါဆို အကိုပြောပြမယ်ဆိုပြီး ဆက်ပြောတာက လှည်းတန်းအဆောင်နေသူတွေက ထမင်းဟင်း ချက်မစားရဘူး။ ဝယ်စားကြရတယ်။ အခုခေတ်က တစ်နပ်ကို ၁၅၀၀ လောက်ကုန်ကျနေတာ။ ပြီးတော့ သန့်သန့်ရှင်းရှင်းမစားရဘူးလေ။ မင်းသာ ထမင်းဗူးရောင်းစားတာကို လုပ်မယ်ဆိုရင်
ဝက်သား တစ်ပိဿာကို အတုံးပေါင်း ၄၀ ရအောင်တုံး။
ပြီးရင် ၂ တုံးကို အာလူးလေးနဲ့ရော ဆီပြန်ချက်။ ထမင်းကိုဆန်ကောင်းကောင်းနဲ့ချက်။ ပြီးရင် ထမင်းဗူးထဲမှာ အသားဟင်း ထမင်း နဲ့အတူ ငပိထောင်းလေးထဲ့လိုက်လို့ ကုန်ကျစရိတ်က ၁၀၀၀ ဘဲကျမယ် ညီလေး။ မင်းသာ ၁၃၀၀ နဲ့ရောင်းရင် ၃၀၀ မြတ်မယ်။
.
အကယ်၍များ မင်းက လှည်းတန်းလို အဆောင်နေ လူပေါင်း သောင်းချီရှိနေတဲ့နေရာမှာ ထမင်းဗူး ၁၅၀ ကို ကုန်အောင် ရောင်းဖို့အတွက် အခွင့်အရေးအများကြီးရှိလို့ တစ်ရက်ကို ၄၅၀၀၀ ဝင်ငွေရှိနေမယ်။ အိမ်ဌားခ ဘာညာနှုတ်ရင် တစ်လကို ၇သိန်း အသာလေးနော် ညီလေး။ တစ်လဆို မင်းတွက်ကြည့်လေလို့ ပြောလိုက်တော့ သူက ဟုတ်တယ်နော်ဆိုပြီး သူတွေဝေသွားတယ်။
.
နောက် ငါးဖယ်အစာသွပ်နဲ့ ပဲပြားအစာသွပ် ရောင်းတာကအဆုံး ပြောပြလိုက်တော့ သူလုပ်စားလို့ ရတာလေးတွေ သူသိသွားပြီး မျက်လုံးအရောင်တောက်လာတယ်။
.
ခဏနေတော့ သူပိုက်ဆံတွေ ပြန်လာပေးသွားပြီး ဖုန်းဘေလ်အတွက်ဘဲ ထုတ်သွားတယ်။ ထပ်ပြောလိုက်တယ် ငါ့ဆိုင်ကနေ ကြောင်စာအကြီးထုပ်ကို မင်းက အထုပ်သေးထုပ်ပြီး ရပ်ကွက် ကုန်ခြောက်ဆိုင်ကို ဖြန့်မယ်ဆို တစ်လ ၅ အိတ်ကုန်မယ်ဆို မင်းအတွက် ၁၃၀၀၀၀ အသာလေးကျန်မယ်နော်ဆိုတာကိုလည်း ထပ်ပြောပြလိုက်တယ်။
.
နောက်ဆုံး တစ်ခုမေးလိုက်တာကတော့
.
ကျွန်တော် - နေပါဦး မင်းတို့ဆီက ဝင်ခွင့်ဖြေ လျှောက်လွှာတစ်စောင်ကို မြန်မာငွေ ၃၅၀၀၀ နဲ့ရောင်းတယ် ဖောင်အရေအတွက် ကန့်သတ်မထားဘဲ လူ ၅၀၀၀၀ ကျော်ကို ထုတ်ပေးနေသေးတယ်ဆိုတော့
.
၃၅၀၀၀ x ၅၀၀၀၀ = ၁,၇၅၀,၀၀၀,၀၀၀သိန်း (သိန်းပေါင်း တစ်သောင်းခုနှစ်ထောင့် ငါးရာ) ကို ဘယ်သူကရသွားလာလည်း မေးတော့
သူ - မသိဘူးအကို ဒါပေမဲ့ ၄ လခြား တစ်ခါတော့ ရောင်းနေတယ်။
.
ကျွန်တော် - ဘာာာာာာ ဒါဆို တစ်ခါကို သိန်းပေါင်း သောင်းချီနေတာ ၃ ခါဆိုတော့ သိန်းပေါင်း ၅ သောင်းကျော်ပေါ့။
.
ပြည်ပကို တရားဝင်အလုပ်သမား ပို့ခွင့်ရထားတယ်ဆိုလည်း ကိုယ်ခေါ်မဲ့ လူအရေအတွက်ထက် မကွာလွန်းသော ဖောင်အရေအတွက်ကိုသာ ရောင်းချသင့်တယ်လေ။
.
အခုက မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတဲ့ လူငယ်တွေ အထင်ကြီးပြီး ကိုရီယားရောက်ရင် ငါတို့ဘဝ အဆင်ပြေပြီဆိုတဲ့ လူငယ်တွေအပေါ်မှာ ဘာဖြစ်လို့များ ဒီလိုငွေကြေးတွေ ယူနေကြတာလည်း။
.
ဝင်ခွင့်ဖောင်က ရောင်းမယ်ဆိုလည်း မိတ္တူကူးခရဲ့ အဆ ၁၀၀ ကိုယူပါလား။ တစ်စောင် ၂၅ X ၁၀၀ = ၂၅၀၀ ပေါ့။ အခုဟာက တရားလွန်လွန်းတယ်။
.
ဒါကို ယခင်အစိုးရ နဲ့ ယခုအစိုးရက မသိခဲ့တာလား မသိသေးတာလား မသိတာလား မသိချင်ယောင်ဆောင်တာလား။
.
ကိုယ့်နိုင်ငံမှာ အလုပ်ရှားပါးနေလို့ ဝင်ငွေများအောင် မလုပ်ပေးနိုင်သေးလို့ သူများနိုင်ငံ သွားလုပ်ပြီး ဘဝရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေကို ခုတုံးလုပ်ပြီး တစ်နှစ်ကို သိန်းပေါင်း သောင်းချီရယူနေမယ်ဆိုရင်တော့ မြန်မာ့လူ့စွမ်းအား အရင်းအမြစ်အတွက် ရင်လေးစရာပါဘဲ။
.
ယခုအစိုးရသည် ပြည်သူတင်မြောက်သော အစိုးရဖြစ်ခဲ့တာကြောင့် ယခုကိစ္စကို မြန်မြန်သိပြီး ကူညီပေးနိုင်စေဖို့နဲ့ အနာဂတ် အလင်းရောင် အိပ်မက်မက်နေသူများကို မသွားခင်ကတည်းက လုပ်စားနေတာလေးတွေ ပ​ပျောက်စေချင်တာပါ။
.
လွှတ်တော်မှာ ပေါက်တတ်ကရ တံတားအမည်ရွေးတာတွေ ဗိုလ်ချုပ်အရုပ်ကို ဟိုပြောင်းဒီရွေ့တာတွေ ဖာတန်းလိုင်စင်ထုတ်ပေးဖို့ စတာတွေကို နိုင်ငံဖွံဖြိုးလာမှ အားတဲ့အချိန်ရမှ ဆွေးနွေးကြပြီး ယခုလိုဖြစ်နေတာကို အရင်လုပ်စေချင်မိတာ စေတနာပါ။
.
ကိုယ်တွေလည်း သူများနိုင်ငံ ကျွန်ခံဖူးတော့ ကျွန်တစ်ယောက်ရဲ့ ဘဝကို စာနာတတ်တယ်လေ။ ဒါတောင် ပညာတစ်ခုနဲ့ ကျွန်ခံခဲ့တာ။ အခုက​လေးတွေက အောက်ခြေလုပ်သားအဖြစ်နဲ့ ဘယ်လောက်တောင် အနှိမ်ခံရမလည်း။
.
ဒီလိုအနှိမ်ခံရဖို့ ကိုယ့်ပိုက်ဆံ ၃၅၀၀၀ အရင်ဆုံးပေးပြီး နှိမ်ကြပါ လုပ်ကြပါလို့ ပြောနေရသလိုဘဲဗျာ။

Credit.. Sai Nay Myo Thu

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။