ယနေ့ခေတ် အသုံးများလာတဲ့ Marketing နည်းလမ်းများ
-----------------------××× ××------------------------ -
ယနေ့ခေတ်မှာတော့ ယခင်နဲ့မတူတဲ့ Marketing ဈေးကွက်ထိုးဖောက်တဲ့ ပုံစံများစွာ တိုးတက်လာတာ တွေ့ရပါတယ်။ လုပ်ငန်းအသစ်စတင်သူတွေအတွက် ရော၊ လုပ်ငန်းတိုးချဲ့သူတွေအတွက် ပါ
Marketing ရဲ့ ချိတ်ဆက်မှုအားဖြင့် လုပ်ငန်းများ တိုးချဲ့နိုင်ပါတယ်။
အောင်မြင်တဲ့ လုပ်ငန်းကြီးတွေရဲ့ အဓိက အားသာချက်ကတော့ Marketing
အားသာမှုဆိုတာ မြင်သာနိုင်ပါတယ်။
Marketing ဆိုတာ ဈေးကွက်စီးပွားရေးအတွက်သာ အရေးကြီးတာမဟုတ်ပဲ… Market အသစ်များတိုးတက်လာမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု - ဈေးကွက်ဖန်တီးလာမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမှု - အားလုံးသော လူမှုဝန်းကျင်အတွက် တိုးတက်မှုကို များစွာဖန်တီးနိုင်တဲ့ မဟာဗျူဟာလို့ ဆိုနိုင်ပါတယ်။
ယနေ့ခတ်ရဲ့ အသုံးများလာတဲ့ Marketing နည်းလမ်းများ
(၁) Person Marketing (အောင်မြင်သူများကို မှီခြင်းဖြင့် ဈေးကွက်ဖန်တီးခြင်း)
- အောင်မြင်မှုရရှိပြီးသော လူများဖြင့် ကြော်ငြာမှုဖြစ်စေ၊ ဟောပြောမှုဖြစ်စေ၊ ထောက်ခံအားပေးမှုဖြစ်စေ နာမည်ကြီးမှုကို မှီပြီး ဈေးကွက်ကို လူအများသိအောင် ထိုးဖောက်နိုင်ပါတယ်။
(ဥပမာ - ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ဆရာကြီး၏ ဟောပြောမှုများတွင် Sponsor များ၊ ပံ့ပိုးခြင်းဖြင့် လူပေါင်းများစွာသို့ ဈေးကွက်ချိတ်ဆက်နိုင်တဲ့ ပုံစံမျိုးပါ)
(၂) Relationship Marketing (အဖွဲ့အစည်းများနှင့်ချိတ်ဆ က်လျှက် ဈေးကွက်ဖန်တီးခြင်း)
- ဈေးကွက်အတွင်းမှာ နေရာရပြီးသော လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် Corporate ချိတ်ဆက်လျှက် - Joint အကျိုးတူပူးပေါင်းလျှက် - Partnership ချိတ်ဆက်လျှက် ဈေးကွက်ကို အချိန်တိုအတွင်း ချဲ့ထွင်ဆောင်ရွက်နိုင်ပါတယ်။
(ဥပမာ - Telenor ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်ချဲ့ထွင်တဲ့အခါ ဖုန်း အရောင်း ကိုယ်စားလှယ်၊ ဆိုင်များနှင့် ချိတ်ဆက်လျှက် အချိန်တိုတနိုင်ငံလုံးအဆင့် ဈေးကွက်နေရာဖန်တီးယူတဲ့ ပုံစံမျိုးပါ)
(၃) Place Marketing (လူများရာ နေရာပေါ်မှီပြီး ဈေးကွက်ဖန်တီးခြင်း)
- လူအများရှိစေတဲ့ နေရာများဖြစ်သော Shopping Mall များ၊ အရောင်းစင်တာများ၊ လူအများရှိတဲ့ နေရာကို မှီပြီး နေရာချင်းတူပေမဲ့ လူအများရှိစေမဲ့ နေရာများကို ရွေးချယ်ပြီး ဈေးကွက်ချိတ်ဆက် ရောင်းချနိုင်ပါတယ်။
(ဥပမာ - Shopping Center တွေမှာ ပြုလုပ်လေ့ရှိတဲ့ Promotion ပွဲတွေ၊ ထုတ်ကုန် မိတ်ဆက် ပွဲတွေ ပြုလုပ်လျှက် များစွာသော လူအများသို့ ဈေးကွက်ချိတ်ဆက်မှု ပုံစံမျိုးပါ)
(၄) Case Marketing (လက်တလော လူစိတ်ဝင်စားမှုကိုမှီပြီး ဈေးကွက်ဖန်တီးခြင်း)
- လတ်တလောမှာ လူအများစိတ်ဝင်စားမှုရှိတဲ့ အခြေအနေများဖြစ်တဲ့ သင်္ကြန်ပွဲတွေ၊ ဘောလုံးပွဲတွေ၊ အကယ်ဒမီပေးပွဲတွေ စတဲ့ လူအများစိတ်ဝင်စားတဲ့ အချက်တွေကို မှီပြီး လူအများသိအောင် လုပ်ငန်းမိတ်ဆက်ဖန်တီးနိုင် ပါတယ်။
(ဥပမာ - တနိုင်ငံလုံးမှ ကြည့်ရှုအားပေးနေတဲ့ ဘောလုံးပွဲတွေမှာ Sponsor ပေးခြင်းဖြင့် လူများစွာဆီသို့ Marketing များ ဆောင်ရွက်တဲ့ ပုံစံမျိုးတွေပါ)
(၅) Event Marketing (အရောင်းပြပွဲများ၊ ပွဲလမ်းသဘင်များမှီပြီး ဈေးကွက်ဖန်တီးခြင်း)
- ယနေ့ခေတ် ရေပန်းစားလာတဲ့ Business Expo တွေ၊ Seminar Event တွေ၊ Show ပွဲတွေ စတဲ့ လူများစွာမှ စိတ်ဝင်တစားလာရောက်ကြည့်ရှုမှုနှင့်အတူ မိမိလုပ်ငန်း၊ ထုတ်ကုန်များကို မိတ်ဆက်ပြီး လုပ်ငန်းများ လူအများသိအောင် ဈေးကွက်ဖန်တီးနိုင်ပါတယ်။
(ဥပမာ - တပ်မတော် ခန်းမ၊ အမျိုးသားကဇတ်ရုံ စီးပွားရေး ဟောပြောပွဲတွေ၊ Business Expo များတွင် လုပ်ငန်းများမှ ပါဝင်ပြီး လူများစွာသို့ ဈေးကွက်မိတ်ဆက်တဲ့ ပုံစံမျိုးပါ)
(၆) Social Media Marketing (သတင်းမီဒီယာ လူမှုကွန်ယက်မှီပြီး ဈေးကွက်ဖန်တီးခြင်း)
- ၂၁ ရာစု တိုးတက်လာတဲ့ အင်တာနက်၊ Facebook ၊ ၀ဘ်ဆိုဒ်၊ YouTube ၊ တီဗီအစီအစဉ် စတဲ့ သတင်းမီဒီယာများအား ကြားခံလျှက် Online မှ မိတ်ဆက်ရောင်းချခြင်းများဖြ င့် လူများစွာသိအောင် ဈေးကွက်ချိတ်ဆက် ဖန်တီးနိုင်ပါတယ်။
(ဥပမာ - တကမ္ဘာလုံးမှ လိုအပ်တဲ့ ပစ္စည်းများကို အွန်လိုင်းမှတဆင့် ၀ယ်ယူရရှိနိုင်အောင် Website ဖန်တီးပြီး ချိတ်ဆက်ရောင်းချနေတဲ့ Alibaba.com သကဲ့သို့ ဈေးကွက်ဖန်တီးတဲ့ပုံစံမျိုးပါ)
ယနေ့ခေတ်တိုးတက်လာမှုအားလုံး ကို
မှီပြီး Marketing တွေ ဖန်တီးဖို့ အားပေးပါရစေ၊ အခွင့်အရေးတွေ များလာပေမဲ့
ဖန်တီးမှုတွေရှိဖို့လည်း လိုအပ်လာပါတယ်။ မိမိထုတ်ကုန်၊ လုပ်ငန်း အားလုံးသော
အရာတွေကို တခြားသော ဖောက်သည်၊ ၀ယ်ယူသူ၊ အားပေးသူ များသိအောင်
ကြားခံချိတ်ဆက်ပေးတဲ့ Marketing သာ အဓိကဖြစ်လာပါတယ်။
Marketing လုပ်လိုက်လို့ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်ထက်စာရင် ပြန်လည်ရရှိစေမဲ့ Profit က များနေစမြဲပါပဲ၊ ကုန်ကျတာကို အဓိကမထားပဲ ပြန်လည်ရရှိနိုင်မဲ့ အကျိုးကျေးဇူးကို အာရုံစိုက်ခြင်းဖြင့် ဈေးကွက်အသစ်များဖန်တီဖို့၊ ဈေးကွက်နေရာများချိတ်ဆက်ဖို့၊ လုပ်ငန်းအခွင့်အရေးများ ဖန်တီးနိုင်ဖို့ အားပေးရေးသားလျှက်…
အားလုံးသော လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေ…
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
(မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၂၇ မြို့အထိ သင်တန်းပို့ချပေးထားသော)
သင်တန်းကျောင်း နှင့် စီးပွားရေး အသိပညာ အခမဲ့ ၀ဘ်ဆိုဒ်
-----------------------×××
ယနေ့ခေတ်မှာတော့ ယခင်နဲ့မတူတဲ့ Marketing ဈေးကွက်ထိုးဖောက်တဲ့ ပုံစံများစွာ တိုးတက်လာတာ တွေ့ရပါတယ်။ လုပ်ငန်းအသစ်စတင်သူတွေအတွက်
Marketing ဆိုတာ ဈေးကွက်စီးပွားရေးအတွက်သာ အရေးကြီးတာမဟုတ်ပဲ… Market အသစ်များတိုးတက်လာမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်
ယနေ့ခတ်ရဲ့ အသုံးများလာတဲ့ Marketing နည်းလမ်းများ
(၁) Person Marketing (အောင်မြင်သူများကို မှီခြင်းဖြင့် ဈေးကွက်ဖန်တီးခြင်း)
- အောင်မြင်မှုရရှိပြီးသော လူများဖြင့် ကြော်ငြာမှုဖြစ်စေ၊ ဟောပြောမှုဖြစ်စေ၊ ထောက်ခံအားပေးမှုဖြစ်စေ နာမည်ကြီးမှုကို မှီပြီး ဈေးကွက်ကို လူအများသိအောင် ထိုးဖောက်နိုင်ပါတယ်။
(ဥပမာ - ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ဆရာကြီး၏ ဟောပြောမှုများတွင် Sponsor များ၊ ပံ့ပိုးခြင်းဖြင့် လူပေါင်းများစွာသို့ ဈေးကွက်ချိတ်ဆက်နိုင်တဲ့ ပုံစံမျိုးပါ)
(၂) Relationship Marketing (အဖွဲ့အစည်းများနှင့်ချိတ်ဆ
- ဈေးကွက်အတွင်းမှာ နေရာရပြီးသော လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် Corporate ချိတ်ဆက်လျှက် - Joint အကျိုးတူပူးပေါင်းလျှက် - Partnership ချိတ်ဆက်လျှက် ဈေးကွက်ကို အချိန်တိုအတွင်း ချဲ့ထွင်ဆောင်ရွက်နိုင်ပါတယ
(ဥပမာ - Telenor ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်ချဲ့ထွင်တဲ့အခါ ဖုန်း အရောင်း ကိုယ်စားလှယ်၊ ဆိုင်များနှင့် ချိတ်ဆက်လျှက် အချိန်တိုတနိုင်ငံလုံးအဆင့်
(၃) Place Marketing (လူများရာ နေရာပေါ်မှီပြီး ဈေးကွက်ဖန်တီးခြင်း)
- လူအများရှိစေတဲ့ နေရာများဖြစ်သော Shopping Mall များ၊ အရောင်းစင်တာများ၊ လူအများရှိတဲ့ နေရာကို မှီပြီး နေရာချင်းတူပေမဲ့ လူအများရှိစေမဲ့ နေရာများကို ရွေးချယ်ပြီး ဈေးကွက်ချိတ်ဆက် ရောင်းချနိုင်ပါတယ်။
(ဥပမာ - Shopping Center တွေမှာ ပြုလုပ်လေ့ရှိတဲ့ Promotion ပွဲတွေ၊ ထုတ်ကုန် မိတ်ဆက် ပွဲတွေ ပြုလုပ်လျှက် များစွာသော လူအများသို့ ဈေးကွက်ချိတ်ဆက်မှု ပုံစံမျိုးပါ)
(၄) Case Marketing (လက်တလော လူစိတ်ဝင်စားမှုကိုမှီပြီး ဈေးကွက်ဖန်တီးခြင်း)
- လတ်တလောမှာ လူအများစိတ်ဝင်စားမှုရှိတဲ့ အခြေအနေများဖြစ်တဲ့ သင်္ကြန်ပွဲတွေ၊ ဘောလုံးပွဲတွေ၊ အကယ်ဒမီပေးပွဲတွေ စတဲ့ လူအများစိတ်ဝင်စားတဲ့ အချက်တွေကို မှီပြီး လူအများသိအောင် လုပ်ငန်းမိတ်ဆက်ဖန်တီးနိုင်
(ဥပမာ - တနိုင်ငံလုံးမှ ကြည့်ရှုအားပေးနေတဲ့ ဘောလုံးပွဲတွေမှာ Sponsor ပေးခြင်းဖြင့် လူများစွာဆီသို့ Marketing များ ဆောင်ရွက်တဲ့ ပုံစံမျိုးတွေပါ)
(၅) Event Marketing (အရောင်းပြပွဲများ၊ ပွဲလမ်းသဘင်များမှီပြီး ဈေးကွက်ဖန်တီးခြင်း)
- ယနေ့ခေတ် ရေပန်းစားလာတဲ့ Business Expo တွေ၊ Seminar Event တွေ၊ Show ပွဲတွေ စတဲ့ လူများစွာမှ စိတ်ဝင်တစားလာရောက်ကြည့်ရှုမ
(ဥပမာ - တပ်မတော် ခန်းမ၊ အမျိုးသားကဇတ်ရုံ စီးပွားရေး ဟောပြောပွဲတွေ၊ Business Expo များတွင် လုပ်ငန်းများမှ ပါဝင်ပြီး လူများစွာသို့ ဈေးကွက်မိတ်ဆက်တဲ့ ပုံစံမျိုးပါ)
(၆) Social Media Marketing (သတင်းမီဒီယာ လူမှုကွန်ယက်မှီပြီး ဈေးကွက်ဖန်တီးခြင်း)
- ၂၁ ရာစု တိုးတက်လာတဲ့ အင်တာနက်၊ Facebook ၊ ၀ဘ်ဆိုဒ်၊ YouTube ၊ တီဗီအစီအစဉ် စတဲ့ သတင်းမီဒီယာများအား ကြားခံလျှက် Online မှ မိတ်ဆက်ရောင်းချခြင်းများဖြ
(ဥပမာ - တကမ္ဘာလုံးမှ လိုအပ်တဲ့ ပစ္စည်းများကို အွန်လိုင်းမှတဆင့် ၀ယ်ယူရရှိနိုင်အောင် Website ဖန်တီးပြီး ချိတ်ဆက်ရောင်းချနေတဲ့ Alibaba.com သကဲ့သို့ ဈေးကွက်ဖန်တီးတဲ့ပုံစံမျို
ယနေ့ခေတ်တိုးတက်လာမှုအားလုံး
Marketing လုပ်လိုက်လို့ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်ထက်စာရင် ပြန်လည်ရရှိစေမဲ့ Profit က များနေစမြဲပါပဲ၊ ကုန်ကျတာကို အဓိကမထားပဲ ပြန်လည်ရရှိနိုင်မဲ့ အကျိုးကျေးဇူးကို အာရုံစိုက်ခြင်းဖြင့် ဈေးကွက်အသစ်များဖန်တီဖို့၊
အားလုံးသော လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေ…
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
(မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း ၂၇ မြို့အထိ သင်တန်းပို့ချပေးထားသော)
သင်တန်းကျောင်း နှင့် စီးပွားရေး အသိပညာ အခမဲ့ ၀ဘ်ဆိုဒ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။