Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 17, 2017

စက်ဘီးမြို့တော် ဒိန်းမတ်

စက်ဘီးမြို့တော် ဒိန်းမတ်
-----------------------------
သူတို့က ချောကလက်ကို စက်ဘီးစီးသူရဲ့လက်ထဲ တရိုတသေကမ်းပေးပါတယ်။ ပြီးတော့ ချစ်ကြည်ရိုးသားစွာနဲ့ “ခရီးစဉ်တစ်လျှောက် ပျော်ရွှင်ပါစေ” လို့ဆိုတယ်။
.
(၁)
ဒိန်းမတ်က စက်ဘီးစီးလို့အသင့်တော်ဆုံးနိုင်ငံဆိုတာ အစောကြီးကတည်းက ကျွန်မကြားထားပြီးသားပါ။ လွန်ခဲ့တဲ့ရက်က ဒိန်းမတ်ကိုရောက်တော့ မအောင့်အီးနိုင်ဘဲ နယ်ခံမိတ်ဆွေကိုခေါ်ပြီး စက်ဘီးစီးခြင်းရဲ့ပျော်ရွှင်မှုကို ကျွန်မ ကိုယ်တိုင်ခံစားကြည့်လိုက်ပါတယ်။
.
စက်ဘီးစီးရာတစ်လျှောက် တစ်လမ်းလုံး ကြည်နူးအံ့သြမှုတွေ မပြတ်ခဲ့ပါဘူး။ စက်ဘီးလမ်းကြောင်းနဲ့ ကားလမ်းကြောင်းက ခွဲထားပြီး စက်ဘီးလမ်းကြောင်းက ပိုကျယ်နေပါတယ်။ စက်ဘီးနောက်မြီးကားတိုက်မှာကို စိုးရိမ်စရာမလိုသလို အလောကြီးတဲ့ကားတွေကိုလည်း လမ်းဖယ်ပေးနေစရာမလိုပါဘူး။ လုံခြုံစိတ်ချမှုကို စိတ်ပူစရာမလိုတာကြောင့် စက်ဘီးစီးရတာ လွတ်လပ်နေခဲ့ပါတယ်။ လမ်းလေးအတိုင်း စက်ဘီးစီးရင်း ရှုခင်းတွေကို ကျွန်မငေးမောကြည့်ခွင့်ရခဲ့တယ်။
.
လမ်းကွေ့တစ်ခုအရောက်မှာ မိတ်ဆွေက မပြောမဆို ကားလမ်းကြောင်းပေါ် စီးတက်သွားပါတယ်။ ကျွန်မအော်ပြီး သတိပေးလိုက်တော့ သူက “ကိစ္စမရှိပါဘူး.. ဒိန်းမတ်မှာ စက်ဘီးက လွတ်လပ်တယ်။ ကားလမ်းကြောင်းပေါ်တက်လို့လည်းရတယ်။ ကားကတောင် လမ်းဖယ်ပေးရတယ်။ တကယ်လို့ မတော်တဆဖြစ်ရင် ဘယ်သူ့တာဝန်ဖြစ်ဖြစ် စက်ဘီးပိုင်ရှင်က ဘာတာဝန်မှယူစရာမလိုဘူး။ တကယ်လို့ ကားက စက်ဘီးလမ်းကြောင်းပေါ် ရောက်သွားရင်တော့ ပြစ်ဒဏ်ကြီးချခံရပါတယ်”။ မိတ်ဆွေအပြောကို ကျွန်မအံ့သြမိတယ်။ ဒီလို “မညီမျှတဲ့သဘောတူစာချုပ်” ကလည်း ရှိတာပဲလား။ ကြည့်ရတာ ဒိန်းမတ်က စက်ဘီးစီးသူတွေကို ပိုဂရုစိုက်အလေးထားနှစ်လိုပုံရတယ်။
.
(၂)
လမ်းဆုံတစ်ခုအရောက်မှာ ကားများတာကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ထူးဆန်းအံ့သြမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ ယာဉ်ထိန်းရဲရဲ့ လမ်းညွှန်မှုအကူနဲ့ စက်ဘီးသမားတွေ အရင်ဆုံးဖြတ်သန်းကြပါတယ်။ ကားကြီးကားသေးတွေက နေရာမှာတင် ရပ်တန့်စောင့်နေရပါတယ်။ ကားမောင်းသူတွေ မျက်နှာသုန်မှုန်နေသလောက် စက်ဘီးစီးသူတွေကတော့ အေးအေးသာသာပါပဲ။
.
မိတ်ဆွေနဲ့ကျွန်မ ဘာအလောတကြီးလုပ်စရာမှမရှိတာကြောင့် တိုးဝှေ့မသွားဘဲ နေရာမှာခဏလောက် ရပ်စောင့်နေလိုက်ပါတယ်။ အဲဒီမှာပဲ ရုတ်တရက် မိတ်ဆွေက အစိမ်းရောင်အဝတ်ဝတ်ဆင်ထားတဲ့ လူတစ်စုကိုထိုးပြပြီး “ဟေ့…. နင် ဒီနေ့ ကံကောင်းတယ်ကွာ.. ငါတို့ ချောကလက်စားရတော့မယ်” လို့ ဝမ်းသာအားရ ဆိုပါတယ်။
.
အစိမ်းရောင်အဝတ် ဝတ်ဆင်ထားတဲ့လူတစ်စုက ကျွန်မတို့နဲ့ သိပ်မဝေးတဲ့နေရာစီ ရောက်လာခဲ့ပါတယ်။ သူတို့လက်ထဲမှာ အိတ်ကြီးတစ်အိတ်ကိုယ်စီကိုင်ထားကြတယ်။ အိတ်ထဲမှာ ချောကလက်မျိုးစုံထည့်ထားပြီး သူတို့က ချောကလက်ကို စက်ဘီးစီးသူရဲ့လက်ထဲ တရိုတသေကမ်းပေးပါတယ်။ ပြီးတော့ ချစ်ကြည်ရိုးသားစွာနဲ့ “ခရီးစဉ်တစ်လျှောက် ပျော်ရွှင်ပါစေ” လို့ဆိုပါတယ်။ ခွာထားတဲ့ချောကလက်စက္ကူခွံတွေကို နောက်ကနေ လိုက်သိမ်းတဲ့သူလည်း ရှိပါတယ်။
.
ကျွန်မအရမ်းအံ့သြမိတယ်.. ဒီချောကလက်တွေက ဈေးအပေါစားချောကလက်တွေ မဟုတ်ပါဘူး။ ဒီလူတွေ ဘာကြောင့် ချောကလက် အခမဲ့ဝေနေသလဲ။ မိတ်ဆွေက ကျေနပ်စွာနဲ့… “ဒီချောကလက်တွေကို အစိုးရကပေးတာ။ ဒီလူတွေကိုလည်း အစိုးရကငှားထားတာပဲ။ ချောကလက်ဝေပြီး လမ်းကြောင်းပိတ်ဆို့ခံနေရတဲ့ စက်ဘီးစီးသူတွေကို နှစ်သိမ့်တာပါ။ ဒါဟာ အလုပ်လက်မဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်တဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။ ကြည်နူးစရာမကောင်းဘူးလား…”
.
မွှေးကြိုင်တဲ့ ချောကလက်ကို ပါးစပ်ကငုံ့နေရင်း ကျွန်မရင်ထဲချိုမြမိပါတယ်။ ကားလမ်းပိတ်ဆို့မှုကလည်း ပျော်စရာတစ်ခုဖြစ်သွားပါတယ်။ ကျွန်မတအောင့်လောက် စောင့်ကြည့်ချင်နေပါသေးတယ်။ ဒါပေမယ့် လမ်းက သွားလို့ရပြီဆိုတာကြောင့် နောက်လူတွေကို အနှောင့်အယှက်မဖြစ်စေချင်တာနဲ့ မိတ်ဆွေနဲ့ ကျွန်မတို့ စက်ဘီးကို ရှေ့ဆက်နင်းခဲ့ကြတော့တယ်။
.
တစ်လမ်းလုံး စက်ဘီးကို လွတ်လွတ်လပ်လပ်စီးခွင့်ရခဲ့ပါတယ်။ ဒိန်းမတ်မှာ စက်ဘီးစီးသူတွေများတာကြောင့် ကားစီးသူတွေ နည်းသထက်နည်းနည်းလာခဲ့ပါတယ်။ ကားဝယ်သူတွေလည်း နည်းလာခဲ့ပါတယ်။ စက်ဘီးစီးသူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတယ်ဆိုပေမယ့် နိုင်ငံတော်ကလည်း ငွေကြေးအမြောက်အမြားရင်းနှီးခဲ့ပါတယ်။ ဒီလိုရင်းနှီးမှုက နှစ်စဉ်နှစ်တိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ခုနစ်ထောင်လျော့နည်းစေခဲ့သလို၊ အများပြည်သူကျန်းမာရေးအသုံးစရိတ်လည်း ဒေါ်လာသန်းပေါင်းများစွာ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်းရောက်သလို လူကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် ဒိန်းမတ်အစိုးရက အများပြည်သူကို ရေရှည်စက်ဘီးစီးနိုင်ဖို့ တိုက်တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

*******
မူရင်းလင့် -- http://www.85nian.net/shiye/71518.html

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။