Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 17, 2017

မြောက်ကိုရီးယားရှိ အလုပ်ကြမ်းစခန်းများ

 
 
မြောက်ကိုရီးယားရှိ အလုပ်ကြမ်းစခန်းများ
--------------------

မြောက်ကိုရီးယားသည် ကွန်မြူနစ်နိုင်ငံ တခုဖြစ်ပြီး အုပ်ချုပ်သူတို့မှာ အများသိကြသည့် ကင်မင်းဆက် ဖြစ်သည်။ မြောက်ကိုရီးယားရှိ အလုပ်ကြမ်းစခန်းများမှာ အဓိကအားဖြင့် နိုင်ငံတော်ကို ပုန်ကန်သူ များရဲ့ မိသားစုများ၊ ကွန်မြူနစ် ဝါဒကို မယုံကြည် သူများနှင့် နိုင်ငံရေး အကျဉ်းသားများ စသည်တို့ကို ညှင်းပန်းနှိပ်စက်ရာ စခန်းများ ဖြစ်ကြ သည်။ အနည်းဆုံး ဆွေစဉ်မျိုးဆက် ၃ ဆက် လောက် ထိ အဆိုပါ စခန်းများတွင် နှိပ်စက်ခံကြရသည်။ တချို့ဆိုလျှင် စခန်းထဲမှာ ကြီးပြင်း လာခဲ့သူများဖြစ်ကြသည်။

"မြောက်ကိုရီးယားတွင် ဘာတွေဖြစ်ပျက်နေလဲ။ ဘယ်လိုဖိနှိပ်နေလဲ" ဆိုတာတွေကို ဖော်ထုတ်သည့် နေရာတွင် အဓိက အခက်အခဲမှာ ဝင်ထွက်သွားလာခွင့် မရရှိခြင်းပင်ဖြစ်သည်။

ဥပမာ - မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဟန်ဖြင့် ဝင်ရောက် လေ့လာ သတင်းရေးလို့ရပေမယ့် မြောက်ကိုရီးယားတွင်တော့ လုံးဝပိတ်ပင်ထားသည်။

အလုပ်ကြမ်းစခန်းမှ လူမှုဘဝနှင့် မြောက်ကိုရီးယား သာမန် လူမှု ဘဝ ကို နှိုင်းယှဉ်နိုင်ရန် သာမန်လူမှုဘဝကို ဦးစွာ ဖော်ပြ ပေးပါ မည်။

မြောက်ကိုရီးယား သာမန်လူတန်းစားအများစုသည် တိုက်ခန်း တခန်း တည်းတွင် စုပေါင်းနေကြရပြီး သန့်စင်ခန်း တခန်းကို မိသားစု ၁၀ ယောက်ခန့် ကပေါင်းသုံးရသည်။ သို့သော် သူ့အဆင့်အတန်း အလိုက် ပါတီ ဝင် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ လုံးချင်း အိမ်ရာ သို့မဟုတ် ကိုယ်ပိုင် သန့်စင်ခန်းပါသည့် တိုက်ခန်းများ ရရှိကြ သည်။

ငယ်စဉ်ကတည်းကပင် ခေါင်းဆောင်ကြီးကို ရိုသေလေးစားရန် ဝါဒ များကို သွတ်သွင်းခြင်းခံကြရပြီး မူလတန်းကတည်းက သဘော တရား ရေးရာများကို ပို့ချသည်။ မည်သည့်ဘာသာကိုမှ ကိုးကွယ်ဖို့ မဖြစ်နိုင်ပဲ ကင်အီဆွန်းကိုသာ ကိုးကွယ်ရသည်။ အမှားအမှန်ကို မည်သူမျှ ဆုံးဖြတ်ပိုင်ခွင့်မရှိ။ ခေါင်းဆောင်ကြီး၏ အဆုံးအဖြတ်သာ အမှန် ဖြစ်သည်။ ခေါင်းဆောင်ကြီးနှင့် မိသားစုကို စော်ကားပြောဆို လျှင် သံချောင်းဖြင့် သေသည်အထိ ရိုက်နှက်ဆုံးမ ပိုင်ခွင့်ရှိသည်ဟု ဥပဒေ ပြဌာန်းထားသည်။

ခေါင်းဆောင်ကြီး၏ ဝါဒသဘောတရားကို ဝေဖန်ပြောဆိုလျှင် အလုပ် ကြမ်း စခန်းများသို့ ပို့ဆောင်ခြင်းခံရတတ်သည်။ တက္ကသိုလ် ရောက် သည် အထိ ရည်းစား ထားခွင့်မရှိ။ ယောင်္ကျား မိန်းမ အိမ်ထောင် မပြု မီ အထိ ချိန်းတွေ့သည်ကို မိလျှင်ပင် အလုပ်ကြမ်းစခန်းသို့ လွှတ် ရက် မရှိ ပို့ခံရသည်။ မိန်းကလေးများကို ပုံမှန်စစ်ဆေးသည်။ ယင်းသို့ စစ်ဆေးရာတွင် အပျိုရည် ပျက်မပျက် ကိုပါ စစ်ဆေးသည်။

မိန်းကလေးများ၏ အပျိုရည်ကို နိုင်ငံတော်က ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ချောမောလှပသည့် မိန်းကလေး အများစု မှာ Spy အဖြစ်လည်ကောင်း၊ အရာရှိကြီးများအတွက် လိင် ဖျော်ဖြေ ပေးရန်လည်းကောင်း ခေါ်ဆောင်ခြင်းခံရတတ်သည်။

အများစုမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ်ဖြစ်ကြပြီး လိင်ဖျော်ဖြေရန် စေခိုင်း ခံရသော မိန်းကလေးအများစုကို အသက် ၂၅ မှ ၂၇ နှစ်တွင် အနားပေးကာ သူတို့ကိုယ်တိုင် အိမ်ထောင်ချပေးသူနှင့် အိမ်ထောင်ပြု ခိုင်းလေ့ရှိကြသည်။ လိင်ဖျော်ဖြေရန် စေခိုင်းခံရသည့် မိန်းကလေး များကို လ ၂၀ ခန့် သင်တန်းပေးပြီးမှ ရုပ်ရည်အလိုက် အဆင့်အတန်း ခွဲခြားထားကာ အချောဆုံးမိန်းကလေးများကို ပါတီအကြီးအကဲများကို ဖျော်ဖြေခိုင်းလေ့ရှိကြသည်။ ဉာဏ်ရည်ထက်မြက်ပြီး ဘာသာစကား ၂ မျိုး သို့မဟုတ် ၃ မျိုး တတ်မြောက်ပါက သူလျှိုလုပ်ငန်းများတွင် သုံး လေ့ ရှိပြီး လိုအပ်ပါက ဘဝနှင့်ရင်းပြီး ဆောင်ရွက်ရန် ညွှန်ကြားခြင်း ခံထားရသည်။ အထင်ရှားဆုံး မိန်းကလေးသူလျှိုမယ်မှာ ကင်ဟွန်ဟီး ဖြစ်ပြီး သူရေးထားသော စာအုပ်တွင် အဆိုပါအကြောင်းများအား တွေ့ရနိုင်ပေသည်။

အိမ်ထောင်ပြု ခြင်းသည် မြောက်ကိုရီးယားတွင် ချစ်ခြင်း မေတ္တာ ကြောင့် မဟုတ်ပဲ တိုင်းပြည်အတွက် လိုအပ်သော အလုပ်သမားနှင့် စစ်သားများထုတ်လုပ်ရန်အတွက်သာ ဖြစ်ပေတော့သည်။

မြောက်ကိုရီးယားရှိ အလုပ်ကြမ်းစခန်းများသည် ဆိုဗီယက် ပြည်ထောင်စု တွင် ရှိခဲ့သည်ထက် ၂ ဆလောက်ရှိသည်။ နာဇီ အလုပ်ကြမ်း စခန်းများထက် ၁၂ဆ လောက် ကျယ်ဝန်းသည်။ သို့သော် မြောက်ကိုရီးယားမှာ အလုပ်ကြမ်းစခန်းများ မရှိပါဟု ငြင်းဆန် ထားသော်လည်း ဂြိုလ်တုမှ ရိုက်ကူးထားသည့် ကြည်လင် ပြတ်သားသော ဓာတ်ပုံအထောက်များကား ငြင်းလို့မရနိုင်ပေ။ မြောက်ကိုရီးယား တောင်တန်းများကြားတွင် သံဆူးကြိုးကာထား လျှပ်စစ်လွှတ်ထားသော ခြံဝန်းကြီးတွေကို Google Map မှ အထင်အရှား တွေ့နိုင်ပေသည်။

အလုပ်ကြမ်းစခန်းပေါင်း ၆ ခုရှိသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး မှ ကြေညာထားပါတယ်။ အကျဉ်းသားပေါင်း ၁သိန်း ၆သောင်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန နှင့် လူအခွင့်အရေး အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက် မှာတော့ အကျဉ်းသား ၂သိန်း ရှိမည်ဟု ခန့်မှန်းထားပါတယ်။

အကြီးဆုံးအကျဉ်းစခန်းမှာ ၃၁ မိုင် X ၂၅ မိုင် ကျယ်ဝန်းသည်။ ယင်းအကျယ်အဝန်းမှာ လော့အိန်ဂျလိမြို့ထက် ကြီးမားပေသည်။ လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးခြံဝန်း စောင့်ကြည့်ကင်းစင်တွေနဲ့ လက်နက်ကိုင်စစ်သားများကလည်း ကင်းလှည့်နေကြသည်။

အလုပ်ကြမ်းစခန်း အမှတ် ၁၅ နှင့် ၁၈ မှာ ပြန်လည်သင်ကြားရေး စခန်းများ ဖြစ်ကြပြီး ကင်ဂျုံအီလ်နဲ့ ကင်အီဆွန်းတို့ရဲ့ အတွေးအခေါ် တွေကို သင်ကြားပြသပေးသည်။ ကံကောင်းထောက်မ၍ သူတို့ သင်ကြား ပေးမှုကို အလွတ်ရွတ်ပြနိုင်လျှင်ဖြစ်စေ၊ နိုင်ငံတော်ကို သစ္စာရှိမည်ဟု သူတို့ယုံကြည်လျှင်ဖြစ်စေ ပြန်လွှတ်ပေးခြင်း ခံရတတ်သည်။

ကျန်အလုပ်ကြမ်းစခန်းများတွင်တော့ လုံးဝလွှတ်လမ်းမရှိ။ ထွက်ပြေး လျှင် သေဒဏ်ပေးတတ်သည်။ ထို့ကြောင့် သေဆုံးချိန်ထိ အလုပ် လုပ်ပေတော့ ဟူ၍ဖြစ်သည်။

စခန်းအမှတ် ၁၄ မှာ အဆိုးတကာ့ အဆိုးဆုံး အကြမ်းတကာ့ အကြမ်း ဆုံး ဖြစ်သည်။ လုပ်ငန်းခွင်တွေကလဲ အလွန်ပင်ပန်းသည်။ အစောင့် တွေကလည်း ကြမ်း၏။ အကျဉ်းသားအများစုမှာ နိုင်ငံရေး အကျဉ်း သား များ၊ ပါတီမှ လူဟောင်းများ၊ အစိုးရနှင့် စစ်ဘက်မှ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွပ်စွဲခံရသော လူများ စသဖြင့် ဖြစ်ကြသည်။ တဦး တယောက် အလုပ်ကြမ်း စခန်း ပို့ခံရလျှင် ထိုသူ၏ မိသားစုဝင်များပါ ရောပါလာလေ့ရှိကြသည်။

အလုပ်ကြမ်းစခန်းကို ရောက်လာသူအများစုသည် ကျကျနန တရား စီရင် ခံရပြီးမှ ရောက်လာသူရှားသည်။ အများစုမှာ ဘာအမှုနှင့် ရောက်လာ လို့ ရောက်လာမှန်းကိုပင် မသိကြချေ။ အမျိုးသား လုံခြုံရေး အေဂျင်စီမှ တပ်ဖွဲ့ဝင်များက ညကြီးသန်းခေါင် အိမ်မှ လာခေါ် သွားခြင်း မျိုးဖြင့်သာ အတော်များများက ရောက်လာခဲ့ ရသည်။ ပြစ်မှုကျုးလွန်သူ တဦးအဖမ်းခံရပါက များသောအားဖြင့် ထိုသူရဲ့ မိသားစုဝင်နဲ့ ကလေးငယ်များကိုပါ တပါတည်းခေါ်ဆောင်ပြီး ထောင်ချခံရလေ့ရှိသည်။

ကင်အီဆွန်းက ၁၉၇၂ တွင် ဥပဒေတခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေမှာ လူတန်းစားရန်သူများသည် မည်သူမည်ဝါပင်ဖြစ်စေကာမှု ထိုသူတို့၏ မျိုးဆက် ၃ ဆက်ကိုပင် ရှင်းလင်း သင့်သည်ဟူ၍ ဖြစ် သည်။ အထင်ရှားဆုံး ဥပမာတခုအနေဖြင့်ဆိုလျှင် ကင်ဂျုံအန်း လက်ထက် တွင် သူ့ဦးလေးအရင်းကို ခွေးစာကျွေးပစ်ခဲ့သည်ဟူ၍ ကောလဟာလပင် ထွက်လာခဲ့သေးသည်။

(ဆက်ရန်ရှိ)
ကိုးကား
မြောက်ကိုရီးယားငရဲခန်းမှ လွှတ်မြောက်ခြင်း
စပိုင်ဧကရီ
Wikipedia
--------------------
- မှတ်စုကြမ်း #SwamHtet(天下第一)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။