Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 24, 2017

ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး (၁၀)ဦး


ကမ္ဘာအချမ်းသာဆုံး ထိပ်ဆုံး အယောက် ၅၀ စာရင်းထဲမှာ အမျိုးသမီး ထဲက ၄ ယောက်သာပါနေပေမဲ့ ကိုယ်ထူးကိုယ်ချွန် အမျိုးသမီး သူဌေးများရှိကြပါတယ်။အမျိုးသမီးတွေထဲမှာ လည်း အမြတ်အစွန်း များများရနေတဲ့ ကုမ္ပဏီတည်ထောင်ပြီး ကြိုးစားနေတဲ့ အမျိုးသမီး များစွာရှိပါတယ်။Business Insider မှ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး  ကိုယ်ထူးကိုယ်ချွန်အမျိုးသမီးများကို ကုမ္ပဏီတည်ဆောင်ထားခြင်း၊နည်းပညာသစ်တစ်ခုကို တီထွင်ခဲ့ခြင်းနဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အမြတ်အစွန်း ရနေခြင်း စတဲ့ အချက်တွေပေါ်မူတည်ပြီး ဖော်ပြခဲ့ပါတယ်။အချမ်းသာဆုံး  ကိုယ်ထူးကိုယ်ချွန်အမျိုးသမီးများရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းဟာ ဒေါ်လာ ၅၃.၁ ဘီလီယံ အထိ ရှိနေခဲ့ပါတယ်။အခုဒီမှာတော့ လူသိများတဲ့ မီဒီယာ လုပ်ငန်းရှင် အော်ပရာ ၀င်းဖရေးမှ စပြီး လူသိပ်မသိတဲ့ ဒေါ်ရစ်ဖစ်ရှာအထိ ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး (၁၀) ယောက် ကို ဖော်ပြပေးလိုက်ပါတယ်။


၁၀။ Giuliana Benetton


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၂.၇ ဘီလီယံ
နိုင်ငံ             – အီတလီ
အသက်        – ၇၈ နှစ်
လုပ်ငန်း        – အ၀တ်အစားဖက်ရှင်လုပ်ငန်း
ကုမ္ပဏီ         – Benetton Group

၁၉၅၀ တစ်ဝိုက်လောက်ကတည်းက ဘန်နီတန်  Benetton ဟာ ဆွယ်တာများကို ဇာထိုးပြီးချုပ်ခဲ့ပြီးတော့ အစ်ကိုဖြစ်သူ လူစီယာနိုက ရောင်းချပေးခဲ့ပါတယ်။နောက်ပိုင်း စက်ချုပ်စက်ဝယ်ပြီးနောက်ပိုင်းမှာ ၁၉၆၅ ခုနှစ်က စပြီး ဘန်နီတန်  Benettonတို့ မိသားစု ဟာ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ဇာအ၀တ်အထည်များကို စတင်ရောင်းချခဲ့ပါတယ်။အနှစ် ၅၀ ကြာမြင့်ပြီးတဲ့ နောက်ပိုင်း Benetton Group ဟာ တံဆိပ်များစွာကို ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၀ မှာ ဆိုင်ပေါင်း ၅၀၀ ခန့်ဖွင့်နိုင်ခဲ့ပြီး ဒေါ်လာ ၂ ဘီလီယံဖိုးလောက်ရောင်းချနိုင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။
၉။ Wu Yajun


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၂.၈ ဘီလီယံ
နိုင်ငံ             – တရုတ်
အသက်        – ၅၁ နှစ်
လုပ်ငန်း        – အိမ်ခြံမြေ ဆောက်လုပ်ခြင်းရောင်းဝယ်ရေးလုပ်ငန်း
ကုမ္ပဏီ         –  Longfor Properties
၁၉၉၄ ခုနှစ် သူမနဲ့ သူမခင်ပွန်းဟာ အိမ်ဆောက်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၂၀၁၂ မှာကျတော့ ခင်ပွန်းနဲ့ ကွာရှင်းခဲ့ပြီးလက်ရှိအချိန်မှာ   Longfor Propertiesရဲ့ ၄၃ % ကိုပိုင်ဆိုင်တဲ့ ရှယ်ယာရှင်တစ်ယောက် အဖြစ်ရပ်တည်လျက်ရှိနေပါတယ်။
၈။အော်ပရာ ၀င်းဖရေး Oprah Winfrey


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၂.၈ ဘီလီယံ
နိုင်ငံ             – အမေရိကန် နိုင်ငံ
အသက်        – ၆၂ နှစ်
လုပ်ငန်း        – မီဒီယာ
ကုမ္ပဏီ         –  Harpo Productions
မစ္စပီပီ ဒေသမှာ ဆင်းဆင်းရဲရဲနဲ့မွေးဖွားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ TV အစီအစဉ်ကြေညာသူ အဖြစ်စတင်လုပ်ကိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။1985 ခုနှစ်မှာ The Color Purple ဆိုတဲ့ ဇာတ်ကားမှာ ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး  အော်စကာဆု လျာထားခြင်းခံခဲ့ရပါတယ်။Harpo Productionsဟာ စာအုပ်များ၊အမျိုးသမီး မဂ္ဂဇင်းများကို လည်း ထုတ်လုပ်လျက်ရှိပြီး ယခုဆိုရင် တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ ၀င်ငွေရှိနေတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။
၇။ Jin Sook Chang


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၃.၁ ဘီလီယံ
နိုင်ငံ             – အမေရိကန် နိုင်ငံ
အသက်        – ၅၂ နှစ်
လုပ်ငန်း        – အ၀တ်အစားဖက်ရှင်လုပ်ငန်း
ကုမ္ပဏီ         –  Forever 21
တောင်ကိုရီးယားပြောင်းရွှေ့နေထိုင်သူ ချန်နဲ့ ခင်ပွန်းဖြစ်သူ ဒွန်တို့ဟာ ၁၉၈၄ ခုနှစ်မှာ ပထမဆုံး “Forever 21” စတိုးကို စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့မှာဆိုရင် “Forever 21” လုပ်ငန်းဟာ ကမ္ဘာ့တစ်ဝှမ်းမှာ လုပ်ငန်းပေါင်း ၆၀၀ ကျော်ရှိနေပြီး ဒေါ်လာ ၄.၄ ဘီလီယံ အထိ ရောင်းချခဲ့ရပါတယ်။

၆။ Doris Fisher
 

ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၃.၂ ဘီလီယံ
နိုင်ငံ             – အမေရိကန် နိုင်ငံ
အသက်        – ၈၄ နှစ်
လုပ်ငန်း        – အ၀တ်အစားဖက်ရှင်လုပ်ငန်း
ကုမ္ပဏီ         –   Gap
၁၉၆၀ ခုနှစ်ကတည်းက ဖစ်ရှာတို့ ဇနီးမောင်နှံတို့ဟာ Gap Store ကို စတင်ဖွင့်လှစ်ခဲ့ပြီး ဂျင်း အ၀တ်အစားများကို ရောင်းချခဲ့ပါတယ်။အခုဆိုရင် Gap ဟာ ဆိုင်ခွဲပေါင်း ၃၇၀၀ ကျော်ရှိနေပြီး ရောင်းချမှုပေါင်းက ဒေါ်လာ ၁၅.၈ ဘီလီယံအထိရှိနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
၅။ Elizabeth Holmes


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၄.၅ ဘီလီယံ
နိုင်ငံ             – အမေရိကန် နိုင်ငံ
အသက်        – ၃၂ နှစ်
လုပ်ငန်း        – ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်း
ကုမ္ပဏီ         –   Theranos
၂၀၀၃ ခုနှစ် အဲလိဇဘက် ၁၉ နှစ်မှာ စတန်းဖို့ တက္ကသိုလ်က ကျောင်းထွက်ခဲ့ပြီး Theranos ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းကို နာကျင်မှုမရှိ၊အပ်မပါစေဘဲ သွေးကို စစ်ဆေးပေးတဲ့ စနစ်နဲ့ စတင် လုပ်ဆောင်ခဲ့ပါတယ်။ဆီလီကွန်တောင်ကြားဒေသ အခြေဆိုက် startup လေးဟာ အခုဆိုရင် ကိုလက်စထရော ပမာဏ ထိန်းချုပ်ခြင်း ပြဿနာများနဲ့ ကင်ဆာရောဂါကုသခြင်းများ အထိပါလုပ်ကိုင်နေတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။
၎။ Pollyanna Chu


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၄.၉ ဘီလီယံ
နိုင်ငံ             – ဟောင်ကောင် တရုတ် နိုင်ငံ
အသက်        – ၅၈ နှစ်
လုပ်ငန်း        – ဘဏ္ဍာရေး လုပ်ငန်း
ကုမ္ပဏီ         –  Kingston Financial Group
ချူဟာ ဟောင်ကောင်မှာ ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ ဆန်ဖရန်စ္စကိုပြည်နယ်မှ Golden Gate တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။၁၉၉၂ ခုနှစ်မှာ ဟောင်ကောင်သို့ ပြန်ရောက်လာပြီး ၁၉၉၃ ခုနှစ်မှာတော့ Kingston Financial Group ကို ဘဏ္ဍာရေး အကြောင်းဘာမှ မသိဘဲ စတင်တည်ထောင်ခဲ့ပါတယ်။Kingston Financial Group ဟာ ၂၀၁၄ခုနှစ်မှာ ဒေါ်လာ ၉၉ သန်း အမြတ်ရခဲ့ပြီး၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၁၆၃ သန်း အမြတ်ရခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
၃။ Chan Laiwa


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၅.၂ ဘီလီယံ
နိုင်ငံ             – တရုတ် နိုင်ငံ
အသက်        – ၇၄ နှစ်
လုပ်ငန်း        – အိမ်ခြံမြေ ဆောက်လုပ်ခြင်းရောင်းဝယ်ရေးလုပ်ငန်း
ကုမ္ပဏီ         –   Fu Wah International
ချန်ဟာ အမျိုးဆက်မယ်ဆိုရင် ၂၀ ရာစုက တရုတ်ပြည်ကို နှစ်ပေါင်း ၃၀၀ လောက်အုပ်စိုးခဲ့တဲ့ မန်ချူး (Qing) မင်းဆက်မှ ဆင်းသက်လာသူ တစ်ယောက်ဖြစ်ပြီး ဂျပန်များ တရုတ်ပြည်ကို ကျူးကျော်စဉ် ကြီးပြင်းခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။အထည်ကြီးပျက်တစ်ယောက်ဖြစ်ခဲ့ပြီးမှာ ချန်ဟာ အထက်တန်းကျောင်းမပြီးခဲ့ပေမဲ့ ၁၉၇၆ ခုနှစ်မှာ ငွေစုပြီး ပရိဘောပ ပြင်ဆင်တဲ့ လုပ်ငန်းတစ်ရပ်ကို စတင်ထူထောင်ခဲ့ပါတယ်။ဒီလုပ်ငန်းလေး တခြည်းဖြည်းကြီးထွားလာတဲ့ နောက်ပိုင်း ၁၉၈၀ ပြည့်နှစ်တ၀ိုက်မှာ ချန်ဟာ ဟောင်ကောင်မှာ ဥယျာဉ် ခြံမြေတစ်ခုဝယ်ခဲ့ပြီး တိုက်ခန်းများစွာကို ဆောက်လုပ်ခဲ့ပြီး အိမ်ခြံမြေ ဈေးကွက်ကို ပထမ ဆုံးခြေလှမ်းအနေနဲ့ စတင်ခဲ့ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အရေးခင်းဖြစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာပဲ ချန်ဟာ Fu Wah International ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး ယနေ့မှာ ဇိမ်ခံဟော်တယ်၊တိုက်ခန်း၊ရုံးခန်း၊Shopping mall များစွာကို တရုတ်၊ဩစတျေးလျ နဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဆောက်လုပ်ရောင်းချနေတဲ့ လုပ်ငန်းကြီးတစ်ခု အဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ ချန်ဟာ အကြီးအကဲ  အဖြစ်  Fu Wah International ကုမ္ပဏီမှာ ဆက်လက်တာဝန်ယူနေပြီး သမီး နှစ်ယောက်က ဒါရိုက်တာ ရာထူးနဲ့ သားဖြစ်သူက ဥက္ကဋ္ဌ အဖြစ် ဆက်လက်လုပ်ကိုင်လက်ရှိနေပါတယ်။

၂။ Diane Hendricks
 

ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၅.၆ ဘီလီယံ
နိုင်ငံ             – အမေရိကန်  နိုင်ငံ
အသက်        – ၆၉ နှစ်
လုပ်ငန်း        – အိမ်ခြံမြေ အဆောက်အဦး ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း
ကုမ္ပဏီ         –  ABC Supply Co.
ဟန်းဒရစ်ဟာ အမေရိကန်  Wisconsin ပြည်နယ် နို့မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ လယ်သမား မိသားစုမှ မွေးဖွားလာပြီး နောက် အိမ်ထောင်ကျပြီးနောက် ၃ နှစ်အကြာမှာ အိမ်ပေါင်း ၁၀၀ ကျော်ကို ပြင်ဆင်လုပ်ကိုင်ခဲ့ပါတယ်။၁၉၈၂ ခုနှစ်မှာ ဟန်းဒရစ်တို့ ဇနီးမောင်နှံဟာ ABC Supply Co.ကို စတင်တည်ထောင်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်း ပစ္စည်းများကို အမေရိကန် နိုင်ငံ အနှံ့ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။အခုဆိုရင် ABC Supply Co. ဟာ အမေရိကန် နိုင်ငံမှာ အကြီးဆုံး ဆောက်လုပ်ရေး ပစ္စည်းရောင်းချတဲ့ လုပ်ငန်း ဖြစ်လာပြီး ဆိုင်ပေါင်း ၆၀၀ ကျော်နဲ့ ရောင်းချငွေ စုစုပေါင်း ဒေါ်လာ ၆ ဘီလီယံ အထိရှိနေတဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။
၁။ Zhou Qunfei


ပိုင်ဆိုင်မှုပေါင်း – ဒေါ်လာ ၆ ဘီလီယံ
နိုင်ငံ             – တရုတ်  နိုင်ငံ
အသက်        – ၄၆ နှစ်
လုပ်ငန်း        – ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း
ကုမ္ပဏီ         – Lens Technology
တရုတ်ပြည် ဟူနန် ပြည်နယ် မှ ရွာလေးတစ်ရွာ မှာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်မှာ နာရီ စက်ရုံတစ်ခုမှာ အလုပ်ကြမ်း စတင်လုပ်ခဲ့ပါတယ်။အလုပ်ကို ကြိုးစား သည်းခံလုပ်ခဲ့ပြီးနောက်မှာ ဒေါ်လာ ၃၀၀၀ လောက်စုဆောင်းမိခဲ့လို့  ၁၉၉၃ ခုနှစ်မှာ မှန်ဘီလူးလုပ်ငန်းတစ်ခုကို အရင်အလုပ်အရှေ့နားမှာပဲစတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှာ  Motorola ဖုန်း ကုမ္ပဏီက ဇူ ကို လက်ကိုင်ဖုန်းများမှာ အသုံးပြုနေတဲ့ ပလက်စတစ် Screen အစား ခိုင်ခံ့တဲ့ ဖန်သား Screen များ ထုတ်လုပ်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်။အဲ့ဒီအချိန်က စပြီး စမတ်ဖုန်း ကုမ္ပဏီများစွာက ဇူဆီမှာ အလုပ်အပ်လာခဲ့ပြီး နာမည်ကျော် Apple ကုမ္ပဏီရဲ့ ၂၀၀၇ နှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး Iphone Screen လည်း ပါဝင်ခဲ့ပါတယ်။ ယနေ့မှာဆိုရင်  Lens Technology လုပ်ငန်းဟာ Apple နဲ့ Samsung စမတ်ဖုန်း ကုမ္ပဏီတို့ရဲ့ အကြီးဆုံး အလုပ်အပ်နှံရာ ကုမ္ပဏီ ဖြစ်လာခဲ့ပြီး ဇူဟာ အောင်မြင်မှုမှာ မျောပါသွားသူ တစ်ယောက်မဟုတ်ဘဲ စက်ရုံမှ ထုတ်လုပ်တဲ့ မှန်ဘီလူးများ၊ဖန်သားများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။
Arkar Hein ( Shwemom )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။