Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 30, 2017

သိပ်လည်း_ဘ၀င်မမြင့်ကြပါနဲ့..

 
 
#သိပ်လည်း_ဘ၀င်မမြင့်ကြပါနဲ..
******************************
ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့သူတို့ဟာ ဒေါက်တာဆွန်ယက်ဆင်၊
ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့
အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့
သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး

လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီးဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူ ကြီးမျိုးတွေကိုပဲ မြင်ဖူးပြီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ
ကိုယ်ကျိုးမဖက် ပရဟိတသက်သက်လှူ ဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။

Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။
CNN Effect, Al Jazeera Effect ခေါ်တဲ့
ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက
ချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

သဘာဝဘေးအန္တရာယ်တွေမကျအောင် သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘ၀င်မမြင့်ကြပါနဲ့။
အာရှမှာ ရာသီဥတုဒါဏ်အဆိုးရွားဆုံးခံရတဲ့
နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံး
ဖြစ်နေတာကိုမှ မသိပဲ။

မြန်မာနိုင်ငံမှာငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘ၀င်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေ
စံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။

ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာ မရှိဘူးလို့ ဘ၀င်မြင့်မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေသြဇာအဆိပ်သင့်နေတဲ့ငါးကြော်တွေကိုမစားဖို့ သက်ဆိုင်ရာသံရုံးတွေကသူတို့နိုင်ငံသားတိုးရစ်တွေကို တိုးတိုးတိတ်တိတ်မှာထားတာကိုမှမသိကြပဲ။ ထမင်းငတ်ပြီးမသေပေမယ့်တရုပ်နဲ့ယိုးဒယားက၀င်လာတဲ့ သူတို့နိုင်ငံသားတွေတောင်မစားတဲ့
သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊
ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သားငါး
တွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။

အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကို ကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ၀ါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့
ရတယ်ဆိုတာကိုမှ မသိပဲ။

ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့အကျင့်ပါနေပြီး လူတိုင်းလည်း
ငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်းအလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။
တစ်ခြားနိုင်ငံတချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။

အခုချိန်ထိတောင်တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ
ကိုယ်လုပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင်လို နေသေးတယ်။
Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တ၀ုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။

စမတ်ဖုန်းတွေ၊မော်တော်ကားတွေ၊ကွန်ပျူ တာဆက်စပ်
ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီးခေတ်မှီဖွဲ့ဖြိုးတိုးတက်နေပြီလို့ ထင်နေ
ကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝမသုံးကြတာကိုမှ မသိပဲ။

မြန်မာပြည်ကရှုခင်းတွေသာအလှဆုံးလို့
ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြား
ခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။
တကယ်တော့ ...
မြန်မာပြည်ထက်အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေ
နိုင်ငံရပ်ခြားမှာ အများကြီးရှိတယ်ဆိုတာမှ မသိပဲ။ သူတို့လာတာဟာ ကမ္ဘာက မြင်တွေ့ရခဲတဲ့ တတိယ
ဆင်းရဲသားနိုင်ငံက လူတွေရဲ့ ဘ၀ကို တအံ့တသြ
ကြည့်ဖို့ လာတာများတယ် ဆိုတာကို သိမှ မသိပဲ။
__________________________________________________
#သိပ်လည်း_ဘ၀င်မမြင့်ကြနဲ့ဗျာ ...
__________________________________________________
ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီးသိမ်းတဲ့ခေတ်
မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။

အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊
ကွန်ပျူ တာအပါအ၀င် အပ်တိုတစ်ချောင်းတောင်
ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။
ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ရေနံ၊သဘာဝဓါတ်ငွေ့နဲ့
တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့သဘောပဲ။

သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့။

သယံဇာတတွေကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊
ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှုရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။
ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး
ကိုလိုနီ လုပ်နေစရာမလိုပါဘူး။
တရုပ်တွေနေချင်လည်းရနေတာပဲ။
ကုလားတွေနေချင်လည်းရနေတာပဲ။
တံခါးမရှိ၊ ဓါးမရှိ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့
ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။

ဒါကြောင့် သိပ်လည်း ဘ၀င်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။

#Credit_မူရင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။