Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 25, 2017

***ခင်ဗျားပုံပြင်တွေ ကျွန်တော် #change လိုက်တယ်***

***ခင်ဗျားပုံပြင်တွေ ကျွန်တော် #change လိုက်တယ်***

ပုံပြင်(၁)

"ဗျို့ လေယာဉ်မယ် လေယာဉ်မယ်
ဒီလို ညစ်ပက်နံဆော် ရွှံစရာကောင်းတဲ့ အဖိုးကြီးနဲ့
ဘေးချဉ်းကပ် ကျွန်တော်မစီးနိုင်ဘူး..နေရာလဲပေးပါ.."

ခရီးသည်အားလုံးနဲ့ လေယာဉ်မယ်ဟာ ကျွန်တော့်ကို
ကိုယ်ချင်းစာစိတ်မရှိသူ စိတ်ဓာတ်ညံ့ဖျင်းသူလို ကြည့်ကြတယ်...

ပြီးတော့ ခင်ဗျားသိပြီးတဲ့အတိုင်းပဲ
ရိုးရိုးတန်း ကျွန်တော့်ဘေးက အဖိုးကြီးကို
လေယာဉ်ရဲ့ လွတ်နေတဲ့ အထူးခန်းကို
လေယာဉ်မယ်က ပို့လိုက်တယ်ပေါ့...။

ဒီလိုနဲ့....

"ကျေးဇူးတင်လိုက်တာ ငါ့တူရယ်...
အဘတစ်သက် လေယာဉ်စီး ခရီးသွားရတာ များပေမယ့်
ပင်စင်မယူခင်လေး အထူးခန်းက စီးဖူးချင်နေတာ...
ငါ့တူသိတဲ့အတိုင်း အဘက ဝန်ထမ်းဆိုတော့ အထူးခန်းလေယာဉ်လက်မှတ်ခက..."

အဘိုးအိုဟာ သူ့ဆန္ဒပြည့်ဝသွားပုံရပြီး လေယာဉ်ဆင်းတော့ ကျွန်တော်ဆီလာပြီး ကျေးဇူးတင်စကားဆိုတယ်...

"ရူး တိုးတိုး အဘ...
ကျန်တဲ့သူတွေဆိုရင် ရိုးရိုးတန်းကနေ အထူးခန်းပြောင်းစီးဖို့
ဝန်ဆောင်ခ တစ်သောင်း ကျွန်တော်ယူတာ..
အဘကိုတော့ ကျွန်တော် ဒါနပြုတာပါ...
ဒါပေမယ့် ဒီကိစ္စ လေယာဉ်မယ်တွေ သိသွားလို့မဖြစ်ဘူး..
ကျွန်တော်လည်း ဝန်ထမ်းပါပဲ...
ဒီလို အသွားအပြန်မှာ ဘေးပေါက်အနေနဲ့ နှစ်သောင်းလောက်ရလဲ မဆိုးဘူးမဟုတ်လား..
ဟင်းဟင်း...
အဘရေ..သွားခွင့်ပြုဦးဗျ...
သမီးအတွက် ဆေးဝယ်ရဦးမှာမို့...."

#ခင်ဗျားလိမ်ချင်သလား...!
#လူတွေကိုသူတို့ဖြစ်စေချင်တာဖြစ်နေပြီလို့ထင်ခွင့်အရင်ပေးလိုက်ပါ...။

*************************

ပုံပြင်(၂)

ဟိုးရှေးရှေးတုန်းက
ခွန်အားအလွန်ကြီးမားပြီး လှပရှည်လျားတဲ့အစွယ်ရှိတဲ့ တောဘုရင် ဆင်တစ်ကောင် ရှိတယ်တဲ့...
တောအုပ်နဲ့ မနီးမဝေးမှာတော့ လူသား တိုင်းပြည်ရှိတာပေါ့..
တစ်နေ့မှာတော့
လူသားဘုရင်ရဲ့မိဖုရားဟာ ဆင်မင်းရဲ့အစွယ်ကို ဆံထိုးလုပ် ပန်ချင်တဲ့ စိတ် ဖြစ်ပါလေရော...

ဘုရင့်အမိန့်နဲ့ ဆင်မင်းအစွယ်ယူဖို့ မုဆိုးတွေ စစ်သူရဲကောင်းတွေ စေလွတ်ပေမယ့်
ပါးနပ်လိမ္မာပြီး ခွန်အားကြီးတဲ့ ဆင်မင်းကြောင့်
ဘုရင် လွှတ်လိုက်သမျှ လူတွေသာ ခွေးပြေးဝက်ပြေး ပြန်ပြေးလာခဲ့ရတယ်တဲ့...။

ခင်ဗျားသိတဲ့အတိုင်းပဲ ကောက်ကျစ်တဲ့ မုဆိုးတစ်ယောက်သာ သင်္ကန်းရုံပြီး
ဆင်မင်းကိုသတ် အစွယ်ယူလာနိုင်ခဲ့တယ် မဟုတ်လား...။

ဒီလိုနဲ့ မုဆိုး နန်တော်ကိုပြန်ရောက် ဘုရင်ကို သံတော်ဦးတင်တော့ သူအစွယ်ဘယ်လိုရခဲ့ကြောင်း
အလုံးစုံပြန်ပြောပြတာပေါ့...

အဲ့ဒိအခါမှာ ဘုရင်ဟာ သံဝေဂတစ်ခုရပြီး မိန့်လေတယ်..

***ခွန်အားဗလဘယ်လောက်ကြီးကြီး
လျှင်မြန်ပါးနပ် စွမ်းရည်ဘယ်လောက်ထက်ထက်
တိရိစ္ဆာန်အသိလောက်နဲ့ ဘာသာတရားကို မျက်ကန်းကိုးကွယ်လို့ကတော့ မုဆိုးတွေအားလုံး
သင်္ကန်းရုံကုန်တော့မှာပဲ***
....လို့တဲ့။

*************************

ပုံပြင်(၃)

သမီးတော်လေးရဲ့ ကြင်ယာတော်ရွေးပွဲဟာ လူကြိတ်ကြိတ်တိုး စည်ကားနေတယ်...။

နိုင်ငံအသီးသီးရဲ့ မင်သားတွေရယ် အသီးသီးသော သူရဲကောင်းတွေရယ်ဟာ ချောမေလှပတဲ့ သမီးတော်လေးအပြင် နိုင်ငံရဲ့ အိမ်ရှေ့စံအဖြစ်ပါ ရမှာဆိုတော့ အားလုံးဟာ ပြိုင်ဘက်အသွင် ဆောင်နေကြတာပေါ့...။

ပြိုင်ပွဲစည်းကမ်းအရတော့ ဗိုလ်တစ်ထောင်အားနဲ့ဆွဲမှရမယ့် လေးတော်ကို တင်နိုင်သူဟာ မင်းသမီးလေးကြင်ယာတော်ပါပဲ...။

"ဘာအိမ်ရှေ့စံမှ စိတ်မဝင်စားဘူး...ငါချစ်တာ သီတာကိုပဲ..ငါရရင်ရ မရင်ရရင်တော့ တလောကလုံးနဲ့
စစ်ခင်းချင်ခင်းရပါစေ သီတာကို ငါ ခိုးပြေးမှာပဲ.."

အစ်ကိုတော်အတွက် သောက်သုံးရေ လာခတ်ရင်း
တဖက်အင်အားကြီးနိုင်ငံရဲ့ ဘုရင်တပါးဖြစ်တဲ့ ဒသမင်းရဲ့
ကြုံးဝါးသံကို ကျွန်တော်ကြားလိုက်မိတယ်...

"သြော်...မင်းဒသ မင်းဒသ..
သူ့အချစ်က မွန်မြတ်လှပါလား.
အစ်ကိုတော်နဲ့ငါဟာ သီတာထက် သူမနိုင်ငံကို ကိုယ့်နိုင်ငံနဲ့ ပေါင်းစည်း အာဏာရချင် လိုချင်တဲ့ ခမည်းတော် အကြံဆန္ဒပြည့်ဝဖို့သာ လာခဲ့ကြတာပဲ...
ငါတို့ဟာ သီတာဆိုတာကို မည်းသလား ဖြူသလားတောင်မသိ..."

..........................

ဒီလိုနဲ့ လေးတင်ပွဲမှာ လေးတင်နိုင်ပါလျက် မင်းဒသမျက်နှာထောက်ပြီး အစ်ကိုတော်ကို ကျွန်တော်အခွင့်အရေးပေးလိုက်တယ်...။

ခင်ဗျားသိတဲ့အတိုင်းဘာမသိညာမသိ လေးတင်နိုင်ခဲ့တဲ့
အစ်ကိုတော်ဟာ ဒသမင်းနဲ့ စစ်ခင်းရတာပေါ့...။

ပုံပြင်အရဆိုရင်တော့ ဒသမင်းဘက်ကလူတွေ သစ္စာဖောက်လို့ အစ်ကိုတော်ရာမ နိုင်ရမှာ...။

ဒါဟာ မမျှတဘူးလို့ ကျွန်တော်ယူဆမိလို့
အချစ်ရူး ဒသမင်းကို အကိုတော့်
အတွင်းအရေးတချို့ ကျွန်တော်ပြောပြလိုက်တယ်...

ဒီတော့သူတို့ သရေကျသွားတာပေါ့...။

သရေကျတယ်ဆိုတာက နှစ်ယောက်လုံး ဘယ်သူမှမသေဘူး.
ဒါပေမယ့် စစ်ဖြစ်ခဲ့တော့ နှစ်ယောက်လုံးဟာ
ရှင်ဘုရင်တစ်ပါးမဖြစ်ထိုက်လောက်အောင်ကို အိုနာကျိုးကန်းတွေဖြစ်သွားတော့တာဆိုတော့.
ဇာတ်က ဒီလိုသိမ်းသွားရောဗျာ....။

လေးတင်ပွဲမှာ ညီတော်ပီသစွာ သူ့ကိုအခွင့်အရေးပေးခဲ့တဲ့
ကျွန်တော့်ကို ခြေလက်အင်္ဂါမစုံတော့တဲ့ အစ်ကိုတော်ရာမက သူ့အိမ်ရှေ့စံရာထူး ပေးတယ်...။

သီတာကို အချစ်ကြီးခဲ့တဲ့ အိုနာကျိုးကန်း မင်းဒသကလည်းချစ်သူကောင်းစားတာသာမြင်ချင်တယ်ဆိုတဲ့ Hero logic ဟောင်းကြီးကိုင်ဆွဲ သူနဲ့မထိုက်တန်တော့ပါဘူးဆိုပြီး
စစ်ပွဲမှာသူ့အပေါ် ကောင်းခဲ့တဲ့ ကျွန်တော့်ဆီ မယ်သီတာကို လိုလိုလားလားအပ်တယ်...
သူ့နိုင်ငံကိုတောင် လက်ဖွဲ့အဖြစ်ပေးခဲ့သေးသဗျ....။

မယ်သီတာကလား....?
အမဲစက်ရှိတဲ့ သူ့ဘဝကို မီးပုံတွေဘာတွေထဲ မခုန်ဆင်းခိုင်း နားလည်လက်ခံတဲ့ ကျွန်တော့်ကို
အားနာရိုကျိုး ချစ်လိုက်တာဆိုတာလေ....ဟဲဟဲ..

ထားတော့
ခင်ဗျားကို စကားတစ်ခွန်းလောက် လက်ဆောင်းပါးချင်တယ်ဗျာ..

***လူတွေရဲ့ ပထမဆန်ချင်စိတ် အတ္တကို ငြင်းပယ်နိုင်ပြီး
second ကို လက်ခံနိုင်ဖို့ ကြိုးစားစမ်းပါ...။

ဒါဟာ လုံ့လထုတ်ရမှု တန်ကြေးပေးဆပ်မှု အနည်းဆုံးနဲ့
ဆုအကြီးဆုံး ချိတ်နိုင်မယ့် နည်းလမ်းလည်းဖြစ်တယ်။***

#လက္ခဏာ

...............

လေးစားလျက်...။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။