အကြိုက်ဆုံးသော အောင်မြင်ရေး စာစုများ
------- (ဘ၀အတွက် ခွန်အားများ ) -------
အောင်မြင်မှုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးဟာ… ဆုံးရှုံးမှုဆိုတဲ့ မရလိုက်တဲ့ တန်ဖိုးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် များစွာနည်းပါတယ်… ဆုံးရှုံးမှုတန်ဖိုးတွေထက် ရေရှည်မှာရရှိမဲ့ အောင်မြင်မှုတန်ဖိုးတွေကိုပဲ မျှော်လင့်ကြိုးစားနေပါ…
ပြင်ပ၏ သက်ရောက်မှု Extensive အားတွေထက်စာရင်…မိမိ၏ ယုံကြည်မှု Intensive ကိုယ့်အားကသာ ခိုင်မာနေဖို့ အရေးကြီးဆုံးဖြစ်လိမ့်မယ်… ပတ်ဝန်းကျင်အားတွေကြောင့် သင်ဖြစ်ချင်တဲ့ ယုံကြည်မှု - မျှောင်လင့်မှု - ဖြစ်ချင်တဲ့ အရာတွေကို မဖုံးလွှမ်းသွားမိပါစေနဲ့…
အားသာချက်က အခွင့်အရေးတွေ ဖန်တီးပေးသလို… အားနည်းချက်က အတားအဆီးတွေ ဖြစ်လာစေတယ်… အခွင့်အရေးဖန်တီးဖို့ အားသာချက်နဲ့ကြိုးစားရသလို… အားနည်းချက်နည်းတွေကိုလည်း ပြင်ဆင်ရလိမ့်မယ်…
စိတ်ရှည်သည်းခံနိုင်မှုမရှိလျှင် ထိုအရာ၏ နောက်ဆုံးသော အောင်မြင်မှုရလဒ်များစွာကို သင်မရတော့နိုင်ပေ…နောင်မှာရ ရှိနိုင်တဲ့ ရလဒ်တိုင်းဟာ ယနေ့ ရလဒ်နဲ့ ယှဉ်လျှင် များစွာသာနေလိမ့်မယ်ဟု စိတ်ရှည်စွာဖြင့်ကြိုးစားနေ ပါ…
အတားအဆီးများ ပေါ်လာတဲ့အခါ သင့်ရည်မှန်းချက်သို့ သွားရာလမ်းကြောင်းကိုသာ ပြောင်းဖို့ကြိုးစားပါ… ထိုနေရာသို့ ရောက်ရမယ်ဆိုတဲ့ သင့်ရဲ့ယုံကြည်ချက် ရည်ရွယ်ချက်ကိုတော့ မပြောင်းလဲမိပါစေနဲ့…
လူတွေရဲ့ လည်ပင်းအထက်ပိုင်းမှာရှိတဲ့ အတွေးခေါ်၊ အမြင်၊ အပြော၊ အကြား၊ ဆုံးဖြတ်မှုတွေဟာ ဘ၀ရဲ့ တန်ဖိုးအမြင့်ဆုံးအရာတွေပါပဲ…
လူခန္ဒာကိုယ်အတွက် နေ့စဉ် အဟာရဖြည့်နေရသလို၊ ကိုယ့်ရဲ့ တန်ဖိုးအမြင့်ဆုံး
အစိတ်အပိုင်းတွေကိုလည်း နေ့စဉ်အဟာရဖြည့်ဖို့ ကြိုးစားရလိမ့်မယ်…
ခရီးသွားရင်း ဘဝအတွက်အဟာရဖြည့်ခဲ့မိတာတော့  ကျွန်တော်ရဲ့ စိတ်ဓါတ်အတွေးအခေါ်တွေပါပဲ…
ခရီးသွားခြင်းဟာ လန်းဆန်းတဲ့ စိတ်၊ အတွေးခေါ်၊ ကျန်းမာမှု၊ အမြင်သစ် ရစေမှု စတဲ့ ကောင်းကျိုးတွေကို ရနိုင်မှာဖြစ်ပါတယ်။ ဒီနှစ် ကျွန်တော်ကျန်းမာရေးအတွက် ငပလီ ခရီး အနားယူရင်း လေ့လာခဲ့သမျှ စာအုပ်တွေထဲမှာ အကြိုက်ဆုံးသော (အောင်မြင်ရေး စာစု) များကို ပြန်လည်မျှဝေပေးထားပါတယ်။
ကျန်းမာရေးကောင်းမွန်မှုနဲ့အ တူ ကျွန်တော်ချစ်တဲ့ အလုပ်တွေ ပြန်လည်ကြိုးစားပေးခွင့်ရှိ ခဲ့ပါပြီ။
ကျန်းမာရေးနဲ့ အနားယူစဉ် အားလုံးရဲ့ဝိုင်းဝန်းအားပေး မှု၊
မိတ်ဆွေများ၏ လုပ်ငန်းအတွက် အလုပ်မပျက်ကူညီပေးမှု၊ ပြန်လည်ကျန်းမာဖို့
ဂရုတစိုက် အားပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်လျှက် ယခုစာစုများဖြင့်
ပြန်လည်အားပေးရင်း… ဘ၀အတွက် တန်ဖိုးရှိစရာများ မျှဝေပေးနေလျှက်ပါ။
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
------- (ဘ၀အတွက် ခွန်အားများ ) -------
အောင်မြင်မှုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးဟာ… ဆုံးရှုံးမှုဆိုတဲ့ မရလိုက်တဲ့ တန်ဖိုးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် များစွာနည်းပါတယ်… ဆုံးရှုံးမှုတန်ဖိုးတွေထက် ရေရှည်မှာရရှိမဲ့ အောင်မြင်မှုတန်ဖိုးတွေကိုပဲ
ပြင်ပ၏ သက်ရောက်မှု Extensive အားတွေထက်စာရင်…မိမိ၏ ယုံကြည်မှု Intensive ကိုယ့်အားကသာ ခိုင်မာနေဖို့ အရေးကြီးဆုံးဖြစ်လိမ့်မယ်… ပတ်ဝန်းကျင်အားတွေကြောင့် သင်ဖြစ်ချင်တဲ့ ယုံကြည်မှု - မျှောင်လင့်မှု - ဖြစ်ချင်တဲ့ အရာတွေကို မဖုံးလွှမ်းသွားမိပါစေနဲ့…
အားသာချက်က အခွင့်အရေးတွေ ဖန်တီးပေးသလို… အားနည်းချက်က အတားအဆီးတွေ ဖြစ်လာစေတယ်… အခွင့်အရေးဖန်တီးဖို့ အားသာချက်နဲ့ကြိုးစားရသလို…
စိတ်ရှည်သည်းခံနိုင်မှုမရှိလ
အတားအဆီးများ ပေါ်လာတဲ့အခါ သင့်ရည်မှန်းချက်သို့ သွားရာလမ်းကြောင်းကိုသာ ပြောင်းဖို့ကြိုးစားပါ… ထိုနေရာသို့ ရောက်ရမယ်ဆိုတဲ့ သင့်ရဲ့ယုံကြည်ချက် ရည်ရွယ်ချက်ကိုတော့ မပြောင်းလဲမိပါစေနဲ့…
လူတွေရဲ့ လည်ပင်းအထက်ပိုင်းမှာရှိတဲ့
ခရီးသွားရင်း ဘဝအတွက်အဟာရဖြည့်ခဲ့မိတာတော
ခရီးသွားခြင်းဟာ လန်းဆန်းတဲ့ စိတ်၊ အတွေးခေါ်၊ ကျန်းမာမှု၊ အမြင်သစ် ရစေမှု စတဲ့ ကောင်းကျိုးတွေကို ရနိုင်မှာဖြစ်ပါတယ်။ ဒီနှစ် ကျွန်တော်ကျန်းမာရေးအတွက် ငပလီ ခရီး အနားယူရင်း လေ့လာခဲ့သမျှ စာအုပ်တွေထဲမှာ အကြိုက်ဆုံးသော (အောင်မြင်ရေး စာစု) များကို ပြန်လည်မျှဝေပေးထားပါတယ်။
ကျန်းမာရေးကောင်းမွန်မှုနဲ့အ
ကျန်းမာရေးနဲ့ အနားယူစဉ် အားလုံးရဲ့ဝိုင်းဝန်းအားပေး
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။