ဇီဝ ဆင့်ကဲပြောင်းလဲမှုဗေဒ ပညာရှင် ရစ်ချက် ဒေါ့ကင်း ဆိုရင် ဘုရားမဲ့ဝါဒ လောကမှာ မသိသူ မရှိလောက်ပါဘူး။
သူ့ဖခင် ကလင်တန် ဂျွန် ဒေါ့ကင်းဟာ ၁၉၁၅ ခုနှစ်က မန္တလေးမှာ မွေးခဲ့သူ ဖြစ်ပြီး ရစ်ချက် ဒေါ့ကင်းကိုတော့ ဗြိတိသျှ ကင်ယာ မှာ မွေးခဲ့ပါတယ်။
ဒေါ့ကင်းဟာ သိပ္ပံဘာသာရပ် ရှုထောင့်ကနေ ဖန်ဆင်းရှင်နဲ့ ထာဝရ ဘုရား အယူအဆတို့ကို တောက်လျှောက် မေးခွန်း ထုတ်လာခဲ့တဲ့ ကမ္ဘာကျော် ဘုရားမဲ့ဝါဒီ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်က The Selfish Gene စာအုပ်နဲ့ နာမည် စတင် ကျော်ကြားလာခဲ့တဲ့ ရစ်ချက်ဒေါ့ကင်းဟာ ဒီကနေ့ လူသိများသော Memes မီးမ် ဆိုတဲ့ ဝေါဟာရကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။
အခြားသော နာမည်ကျော်စာအုပ်များဖြစ်ကြ တဲ့
The Extended Phenotype, The Blind Watchmaker, Unweaving the Rainbow,
The God Delusion, A Devil's Chaplin အစရှိတဲ့ စာအုပ်တို့နှင့်
ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဒီပို့စ်မှာဖော်ပြပေးချင်မိ တာကတော့ Unweaving the Rainbow အခန်း(၁) က သူ့ရဲ့ရေးသားချက် အချို့ဖြစ်ပါတယ်။
ကျုပ်တို့ တစ်နေ့တော့ သေလိမ့်မယ်။ သေမယ့်အတွက်ကြောင့်လည်း အခွင့်ကောင်းကို ရနေသူတွေ ဖြစ်ပြန်တယ်။
လူအများစုက ဘယ်တော့မှ မသေဘူး။ ဘာ့ကြောင့်လဲဆိုရင် ဘယ်တုန်းကမှ မွေးလာခဲ့သူတွေ မဟုတ်လို့သာ ဖြစ်တယ်။
အခု ကျုပ်နေရာမှာ အစားထိုးဖို့ အလားအလာရှိခဲ့ကြပေမယ့် နေရောင်ကိုတောင် တွေ့မြင်ခွင့် မရခဲ့သူတွေ ဆိုတာ အာရေဗျ ကန္တာရထဲက သဲပွင့်တွေထက် ပိုများတယ်။
သိပ်သေချာတာပေါ့။ အဲဒီ မမွေးလာခဲ့တဲ့ တစ္ဆေတွေ အထဲမှာ ဂျွန်ကိစ်ထက် ပိုသာတဲ့ ကဗျာဆရာတွေ ပါတယ်။ နယူတန်ထက် ပိုထက်တဲ့ သိပ္ပံပညာရှင်တွေ ပါတယ်။
ကျုပ် ဘာ့ကြောင့် ခုလို တထစ်ချ ပြောနိုင်ရတာလဲဆိုရင် ကျုပ်တို့ ဒီအန်အေထဲက ခွင့်ပြုထားတဲ့ အလားအလာ ဖြစ်နိုင်သော လူ ပုံသဏ္ဍာန်ဟာ ယခုလက်ရှိ ကမ္ဘာ့လူဦးရေကို အဆများစွာ ကျော်လွန်တယ် ဆိုတာကို သိလို့ ဖြစ်တယ်။
ဒီလောက် များလွန်းတဲ့ အလားအလာတွေထဲကမှ ရုပ်လုံး ပေါ်လာခဲ့သူ ခင်ဗျားတို့ ကျုပ်တို့ဟာ ဒီကမ္ဘာမြေမှာ ရှင်သန်ဖို့ အခွင့်အရေး ရလာ ကြသူတွေ ဖြစ်တယ်။
သုက်ကောင်လေးတစ်ကောင် မမျိုးဥကို ဖောက်ပြီး ပန်းဝင်ချိန်ကစလို့ အများကိန်းတွေထဲက အနည်းကိန်းတစ်ခုဟာ မူးဝေ ပေါက်ဖွားလာတယ်။
ကျုပ်တို့နဲ့ ယှဉ်တဲ့ အခြားအခြားသော အလေးသာသမျှ သေဆုံးနိုင်မှု အလားအလာတွေ ပျက်သုန်းနိုင်တဲ့ အခွင့်အရေးတွေဟာ မှေးမှိန် ပျောက်ကွယ် လာရတယ်။
ဒီ အခွင့်အလမ်းဟာ ကျုပ်တို့ ပဋိသန္ဓေ မတည်ခင်ထဲက စတင်တယ်။ မိဘ ၂ ပါး ဦးစွာ တွေ့ဆုံရမယ်။ နှစ်ကိုယ့်တစ်စိတ် ဖြစ်လာရမယ်။
ဒီလိုပဲ အဘိုးအဘွား ၂ ယောက်စီ ၂ ယောက်စီ ကနေ အဘိုးအဘွားရဲ့ မိဘ ၂ ယောက်စီ ၂ ယောက်စီ စသဖြင့် လိုက်စီကြည့်မယ် ဆိုရင် မဆုံးနိုင်တဲ့ အတိတ်ကထဲက ဒီ ကျုပ်ဆိုတဲ့ ပဋိသန္ဓေ အခွင့်အလမ်းဟာ စတယ်။
နောက်ထပ် အခွင့်ကောင်းကို မြင်နိုင်တဲ့ ရှုထောင့် ရှိပါသေးတယ်။ ပစ္စုပ္ပန်ဆိုတာ အတိတ်ကနေ အနာဂတ်ကို ရွေ့လျားနေတဲ့ တစ်စုံတစ်ခုလို့ မြင်ကြည့်ပါ။
ရူပဗေဒ ပညာရှင်တွေကတော့ ဒီ "ရွေ့လျားနေသော ပစ္စုပ္ပန်" ရှုထောင့်ကို မကြိုက်ကြဘူး။ ဒါပေမယ့် ကျုပ်ကတော့ နှစ်သက်တယ်။ ကျုပ်ကိုယ်တိုင်လည်း အဲဒီလိုပဲ မြင်မိတယ်။
ပစ္စုပ္ပန်ဆိုတာ အတိတ်ကနေ အနာဂတ်ကို ရွေ့လျား နေတဲ့ အစက်ငယ်လေးတစ်ခုလို ဖြစ်ပါတယ်။
ဒီအလင်းစက်ကလေးရဲ့ အနောက်မှာ ကျန်ခဲ့မျှသည် မှောင်မိုက်ကုန်ပြီး သေဆုံးသွားတဲ့ အတိတ်တွေ ဖြစ်လာတယ်။
ဒီအလင်းစက်ကလေးရဲ့ ရှေ့တူရူသည်လည်း မမွေးဖွားသေးတဲ့ မှောင်မိုက်နေဆဲ အနာဂတ် အလောင်းအလျာတွေ ဖြစ်တယ်။
အလားအလာရှိတဲ့ အနာဂတ်တွေထဲက တစ်ခု နဲ့ မိမိနဲ့ တိုက်ဆိုင်ဖို့ ဆိုတာသည် ကြုံရာပစ်ချလိုက်တဲ့ အကြွေစေ့ တစ်စေ့ဟာ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို ကြားမှာ ရှိနေတဲ့ ပုရွက်ဆိတ် တစ်ကောင်ပေါ်ကို တည့်တည့်ကျလာ ဖို့ထက်ကို ဆုံနိုင်ခဲပါတယ်။
ဆိုလိုချင်တာက အချိန်တိုင်းမှာ ခင်ဗျားသည် သေဆုံးဖို့အတွက် သိသိသာသာကြီးကို အလေးသာနေတယ်။
ဒီလို အထင်အရှား အလေးသာနေတဲ့ ကြားထဲက ခင်ဗျားတို့ သတိပြုမိမှာက "ခင်ဗျားဟာ အသက်ရှင်နေတယ်"
သေဆုံးသွားတဲ့ အတိတ်တွေနဲ့ မမွေးဖွားသေးတဲ့ အနာဂတ် တွေဟာ စာတစ်အုပ်ကို ဖတ်ခွင့် မရကြဘူး။
အခုကျုပ်ရေးသမျှ ခင်ဗျားတို့ တွေ့နိုင်တာသည် ကျုပ်ကို အခွင့်ကောင်း ရသူ တစ်ယောက် ဖြစ်လာစေသလိုပဲ ခင်ဗျားတို့ ဟာလည်း အခွင့်ကောင်းကို ရသူများ ဖြစ် ကြပါတယ်။
(Excerpted from Chapter 1 of Unweaving the Rainbow by Richard Dawkins)
- မှတ်စုကြမ်း #kyawnge
သူ့ဖခင် ကလင်တန် ဂျွန် ဒေါ့ကင်းဟာ ၁၉၁၅ ခုနှစ်က မန္တလေးမှာ မွေးခဲ့သူ ဖြစ်ပြီး ရစ်ချက် ဒေါ့ကင်းကိုတော့ ဗြိတိသျှ ကင်ယာ မှာ မွေးခဲ့ပါတယ်။
ဒေါ့ကင်းဟာ သိပ္ပံဘာသာရပ် ရှုထောင့်ကနေ ဖန်ဆင်းရှင်နဲ့ ထာဝရ ဘုရား အယူအဆတို့ကို တောက်လျှောက် မေးခွန်း ထုတ်လာခဲ့တဲ့ ကမ္ဘာကျော် ဘုရားမဲ့ဝါဒီ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်က The Selfish Gene စာအုပ်နဲ့ နာမည် စတင် ကျော်ကြားလာခဲ့တဲ့ ရစ်ချက်ဒေါ့ကင်းဟာ ဒီကနေ့ လူသိများသော Memes မီးမ် ဆိုတဲ့ ဝေါဟာရကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။
အခြားသော နာမည်ကျော်စာအုပ်များဖြစ်ကြ
ဒီပို့စ်မှာဖော်ပြပေးချင်မိ
ကျုပ်တို့ တစ်နေ့တော့ သေလိမ့်မယ်။ သေမယ့်အတွက်ကြောင့်လည်း အခွင့်ကောင်းကို ရနေသူတွေ ဖြစ်ပြန်တယ်။
လူအများစုက ဘယ်တော့မှ မသေဘူး။ ဘာ့ကြောင့်လဲဆိုရင် ဘယ်တုန်းကမှ မွေးလာခဲ့သူတွေ မဟုတ်လို့သာ ဖြစ်တယ်။
အခု ကျုပ်နေရာမှာ အစားထိုးဖို့ အလားအလာရှိခဲ့ကြပေမယ့် နေရောင်ကိုတောင် တွေ့မြင်ခွင့် မရခဲ့သူတွေ ဆိုတာ အာရေဗျ ကန္တာရထဲက သဲပွင့်တွေထက် ပိုများတယ်။
သိပ်သေချာတာပေါ့။ အဲဒီ မမွေးလာခဲ့တဲ့ တစ္ဆေတွေ အထဲမှာ ဂျွန်ကိစ်ထက် ပိုသာတဲ့ ကဗျာဆရာတွေ ပါတယ်။ နယူတန်ထက် ပိုထက်တဲ့ သိပ္ပံပညာရှင်တွေ ပါတယ်။
ကျုပ် ဘာ့ကြောင့် ခုလို တထစ်ချ ပြောနိုင်ရတာလဲဆိုရင် ကျုပ်တို့ ဒီအန်အေထဲက ခွင့်ပြုထားတဲ့ အလားအလာ ဖြစ်နိုင်သော လူ ပုံသဏ္ဍာန်ဟာ ယခုလက်ရှိ ကမ္ဘာ့လူဦးရေကို အဆများစွာ ကျော်လွန်တယ် ဆိုတာကို သိလို့ ဖြစ်တယ်။
ဒီလောက် များလွန်းတဲ့ အလားအလာတွေထဲကမှ ရုပ်လုံး ပေါ်လာခဲ့သူ ခင်ဗျားတို့ ကျုပ်တို့ဟာ ဒီကမ္ဘာမြေမှာ ရှင်သန်ဖို့ အခွင့်အရေး ရလာ ကြသူတွေ ဖြစ်တယ်။
သုက်ကောင်လေးတစ်ကောင် မမျိုးဥကို ဖောက်ပြီး ပန်းဝင်ချိန်ကစလို့ အများကိန်းတွေထဲက အနည်းကိန်းတစ်ခုဟာ မူးဝေ ပေါက်ဖွားလာတယ်။
ကျုပ်တို့နဲ့ ယှဉ်တဲ့ အခြားအခြားသော အလေးသာသမျှ သေဆုံးနိုင်မှု အလားအလာတွေ ပျက်သုန်းနိုင်တဲ့ အခွင့်အရေးတွေဟာ မှေးမှိန် ပျောက်ကွယ် လာရတယ်။
ဒီ အခွင့်အလမ်းဟာ ကျုပ်တို့ ပဋိသန္ဓေ မတည်ခင်ထဲက စတင်တယ်။ မိဘ ၂ ပါး ဦးစွာ တွေ့ဆုံရမယ်။ နှစ်ကိုယ့်တစ်စိတ် ဖြစ်လာရမယ်။
ဒီလိုပဲ အဘိုးအဘွား ၂ ယောက်စီ ၂ ယောက်စီ ကနေ အဘိုးအဘွားရဲ့ မိဘ ၂ ယောက်စီ ၂ ယောက်စီ စသဖြင့် လိုက်စီကြည့်မယ် ဆိုရင် မဆုံးနိုင်တဲ့ အတိတ်ကထဲက ဒီ ကျုပ်ဆိုတဲ့ ပဋိသန္ဓေ အခွင့်အလမ်းဟာ စတယ်။
နောက်ထပ် အခွင့်ကောင်းကို မြင်နိုင်တဲ့ ရှုထောင့် ရှိပါသေးတယ်။ ပစ္စုပ္ပန်ဆိုတာ အတိတ်ကနေ အနာဂတ်ကို ရွေ့လျားနေတဲ့ တစ်စုံတစ်ခုလို့ မြင်ကြည့်ပါ။
ရူပဗေဒ ပညာရှင်တွေကတော့ ဒီ "ရွေ့လျားနေသော ပစ္စုပ္ပန်" ရှုထောင့်ကို မကြိုက်ကြဘူး။ ဒါပေမယ့် ကျုပ်ကတော့ နှစ်သက်တယ်။ ကျုပ်ကိုယ်တိုင်လည်း အဲဒီလိုပဲ မြင်မိတယ်။
ပစ္စုပ္ပန်ဆိုတာ အတိတ်ကနေ အနာဂတ်ကို ရွေ့လျား နေတဲ့ အစက်ငယ်လေးတစ်ခုလို ဖြစ်ပါတယ်။
ဒီအလင်းစက်ကလေးရဲ့ အနောက်မှာ ကျန်ခဲ့မျှသည် မှောင်မိုက်ကုန်ပြီး သေဆုံးသွားတဲ့ အတိတ်တွေ ဖြစ်လာတယ်။
ဒီအလင်းစက်ကလေးရဲ့ ရှေ့တူရူသည်လည်း မမွေးဖွားသေးတဲ့ မှောင်မိုက်နေဆဲ အနာဂတ် အလောင်းအလျာတွေ ဖြစ်တယ်။
အလားအလာရှိတဲ့ အနာဂတ်တွေထဲက တစ်ခု နဲ့ မိမိနဲ့ တိုက်ဆိုင်ဖို့ ဆိုတာသည် ကြုံရာပစ်ချလိုက်တဲ့ အကြွေစေ့ တစ်စေ့ဟာ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို ကြားမှာ ရှိနေတဲ့ ပုရွက်ဆိတ် တစ်ကောင်ပေါ်ကို တည့်တည့်ကျလာ ဖို့ထက်ကို ဆုံနိုင်ခဲပါတယ်။
ဆိုလိုချင်တာက အချိန်တိုင်းမှာ ခင်ဗျားသည် သေဆုံးဖို့အတွက် သိသိသာသာကြီးကို အလေးသာနေတယ်။
ဒီလို အထင်အရှား အလေးသာနေတဲ့ ကြားထဲက ခင်ဗျားတို့ သတိပြုမိမှာက "ခင်ဗျားဟာ အသက်ရှင်နေတယ်"
သေဆုံးသွားတဲ့ အတိတ်တွေနဲ့ မမွေးဖွားသေးတဲ့ အနာဂတ် တွေဟာ စာတစ်အုပ်ကို ဖတ်ခွင့် မရကြဘူး။
အခုကျုပ်ရေးသမျှ ခင်ဗျားတို့ တွေ့နိုင်တာသည် ကျုပ်ကို အခွင့်ကောင်း ရသူ တစ်ယောက် ဖြစ်လာစေသလိုပဲ ခင်ဗျားတို့ ဟာလည်း အခွင့်ကောင်းကို ရသူများ ဖြစ် ကြပါတယ်။
(Excerpted from Chapter 1 of Unweaving the Rainbow by Richard Dawkins)
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။