Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 23, 2017

တေးရေးဆရာ စိုင်းခမ်းလိတ်

╔══════════════════╗
► တေးရေးဆရာ စိုင်းခမ်းလိတ် ◄
╚══════════════════╝
===================================
ဂီတလောကမှာ နှစ်ပေါင်းတော်တော်ကြာ
ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်တဲ့ ဆရာ့အနေနဲ့ အခက်အခဲတွေနဲ့
ကြုံခဲ့ရတဲ့အခါ ဘယ် လို ခွန်အားမျိုးတွေနဲ့ ရှေ့ ဆက်ခဲ့ပါသလဲ။
===================================
ကျွန်တော်ကတော့ခွန်အားဆိုတာထက် ခံနိုင်ရည် နဲ့
ကြံ့ကြံ့ခိုင်ရပ် တည်ပြီး လုပ်ချင်တာကို ရင်ထဲမှာ စွဲစွဲမြဲမြဲ
ထည့်ထားပြီး လုပ်ကိုင်ခဲ့ပါတယ်။

===================================
အရင်တုန်းက စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်းတွေကို
အခုဘိုဖြူ ပြန် ဆို တဲ့အပေါ် ဆရာအားရမှုရှိပါသလား။
===================================
ကျွန်တော်ဟာ အခုထက်ထိတော့ သူများ ရေးပြီး
ကျွန်တော်ကြိုက်တဲ့ သီချင်းတွေ၊ကျွန်တော် ရေးပြီး
ပရိသတ်တွေနှစ်သက်ခဲ့တဲ့ သီချင်း တွေကို ဘယ်လိုလူမျိုးပဲ
လာဆိုဆို၊ ဆိုတဲ့သူရဲ့ ကောင်းကွက် ကိုပဲရှာကြည့် တတ်ပါတယ်။
အဲဒီ ကောင်းကွက်တစ်ကွက်ကိုပဲမူတည်ပြီး ဆိုတဲ့သူ ကိုချီးကျူး တတ်ပါတယ်။လက်ခံတတ်ပါတယ်။

===================================
ကိုယ်ပိုင်သံစဉ်အနေနဲ့ရေးဖွဲ့တဲ့အခါ မှာ ဆရာ့ရဲ့သီချင်းတွေက
အထူးအောင် မြင်ခဲ့တယ်။အဲဒါအကြောင်းအရာ
ကောင်းနေခြင်းကြောင့်လား၊ သံစဉ်ကြောင့်လား။
===================================
အခုထက်ထိ ကျွန်တော့်ကို လာမေးတဲ့ သူတွေကို ကျွန်တော် ဘာမှ ပြန်မပြောပြတတ် ပါဘူး။ သီချင်းတစ်ပုဒ်ဘာကြောင့် အောင်မြင် သလဲဆိုတာပေါ့လေ။တချို့က စာသား ကြိုက် ကြပါတယ်။
တချို့က တေး သွားလေးတွေကို ကြိုက် ကြပါတယ်။
ကျွန်တော်က ကြိုက်ကြမယ် ထင် ထား တဲ့ သီချင်းတွေလည်း
လူမကြိုက်တာ တွေ့ရတယ်။ တစ်ခါတလေကြိုက်မယ်လို့
မထင် ထားတဲ့ သီချင်းကိုကျ လူကြိုက်ပြန်ရော။ အမျိုးမျိုးပါပဲ။

===================================
သီချင်းရေးဆရာတစ်ယောက်က ငယ်ရွယ်တုန်းမှာခံစားမှုတွေ
ပြည့်နှက် ပြီးတော့ ရေးတာပိုလက်တွေ့နိုင်လား။
အခု နောက်ပိုင်း ဆရာသီချင်းရေး ကျဲသွားတာ ခံစားမှု
နည်းသွားလို့လား။ ဆရာသီချင်းရေးကျဲသွားရခြင်း
အကြောင်းအရင်းကို သိချင်ပါတယ်။ဆရာ အခုလက်ရှိမှာ
သီချင်းရေးဖြစ်နေ ပါသေးလား။
===================================
တေးရေးသူ တစ်ယောက်ဟာ များသောအားဖြင့် မသေခင်အထိ
ရေးနေတွေးနေမှာ ဒါမှမဟုတ် တွေးတာကိုရေးချင်နေမှာပဲလို
ထင် ပါတယ်။ရေး ချင်တာ ကတော့ သီချင်းပဲ။ ဒါပေမဲ့
အများအားဖြင့် တွေးဖြစ်နေ တာကေ တာ့ ဖြတ်သန်းခဲ့ပြီးတဲ့ ဘဝနောက်ကြောင်းပေါ့လေ။ကျွန်တော်ဟာ ၁၉၆၆ ကတည်းက
သီချင်းများ (ရှမ်း)ရေးခဲ့ပြီး ၊၁၉၆၈မှာစပြီးနာမည်ရ ခဲ့ပါ တယ်။ ဒီနေ့ထက်ထိလည်း ရှမ်း၊မြန်မာသီချင်းနှစ်မျိုး လုံး ရေးနေဆဲ ပါပဲ။
နောက် ဆုံး အခွေထွက်ခဲ့တာ ကတော့ ပြင်ဦးလွင် မီးပုံးပျံပွဲတော်
သီချင်း ပါ။ နောက် ဆုံးစပ်နေဆဲ ရှမ်းသီချင်းကတော့
'ကျား မျက်လုံးနဲ့လိပ်ပြာ' ဆိုတဲ့သီချင်းပါ'ကပ်မို့တာဆေ'။
မြန်မာသီချင်းကတော 'နာတာရှည်' ဆိုတဲ့ သီချင်းနဲ့
'နောက် ထပ်တစ်ပုဒ်'ဆိုတဲ့ သီချင်းတွေပါ။

===================================
အရင်တုန်းကတော့ အဆိုတော် အောင်မြင်ရင်တေးရေးဆရာတွေပါ
ပရိ သတ် သိကြတယ်။အခု နောက်ပိုင်းမှာတော့ အဆိုတော်ကိုပဲ
ပိုသိကြ တယ်။ တေးရေးဆရာ တွေက နောက်မှာကျန်ရစ်ခဲ့ကြတယ်။
အဲဒီ အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
===================================
ဒီမေးခွန်းကိုတော့ ကျွန်တော် မပြောတတ် ပါဘူး။
ဒီလိုလည်းတစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။

===================================
ပါရမီရှိတဲ့ တေးရေးဆရာတွေ၊ ပါရမီ ရှိတဲ့ အဆိုတော်တွေ
ကွယ်လွန် သွားတိုင်း ဆရာ့ရဲ့ ဂီတလောကအတွက်
နှမြောစိတ်ကိုလည်း သိချင် ပါ တယ်။
===================================
ပါရမီရှိရှိ၊မရှိရှိကျွန်တော်ကတော့ ခင်မင်တဲ့ သာမန်လူတစ်ယောက် ကွယ်လွန်သွား ရင်တောင် နှမြောစိတ်ဖြစ်ပေါ်လာတာပါပဲ။

===================================
အခုလက်ရှိ မျိုးဆက်သစ်တေးရေးဆရာတွေရဲ့ သီချင်းရေးဖွဲ့မှု
အားအပေါ် ဆရာ့အနေနဲ့ အားရမှုရှိပါသလား။
===================================
ကျွန်တော့်အနေနဲ့ တေးရေးမှန်သမျှကို ဘယ်လိုသီချင်းအမျိုးအစား ပဲရေးရေး၊အမြဲတမ်း အားပေးကြိုဆိုနေပါတယ်။ဘာလို့လဲဆိုရင်
သီချင်း တစ်ပုဒ်ရေးဖို့ဟာကျွန်တော့်အတွက် တော့တော်တော်ခက်ခဲတဲ့အလုပ်ဖြစ်နေလို့ပါ။

===================================
တေးရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင်
ဘယ်လိုလေ့လာမှုတွေ လိုအပ် မလဲ။ ဆရာ အကြံဥာဏ်ပေးပါဦး။
===================================
တေးရေးဆရာကောင်းဖြစ်ဖို့ဆိုရင် မြန်မာ စာ၊အင်္ဂလိပ်စာ ၊
တိုင်းရင်း သား ဘာသာစာ၊ နောက် နိုင်ငံခြားစာနဲ့ သီချင်းများကို
လေ့လာ ဖို့လိုအပ် ပါ တယ်။

===================================
စိုင်းခမ်းလိတ် ဖောင်ဒေးရှင်းကနေ မျိုးဆက်သစ်အဆိုတော်တွေ
မွေး ထုတ်မယ်လို့ သိရပါတယ်။ ဆရာ့ရဲ့ ဖောင်ဒေးရှင်းနဲ့
ပတ်သက်ပြီး ရှေ့ဆက် သွား မယ့်အစီအစဉ် တွေကို သိချင်ပါတယ်။
===================================
မြန်မာနိုင်ငံမှာ တေးရေးရှားနေလို့ တေး ရေးတွေအတွက်
အထောက် အကူပြုနိုင်အောင် စဉ်းစားခဲ့တာကြာပါပြီ။
နှစ်၅ဝပြည့် မွေးနေ့ တုန်းက လည်း ဖောင်ဒေးရှင်းတစ်ခု
ထောင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အခြေအနေ မပေးခဲ့ လို့မဖြစ်ခဲ့တာပါ။အခုကတော့ ကူညီထောက်ပံ့ ပေးမယ့်သူ
ပေါ်လာလို့ အစပျိုးနိုင်တာပါ။

===================================
အခုချိန်မှာတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဂီတကလည်း
အသစ်တွေ ပေါ်လာပါတယ်။ အသစ်တွေကို ဖန်တီးကြတဲ့
လူငယ်တွေအပေါ် ဆရာ့ရဲ့အားပေး စကားလေးလည်း ပြောပေးပါဦး။
အခု လက်ရှိ လူငယ်တွေ တအားကြိုက်နေကြတဲ့ ဟစ် ဟော့ပ်မြူးဇစ်အပေါ်လည်း ဆရာ့ရဲ့ထင်မြင် ချက်လေး သိချင်ပါတယ်။
===================================
ဟစ်ဟော့ပ်အပါအဝင် ဂီတအသစ်တွေ အပေါ်မှာ အမြဲလက်ခံ
ကြိုဆို အားပေးနေလျက် ပါပဲ။လူငယ်တွေကို ပြောချင်တာကတော့
အခြေ အနေပေးပေး၊မပေးပေး လုပ်ချင်တာကို တစိုက်မတ်မတ်
ကိုယ်ရော ၊စိတ်ရော၊ ဝိညာဉ်ပါ ပူးပေါင်း ကြိုးစားကြပါလို့ပါပဲ။

===================================
ဆရာ့ရဲ့သီချင်းတွေကို မျှော်နေမယ့် ပရိသတ်အတွက်
ပေါ်ပြူလာ ဂျာနယ်ကနေ အကြိုစကားလေးဆရာပြောပေးပါဦး။
===================================
သီချင်းတွေကို မျှော်နေမယ့်ပရိသတ်အတွက်တော
သီချင်းတွေ ပွင့်တဲ့ ချယ်ရီမြေသီချင်းတွေကို အားရင်
နားထောင်ကြည့်ပါလို့။
(အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ)

လင်းအက္ခရာ
Popular News
#KoNaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။