ဘာကြောင့်စာကိုနေ့ စဉ်ဖတ်သင့်တာလဲ?
သင်ဘယ်တုန်းကစာအုပ်ကိုနောက်ဆုံးဖတ်ခဲ့တာလဲ?သင်ကစာနေ့ စဉ်ဖတ်တဲ့အကျင့်မရှိတဲ့လူတွေထဲကတယောက်ဆိုရင်တော့သင်ပြင်သင့်ပါပြီ။စာဖတ်ခြင်းကြောင့်အကျိုးကျေးဇူးတွေအများကြီးဖြစ်ထွန်းပါတယ်။ဘာတွေလဲ?
- စိတ်ပိုင်းဆိုင်ရာတတ်ကြွမှုရှိုခြင်း
ခန္တာကိုယ်ထဲကကြွက်သားတွေလိုဘဲ ဦးနှောင်ဟာကျန်းမာပြီးညဏ်ရည်ထက်မြတ်ဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လဲလိုပါတယ်။ဒါ့ကြောင့်စာဖတ်သင့်ပါတယ်။စာများများဖတ်လေ အသိညဏ်တွေတိုးလာလေ တွေးခေါ်နိုင်စွမ်းတွေမြင့်တတ်လာလေပါဘဲ။
- ဖိအားတွေလျော့ကျတယ်
သင့်အလုပ်မှာဖိအားတွေဘယ်လောက်ရှိရှိ သင်လူမှုဆက်ဆံရေးမှာဖိအားတွေဘယ်လောက်ရှိရှိ သင့်နေ့ စဉ်ဘဝမှာအခက်အခဲတွေဘယ်လိုဘဲရင်ဆိုင်ရ ရင်ဆိုင်ရ ကိစ္စမရှိပါဘူး။ဒါတွေကအချိန်တန်ရင်ပြီးသွားမှာပါဘဲ။စာအုပ်ကောင်းတစ်အုပ်ဟာသင့်လက်ရှိကြုံတွေ့ နေရတဲ့ဘဝအခက်အခဲတွေနဲ့ ဝေးကွာတဲ့နယ်ပယ်တခုကိုခေါ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။သင့်ဦးနှောက်ကိုဖိအားတွေလျော့ကျစေတယ်။အနားယူမှုတွေဖန်တီးပေးတယ်။
- ဗဟုသုတရစေတယ်
သင်ဖတ်သမျှ မှတ်သမျှအရာအားလုံးကတော့သင့်ဦးနှောက်ထဲမှာအသစ်အဆန်းတွေအဖြစ်ရောက်ရှိသွားတာပါဘဲ။သင်ဗဟုသုတကြွယ်ဝလေလေသင်ကြုံတွေ့ ရမယ့်အခက်အခဲတွေကိုစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်လေပါဘဲ။စိတ်အစာကျွေးစရာလေးတွေပြောပြပါမယ်။သင်အလွန်ခက်ခဲကြမ်းတမ်းတဲ့အတွေ့ အကြုံတွေရင်ဆိုင်ရပြီးပြီလား?သင့်အလုပ် ,သင့်ပိုင်ဆိုင်မှုတွေ သင့်ငွေတွေ ယုတ်စွအဆုံးသင်ကျန်းမာရေးဆိုးရွားနေသည့်တိုင်သင့်ရဲ့ဗဟုသုတတွေကိုသင့်ဆီကဘယ်သူမှရယူနိုင်မှာမဟုတ်ပါဘူး။
- ဝေါဟာရကြွယ်ဝတယ်
သင်စာများများဖတ်လေ သင်စကားလုံးတွေ နဲ့ ပိုမိုထိတွေ့ ရလေ သင့်အတွက် ဝေါဟာရကြွယ်ဝလေပါဘဲ။သင်အင်္ဂလိပ်စာများများဖတ်ရင် သင့်အတွက် စာလုံးအသစ်အဆန်းတွေရမယ်။စကားပြောတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုရှိတယ်။စာဖတ်ခြင်းဟာဘာသာစကားအသစ်တွေသင်ယူဖို့ အရေးပါပါတယ်။
- မှတ်ညဏ်စွမ်းရည်ကိုတိုးတတ်စေပါတယ်
သင်စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါမှာ
သင်ဟာဇတ်ကောင်တွေ သူတို့ ရဲ့နောက်ခံသမိုင်းတွေ ရည်ရွယ်ချက်တွေ သူတို
့ရဲ့အသေးစိတ်လေးတွေ ကိုမှတ်သားနိုင်ဖို့ ကြိုးစားရပါတယ်။မှတ်မိဖို
့လွယ်မယ်ထင်ပါတယ်။ဒါပေမယ့်ဦးနှောက်ကယင်းတို့ နဲ့ ဆက်စပ်တဲ့အရာမှန်သမျှကိုတွေးခေါ်တတ်စေတယ်။သင်မှတ်သားလိုက်တဲ့အသစ် အသစ်မှန်သမျှဟာဦးနှောက်ထဲမှာအကန့် အသစ်တွေတိုးပွားလာတယ်။တည်ရှိပြီးသားတွေကိုပိုမိုခိုင်မာစေတ်။ခဏတာမှတ်ယူလိုက်တာဟာအမြဲမှတ်မိနေစေတယ်။ဘယ်လောက်မိုက်လဲဗြာ?
- ခွဲခြားသိမြင်နိုင်စွမ်းခိုင်မာတိုးတတ်လာတယ်
သင်စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တပုဒ်ဖတ်ဖူးလား?အဲ့ပုံပြင်မပြီးဆုံးခင်မှာဘဲသင်ဘယ်လိုဖြစ်မလဲဆိုတာကြိုသိနေလား?အဲ့လိုဆိုရင်သင်ဟာဘယ်သူကဘာဖြစ်မလဲ ဘယ်သူကတရားခံလဲဆိုတာအချက်အလက်တိတိကျကျနဲ့ ဆင်ခြင်တွေးခေါ်နိုင်နေပါပြီ။
သင်ကစာတအုပ်ရဲ့နိဒါန်းကိုဖတ်ပြီး အလေးအပေါ့ဝေဖန်နိုင်ရင်သင်ဟာတော်တော်တိုးတတ်လာပါပြီ။သင်အခြားသူတွေနဲ့ စာအုပ်တွေအကြောင်းဆွေးနွေးဘူးလား?
- အာရုံစူးစိုက်နိုင်စွမ်းတိုးတတ်လာတယ်
ကနေ့ အင်တာနက်ခေတ်ကြီးထဲမှာဘယ်အရာကိုမှအာရုံစူးစိုက်နိုင်စွမ်းမရှိကြဘဲအာရုံတွေပြန့် နေကြပါတယ်။လူငယ်တွေကြားမှာအများဆုံးပါ။လူတွေဟာ Facebook သုံးကြတယ်။တွစ်တာကိုကြည့်ကြတယ်။တနေကုန်ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေကြတယ်။ဒီလိုနေ့ စဉ်ပြုမူခြင်းဟာဖိအားများစွာရရှိစေပါတယ်။ကျွန်တော်တို့ ရဲ့ကုန်ထုတ်လုပ်နိုင်စွမ်းကိုလည်းလျော့ကြစေပါတယ်။
သင်စာအုပ်တစ်အုပ်ကိုဖတ်နေရင်သင်အဲ့စာအုပ်ထဲက အကြောင်းအရာထဲမှာဘဲအာရုံစိုက်နေမယ်။ကျန်တာတွေကိုအာရုံစိုက်ဖို့ ဆိုတာအဝေးကြီးမှာကျန်ခဲ့ပါပြီ။သင်ဟာသင်စိတ်ဝင်စားတဲ့အရာမှာဘဲနစ်မြုပ်နေခဲ့ပါပြီ။တနေ့ ကိုမိနစ်၂၀လောက် စာဖတ်တဲ့အကျင့်ကိုလုပ်ယူကြပါ။သင်အဲ့လိုအကျင့်ရသွားရင် သင့်အလုပ် သင့်ကျောင်းစာတွေမှာဘယ်လောက်အာရုံစိုက်နိုင်မလဲဆိုတာသိလာပါလိမ့်မယ်။
-အရေးအသားတွေတိုးတတ်လာမယ်
သင်ဟာဝေါဟာရကြွယ်ဝတော့သင်အသုံးပြုနိုင်တဲ့စကားလုံးတွေပေါလာမယ်။ရွေးချယ်နိုင်လာတယ်။စာရေးဆရာတွေရဲ့အရေးအသားတွေ , အသုံးပြုမှုပုံစံတွေကိုအတုယူပြီးမိမိကိုယ်ပိုင်အရေးအသားအဖြစ်ပြောင်းလဲနိုင်ပါတယ်။
- တည်ငြိမ်အေးချမ်းမှုရစေပါတယ်
သင်ဟာစာအုပ်ကောင်းတအုပ်နဲ့ အနားယူဖတ်ရှုနေရင် သင့်ကျောင်းစာတွေမှာသင်များစွာမှတ်နိုင်စွမ်းရှိပါတယ်။စာဖတ်ခြင်းဟာသွေဖိအားတွေကိုလျော့ကျစေပြီးစိတ်ကိုတည်ငြိမ်စေပါတယ်။စာဖတ်ခြင်းကြောင့်စိတ်အနာတရဖြစ်တာတွေ သိမ်ငယ်တာတွေကိုပြေပျောက်နိုင်စွမ်းရှိပါတယ်။
- လွပ်လပ်တဲ့ပျော်ရွှင်မှုကိုရစေတယ်
အချို့ ကောင်းတဲ့စာအုပ်တွေကဈေးကြီးတော့လူတိုင်းမတတ်နိုင်ကြပါဘူး။ဒါကြောင့်စာကြည့်တိုက်တွေမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။စာကြည့်တိုက်တွေမှာစာအုပ်အသစ်တွေ လစဉ်လတိုင်းရောက်ရောက်လာတာတို့ ကြောင့်အသိညဏ်တွေပိုတိုးပွားစေပါတယ်။ကနေ့ ခေတ်မှာဆိုရင် ဖုန်းတလုံးနဲ့ google ဖြစ်ဖြစ် ဝီလိကီကဖြစ်ဖြစ်ဖတ်ရှုနိုင်ပါတယ်။ပညာတတ်အသိုင်းအဝိုင်းတွေမှာစာဖတ်တဲ့အလေ့ကျင့်တခုဟာလိုက်နာရမယ့်ကျင့်ဝတ်တခုလိုဖြစ်နေပါပြီ။ခုဂိမ်းဆော့နေတာဖြစ်ဖြစ် Facebook သုံးနေတာဖြစ်ဖြစ် chatting ထိုင်နေတာဖြစ်ဖြစ် အဲ့နေရာကနေထွက်ခဲ့လိုက်စမ်းပါ။သင့်အသိညဏ်တွေ စိတ်ကိုအစာကျွေးဖို့ စာအုပ်တအုပ်ဖတ်လိုက်စမ်းပါ။
#reading
#Toptenteam
Credit. To. TopTen
သင်ဘယ်တုန်းကစာအုပ်ကိုနောက်
- စိတ်ပိုင်းဆိုင်ရာတတ်ကြွမှု
ခန္တာကိုယ်ထဲကကြွက်သားတွေလို
- ဖိအားတွေလျော့ကျတယ်
သင့်အလုပ်မှာဖိအားတွေဘယ်လော
- ဗဟုသုတရစေတယ်
သင်ဖတ်သမျှ မှတ်သမျှအရာအားလုံးကတော့သင်
- ဝေါဟာရကြွယ်ဝတယ်
သင်စာများများဖတ်လေ သင်စကားလုံးတွေ နဲ့ ပိုမိုထိတွေ့ ရလေ သင့်အတွက် ဝေါဟာရကြွယ်ဝလေပါဘဲ။သင်အင်္ဂလ
- မှတ်ညဏ်စွမ်းရည်ကိုတိုးတတ်ေ
သင်စာအုပ်တစ်အုပ်ကိုဖတ်တဲ့အ
- ခွဲခြားသိမြင်နိုင်စွမ်းခို
သင်စိတ်ဝင်စားစရာကောင်းတဲ့ပ
သင်ကစာတအုပ်ရဲ့နိဒါန်းကိုဖတ
- အာရုံစူးစိုက်နိုင်စွမ်းတို
ကနေ့ အင်တာနက်ခေတ်ကြီးထဲမှာဘယ်အ
သင်စာအုပ်တစ်အုပ်ကိုဖတ်နေရင
-အရေးအသားတွေတိုးတတ်လာမယ်
သင်ဟာဝေါဟာရကြွယ်ဝတော့သင်အသ
- တည်ငြိမ်အေးချမ်းမှုရစေပါတယ
သင်ဟာစာအုပ်ကောင်းတအုပ်နဲ့ အနားယူဖတ်ရှုနေရင် သင့်ကျောင်းစာတွေမှာသင်များ
- လွပ်လပ်တဲ့ပျော်ရွှင်မှုကို
အချို့ ကောင်းတဲ့စာအုပ်တွေကဈေးကြ
#reading
#Toptenteam
Credit. To. TopTen
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။