Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 27, 2017

ကျည်ဆံ (၄) တောင့်ရဲ့အခြားတစ်ဖက် (ခ) ဂျွန်လင်နွံသေဆုံးခြင်း.



Scorpion Soup For Soul added 11 new photos to the album: ကျည်ဆံ (၄) တောင့်ရဲ့အခြားတစ်ဖက် (ခ) ဂျွန်လင်နွံသေဆုံးခြင်း.

နိဒါန်း
နယူးယောက်မြို့ရဲ့ တစ်ခုသောညတစ်ညမှာ သေနတ်သံ (၅) ချက်ကြားလိုက်ရတယ်။ ဆူညံနေတဲ့ကားသံတွေကြားမှာ တချို့သူတွေလဲ ရုတ်တရက်ဆိုတော့ သေနတ်သံကို ဂရုမထားမိကြဘူး။ ခပ်လှမ်းလှမ်းမှာရှိတဲ့ လူ ၄-၅ ယောက်လောက်တော့ သေနတ်အပစ်ခံလိုက်ရတဲ့ လူဆီအုံလာကြတယ်။ အပစ်ခံရသူက လမ်းမပေါ် ပစ်လဲကျသွားတာ။ ရင်ဘတ်က ဒဏ်ရာထဲက သွေးထွက်နေတာကို လက်နဲ့ဖိဖို့ ကြိုးစားနေတဲ့သူ့ဆီကို သူနေတဲ့တိုက်မှာအလုပ်လုပ်တဲ့လူက ပြေးလာတယ်။ သွေးသံတရဲရဲနဲ့ အပစ်ခံရသူက စကားသံတိုးတိုးလေးနဲ့ ပြောတယ်။ "ငါ အပစ်ခံလိုက်ရပြီ။ ငါအပစ်ခံလိုက်ရပြီ " တဲ့။
သူ့ရင်ဘတ်ကထွက်လာတဲ့ သွေးတွေက မြင်မကောင်းဘူး။ သေနတ်သမားက သေနတ်ကိုကိုင်ပြီး ငေါင်ငေါင်ကြီးလုပ်နေတယ်။ သေနတ်သမားရဲ့ လက်ထဲက သေနတ်ကို သူလွှင့်ပစ်လိုက်တယ်။ ပြီးတော့ သူဒေါသတကြီးနဲ့ အော်မေးလိုက်တယ်။ "မင်းဘာလုပ်လိုက်သလဲဆိုတာ မင်းသိရဲ့လား" ။ သေနတ်သမားက ပြန်ဖြေတယ်။ "ဂျွန်လင်နွံကို ငါသေနတ်နဲ့ပစ်သတ်လိုက်တာ" တဲ့။
ယဉ်ကျေးတဲ့လူ့သမိုင်းကြီးဟာ ရုတ်တရက်ဆို မဲမှောင်သွားတယ်။ ဂျွန်လင်နွံရဲ့အဲဒီနေ့ကပဲသွင်းထားတဲ့ သီချင်းအကြမ်းခွေလေးတွေ လမ်းမပေါ်တစ်စစီ ပြန့်ကျဲလို့။
အပိုင်း (၁) ဒီဇင်ဘာအနိဌာရုံ
အဲဒီညက ဂျွန်လင်နွံဟာ နယူးယောက်မြို့ရဲ့ မက်ဟက်တန်မှာရှိတဲ့ နေအိမ်ကိုပြန်လာတာ။ တကယ်တော့ သူအတော်ကြီးပင်ပန်းနေတယ်။ မနက်ပိုင်း ခပ်စောစောလေး ဆံပင်သွားညှပ်တယ်။ ပြီးတော့ Rolling Stones Magazine နဲ့အင်တာဗျူးလုပ်တယ်။ အင်တာဗျူးသမားက သူ့ကို Magazine ကာဗာပုံတင်ချင်လို့ ဓါတ်ပုံကိုအသေအချာရိုက်တယ်။ အင်တာဗျူးလုပ်တာချည်းပဲကိုက တစ်နာရီခွဲ ကြာတယ်။ တကယ်တမ်း ကာဗာပုံရွေးတော့ အင်တာဗျူးသမားက ဂျွန်လင်နွံတယောက်တည်းပုံပဲရွေးတယ်။ ဂျွန်က မဟုတ်ဘူး ၊သူ့မိန်းမ ယိုကိုအိုနိုနဲ့ နှစ်ယောက်တွဲပုံပဲ တင်စေချင်တာ။ ပြီးတော့ သူစတူဒီယိုဆက်သွားတယ်။ သူနဲ့ ယိုကိုနဲ့က ခွဲလို့မရဘူး။ လင်မယားလဲဖြစ်၊ ရဲဖော်ရဲဖက်လဲ ဟုတ်တယ်။ ယိုကိုက အနုပညာလွတ်လပ်ခွင့်နဲ့ ပြင်သစ်နိုင်ငံက စီးဆင်းလာတဲ့ဒဿနတွေကို လက်ဟန်ခြေဟန်တွေနဲ့ ပြောတိုင်း ဂျွန်က ဂစ်တာလေးပိုက်ပြီး အေးဆေးနားထောင်တယ်။ ဂျွန်က သီချင်းသွင်းတိုင်း စိုးရိမ်တတ်တာ။ ဒီနေ့လဲ အတူတူပဲ။ ယိုကိုရဲ့သီချင်းဖြစ်တဲ့ Walking on Thin Ice သီချင်းလေး Mix လုပ်တယ်။ ဂျွန်က ဂစ်တာတီးပေးထားတဲ့သီချင်း။ စတူဒီယိုကပြန်လာချိန်မှာ ည ၁၀ နာရီခွဲနေပြီ။ လင်မယား ၂ ယောက်စလုံး ဗိုက်ဆာနေပေမယ့် ၅ နှစ်သားအရွယ် သားတော်မောင် Sean လေးမအိပ်ခင်မှာ နှုတ်ဆက်စကားပြောချင်သေးလို့ ညစာထွက်မစားခင်မှာ အိမ်ခဏပြန်လာတာ။
အပိုင်း (၂) နောက်ကျောက ပစ်တဲ့ ကျည်ဆံများ
ဂျွန်လင်နွံဟာ ကားပေါ်ကဆင်းလာချိန်မှာ သူ့အနားကို ချဉ်းကပ်လာသူက Mark David Chapman လို့အမည်ရတဲ့ အသက် (၂၅) နှစ်အရွယ် လူငယ်တယောက်ဖြစ်တယ်။ သူဟာ ဒီမနက်ကပဲ ဂျွန်ဆီကနေပြီး Double Fantasy အခွေလေးကို လက်မှတ်ထိုးခိုင်းခဲ့သူဖြစ်ပါတယ်။ သူက ဂျွန်ကို စီဒီလေးထိုးပေးတော့ ဂျွန်က မဆိုင်းမတွပဲ လက်မှတ်ထိုးပြီးပေးတယ်။ ဂျွန်က ပြုံးပြီးတော့ စီဒီလေးကိုပြန်ပေးတယ်။ "မင်းလိုချင်တာ ဒါမဟုတ်လား" တဲ့။ သူအမှတ်တရလက်မှတ်ရေးထိုးပေးလိုက်သူဟာ သိပ်မကြာခင်မှာ သူ့ကိုသတ်လိမ့်မယ်လို့ ဂျွန်တစ်ယောက်ဘယ်သိမလဲ။ မာ့ခ်ဟာ ဂျွန်ကိုသတ်ဖို့ အရင်တုန်းက ကြိုးစားဖူးတယ်။ အတိအကျပြောရရင် Double Fantasy အယ်လ်ဘန်ထွက်တုန်းကတည်းကပဲ။ သူနေတဲ့ ဟာဝိုင်ယီကျွန်းကနေပြီး နယူးယောက်ကိုလာပြီး ဂျွန်ကိုသတ်ဖို့ ကြံစည်ဖူးတယ်။ ဒါပေမယ့်အဲဒီတုန်းက သတ်ခါနီးမှ သူ့စိတ်ပြောင်းသွားပြီး မသတ်ဘဲ သူပြန်လာခဲ့တယ်။
ဓါတ်ပုံဆရာ Paul Goresh ဟာ ဂျွန်လင်နွံကို ဓါတ်ပုံတွေ ဆက်တိုက်ဆိုသလိုရိုက်နေရင်းနဲ့ မကြာခင်မှာ ဂျွန်ကိုသတ်တော့မယ့် မာ့ခ်နဲ့ဂျွန်တို့ အတူရပ်နေတဲ့ပုံကို အမှတ်တမဲ့ရိုက်မိတယ်။ ဒီဓါတ်ပုံဟာ မရည်ရွယ်ဘဲ ကျွန်တော်တို့လူသားသမိုင်းမှာ ကြောက်စရာအလွန်ကောင်းတဲ့ပုံတစ်ပုံ ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ မကြာခင်မှာ ကိုယ့်ကို ရန်ငြှိုးရယ်လို့ မြူတစ်မှုံတောင်မရှိပါပဲ သွေးအေးအေးနဲ့သတ်မယ့်လူတစ်ယောက်ကို ဖက်လဲတကင်းလုပ်နေမိတာ။ ပြန်တွေးကြည့်လေ ကြက်သီးထမိလေပါပဲ။
အပိုင်း (၃) လူ့ယဉ်ကျေးမှုကို အလဲထိုးခြင်း
ဂျွန်ဟာ ကားပေါ်ကဆင်းလာပြီး သူ့အိမ်ရှိရာကို လမ်းလျှောက်လာတယ်။ သူ့နောက်ကနေပြီး လူသတ်သမား မာ့ခ်ဟာ ဂျွန်ကိုနာမည်လှမ်းခေါ်လိုက်တာ "မစ်စတာ လင်နွံ"။ ဂျွန်ဟာ နောက်လှည့်ဖို့တောင် အချိန်မရခင်မှာ လူသတ်သမားမာ့ခ်ဟာ သူ့မှာ အသင့်ယူလာတဲ့ ပွိုင့် ၃၉ သေနတ်နဲ့နောက်ကနေချိန်ပြီးပစ်တယ်။ ပထမကျည်ဆံက ဂျွန်ရဲ့ ခေါင်းကိုကျော်ပြီး ဂျွန်ရဲ့အိမ်အဆောက်အဦးကိုသွားမှန်တယ်။ ကျည်ဆံ နှစ် တောင့်က ကျောရဲ့ဘယ်ဖက်ခြမ်းကိုထိတယ်။ နောက် နှစ်ချက်က ဘယ်ဖက်ပုခုံးကိုထိတယ်။ ကျည်ဆံတွေက နှလုံးနားက သွေးပြန်ကြောကြီးတွေကို တိုက်ရိုက် ထိသွားတာပါ။ ဆေးရုံရောက်ချိန်မှာ သူ့ရဲ့ သွေး ၈၀% ကဆုံးရှုံးသွားခဲ့ပြီ။
အရေးပေါ်ဌာနက ဌာနမှူး ဒေါက်တာစတီဖင်လင်းက ပြောပြတယ်။ "ကျည်ဆံတွေက ချက်ကောင်းထိတာ။ သွေးပြန်ကြောတွေက ဘယ်လိုမှ အဖတ်ဆယ်လို့မရအောင်ပျက်စီးကုန်တာ။ ပြောရရင် အခုခွဲခန်းထဲမှာ ပစ်ပြီး အခုချက်ချင်းဆရာဝန်တွေကကုမယ်ဆိုရင်တောင် အသက်မီစရာ အကြောင်းမရှိဘူး"။ ခွဲခန်းရဲ့အပြင်မှာ မျက်ရည်စက်လက်နဲ့စောင့်နေတဲ့ ယိုကိုအိုနိုဟာ ဆရာဝန်ရဲ့မျက်နှာရိပ်ကို ချက်ချင်းသိတယ်။ ဆရာဝန်က လူနာဆုံးသွားကြောင်းပြောတော့ ယိုကိုက အော်ပြီးငိုတယ်။ ဆေးရုံရဲ့ကြမ်းပြင်ပေါ်ခွေကျသွားရင်း အော်ပြီးပြောတယ်။ "နိုး...နိုးးး နိုးးးဒါတကယ့်အဖြစ်အပျက်မဟုတ်ဘူးဆိုတာ ပြောလိုက်စမ်းပါ"။ ယိုကိုဟာ ဖြေမဆည်နိုင်။
ယိုကိုဝမ်းအနည်းဆုံးကတော့ ဂျွန်ကို သူ အကာအကွယ်မပေးနိုင်ခြင်းပါပဲ။ အမေဖြစ်သူကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့ရတဲ့ ဂျွန်ဟာ အမေရဲ့(မေတ္တာ)ငတ်သူဖြစ်ပါတယ်။ ဂျွန်ဟာ စိတ်ခံစားမှုအရ မလုံခြုံသူဖြစ်တယ်။ ယိုကိုကတော့ စိတ်ဓါတ်မာကျောသူတစ်ဦးဖြစ်ပါတယ်။ ယိုကိုဟာ အမေတစ်ယောက်က သားငယ်ကိုအကာအကွယ်ပေးသလိုမျိုး ဂျွန်ကိုအကာအကွယ်အမြဲပေးခဲ့သူဖြစ်တယ်။
ဥပမာ - ဘီတယ်စ်တွေ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲနေချိန်မှာရော၊ နောက်ပြီးတော့တရားဝင် တီးဝိုင်းကွဲကြတဲ့အချိန်မှာပါ ဂျွန်ဟာ စိတ်ဆင်းရဲလွန်းခဲ့တာကို ယိုကိုက အစ်မကြီးတယောက်လို ထိန်းသိမ်းပေးခဲ့တာ။ ယုတ်စွအဆုံးဗျာ ဂီတသာထူးချွန်ပြီး အခြားဘာမှနားမလည်တဲ့ ဂျွန်ကို ချက်လက်မှတ်ဘယ်လိုရေးရတယ်ဆိုတာကအစ ယိုကိုအိုနိုက သင်ပေးခဲ့တာ။
သွေးရူးသွေးတန်းဖြစ်နေတဲ့ ယိုကိုအိုနိုကို သူနာပြုဆရာမလေးက ဂျွန်ဝတ်ဆင်ထားတဲ့ လက်ထပ်လက်စွပ်ကလေးကို ယိုကိုအိုနိုကိုပေးလိုက်တော့ ချက်ချင်းဆိုသလို ယိုကိုတစ်ယောက် အငိုရပ်သွားတယ်။
အပိုင်း (၄) ဂျွန်လင်နွံသေဆုံးခြင်း
ဂျွန်လင်နွံဟာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါပြီ။ သူ့ကိုချစ်တဲ့ နိုင်ငံတကာမှာရှိတဲ့ပရိသတ်ကြီးကတော့ ချက်ချင်းမသိသေးပါဘူး။ အေဘီစီသတင်းဌာနက ဂျွန်လင်နွံရဲ့သတင်းကိုရလိုက်ပြီ။ ယိုကိုက သတင်းထောက်ကို တောင်းပန်တယ်။ သူ့အဖေဆုံးသွားတာကို ငါကိုယ်တိုင်ပဲ ငါ့သားလေးကို အရင်ပြောပါရစေ။ သူ့အဖေရဲ့သတင်းကို တီဗီကနေ အရင်ဆုံးကြားလိုက်ရရင် စိတ်ပိုပြီးထိခိုက်မှာစိုးလို့ပါ။ သတင်းထောက်က သဘောတူတယ်။ အဲဒီညက အမေရိကန်ဘောလုံးပွဲရှိတယ်။ (American Football) ဘောလုံးပွဲကိုတိုက်ရိုက်လွှင့်နေတဲ့ အေဘီစီသတင်းဌာနက ဂျွန်လင်နွံသေဆုံးသွားပြီဆိုတဲ့သတင်းကို ဘောလုံးပွဲ ခဏနားချိန်မှာ ကြေညာလိုက်တယ်။ ဘောလုံးပွဲကို လက်သီးလက်မောင်းတန်းပြီး အားပေးနေတဲ့ ပရိသတ်တွေ ခေါင်းငိုက်စိုက်ကျသွားတယ်။
တစ်ကမ္ဘာလုံး မီးမှောင်ကျသွားသလိုမျိုး။ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဝမ်းနည်းကြေကွဲမှုက သန်းပေါင်းများစွာသော လူတွေရင်ထဲမှာ လှိုက်တက်သွားတယ်။ ဘဝကြီးဟာ မရဏကာရံ အပြည့်နဲ့ အသက်ရှူကြပ်စရာသိပ်ကောင်းလွန်းတယ်။
အပိုင်း (၅) ပူဆွေးသောက ဗျာပါဒ
ဂျွန်လင်နွံသေဆုံးခြင်းဟာ ဂီတချစ်သူတွေတင်မကဘူး ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး၊ ချစ်ခြင်းတရားဦးထိပ်ထားသူများ၊ မိသားစု၊ အစရှိတဲ့သန်းပေါင်းများစွာသောလူသားတိုင်းကို စိတ်ထိခိုက်စေတယ်။ သူတို့အိမ်ရှေ့မှာ လူတွေစုရုံးပြီး ဆုတောင်းကြတယ်။ နိုင်ငံတကာမှာလဲ ဆုတောင်းပွဲတွေလုပ်ကြတယ်။ တချို့မြို့တွေမှာဆို လူပေါင်း သိန်းနဲ့ချီပြီး ဆုတောင်းပွဲလုပ်ကြတာ။ ဥပမာပြောရရင် ဂျွန်လင်နွံအသတ်ခံရတဲ့နေရာနဲ့မလှမ်းမကမ်းမှာ Central Park လို့အမည်ရတဲ့ပန်းခြံကြီးရှိတယ်။ အဲဒီထဲမှာ လူ ၂ သိန်းကျော်စုပြီး ဆုတောင်းကြတာပါ။
ပိုပြီးပူဆွေးဖို့ကောင်းတဲ့အဖြစ်သနစ်ကတော့ ဂျွန်လင်နွံအသတ်ခံရတဲ့သတင်းကို ကြားပြီးနောက်ပိုင်းမှာ သူ့ပရိသတ်တချို့ မိမိကိုမိမိ အဆုံးစီရင်ကြခြင်းဖြစ်ပါတယ်။ သူတို့တတွေ သေကြောင်းမကြံခင်မှာရေးထားခဲ့တဲ့စာတွေထဲမှာ သူတို့ဟာ ငြိမ်းချမ်းရေးအတွက် ဂျွန်လင်နွံဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြတာ။ အဲဒီမှာ ယိုကိုအိုနိုအနေနဲ့ မတတ်သာတဲ့အဆုံး ဂျွန်လင်နွံရဲ့ပရိသတ်ကြီးကို နှစ်သိမ့်တဲ့စာတစ်စောင်ရေးဖို့ဖြစ်လာပါတယ်။ In Gratitude (ကျေးဇူးတရားများစွာဖြင့်) လို့အမည်ရတဲ့ စာအရှည်ကြီးတစ်စောင်ရေးပြီး ပြည်သူတွေကို နှစ်သိမ့်ရတယ်။ အဲဒီစာကို ဇန်နဝါရီ ၁၈ ရက်နေ့ ၁၉၈၀ နေ့ထုတ် New York Times နဲ့ Washington Post သတင်းစာကြီး နှစ်စောင်မှာ စာမျက်နှာအပြည့် ထည့်သွင်းကြေညာခဲ့ရတယ်။
ပြည်သူကိုသာ သူက နှစ်သိမ့်နေတာပါ။ သူ့အဖြစ်ကို ပြည်သူတွေမသိနိုင်ဘူး။ သူဟာ စိတ်ဆင်းရဲလွန်းလို့ ဆရာဝန်တွေကိုယ်တိုင်က မျက်ခြေမပြတ် စောင့်ကြည့်နေရချိန်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကိုယ်သူသေကြောင်းကြံမှာစိုးလို့ သူ့အခန်းထဲမှာ ချွန်ထက်တဲ့အရာမှန်သမျှ ဘာတစ်ခုမှ မထားစေဘဲ သူနာပြုဆရာမနဲ့အတူ အမြဲစောင့်ကြည့်စေခဲ့တာပါ။ ယိုကိုအိုနိုက သူနဲ့ ဂျွန်တို့ဟာ ဘယ်လိုလင်မယားလဲဆိုတာ အခုလိုရှင်းပြဖူးပါတယ်။ "ငါနဲ့ ဂျွန်နဲ့က ဘယ်လိုအတွဲလဲဆိုတော့ ပြောက်ကျားစနစ်နဲ့တိုက်နေတဲ့ သူပုန် ၂ ယောက်လိုပဲ။ တစ်ယောက်နဲ့တစ်ယောက်က သွေးသောက်ရဲဘော်တွေလိုနေတာ။ တော်လှန်စရာအဖြစ်သနစ်တွေ အားလုံးမှာ ငါတို့အတူတကွ ချီတက်ခဲ့ကြတာ"။
အပိုင်း (၆) ဂျွန်လင်နွံကို ဘာကြောင့်သတ်ရပါသလဲ
ဒီမေးခွန်းဟာ ဘယ်သူမှ အတိအကျ မဖြေနိုင်ပါဘူး။ အငြင်းပွားစရာအလွန်ကောင်းလွန်းလို့ပါ။ သေနတ်နဲ့ပစ်သူဟာ မာ့ခ်ဒေးဗစ်ချက်မင်း ဆိုတာလူတိုင်းသိပေမယ့် ဂျွန်လင်နွံလို ငြိမ်းချမ်းရေးသမားတယောက်ကို သွေးအေးအေးနဲ့သတ်ရလောက်အောင်အထိ အမုန်းတရားက မကြီးကျယ်ဘူး။ ထောင်ထဲမှာ လူသတ်သမားမာ့ခ်ကို အင်တာဗျူးတော့ ဘာကြောင့်သတ်လဲဆိုတာကို ဟောဒီလိုပြောခဲ့တယ်။ "ငါ့စိတ်ထဲမှာ အမြဲတမ်းစွဲနေတဲ့အရာတခုရှိတယ်။ သူ့လို နာမည်ကြီးတစ်ယောက်ကိုသတ်လိုက်ရင် ငါဟာ လူတိုင်းသိသွားမယ့်လူတစ်ယောက်ဖြစ်မယ်ဆိုတာပဲ"။ နာမည်ကြီးချင်ရုံနဲ့သတ်တယ်ဆိုတာကြတော့လဲ မခိုင်လုံသလိုကြီးဖြစ်နေတယ်။ ဒီလူသတ်မှုကို သူကချက်ချင်းဝန်ခံခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရခြင်းဖြစ်ပါတယ်။
ဂျွန်လင်နွံကိုဘယ်သူသတ်သလဲဆိုတဲ့မေးခွန်းမေးတိုင်း အပြစ်အတင်ခံရသူကတော့ အမေရိကန်အစိုးရကိုယ်တိုင်ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဂျွန်လင်နွံကို ခါးခါးသီးသီးမုန်းတီးရတဲ့ အကြောင်းရင်းက အတော်များပါတယ်။ ဘယ်လောက်အထိ မုန်းတီးသလဲဆိုတော့ ဒီလောက်နာမည်ကြီးတဲ့ ရော့ခ်စတားတယောက်ကို ပေါ်ပေါ်တင်တင် ပြည်နှင်ဒဏ်ပေးရလောက်အောင်အထိ စနစ်တကျကြံစည်ဖူးပါတယ်။ ဂျွန်ဟာ အမေရိကန်အစိုးရရဲ့နံပတ်(၁) ရန်သူဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဗီယက်နမ်စစ်ပွဲဆန့်ကျင်လို့ပါ။
ဗီယက်နမ်နိုင်ငံရဲ့တောကြီးမျက်မည်းထဲမှာ အမေရိကန်စစ်သားပေါင်းများစွာ သေကြေနေချိန်မှာ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ဖိအား၊ အမေရိကန်ပြည်သူတွေရဲ့ မကျေနပ်သံတွေကို အတော်ခံလေးခံစားရပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်စစ်ပွဲဆန့်ကျင်သူတွေထဲမှ ဂျွန်လင်နွံဟာ အကြီးမားဆုံးသော ကြယ်ပွင့်ဖြစ်ခဲ့တယ်။ သူရေးခဲ့တဲ့ Give Peace a Chance, Power to the People, and Working Class Hero သီချင်း ၃ ပုဒ်ဟာ တော်လှန်ရေးသီချင်းတွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုရှေးရှုပြီးတော့ စစ်ဆန့်ကျင်သူတွေရဲ့ နိုင်ငံတော်သီချင်းသဖွယ်ဖြစ်ခဲ့ပါတယ်။ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတိုင်းမှာ ဒီသီချင်း ၃ ပုဒ်ကို လက်ခုပ်လက်ဝါးတီးပြီး လူတွေသီဆိုအော်ဟစ်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာ Green Card နဲ့နေတဲ့ ဂျွန်လင်နွံကို အမေရိကန်အစိုးရက Green Card သက်တမ်းတိုးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသားဖြစ်တဲ့ ဂျွန်ကို အမေရိကန်နိုင်ငံသားဘယ်လိုပဲလျှောက်လျှောက် ပေးဖို့အစီအစဉ်မရှိဘူးဆိုပြီး ဂျွန်ရဲ့ရှေ့နေကို အမေရိကန်အစိုးရက တရားဝင်အကြောင်းပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဂျွန်လင်နွံကို မုန်းတီးမှုက လူသိရှင်ကြားဖြစ်ပါတယ်။
နိဂုံး - နိဂုံးမရှိသော ဂျွန်လင်နွံရဲ့ဖြစ်တည်မှု
ဂျွန်လင်နွံရဲ့အသက်ကိုသတ်တာက သူ့နောက်ကျောကပစ်တဲ့ ကျည်ဆံ (၄) တောင့်ဖြစ်ပါတယ်။ ကိုယ်ပစ်တဲ့လူကိုကိုယ့်နာမည်ကိုယ်တောင် ထုတ်မပြောရဲလောက်အောင် သူရဲဘောကြောင်သူ မာ့ခ်ဒေးဗစ်ချက်မင်ဆိုတဲ့လူက ဒီကျည်ဆံ (၄) တောင့်နဲ့ ဂျွန်လင်နွံကို သတ်ခဲ့ခြင်းဖြစ်ပါတယ်။ လူသတ်သမား မသိတဲ့ ဂျွန်လင်နွံရဲ့ သေခြင်းတရားနဲ့ပတ်သက်တဲ့ ခံယူချက်လေးတခုကို မျှဝေပါရစေ။
"သေခြင်းတရားကို ကျွန်တော်မကြောက်ပါဘူး။ ကြောက်ရွံ့စရာလို့ မထင်ပါဘူး။ သေခြင်းတရားဆိုတာ ကားတစ်စီးထဲကနေဆင်းလာပြီး နောက်ကားတစ်စီးပေါ်တက်လိုက်ခြင်းလိုပါပဲ။ ဒါ့ထက်မပိုပါဘူး"
ဂျွန်လင်နွံဘယ်လိုအသတ်ခံရတယ်ဆိုတာထက် သူဟာ ဒီလောကကြီးကို ဂီတနဲ့ဘယ်နည်းဘယ်ပုံ ပိုမိုလှပအောင် ခြယ်မှုန်းခဲ့သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ သူ့ဘဝကို ဘယ်လိုရှင်သန်နေထိုင်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ သူဟာ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေးအစရှိတဲ့ မွန်မြတ်သောအလုပ်တွေကို သန်းပေါင်းများစွာသော လူတွေရင်ထဲမှာကိန်းအောင်းအောင် ဆောင်ရွက်ခဲ့တယ်။ ဒီအတွက်သူဟာ အသက်စွန့်ခဲ့တယ်။ ဒါကြောင့် ဂျွန်လင်နွံရဲ့ဖြစ်တည်မှုဟာ ဘယ်သူမှ သတ်လို့မရဘူး။ အဲဒါကိုနားလည်အောင် သူရဲဘောကြောင်တဲ့ လူသတ်သမားနားလည်အောင်ရှင်းမပြနိုင်ဘူး။
Rest in Peace, John
ခင်တဲ့
ကိုဝီ
မှတ်တမ်း (၁) ဘီတယ်လ်စ်ရဲ့သီချင်းတွေနဲ့ ကျွန်တော် (၆) တန်းအရွယ်မှာ မိတ်ဆက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဖခင်ကို ဒီပို့စ်လေးနဲ့ ရှိခိုးဦးတင်ပါတယ်။
မှတ်တမ်း (၂) Working Class Hero သီချင်းတစ်ပုဒ်တည်းနဲ့ ကိုဝီ (ခ) သန့်ဇင်မြင့်ဆိုသူကို ရာသက်ပန်တော်လှန်ရေးသမားအဖြစ်မွေးထုတ်ပေးလိုက်တဲ့ ကွယ်လွန်သူဂျွန်လင်နွံကို ဒီဆောင်းပါးနဲ့ ဂါရဝပြုပါတယ်။ တရားမျှတမှု၊ ချစ်ခြင်းတရား၊ စစ်ဆန့်ကျင်ရေး၊ မိသားစုတန်ဖိုးအစရှိတဲ့တန်ဖိုးတွေကို ဂီတကတဆင့် သင်ကြားပေးတဲ့ကျေးဇူးတစ်သက်မမေ့ပါဘူး။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။