Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 26, 2017

ဦးကိုနီအလောင်းနောက်ကွယ်က လက်မဲကြီး

 
 
ဦးကိုနီအလောင်းနောက်ကွယ်က လက်မဲကြီး

အားလုံး စာဖတ်သူများသိကြပြီးသလို ကြည်လင်းနှင့် မြင့်ဆွေ( အောင်ဝင်းဇော်) တို့ တွေ့ကြပုံပြောပြစရာမလိုအောင်ကိုပင် စာရေးသူထက်ပင် ဂုဏ်ထူးထွက်အောင် မှတ်မိ ကြကြောင်း ချီးကျူးပြောရပါမည်။

လူသတ်သမား ကြည်လင်းဟာ မြင့်ဆွေ (အောင်ဝင်းဇော်) ဒီအက်အေ အမှတ်(၃၄) ဆင်း၏ မိတ်ဆွေတွေ ဘယ်သူပါလဲ။ အမေ၇ိကန်မှာ၇ှိတဲ့ ဆူရှီလိပ်တယ်ဆိုတဲ့ ဗိုလ်ပြုတ်တစ်ဦးက အတိကျပါ..ပြီးတော့ ရဲမိုးတို့ ..ကျော်စွာတို့ အားလုံး တအုပ်စုတည်း လို့ ၁၀၀% ပြောရပါမယ်။ သူတို့ မသိတဲ့ လောဂျစ်တစ်ခု ကျနော် သိတာ ပြောနိုင်ပါတယ်။ ထောင်မင်းသားတွေဟာ ထောင်ပြင်ရောက်ပြီး တိုင်းပြည်တစ်ခုလုံး သတ်ဖြတ် ထောင်းထဲပြန်ဝင်ရလည်း သူတို့ ပျော်ရွှင်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နန်းပလ္လင်သည် ထောင်းတွင်းမှာပင် ရှိသောကြောင့်လို့ပင် ဖြစ်၏။

သို့သော် တပ်မတော် အရာရှိ ဘ၀မှ ရာဇ၀တ်မှုအမျိုးမျိုးဖြင့် ထောင်ကျပြီး ပြန်ထွက်လာလျင် တပ်မတော် အရာရှိ ပြန်ဖြစ်လာမည်ဆိုသော (၂၀၀၈) ဖွဲ့စည်းပုံတွင် ကမောက်ကမ ပြဌာန်းထားသော အချက်လက်တွင် စစ်မှု ပြန်လည် ထမ်းဆောင်နိုင်ခွင့် ဖြင့် ၄င်းတို့အား မက်လုံးပေး လူမွေးထားခြင်းကြောင့် ယနေ့ ထောင်ထွက် တပ်မတော် အရာ၇ှိ ၈၀ % လောက် စိတ်ကူးဆက်ယဉ်နေကြပြီး အဘတို့ သဘောကျအောင် အမျိုးမျိုး မိုက်ပြနေသော လောဂျစ်ကို ကျနော် ရှင်းရှင်းလင်း အများပြည်သူများ မြင်သာအောင် ပြောလိုက်ရခြင်းဖြစ်ပါသည်။ သို့သော် ၄င်းတို့၏ နန်းပလ္လင်အစစ်သည် အကျဉ်းထောင်ထဲတွင်သာ ၇ှိကြောင်း ၄င်းတို့ မေ့နေကြခြင်းဖြစ်လေသည်။

ထောင်ထွက် ထောင်ဘုရင်များ အပြင်ရောက်လျင် ဘယ်သူ့ကို အရင်ရှာသနည်း ထောင်ထွက်တိုင်း သိပါသည်။
(၂၀၁၄) ထောင် ရာဇာများကို သမ္မတကြီး၏ နိုင်ငံတော် လိုအပ်လျင် ဖျက်ဆီးလိုမှု အလိုတော်အရ ထောင်မှ မထွက်ခင် ထောင်ဘုရင်ရာဇာကြီးများကို နှစ်အလိုက် အမှုအလိုက် တန်းစီပြီး မိန့်ခွန်းချွေကြတဲ့အထဲမှာ အားလုံးမသိသော သမ္မတကြီး ဦးသိန်းစိန်မှ မှာကြားလိုက်သော သမ္မတကြီး မေတ္တာတော် စေတနာ ချီးမွမ်းခန်းကို ဖတ်ပြပါတယ်။ အဆိုပါ ချီးမွမ်းခန်းရဲ့ အဓိပ္ပါယ်ကတော့ သမ္မတကြီးမှ တိုင်းပြည် ဒီမိုကရေစီစနစ်သို့ ချီတက်နေပြီး မိမိတို့ ထောင်ပြင်ရောက်လျင် နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရတို့၏ လိုအပ်သမျှ တိုင်းပြည်လိုအပ်ချက်များကို ပြန်လည် ဖြည့်တင်း၍ အားနှင့် အင်နှင် ဆောင်ရွက်ပေးဖို့ ဂါထာ သုတ် မန္တန်များ ရွတ်ပြပြီး လူမိုက်များကို သစ္စာခံခိုင်းသည့် သဘောဖြင့် ထောင်မှ လွတ်ပေးခဲ့ကြလေသည်။

ဆိုလိုချင်သော အကြောင်းရာမှာ ပန်ဒိုရာ သေတ္တာထဲတွင် ထည့်သွင်းပိတ်လှောင်ထားသော အေသင် အင်ပါယာအတွင်းမှ နာနာဘာဝပေါင်းစုံတို့အား လုပ်ချင်ရာ လုပ်ကြဖို့ အဖုံးဖွင့်ပေးလိုက်သည့် သဘောဖြစ်သော်လည်း အဆိုပါ မိတ္ဆ`ာများကို သွားလိုရာသွား စေလိုရာစေနိုင်သည့် ခေါင်းကိုင် ဖခင်ကြီးအဖြစ် လွှတ်ပေးခဲ့ခြင်းဖြစ်၏။

ဘာတွေ ဖြစ်လာသလဲ?
တပ်ဖက်မှ အရာရှိဆိုသော ဘ၀မှ ထောင်ထွက်များသည် အပြင်ရောက်သည်နှင့် ဆရာသမားများကို ပြန်ရှာပြီး ဆက်သွယ်ကြသည် သွားကန်တော့ကြလေသည်။ တပ်သားနှင့် တပ်ကြပ် တပ်ကြပ်ကြီးများ(အောက်ခြေ)တပ်ဖက်ထောင်ထွက်များမှာ ထောင်ထွက်လျင် ရွာပြန် အိမ်ပြန်၍ ဆိုက္ကားတန်ဆိုက္ကား ကြုံရာ ကျဘမ်း မူရင်းဘ၀လေးတစ်ခုကှိုရင်သန်အောင် ရုန်းကန်ကြပါသည်။
မြင့်ဆွေ (အောင်ဝင်းဇော်) မှာ သူ့ဆရာသမားထံရောက်၇ှိပြီး ဆရာသမားရဲ့ စောင်မကြည့်ရှု့မှုကြောင့် ဆိပ်ကမ်း အငှားယာဉ် ကုန်တင်လုပ်ငန်းတွင် တာလီခြစ် စာရေးဘ၀နှင့် အလုပ်ပြန်စခဲ့ခြင်းကြောင့် လေးလောင်းပြိုင်ကို ကြူးလွန်ရန် ကိုစိုးနောင်( ရဲဒုအုပ်ထွက်)နှင့် မြင့်ဆွေ(အောင်ဝင်းဇော်)တို့ ဆိပ်ကမ်းအလုပ်ခွင်တွင် တွေ့ဆုံ အတူလုပ်ကိုင်ဘူးသူဖြစ်ပြီး မြင့်ဆွေမှ မဟုတ်တာအားလုံးကို ၄င်း၏ ဆရာသမား လက်ကိုင်တုတ် အဖြစ် အားလုံး လိုက်နာသော်လည်း မတရားမှုကို လက်မခံလိုသော ကိုစိုးနောင်ကတော့ အလုပ် ဆက်မသွားတော့ပဲ မသိမသာပဲ ဖာသိဖာသာ အလုပ်ထွက်ခဲ့ပြီးနောက် ကျနော်တင်ပြခဲ့သောလေးလောင်းပြိုင် သတ်ဖြတ်မှု ကိုသြဂုတ်လတွင် .တင်ပြထားချက်များကို ၀င်ကြည့်နိုင်ပါသည်။
လေးလောင်းပြိုင်တွင် မြင့်ဆွေတို့ ဆရာသမားအတွက် အလုပ်လုပ်ပေးကြတာ အတော်ကြီး ပိရိခဲ့ကြပြီး အမှုပါပိတ်ခဲ့ရပြီမို့ ဒီနေရာမှာ ကျနော် ရပ်ပါ့မယ်။ (မြင့်ဆွေခေါ် ..အောင်ဝင်းဇော်) ဦးဆောင်သော အဖွဲ့ သတ်ပါတယ်လို့ပဲ ကျနော် အဖြေထုတ်ပေးပါ့မယ်။ တကယ်လည်း သတ်ခဲ့ကြပါတယ် အပြင်မှာ လက်ရှိကျန်နေသေးတဲ့ မြင့်ဆွေ (အောင်ဝင်းဇော်) နောက်လိုက်တွေကတော့ နောက်ထပ် ရင်းပြီး ဦးကိုနီကို သတ်သလို အခြား အရေးပါသော လူတွေအတွက် ဆက်ပြီး အဆင်သင့် ရှိနေကြတာ အရမ်း တိုင်းပြည်အတွက် အန္တရယ်ကြီးလှပါတယ်။ လေးလောင်ပြိုင်အတွက် ကျနော်တင်ပြချက်ကို ကြေနပ်ကြပါလို့ပဲ တောင်းပန်ပါတယ်။ နောက်တခန်းဆက်ပါ့မယ်…

အများကြီး အသေးစိတ်ရေးလျင် ရှည်လွန်း၍ မြင့်ဆွေ (အောင်ဝင်းဇော်) နဲ့ ကြည်လင်း မင်္ဂလာဒုံလေဆိပ်ကို ရောက်လာပုံနဲ့ စမယ် ..သဲထိတ်ရင်ဖိုဖြစ်ပါတယ်။

မြင့်ဆွေတို့ မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိချိန်မှာ စောပါတယ်။ (ဇန်နာဝရီ ၂၉ ရက် ညနေ ၄ နာရီ) တိတိလောက်ဖြစ်ပြီး လေဆိပ်ထဲမှ စောင့်ကြည့်ပေးသူ ဖုန်းမှ လေယာဉ်မရောက်သေးကြောင်း သတင်းပေးပုံရ၍ ယခုနေရာနားမှာပင် ခဏကားရပ်သည်။ မြင့်ဆွေ ကြည်လင်းကို ပထမကားရပ်ချိန်မှာပင် သေနတ်ပေးပါတယ် ( ကြည်လင်း ) ၀န်ခံချက်ပါ… သို့သော် လိမ်လည်ပြီး အပြင်ကို အများပြည်သူမျက်စေ့လည်အောင် ရေးထားတဲ့ စာရွက်မှာ ဖေါ်ပြထားပါတယ်။
မြင့်ဆွေ ( အောင်ဝင်းဇော်) စိတ်မရှည် ကားရပ်ထားသောနေရာသည် ကြာရှည်စွာ ရပ်ခွင့်မရ၍ ပြန်ထွက်ပြီး နောက်တပတ် လေဆိပ် အ၀င်ထွက်မှာ ပတ်ပြီး ပြန်ဝင်ရပ်ပါတယ်။ ဖုန်းခေါ်ပါတယ် လေဆိပ်အတွင်းမှ (ဖုန်းမကိုင်ပါ) မြင့်ဆွေ စိတ်အတော်တိုပါတယ်။ ကားကို ခနလေးအနေထားမျိုး နဲ့ လေဆိပ်ထဲက ယခု ဦးကိုနီတို့ ထွက်လာမည့် အပေါက်ထဲကို သွားပါတယ် အဆက်သွယ်လုပ်တဲ့ အတွင်းကလူကို သွားရှာပါတယ် (ယခု မြင်ဆွေ) ထွက်ချက်… ဖြစ်ပါတယ် အပြင်သို့ မပေါက်ကြားသေးပါဘူး ။
ချက်ခြင်းပဲ ပြန်လာပါတယ် ကားပေါ်ပြန်ပြေးတက်ချိန်မှာ ကြည်လင်းက ထောင်မင်းသားကြီး အတွေ့ကြုံ တကယ်များပါတယ် ထောင်ထဲမှာလည်း ဘုရင်ကလေး တစ်ပါး လုပ်ခဲ့သူ ရာဇ၀တ်သားများစွာရဲ့ ကလိမ်ကကျစ်လှည့်ဖျားမှုများကို သိခဲ့သူမို့ မြင့်ဆွေ ကားပေါ်တက်လိုက်ခြင်းမှာပဲ မြင့်ဆွေခါးကို သိုင်းဖက်ပြီး မြင့်ဆွေ ခါးထဲမှ အင်္ကျီဖုံးထားသော ကိုးမမ ပစ္စတိုကို နိုက်ယူလိုက်ပါတယ် ။ “ခင်ဗျား လူလည်မလုပ်နဲ့ ကျုပ်ကို ခင်ဗျားက ပြန်ပြီး ခွေလိုက်ဖို့ ထည့်ထားတယ်မဟုတ်လား?” လို့ပြောပြီး ကြည်လင်းမှ အဆိုပါ သေနတ်ကို သူ့ရဲ့ လွယ်အိတ်ထဲကို ထည့်လိုက်ချိန်မှာ မြင့်ဆွေ (အောင်ဝင်းဇော်) မှာ ကားမောင်းထွက်ပါတယ်။ လေဆိပ်ကို နောက်တပတ် ဒုတိယအကြိမ်ပါ။ ထိုအချိန်ကတော့ ချိန်ကိုက်ပါပြီ အတွင်းထဲက ဖုန်းလာပါပြီ ဦးကိုနီတို့ တန်းစီနေကြပါပြီ ဆိုတဲ့ သတင်းပေးဖုန်းဖြစ်ပါတယ်…(ကြည်လင်း၏ အပြင်သို့ မရောက်သော) ထွက်ချက်။ …..သို့နှင့်ပင် မြင့်ဆွေ လေဆိပ်ယခု ပထမ ဆင်ဝင်တန်းကို ပြန်ဝင်ပါတယ်။ မြင့်ဆွေ (အောင်ဝင်းဇော်)မှ ကြည်လင်းတွင် သေနတ်(၂)လက်လုံးရောက်သွားပြီ ဖြစ်တဲ့အတွက် ဦးကိုနီကို သတ်ပြီးလျင်တောင် ဘယ်လိုမှ ထားခဲ့လို့ မရကြောင်း သူသိပြီး အရပြန်ခေါ်သွားရပါမည်။ လက်စလက်န မကျန်အောင် လေးလောင်းပြိုင်ကဲ့သို့ပင် မြင့်ဆွေ အဆိုပါ လူသတ်မှုကြီးကို လုပ်ခဲ့ရန် ကြည်လင်းကို အပါခေါ်ရပေမည်။
ထိုအချိန်တွင် ဦးကိုနီ အရှေ့မှထွက်လာသော (လူလတ်ပိုင်း) သာကေတမှ လူမိုက် လေးလောင်းပြိုင်တွင်ပါဝင်ခဲ့သူဟု ယူဆရသူမှ ဦးကိုနီတို့လာပြီဆိုသော အနေထားဖြင့် အပေါက်ဝမှ သွက်သွက်ကလေး လျောက်လာပြီး ခရီးသယ် ကားပေါ်တက်သည့် အနေထားမျိုးဖြင့် မြင့်ဆွေတို့ ကားအနောက်ခန်းသို့ တက်လိုက်လေသည်။
လုပ်ငန်း စပြီ
လူသတ်သမားကြည်လင်း ဦးကိုနီကို အပြင်တွင် မမြင်ဘူးပါ…ဟု ကျနော် ဖြစ်တဲ့နေ့ကပင် တင်ပြပြီး မြင့်ဆွေကို ပေးထားသော သတင်းစကားမှ ဆရာသမား ကုမ္မဏီမှ ရှေ့နေတစ်ဦးအနေဖြင့် ငွေကျပ် သိန်း (တစ်သောင်း) ကျော်မျှ လိမ်လည်ထားသူဖြစ်ကြောင်းဟု (ပြောထားသော ) လုပ်ကြံ သတင်းစကားသာ သိသောသူ ဖြစ်၏။
“ကျနော်ပြမယ် ခင်ဗျားပစ်မယ် ကျနော် ဒီနေရာကပဲ စောင့်မယ် ကားတံခါး စေ့ယုံကလေးလုပ်ထားမယ် စက်နိုးထားမယ် ပြန်ပြေးလာပြီး တက်မယ်။” ( ကြည်လင်း အပြင်သို့ မပေါက်ကြားသော ထွက်ချက်) သို့နှင့် မြင့်ဆွေရော ကြည်လင်းရော ကားပေါ်မှ ဆင်းကြသည်။ ကြည်လင်း နှင့် မြင့်ဆွေ တိုင်အကွယ်တွင် ကြည်လင်းနောက်မှ မြင့်ဆွေရပ်သည်။ ကြည်လင်းကို မြင့်ဆွေပြောသည်…(လာပြီ..အဲဒီလူ ခလေးချီထားတဲလူ ဟိုတိုင်နားမှာ ..ဘေးလူရှင်းတယ် သွားတော့ ရှင်းတော့ ..” ဆိုသည်နှင့် ကြည်လင်း ချက်ခြင်းပဲထွက်သွားသည်။ ဦးကိုနီထံလျောက်သွားချိန် မြင့်ဆွေ ( အောင်ဝင်းဇော်) ဓါတ်ပုံလှမ်းရိုက်သည်။ပစ်သည် ကားပေါ်သို့ ကြည်လင်း ပြန်တက်ရန် ချက်ခြင်းလှည့်ထွက်၍ မြင့်ဆွေကားတွင်းသို့ ၀င်ချိန်တွင် မြင့်ဆွေ မျှော်လင့်သလို မဟုတ်ပဲ လမ်းကြောင်း ပြောင်းကုန်သည်။ (မြင့်ဆွေ၏ အပြင်သို့ မရောက်သေးသော ထွက်ချက်)မှ ဖြစ်သည်။

မြင့်ဆွေ နောက်တွင် ဘာဖြစ်သည်မသိ ဆက်လည်း မစောင့်တော့ပါ ကြည်လင်း မြင့်ဆွေဘက်သို့လာရန် ပိတ်ဆို့ကုန်ပြီ ကိုနေ၀င်း ကြားလူပေါ်လာခြင်းကြောင့် ကြည်လင်း လမ်းကြောင်း ပြောင်းရလေပြီ။ မြင့်ဆွေ လစ်ပြေးလေပြီ.. ကြည်လင်းကို အပါ မခေါ်နိုင်တော့ပါ။
မြင့်ဆွေ ဘာကြောင့် ဓါတ်ပုံရိုက်သလဲ?

မြင့်ဆွေ၏ ထွက်ချက်တွင် …မြစ်ဆွေ ဓါတ်ပုံရိုက်ပြီး ချက်ခြင်းပင် ကားထဲသို့ အလျင်ပြေးဝင်သည်။ ကြည်လင်း အတွက် အသင့်ပြင် စောင့်ပြီး အပါခေါ်ပြေးမောင်းထွက်ရန် ဟောင်ကောင် အက်ရှင် အကွက်မျိုးဖြစ်၏။ မြင့်ဆွေကားနောက်ခန်းတွင်ရှိသော ကနဦးကနောက်တစ်ယောက် ပါလေသည်။ မြင့်ဆွေ ဖုန်းလှမ်းပစ်ပေးပြီ ကြည်လင်းကို မကြည့်ပဲ ကားထဲပြန်ရောက်သောကြောင့် “မင်း ဒီပုံ အွန်လိုင်း ငါ့အကောင့်က ဖွင့်ထားတယ် အသင့်ပဲ တင်လိုက်ဟု ဆိုသောကြောင့် ကားနောက်ခန်းမှလူ အွန်လိုင်းတင်သည်။ “ကို့ဆရာ ဒိုးဒိုး မရဘူး ရှုပ်ကုန်ပြီ “ဆိုမှ မြင့်ဆွေ မောင်းထွက်သွားသည် ။ အွန်လိုင်း တက်နေသည် up load လုပ်နေသည်ကို မြင်ဆွေတို့ သွေးရူးသွေးတန်းဖြင့် မေနေကြပြီး မြောက်ဥက္ကလာသို့ ပြေးလေသည်။ အမှု ဖြစ်ပြီး ၁၁ မိနစ်အကြာတွင် အွန်လိုင်းသို့ ပုံများရောက်ကုန်သည် မြင့်ဆွေတို့ မသိ ။။ မြင့်ဆွေတို့ ဖုန်းထဲသို့ မက်ဆေ့ဝင်လာသည်.”.ဟေ..အွန်လိုင်းမှာ ပုံတော် တက်လာတယ်ဘယ်လိုလဲ “ ဟု မက်ဆင်ဂျာမှ မက်ဆေ့ နှစ်ကြိမ်ဝင်မှ သတိထားမိပြီး ကြည့်သောအခါ ပြသနာတက်၍ ပုံကို ပြန်ဖြုတ်ချရန် ကားမောင်းရင်း ကြိုးစားကြသည်။ ပြသနာဆက်တက်သည်.. ကွန်နက်ရှင်ကြောင့် ဖြုတ်ချမရ ဖြစ်နေသည်။ ထိုနောက် ဆက်မောင်းနေရင်းမှ လိုင်းရပြီး ဖြုတ်ချသည်။ ကားမောင်းသူအရှေ့နောက် ပြောင်းကြသည်။ မြင့်ဆွေ သူ့အကောင့်မှပင် တင်၍ ဖြစ်သောကြောင့် အကောင့် ပိတ်ဖို့ ကြိုးပမ်းရတော့သည်။ နောက်ထပ် (မိနစ်၄၀ ) သာသာမှ အကောင့် “ ဒီ “လိုက်သော အခြေသို့ မြင့်ဆွေရ၇ှိတော့သည်။
မြင့်ဆွေ ဓါတ်ပုံရိုက်ယူရခြင်း ချက်ခြင်း အွန်လိုင်း တင်ခိုင်းရခြင်းသည် ( ဆရာကျသော ရာဇ၀တ်သား)တို့၏ လုပ်ရပ်ဖြစ်သည်။ မြွေအချင်းချင်း အတွန့်အလိမ် အကောင့် အကွေးနှင့် အရည်ခွံမြင်ကြသူများ ဖြစ်လေသည်။
(၁) မြင့်ဆွေခါးတွင် အင်္ကျီဖြင့် ဖုံး၍ ထိုးထားသော ပစ္စတိုသေနတ် အရေးပါလာသည်။ မြင့်ဆွေမှ ကြည်လင်းကိုအပါပြန်ခေါ်မည် လမ်းရောက်လျင် နေရာတစ်ခုတွင် ၄င်း၏ ခါးမှ ပစ္စတိုကို ထုတ်၍ ကြည်လင်းအားရှင်းမည် အနောက်တွင် ပါလာသော လူကို ရှင်းမည် လမ်းတနေရာတွင် ပစ်ချထားမည် ..ဇာတ်လမ်းဖျောက်လိုက်မည် ဖြစ်သည်။
ကြည်လင်းမှ လည်လွန်း၍ မြင့်ဆွေကို မသင်္ကာဖြစ်ပြီး မြင့်ဆွေ ခါးမှ သေနတ်ကို ယူလိုက်ခြင်းကြောင့် မြင့်ဆွေ ခြေမဲ့ လက်မဲ့ ဖြစ်သွားသည်။ သို့ကြောင့် ကြည်လင်းတွင် သေနတ် (၂)လက် ဖြစ်သွားပြီး မြင့်ဆွေခါးမှ ယူလိုက်သော သေနတ်မှာ ကျဉ်ထိုးပြီးသား သေနတ် အသင့်ပစ်ခတ်ရန် လုပ်ထားသော အခြေနေဖြစ်ခြင်းကြောင့် ကြည်လင်း လုပ်ရှားမှု ဦးကိုနီအား ပစ်ခတ်သတ်ဖြတ်ချိန်တွင် ဘယ်သေနတ်မှ ကျဉ်ထိုး မောင်းတင် လုံစည်း ဖြုတ်သွားမှု မလုပ်ခဲ့ပါ။ အားလုံး ခလုပ်ကွေး တန်းပစ် ဖြစ်နေသော အခြေနေတွင် ၇ှိနေခြင်းဖြစ်သောကြောင့် ၀င်ရောက်ဖမ်းဆီးဖို့ ကြိုးစားသူ ကိုနေ၀င်း ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။ (ကြည်လင်းထွက်ချက်)

(၂) မြင့်ဆွေ ထွက်ချက်တွင်.. ..ကြည်လင်းအား ကားပေါ်တွင် သေနတ်ပြန်တောင်းမည် မရပါက အွန်လိုင်းတွင် တက်နေသော ကြည်လင်းပုံများကို တပြည်လုံးသိပြီဟူသော လိုအပ်လျင် ခြိမ်းခြောက်မှုမျိုးဖြင့် ကြည်လင်းသေနတ်ပြန်ပေးလာအောင် လုပ်မည် .. သေနတ်ပြန်ပေးပါက အွန်လိုင်းမှ ပြန်ဖြုတ်ချပေးမည်ဆိုသော သဘောဖြင့် ကြံရွယ်ထားခြင်း ဖြစ်၏။ ထိုသို့ ညှိနိုင်းချိန်တွင် နောက်တစ်ယောက်မှ ကြည်လင်းကို တခုခု လုပ်နိုင်ရန် အရံသင့် ဖြစ်နေမည် အနေထားဖြစ်နေမည် ဖြစ်သည်။ သို့ကြောင့် မြင့်ဆွေ သေနတ်တလက် ပြန်ရဖို့ ဓါတ်ပုံရိုက်ယူ အွန်လိုင်း ကြိုတင်သော အစီမံလုပ်ခဲ့ကြောင်းပါ။

မြင့်ဆွေနောက်တွင် ဘယ်သူရှိသလဲ?
အကောင်ကြီး တော်တော်ကိုကြီးပါသည်။ ဆိပ်ကမ်းနှင့် ပတ်သက်သော ကားတင် ကာချ ကုန်တင်ကုန်ချ အငှားယာဉ်အားလုံးကို တပ်မတော် စစ်ထောက်ချုပ်မှ တိုက်ရိုက် ကိုင်တွယ်ပြီး ယနေ့ မြန်မာ့ တပ်မတော် အကြီးကျယ် ဘုံဘောလအော ငွေရှာစားသော ငွေဝင်နေသော နေရာ ဖြစ်လေသည်။ ဆက်လက် ဖေါ်ပြမည်။
အဆိုပါ ပစ္စတို ဘယ်ကရလဲ? ပြီးတော့ စစ်ထောက်ချုပ်က ဆိပ်ကမ်းမှာ ဘာတွေလုပ်နေတာကို ဓါတ်ပုံနှင့် တကွ ဖေါ်ပြပေးပါ့မယ်…..တောင်းဆိုလျင်တော့ဗျာ။
ပြီးတော့ ဦးကိုနီအား နိုင်ငံတကာ လေဆိပ်ဆိုတဲ့နေရာ လူမြင်ကွင်းကျယ်ကြီးမှာကိုပင် ဘာကြောင့် အခုလို သတ်ခဲ့ရတာလဲ? ဆိုတာတွေကို ကျနော် တင်ပြသွားမှာပါ။

တိုင်းပြည်ကို ချစ်သည်
စာဖတ်သူများကိုလေးစားသည်။
ကျနော် ဆက်ရေးမည်။

မရှင်းမလင်းသည်များကို ပြန်လည် ဖြေကြားမည် မဟုတ်ပါ။ မိမိဥာဏ်နှင့်သာ တွေး၍ လေဆိပ် ကိစ္စ ဒီနေရာတွင် ရပ်ပြီး အနောက်မှ လက်မဲ ကိစ္စ ၊ စစ်ထောက်ပြုတ်များ နှင့် စစ်အရာရှိ ရာဇ၀တ်သား ထောင်ထွက်တို့ ကိစ္စ ဆက်လက် တင်ပြပေးသွားမည်။ အမှားယွင်းများ၇ှိလျင် သီးခံခွင့်လွှတ်စေချင်ပါသည်။

ကျေးဇူးတင်ပါသည်။
ဂိုလ်ရှယ်လေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။