တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနြေ ပီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေ တဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း
မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ”
လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ
သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။
“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။
အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာမရှိကြောင်း သတိထားမိသွားတယ် ။
ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ် လည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင် သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ် ။
အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ေ ကျာင်းသား တစ်ဦးအဖြစ် အကျင့်စာရိတ္တကောင်းမွန်တဲ့ေ ကျာင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့နိုင်ငံ ခြားကုမ္မဏီတွေမှာ သူအလုပ်လျှောက်ခဲ့တယ် ။
သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့
။ ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့
ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့်
နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ
ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံး ကုမ္ပဏီတစ်ခုကိုတော့ သူ
စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာ သူ့ဆီရောက်လာခဲ့တယ် ။
စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု
အတိုင်းအတာကို ကျွန်တော် တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ
ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင် ခဲ့ရကြောင်းကို ကျွန်တော်တို့
ဝမ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ
- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။
“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့ အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်းလိုက်ပြီးဖြည့်ဆည်း ပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချ က် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက ဘယ်တော့မှ လိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”
အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြော ချင်တာ ကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကိုဖြေလို က်တယ် ။
လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။
ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အ ချက်လို့ပြောနိုင်ပါသလား ”
“ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရ ခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက် သင်ခန်းစာယူပြီးအကောင်းဆုံး ကြိုးစားနိုင်ခဲ့လို့ပါပဲ ။
Credit to နည်းစနစ်ကျကျအတွေးအခေါ်
“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး
အဲဒီပြင်သစ်ကိုရောက်ပြီးမကြ
ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ် လည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက
အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ေ
သူ့ကိုယ်သူယုံကြည်မှုအပြည့်န
စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု
- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။
“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ
အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ်
လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။
ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အ
“ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ
Credit to နည်းစနစ်ကျကျအတွေးအခေါ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။