#ပညာသင်တယ်ဆိုတာ
ပညာသင်ယူရာမှာ အောက်ပါအဆင့် ၄ ဆင့်ကို ဖြတ်သန်းရပါတယ်။
အဆင့် (၁)။ ။မသိဘူး၊ မတတ်ဘူး။
၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ ရောက်လာတယ်။ ဥပမာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် ကို
သင်ယူဖို့ ဆိုပါစို့။ ဒီပညာရပ်အကြောင်း ကြားတာ ကြားဖူးထားတယ်။ ဘယ်လို
စာတွေ၊ ဘာအကြောင်းတွေ သင်မှာလဲဆိုတာကို မသိဘူး။ မသိမှတော့ ဒီပညာကို လုံးဝ
မတတ်သေးဘူးပေါ့။
အဆင့် (၂)။ ။သိလာပြီ။ မတတ်ဘူး။
အဲဒီဘာသာရပ်ကို သင်ကြားတယ်။ တက္ကသိုလ်က ဆရာတွေ ပါမောက္ခတွေ သင်ကြားပေးတဲ့ ပို့ချချက် လက်ချာတွကို နားထောင်တယ်။ ဆရာတွေပေးတဲ့ သင်ခန်းစာတွေကို ကြိုးစားလုပ်တယ်။ ပုစ္ဆာတွေကို တွက်ချက်ဖြေရှင်းတယ်။ စာမေးပွဲတွေကို ဖြေဆို အောင်မြင်တယ်။ တစ်တန်းပြီး တစ်တန်းတက်လာလို့ လျှပ်စစ်ဘာသာရပ်ဟာ ဘာလဲဆိုတာကို သိလာပြီ။ ဒါပေမဲ့ လျှပ်စစ်ဘာသာရပ်ကို မတတ်သေးပါဘူး။
အဆင့် (၃)။ ။သိပြီ။ တတ်ပြီ။
လျှပ်စစ်ဘာသာရပ်ကို တစ်တန်းပြီး တစ်တန်းအောင်မြင်လို့ နောက်ဆုံးနှစ်ရောက်လာပြီ။ စာတွေကို သေချာနားလည်အောင် လုပ်ခဲ့လို့ နောက်ဆုံးနှစ် စာမေးပွဲကို အောင်မြင်ပြီ။ အင်ဂျင်နီယာဘွဲ့ရလာခဲ့ပြီ။ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်နဲ့ ပတ်သက်လို့ အတော်များများ သိခဲ့ပြီ။ တတ်လည်း တတ်မြောက်ခဲ့ပါပြီ။ ဒါပေမဲ့ လက်တွေ့ မလုပ်ရသေးလို့ ကျွမ်းကျင်မှု မရှိသေးပါဘူး။
အဆင့် (၄)။ ။သိပြီ။ ကျွမ်းကျင်ပြီ။
လက်တွေ့အလုပ်ခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တဲ့အခါမှာ ကျောင်းမှာ သင်ခဲ့တဲ့ စာတွေကို ပြန်အသုံးချခြင်း၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရတဲ့ ပညာရပ်ဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊
စီမံခန့်ခွဲရေးဆိုင်ရာ ပြဿနာတွေကို မိမိဖါသာ စဉ်းစားပြီး ဖြေရှင်းခြင်း၊
ဆရာသမားတွေ၊ မိမိထက် ပိုသိသူ အတွေ့အကြုံများသူတွေဆီက မေးမြန်းသင်ယူခြင်း၊
သင်တန်းတက်ရောက်ခြင်း၊ ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲရေးဆိုင်ရာ
စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခြင်းစတာတွေ လုပ်ဆောင်ခြင်းဖြင့်
အရည်အချင်းပြည့်ဝတဲ့၊ အတွေ့အကြုံရှိတဲ့ လျှပ်စစ်အင်ဂျင်နီယာတစ်ယော က် ဖြစ်လာပါမယ်။ ကျွမ်းကျင်တဲ့ လျှပ်စစ်အင်ဂျင်နီယာ ဖြစ်လာပါမယ်။
ဒါကြောင့် ဘာပညာရပ်ကို သင်ယူတာပဲဖြစ်ဖြစ် ဒီအဆင့် ၄ ဆင့်ကို ဖြတ်ကျော်ရပါတယ်။
ဒီအဆင့် ၄ ဆင့်ကို မဖြတ်ကျော်ဘဲ စာတွေကို အလွတ်ကျက်မှတ်ပြီး ပညာတတ်တစ်ယောက်ဖြစ်လာဖို့ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ထို့နည်းတူ ပညာတတ်တစ်ယောက် ဖြစ်လာဖို့
အခုပြောတဲ့ အဆင့် ၄ ဆင့်နဲ့ ပညာကို မသင်ယူဘဲ ငွေပေးဝယ်လို့ မရပါ။
ငွေပေးပြီး ဝယ်ယူနိုင်တာ ဘွဲ့လက်မှတ်၊ အောင်လက်မှတ်ပါ။ ပညာမဟုတ်ပါ။
ပညာကို ကျောင်းတက် တက္ကသိုလ်တက်ပြီး သင်ယူနိုင်သလို မိမိဖါသာ စာအုပ်တွေကနေ၊ အတွေ့အကြုံတွေကနေ သင်ယူနိုင်ပါတယ်။
ပညာရေးဆိုတာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော လက်နက်ပါ (နယ်လ်ဆင်မန်ဒဲလား)
ဗန်းမော်သိန်းဖေ
၀၈-၀၄-၂၀၁၈
ပညာသင်ယူရာမှာ အောက်ပါအဆင့် ၄ ဆင့်ကို ဖြတ်သန်းရပါတယ်။
အဆင့် (၁)။ ။မသိဘူး၊ မတတ်ဘူး။
၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ ရောက်လာတယ်။ ဥပမာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်
အဆင့် (၂)။ ။သိလာပြီ။ မတတ်ဘူး။
အဲဒီဘာသာရပ်ကို သင်ကြားတယ်။ တက္ကသိုလ်က ဆရာတွေ ပါမောက္ခတွေ သင်ကြားပေးတဲ့ ပို့ချချက် လက်ချာတွကို နားထောင်တယ်။ ဆရာတွေပေးတဲ့ သင်ခန်းစာတွေကို ကြိုးစားလုပ်တယ်။ ပုစ္ဆာတွေကို တွက်ချက်ဖြေရှင်းတယ်။ စာမေးပွဲတွေကို ဖြေဆို အောင်မြင်တယ်။ တစ်တန်းပြီး တစ်တန်းတက်လာလို့ လျှပ်စစ်ဘာသာရပ်ဟာ ဘာလဲဆိုတာကို သိလာပြီ။ ဒါပေမဲ့ လျှပ်စစ်ဘာသာရပ်ကို မတတ်သေးပါဘူး။
အဆင့် (၃)။ ။သိပြီ။ တတ်ပြီ။
လျှပ်စစ်ဘာသာရပ်ကို တစ်တန်းပြီး တစ်တန်းအောင်မြင်လို့ နောက်ဆုံးနှစ်ရောက်လာပြီ။ စာတွေကို သေချာနားလည်အောင် လုပ်ခဲ့လို့ နောက်ဆုံးနှစ် စာမေးပွဲကို အောင်မြင်ပြီ။ အင်ဂျင်နီယာဘွဲ့ရလာခဲ့ပြီ။ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်နဲ့ ပတ်သက်လို့ အတော်များများ သိခဲ့ပြီ။ တတ်လည်း တတ်မြောက်ခဲ့ပါပြီ။ ဒါပေမဲ့ လက်တွေ့ မလုပ်ရသေးလို့ ကျွမ်းကျင်မှု မရှိသေးပါဘူး။
အဆင့် (၄)။ ။သိပြီ။ ကျွမ်းကျင်ပြီ။
လက်တွေ့အလုပ်ခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တဲ့အခါမှာ
ဒါကြောင့် ဘာပညာရပ်ကို သင်ယူတာပဲဖြစ်ဖြစ် ဒီအဆင့် ၄ ဆင့်ကို ဖြတ်ကျော်ရပါတယ်။
ဒီအဆင့် ၄ ဆင့်ကို မဖြတ်ကျော်ဘဲ စာတွေကို အလွတ်ကျက်မှတ်ပြီး ပညာတတ်တစ်ယောက်ဖြစ်လာဖို့ဆိ
ပညာကို ကျောင်းတက် တက္ကသိုလ်တက်ပြီး သင်ယူနိုင်သလို မိမိဖါသာ စာအုပ်တွေကနေ၊ အတွေ့အကြုံတွေကနေ သင်ယူနိုင်ပါတယ်။
ပညာရေးဆိုတာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော လက်နက်ပါ (နယ်လ်ဆင်မန်ဒဲလား)
ဗန်းမော်သိန်းဖေ
၀၈-၀၄-၂၀၁၈
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။