Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 14, 2018

Facebook Logo ရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီ

ကားပေါ်မှာ လူလေးယောက် ပါလာတယ်။
သုံးယောက်က ဖုန်းကိုယ်စီနဲ့ Facebook သုံးနေတယ်။
ဒါပေမဲ့ တစ်ယောက်ကတော့ မသုံးဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကားမောင်းနေရလို့။

သို့သော် မီးပွိုင့်မိတော့ သူလည်း ဖုန်းထုတ်ပြီး
Facebook ကို ကျန်တဲ့ သုံးယောက်နဲ့ အပြိုင်သုံးတယ်
ဘယ်လောက်ထိအောင်လဲဆိုရင် မီးပွိုင့်စိမ်းတာတောင်
သတိမထားမိလို့ နောက်ကားတွေ ဟွန်းတီးပြီး ဆဲမှ
သတိပြန်လည်လာပြီး ကမန်းကတန်းမောင်းထွက်ရတယ်။

-------------

ဧည့်ခန်းထဲမှာ မိသားစုလေးယောက် ထိုင်နေကြတယ်။
ထုံးစံအတိုင်း TV ဖွင့်ထားတယ်။ ဒါပေမဲ့ ဘယ်သူမှ
TV ကို မကြည့်ဘူး။ ဖုန်းကိုပဲ ကြည့်နေကြတယ်။

အဖေလုပ်သူက နိုင်ငံရေးသတင်းကို ဖတ်နေတယ်။
ကြိုက်ရင် share မယ်။ မကြိုက်ရင် ဝင်ဆဲမယ်။
အမေလုပ်သူက ဗေဒင်တွေကို ဖတ်နေတယ်။
သမီးလုပ်သူက online shopping ထွက်နေတယ်။
သားလုပ်သူက ဟာသ video ကြည့်နေတယ်။

တအောင့်နေတော့ အမေလုပ်သူက မနက်ဖြန်
ဒီဟင်းချက်စားဦးမှဆိုပြီး ဓာတ်ပုံကို save လိုက်တယ်။
စာတွေကို screen shot ရိုက်လိုက်တယ်။ ပြီးတော့
အိပ်ယာဝင်သွားတယ်။ မိန်းမထသွားပြီဆိုတော့
ယောက်ျားလုပ်သူက နိုင်ငံရေးကနေ 18 + ကို
ပြောင်းကြည့်တယ်။ ဓာတ်ပုံတွေ save လုပ်တယ်။
ပြီးတော့ အိပ်ယာဝင်သွားတယ်။

မိဘတွေ မရှိတော့ဘူးလည်းဆိုရော သမီးလုပ်သူက
ရည်းစားနဲ့ video call ခေါ်ပြီး စကားပြောတယ်။
ဒါကို အလိုက်သိတဲ့ မောင်က ထထွက်သွားပြီး
အခန်းထဲမှာ COC သွားဆော့နေလိုက်တယ်။

----------------------

Facebook ပေါ်က ဆိုင်တစ်ဆိုင်ကို သူငယ်ချင်းတစ်စု
တွေ့သွားကြတယ်။ mention ဝိုင်းခေါ်ကြတယ်။
ဒီလိုနဲ့ group chat မှာ ချိန်းရင်း ဆုံဖြစ်ကြတယ်။

သူငယ်ချင်းနှစ်ယောက် အရင်ရောက်တယ်။
မေးထူးခေါ်ပြောလုပ်ပြီး ဖုန်းကိုပဲ စိုက်ကြည့်နေကြတယ်။
ရောက်မလာသေးတဲ့ သူငယ်ချင်းတွေကို
Messenger ကနေ လှမ်းကြိမ်းတယ်။

လူစုံတော့ ဟင်းတွေမှာတယ်။ လာချတော့ ဓာတ်ပုံ
ရိုက်တယ်။ ပြီးတော့ tag လုပ်တယ်၊ check in လုပ်တယ်
Feeling ဘာညာလုပ်တယ်။ Facebook ပေါ်တင်တယ်။
တင်းပြီးပြီးချင်း like ဝိုင်းလုပ်ကြတယ်၊ comment တွေနဲ့
ဆေးဆိုတာကြီးကို ဝိုင်းထိုးကြတယ်။ ပီတိဖြစ်ကြတယ်။

စားနေရင်းတန်းလန်း ဖုန်းနဲ့ Facebook ကို ဘေးနားမှာ
ချထားရင်း မျက်စိအောက်က အပျောက်မခံဘူး။
ပြောစရာရှိရင် ခေါင်းမော့ပြီးပြောတယ်၊ ပြီးရင် ခေါင်းက
ဖုန်းဆီကိုပဲ ပြန်လှည့်တယ်။ ဒီကြားထဲ ဖုန်းဝင်လာရင်
အပြင်ထွက် ထွက်ပြီး ပြောရပါသေးတယ်။

--------------------------

အစည်းအဝေးက လူမစုံသေးဘူးဆိုတော့
အခန်းထဲ ရောက်နှင့်နေတဲ့သူတွေက ဖုန်းလေးတွေ
ထုတ်ပြီး Facebook သုံးနေကြတယ်။ ခဏနေတော့
အစည်းအဝေး စတယ်။ ဖုန်းကို ပိတ်လိုက်ကြတယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခေါင်းလိုက်ညိတ်ကြတယ်။

အစည်းအဝေးက ကြာတော့ ပျင်းစရာကောင်းလာတယ်။
ဒီလိုနဲ့ ဖုန်းလေးကို ဟန်မပျက် လှမ်းဆွဲပြီး Facebook
News feed ကို ကြည့်နေလိုက်ပြန်တယ်။ ကိုယ်ပြောမယ့်
အလှည့်ကျ ပြောတယ်။ ပြောစရာကုန်တော့ ဖုန်းကိုပဲ
ဆက်ကြည့်နေလိုက်တယ်။ အစည်းအဝေးပြီးသွားတယ်။

-------------------------------

လက်ဖက်ရည်ဆိုင်ထဲကို လူတွေ ဝင်လာကြတယ်။
မှာစရာရှိတာ မှာတယ်။ ပြီးတော့ ဖုန်းထုတ်ပြီး
Facebook ကြည့်နေကြတယ်။ ဂျာနယ်ရောင်းတဲ့
ကောင်လေးက ဘေးနားမှာ ထုံးစံအတိုင်းလာရပ်တယ်။

ဒါပေမဲ့ ရောင်းရဖို့ မျှော်လင့်ချက်ကတော့ ခပ်ရေးရေးပါ။
ဘာဖြစ်လို့လဲဆိုတော့ Facebook ရှိနေလို့လေ။
ဂျာနယ်တွေ မလိုတော့ပါဘူးပေါ့။ ဒီလိုနဲ့ စားပွဲထိုးလေး
စားစရာတွေ လာချပေးတာတောင် တော်တော်နဲ့
မစားအားသေးပါဘူး။ Facebook ကို မဲနေရလို့လေ။

--------------------------------------

ကောင်လေးနဲ့ ကောင်မလေး Facebook ပေါ်မှာ
စတွေ့ကြတယ်။ ကောင်လေးက like လုပ်တယ်။
နောက်တော့ comment ဝင်ရေးတယ်။
ကောင်မလေးက reply လုပ်တယ်။ နောက်တော့
ကောင်လေးက Chat box မှာ သွား Hi တယ်။

ကောင်မလေး ပြန် Hi တယ်။ အဆင့်တွေ တက်လာတယ်
သိပ်မကြာဘူး ရည်းစားတွေ ဖြစ်သွားကြတယ်။
RS ဆိုတာကြီးကို ချိတ်ကြတယ်။ ပျော်ကြတယ်။
သိပ်မကြာဘူး တခြားပို့စ်အောက်က ကောင်လေးရဲ့
Like တွေ၊ comment တွေကို ကောင်မလေးမြင်ပြီး
စိတ်ကောက်သွားတယ်။

ကောင်လေး ပြန်ချော့တယ်။ မရဘူး။ ပစ်ထားတယ်။
စိတ်နာသွားတယ်။ ရွဲ့တယ်။ ဒီတော့ ကောင်မလေးက
Unfriend လုပ်တယ်။ နောက်တော့ block တယ်။
နောက်တော့ ပြတ်သွားတယ်။ single ဖြစ်သွားကြတယ်။

---------------------------------

လူတစ်ယောက် ပို့စ် တစ်ခုတင်တယ်၊ HaHa ပေးတယ်။
စိတ်တိုသွားတယ်။ တေးထားလိုက်တယ်။ နောက်တော့
Comment ဝင်ရေးတယ်။ ဘာ reply လာမလဲ
စောင့်ကြည့်နေတယ်။ ဟိုက အဖက်မလုပ်ဘဲ တခြား
Comment တွေကို ကျော်ပြီး like တယ်၊ reply တယ်။

သည်းခံနိုင်တဲ့ အတိုင်းအတာကုန်သွားတယ်။
Unfollow လိုက်တယ်၊ သို့သော် နေ့တိုင်း သူ့ wall
သွားကြည့်တယ်။ ပို့စ်တစ်ခု ကိုယ့်စောင်းရေးတယ်ဆိုပြီး
Unfriend ပါ လုပ်ပစ်လိုက်တယ်။

ဟိုဘက်ကလည်း သိသွားတယ်။ ပြန် block တယ်။
သူ့သူငယ်ချင်း၊ သူ့မိတ်ဆွေ အကုန် ရှင်းထုတ်တယ်။
ဒီဘက်ကလည်း အလားတူ ထပ်လုပ်တယ်။ ပို့စ်တွေ
အပြိုင် စောင်းမြောင်းတင်ကြတယ်။ ဒီလိုနဲ့ လမ်းသွားလို့
တွေ့ရင်တောင် စောင်နေကြတယ်၊ ရှောင်နေကြတယ်။
အဲ့ဒီမှာ မိတ်ဆွေဇာတ်လမ်း တစ်ခန်းရပ်သွားတယ်။

--------------------------------

ဟုတ်တယ်။ ခင်ဗျားတို့၊ ကျနော်တို့ အားလုံးနီးပါးဟာ
ချောင်ထဲမှာ ပိတ်မိနေတဲ့ သားကောင်တွေလိုပဲ။

Credit
Wai Phyo Maung
via---Thu Ya Zaw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။