Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 13, 2018

စာဖတ်ခြင်းအနုပညာ

စာဖတ်ခြင်းအနုပညာ
••••••••••••••••••••

စာဖတ်ခြင်းအနုပညာကို ကျင့်သုံးဖို့အတွက် မွတ်သိပ်တဲ့၊ စူးစမ်းချင်စိတ် ပြင်းပြတဲ့

စောဒကတက် မေးမြန်းတတ်တဲ့စိတ်ကို ဖွံ့ဖြိုး စေပြီး အဖြေတွေကို စာအုပ်တွေထဲမှာ ကြိုးစား ရှာဖွေပါ။

စာအုပ်တွေကို ဖွင့်ထားတာဟာ
တံခါးတွေကို ဖွင့်ထားတာပါပဲ။

အဲဒီတံခါးတွေဟာ အဆွေ့ဘဝရဲ့ ရှုထောင့် တွေကို ကျယ်ပြန့်လာအောင် ချဲ့ပေးမယ့်
သုတ ပညာဉာဏ်နဲ့ ဈာန်ဝင်စားမှုဆိုတဲ့

အကန့်အသတ်မဲ့ မိုးကုပ်စက်ဝိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးထားတဲ့
တံခါးတွေ ဖြစ်ပါတယ်။

စာအုပ်တွေကနေ အခုဘဝတစ်ခုတည်းနဲ့ ဘဝပေါင်း ထောင်ချီပြီး သွားနေနိုင်ပါတယ်။

အမေရိကတိုက်ကို ကိုလံဘတ်နဲ့အတူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဂတ်တီးစ်ဘာ့ဂ်မှာ လင်ကွန်းနဲ့အတူ မတ်တတ်ရပ်နိုင်ပါတယ်။

ဓာတ်ခွဲစမ်းသပ်ခန်းထဲမှာ အယ်ဒီဆင်နဲ့အတူ အလုပ်လုပ်နိုင်ပါတယ်။

လယ်ကွင်းတွေထဲမှာ စိန့်ဖရန်စစ်နဲ့အတူ လမ်းလျှောက်နိုင်ပါတယ်။

စာအုပ်တွေကနေတစ်ဆင့် ကမ္ဘာ့သမိုင်း တစ်ခွင်တစ်ပြင်လုံးကို အဆွေ့စိတ်ကူးနဲ့
ငုံမိ ခြုံမိစေနိုင်ပါတယ်။

လူ့ယဉ်ကျေးမှု ဖြစ်စဉ်တွေရဲ့ အတက်အကျ ဧရာမစစ်ပွဲကြီးတွေရဲ့ အတက်အကျနဲ့

ခေတ်တွေအလိုက် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲတွေကို စာအုပ်တွေကနေ ကြည့်ရှုနိုင်ပါတယ်။

ကဗျာလင်္ကာကြီးတွေရဲ့ ထည်ဝါတဲ့အလှ ဒဿနပညာရှင်ကြီးတွေရဲ့ ဉာဏ်ပညာနဲ့

သိပ္ပံပညာရှင်ကြီးတွေရဲ့ ရှာဖွေတွေ့ရှိချက် တွေကို စာအုပ်တွေကနေ တစ်ဆင့် အဆွေ သိနိုင်ပါတယ်။

စာအုပ်တွေမှာ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ လူ့အသိဉာဏ် ဗဟုသုတတွေရှိတာကြောင့်

စာအုပ်တွေကနေ တစ်ဆင့် အတိတ်က တွေးခေါ်ပညာရှင်ကြီးတွေ ချန်ထားရစ်ခဲ့တဲ့ နေရာကနေ ဒီနေ့ကို စတင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းကပဲ ကွယ်လွန်သွားခဲ့တဲ့ တွေးခေါ်ပညာရှင်ကြီး တွေဟာ …

ကမ္ဘာမြေကြီးပေါ်မှာ သူတို့ဖြတ်သန်းသွားခဲ့ တဲ့အတိုင်း စာအုပ်တွေထဲမှာ ရှင်သန်နေထိုင် နေဆဲပါ။

စာအုပ်တွေဟာ အတိတ် ပစ္စုပ္ပန်နဲ့
အနာဂတ်ကို ချိတ်ဆက်ပေးထားတာမို့

အဆွေနေထိုင်နေတဲ့ ကမ္ဘာကြီးထဲမှာ အဆွေ့
ဘဝရဲ့ ဆက်စပ် ပါဝင်တည်ရှိနေမှုကို စာအုပ် တွေကနေတစ်ဆင့် ရှာဖွေဖော်ထုတ်နိုင်ပါတယ်။

အဲဒါကြောင့် အဆွေ လိုလားခံယူချက်အတိုင်း နှစ်သက်တဲ့ စာအုပ်တွေကို ကျယ်ပြန့်လှတဲ့ စာအုပ်ဆိုင်တွေမှာ ရှာဖတ်ပါ။

အချိန်တစ်ချိန်စီ သတ်မှတ်ပြီး
စာအုပ်တွေကို ဖတ်ပါ။

အဆွေ့စိတ်ပါဝင်စားမှု အပြောင်းအလဲတွေ
အလိုက် အတ္ထုပ္ပတ္တိ ဝတ္ထု သမိုင်းကျမ်းအတွဲ စီးပွားရေးစာအုပ် စသဖြင့် စာအုပ်တွေကို ပြောင်းလဲဖတ်ရှုပါ။

လက်ထဲမှာ ခဲတံနီတစ်ချောင်း ကိုင်ထားပြီး စာဖတ်ပါ။ အရေးကြီးတဲ့စာပိုဒ်တွေကို
မျဉ်းသားထားပါ။

ဒါမှသာ စာအုပ်ရဲ့ဆိုလိုရင်း အတွေးအမြင်ကို လျင်မြန်စွာ သုံးသပ်နိုင်မှာပါ။

နေ့စဉ် စာပေတစ်ခုခုကို ဖတ်ပါ။

ပုံမှန်စာဖတ်ချိန်တစ်ခု သတ်မှတ်ပြီး စာဖတ်ကို ဖတ်ဖြစ်ဖို့ အဆွေ့ကိုယ်အဆွေ စည်းကမ်းချမှတ် ထားပါ။

တစ်ရက်မှာ ၁၅ မိနစ်လောက်ပဲ စာဖတ်ရင် တောင် တစ်နှစ်မှာ စာအုပ် ၂၀ ပြီးနိုင်ပါတယ်။

အဆွေ့ ဗဟုသုတ အဆွေ့ ကျောထောက် နောက်ခံ အဆွေ့ အသိအမြင် နိုးကြားထက်သန် မှုနဲ့ အဆွေ့ ထိုးထွင်းသိမြင်နိုင်စွမ်း စတာတွေ မြင့်တက်လာဖို့ စာဖတ်ပါ။

ဦးဆောင်ဦးရွက်ပြုဖို့ စာဖတ်ပါ။ တိုးတက်ပြောင်းလဲဖို့ စာဖတ်ပါ။

( အမေရိကန် စာရေးဆရာ ပီတာဆန် ရေးသားခဲ့တဲ့ဆောင်းပါးပါ။)

လူသာမန်
ငါတို့ ဘာလို့စာဖတ်ကြတာလဲ စာအုပ်မှ

ပြောင်းလဲချင်သူ အောင်မြင်ချင်သူများအတွက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။