ပိုက်ဆံနောက်လိုက်ရမလား?
အိမ်မက်နောက်လိုက်သင့်သလား?
=====================
ကျွန်တော့်ဘဝမှာ ဆုံးဖြတ်ရအခက်ရဆုံးကိစ္စတစ် ခု
ရှိခဲ့ပါတယ်။ အဲ့ဒါက ပိုက်ဆံနောက်လိုက်မလား၊
ကျွန်တော့်ရဲ့ စိတ်ကူးအိမ်မက်နောက်လိုက်မလား
ဆိုတဲ့ကိစ္စပါ။ ၂၀၁၃ခုနှစ်လောက်ကပေါ့။ ကျွန်တော်
သင်္ဘောတစ်ခေါက်လိုက်ပြီး ပြန်လာတဲ့အချိန်ပါ။
တစ်နှစ်ခွဲလောက်လိုက်ခဲ့ပြီး သင်္ဘောသားဘဝဟာ
ဝင်ငွေကောင်းတာကိုလည်း သိခဲ့ပါပြီ။ ဒါပေမယ့်
နောက်ထပ်သိခဲ့ရတဲ့ အရာတစ်ခုက ကျွန်တော်အဲ့ဒီ
အလုပ်ကိုမလုပ်ချင်တာပါပဲ။ ကျွန်တော်ကြိုးစားရင်
တစ်နေ့ Captainကြီးဖြစ်မယ်။ ကျွန်တော့်ပတ်ဝန်း
ကျင်မှာ လူတွေကအထင်ကြီးမယ်။ ဒါပေမယ့်
ကျွန်တော်လိုချင်တာ အဲ့ဒါတွေမဟုတ်ပါဘူး။
ကျွန်တော့်ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ်။ အဲ့ဒါ
က မနက်မိုးလင်းလို့ မျက်လုံးဖွင့်ကတည်းက ကိုလုပ်
ချင်တာကိုတက်တက်ကြကြွလုပ်ပြီးညနေမိုးချုပ်ရင်
ကျေနပ်မှုနဲ့ အိပ်ရာဝင်ချင်တယ်။ ဘယ်အချိန်ပဲ
ကျွန်တော်သေသေ ကျွန်တော်နောင်တမရချင်ဘူး။
အခုသေမယ်ဆိုရင် ငါဒါမလုပ်လိုက်ရလေခြင်းလို့
နောင်တမရချင်ဘူး။ ဒီတော့ ဒီရည်မှန်းချက်ကိုပြည့်ဖို့
ဆိုတာ တစ်ခုပဲရှိတယ်။ အဲ့ဒါက ကျွန်တော်ချစ်မြတ်နိုး
တဲ့အရာကိုရှာဖွေဖို့ပါ။
လူတွေကကျွန်တော်သင်္ဘောမလိုက်တော့ဘူးဆို
တော့ "ဒီလောက်ပိုက်ဆံရတဲ့အလုပ်ကို မလုပ်တော့
တာ တော်တော်တုံးတာပဲ"ဆိုတဲ့ အကြည့်နဲ့ကြည့်ပါ
တယ်။ ကျွန်တော့်စာကိုဖတ်နေတဲ့သူေ တွကို သတိ
ပေးချင်တာ တစ်ခုရှိတယ်။ လူတွေက သင်ဘာလုပ်လုပ်
တစ်ခုခု မကောင်းပြောဖို့ရှိနေလိမ့်မ ယ်။ ဒါပေမယ့်သူတို့
ကြောင့် သင်မတွေဝေသွားပါနဲ့။ သူတို့ကသူတို့ဘဝနဲ့
သူတို့ပါ။ သူတို့က သင့်ဘဝကိုလာနေထိုင်မှာ မဟုတ်
ပါဘူး။ သင်ရင်ဆိုင်ရမယ့်အရာတွေကို လာကူပေးမှာ
မဟုတ်ပါဘူး။ သင်တစ်ယောက်တည်းဖြတ်သန်းရမှာ
ပါ။ သင့်ကိုယ်သင်ကိုးကွယ်ပါ။
လူတစ်ယောက်ဟာ သက်တမ်း၈၀နေရမယ်လို့တွေး
ကြည့်ပါ။ သင့်ဘဝကိုကုန်ဆုံးရမယ့်အချိန်၇၀ရာခိုင်နှုန်း
လောက်က အိပ်ချိန်နဲ့ အလုပ်ချိန်ပါ။ သင်မပျော်တဲ့အလုပ်
တစ်ခုနဲ့ သင်တစ်ဘဝလုံးဖြတ်သန်းသွားဖို့စဉ်းစားထား
ရင်တော့ သင့်ဘဝအချိန်တော်တော်များများ မပျော်ရမှာ
သေချာပါတယ်။
"မိဘစိတ်ချမ်းသာဖို့လုပ်နေ ရတယ်။ မိသားစုပြေလည်
အောင်လုပ်နေရတယ်။ ဒီလိုလူမျိုးတွေကျတော့ ဘယ်လို
လုပ်ရမလဲ။"
ဒီမေးခွန်းကလူတော်တော်များများမေးလေ့မေးထရှိတဲ့
မေးခွန်း။ ဒီနေရာမှာ ငွေရေးကြေးရေးအကြောင်းက
စပြောပါ့မယ်။ သင့်မိသားစုက သင့်ထောက်ပံ့မှုအပေါ်
လုံးဝမှီခိုနေရတယ်ဆိုရင်တော့  သင့်အိမ်မက်နောက်ကို
ပါးပါးနပ်နပ်လိုက်တတ်ရပါတယ် ။ ဥပမာတစ်ခုပြောပြပါ့
မယ်။ ကျွန်တော်သင်္ဘောတက်တုန်းက စာချုပ်က ၉ လ
ပါ။ ကျွန်တော် ၁နှစ်နဲ့ ၆လနေခဲ့ပါတယ်။ ဘာလို့လည်း
ကျွန်တော်ပျော်လို့လား။ မဟုတ်ပါဘူး။ ကျွန်တော်
တစ်စက်ကလေးမှမပျော်ပါဘူး။ ကျွန်တော့်အိမ်ကိုပြန်
ထောက်ပံ့ချင်လို့ပါ။ သူတို့တွေ ပြန်အဆင်ပြေသွားမှ
ကျွန်တော့်အိမ်မက်နောက်ကို လိုက်တဲ့အချိန်မှာ
သက်တောင့်သက်သာရှိမှာလေ။ သင်လည်း မိသားစု
ကိုထောက်ပံ့နေရတယ်ဆိုရင် အရင်ဆုံးစစဉ်းစားရမှာ
က သူတို့ကိုဘယ်လိုရပ်တည်နိုင် အောင် အရင်လုပ်ပေး
မလဲဆိုတာပါပဲ။ ချမ်းသာအောင်လုပ်ပေးဖို့ပြောနေတာ
မဟုတ်ပါဘူး။ သင့်အိမ်မက်တွေကိုတစ်ဖက်တစ် လမ်းက
လုပ်နေရင်းအိမ်ကိုလည်း အဆင်ပြေအောင်ထားတတ်ဖို့
သင်ကြိုးစားရပါမယ်။ သင့်အိမ်မက်တွေကို ဘယ်တော့မှ
လက်မလျော့လိုက်ပါနဲ့။
နောက်ထပ်လူတစ်မျိုးက အိမ်ကပိုက်ဆံရှိတယ်။မိဘ
စိတ်ချမ်းသာအောင် လုပ်ပေးနေရတဲ့သူမျိုး။သင့် ကို
တစ်ခုမေးမယ်။ သင်မိဘဖြစ်တဲ့တစ်နေ့သင့်သား သမီး
တွေကိုရောသင့်လို ခံစားစေချင်လား။ အဖြေက Noဆို
ရင်တော့ သင်ကစပြီးပြောင်းလဲဖို့လိုပါပြီ။ မိဘကို စိတ်ဆင်း
ရဲစေမှာပေါ့လို့သင်မေးနိုင်ပါတယ်။ သင့်ကိုပြောနိုင်တာ
က သင်မလုပ်ရင် သင့်လိုစိတ်ဆင်းရဲမှုမျိုး သင့်သား၊ မြေး
အထိဆက်သွားလိမ့်မယ်။ သင့်အိမ်မက်နောက်ကိုလိုက်ဖို့
အကြံပေးချင်ပါတယ်။ ဒါပေမယ့် အိမ်ပေါ်က အထုတ်ဆွဲပြီး
ဆင်းခိုင်းတာမျိုးတော့မဟုတ် ပါဘူး။ ဘယ်လိုလုပ်ရမလဲ
တော့ သင့်မိဘအခြေအနေပေါ်မူတည်ပါတယ်။
3idiots ဇာတ်ကားထဲက ရန်ချိုပြောတဲ့စကားတစ်ခွန်း ကို
ကျွန်တော်သတိရပါတယ်။ သူပြောတာက "ဖြစ်ချင်တဲ့
အိမ်မက်နောက်ကိုလိုက်ပါ။ပို က်ဆံနဲ့ အောင်မြင်မှုက
အလိုလိုလိုက်လာပါလိမ့်မယ်"တဲ့။
Steve Jobsကပြောတယ်။ "မိမိဘဝကို တစ်ပါးသူ
တစ်ယောက်အဖြစ်နေထိုင်ရင်းနဲ့ မကုန်ဆုံးလိုက်ပါနဲ့။
စိတ်ကူးအိမ်မက်ကိုရှာဖွေပါ။ မတွေ့သေးရင် ရပ်မနေပါနဲ့။
ရအောင် ရှာဖွေပါ"
ကျွန်တော့်မှာ ပိုက်ဆံတွေအများကြီးမရှိဘူး ။တိုက်ခန်း
တောင်မပိုင်ဘူး။ ကားလည်းမရှိဘူး။ဒါပေမယ့် ကျွန်တော့်
ဘဝရဲ့နေ့ရက်တိုင်းမှာလုပ်နေ ရတဲ့ စာရေးခြင်းကို ကျွန်တော်
အလုပ်လို့တောင် မထင်ဘူး။ အိမ်မက်တွေနောက်ကိုလိုက်ခြ င်း
ရဲ့ အကျိုးကျေးဇူးကို ကျွန်တော်ခံစားနေရပြီ။ ကျွန်တော်ပိုက်ဆံ
နောက်ကိုဘယ်တော့မှ လိုက်မှာမဟုတ်ဘူး။ ပိုက်ဆံဆိုတာ
ပါးပါးနပ်နပ်ကြိုးစားတဲ့သူေ တွအတွက် လောကကြီးကပြန်ချီး
မြင့်တဲ့ဆုလာဘ်။ လိုက်စရာမလိုဘူး။ကြိုးစားရင်သူ့အလိုလို
ရောက်လာမယ့်အရာပါ။
(စာကြွင်း- ပါးပါးနပ်နပ်ကြိုးစားတတ်ချင်ရင် စာများများဖတ်ပါ)
ဘဝမှာ ဆုံးဖြတ်ရခက်နေသူတွေအတွက်ဒီ စာလေးက
အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
Credit to #မိုးရှင်း (I.M.T) ရေးသားသည်။
အိမ်မက်နောက်လိုက်သင့်သလား?
=====================
ကျွန်တော့်ဘဝမှာ ဆုံးဖြတ်ရအခက်ရဆုံးကိစ္စတစ်
ရှိခဲ့ပါတယ်။ အဲ့ဒါက ပိုက်ဆံနောက်လိုက်မလား၊
ကျွန်တော့်ရဲ့ စိတ်ကူးအိမ်မက်နောက်လိုက်မလ
ဆိုတဲ့ကိစ္စပါ။ ၂၀၁၃ခုနှစ်လောက်ကပေါ့။ ကျွန်တော်
သင်္ဘောတစ်ခေါက်လိုက်ပြီး ပြန်လာတဲ့အချိန်ပါ။
တစ်နှစ်ခွဲလောက်လိုက်ခဲ့ပြီ
ဝင်ငွေကောင်းတာကိုလည်း သိခဲ့ပါပြီ။ ဒါပေမယ့်
နောက်ထပ်သိခဲ့ရတဲ့ အရာတစ်ခုက ကျွန်တော်အဲ့ဒီ
အလုပ်ကိုမလုပ်ချင်တာပါပဲ။ ကျွန်တော်ကြိုးစားရင်
တစ်နေ့ Captainကြီးဖြစ်မယ်။ ကျွန်တော့်ပတ်ဝန်း
ကျင်မှာ လူတွေကအထင်ကြီးမယ်။ ဒါပေမယ့်
ကျွန်တော်လိုချင်တာ အဲ့ဒါတွေမဟုတ်ပါဘူး။
ကျွန်တော့်ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ်။
က မနက်မိုးလင်းလို့ မျက်လုံးဖွင့်ကတည်းက ကိုလုပ်
ချင်တာကိုတက်တက်ကြကြွလုပ်ပြ
ကျေနပ်မှုနဲ့ အိပ်ရာဝင်ချင်တယ်။ ဘယ်အချိန်ပဲ
ကျွန်တော်သေသေ ကျွန်တော်နောင်တမရချင်ဘူး။
အခုသေမယ်ဆိုရင် ငါဒါမလုပ်လိုက်ရလေခြင်းလို့
နောင်တမရချင်ဘူး။ ဒီတော့ ဒီရည်မှန်းချက်ကိုပြည့်ဖို့
ဆိုတာ တစ်ခုပဲရှိတယ်။ အဲ့ဒါက ကျွန်တော်ချစ်မြတ်နိုး
တဲ့အရာကိုရှာဖွေဖို့ပါ။
လူတွေကကျွန်တော်သင်္ဘောမလိုက
တော့ "ဒီလောက်ပိုက်ဆံရတဲ့အလုပ်ကိ
တာ တော်တော်တုံးတာပဲ"ဆိုတဲ့ အကြည့်နဲ့ကြည့်ပါ
တယ်။ ကျွန်တော့်စာကိုဖတ်နေတဲ့သူေ
ပေးချင်တာ တစ်ခုရှိတယ်။ လူတွေက သင်ဘာလုပ်လုပ်
တစ်ခုခု မကောင်းပြောဖို့ရှိနေလိမ့်မ
ကြောင့် သင်မတွေဝေသွားပါနဲ့။ သူတို့ကသူတို့ဘဝနဲ့
သူတို့ပါ။ သူတို့က သင့်ဘဝကိုလာနေထိုင်မှာ မဟုတ်
ပါဘူး။ သင်ရင်ဆိုင်ရမယ့်အရာတွေကို လာကူပေးမှာ
မဟုတ်ပါဘူး။ သင်တစ်ယောက်တည်းဖြတ်သန်းရမှ
ပါ။ သင့်ကိုယ်သင်ကိုးကွယ်ပါ။
လူတစ်ယောက်ဟာ သက်တမ်း၈၀နေရမယ်လို့တွေး
ကြည့်ပါ။ သင့်ဘဝကိုကုန်ဆုံးရမယ့်အချ
လောက်က အိပ်ချိန်နဲ့ အလုပ်ချိန်ပါ။ သင်မပျော်တဲ့အလုပ်
တစ်ခုနဲ့ သင်တစ်ဘဝလုံးဖြတ်သန်းသွားဖ
ရင်တော့ သင့်ဘဝအချိန်တော်တော်များမျ
သေချာပါတယ်။
"မိဘစိတ်ချမ်းသာဖို့လုပ်နေ
အောင်လုပ်နေရတယ်။ ဒီလိုလူမျိုးတွေကျတော့ ဘယ်လို
လုပ်ရမလဲ။"
ဒီမေးခွန်းကလူတော်တော်များမ
မေးခွန်း။ ဒီနေရာမှာ ငွေရေးကြေးရေးအကြောင်းက
စပြောပါ့မယ်။ သင့်မိသားစုက သင့်ထောက်ပံ့မှုအပေါ်
လုံးဝမှီခိုနေရတယ်ဆိုရင်တော
ပါးပါးနပ်နပ်လိုက်တတ်ရပါတယ်
မယ်။ ကျွန်တော်သင်္ဘောတက်တုန်းက စာချုပ်က ၉ လ
ပါ။ ကျွန်တော် ၁နှစ်နဲ့ ၆လနေခဲ့ပါတယ်။ ဘာလို့လည်း
ကျွန်တော်ပျော်လို့လား။ မဟုတ်ပါဘူး။ ကျွန်တော်
တစ်စက်ကလေးမှမပျော်ပါဘူး။ ကျွန်တော့်အိမ်ကိုပြန်
ထောက်ပံ့ချင်လို့ပါ။ သူတို့တွေ ပြန်အဆင်ပြေသွားမှ
ကျွန်တော့်အိမ်မက်နောက်ကို လိုက်တဲ့အချိန်မှာ
သက်တောင့်သက်သာရှိမှာလေ။ သင်လည်း မိသားစု
ကိုထောက်ပံ့နေရတယ်ဆိုရင် အရင်ဆုံးစစဉ်းစားရမှာ
က သူတို့ကိုဘယ်လိုရပ်တည်နိုင်
မလဲဆိုတာပါပဲ။ ချမ်းသာအောင်လုပ်ပေးဖို့ပြေ
မဟုတ်ပါဘူး။ သင့်အိမ်မက်တွေကိုတစ်ဖက်တစ်
လုပ်နေရင်းအိမ်ကိုလည်း အဆင်ပြေအောင်ထားတတ်ဖို့
သင်ကြိုးစားရပါမယ်။ သင့်အိမ်မက်တွေကို ဘယ်တော့မှ
လက်မလျော့လိုက်ပါနဲ့။
နောက်ထပ်လူတစ်မျိုးက အိမ်ကပိုက်ဆံရှိတယ်။မိဘ
စိတ်ချမ်းသာအောင် လုပ်ပေးနေရတဲ့သူမျိုး။သင့်
တစ်ခုမေးမယ်။ သင်မိဘဖြစ်တဲ့တစ်နေ့သင့်သား
တွေကိုရောသင့်လို ခံစားစေချင်လား။ အဖြေက Noဆို
ရင်တော့ သင်ကစပြီးပြောင်းလဲဖို့လိုပ
ရဲစေမှာပေါ့လို့သင်မေးနိုင
က သင်မလုပ်ရင် သင့်လိုစိတ်ဆင်းရဲမှုမျိုး သင့်သား၊ မြေး
အထိဆက်သွားလိမ့်မယ်။ သင့်အိမ်မက်နောက်ကိုလိုက်ဖိ
အကြံပေးချင်ပါတယ်။ ဒါပေမယ့် အိမ်ပေါ်က အထုတ်ဆွဲပြီး
ဆင်းခိုင်းတာမျိုးတော့မဟုတ်
တော့ သင့်မိဘအခြေအနေပေါ်မူတည်ပါတယ
3idiots ဇာတ်ကားထဲက ရန်ချိုပြောတဲ့စကားတစ်ခွန်း
ကျွန်တော်သတိရပါတယ်။ သူပြောတာက "ဖြစ်ချင်တဲ့
အိမ်မက်နောက်ကိုလိုက်ပါ။ပို
အလိုလိုလိုက်လာပါလိမ့်မယ်"တ
Steve Jobsကပြောတယ်။ "မိမိဘဝကို တစ်ပါးသူ
တစ်ယောက်အဖြစ်နေထိုင်ရင်းနဲ
စိတ်ကူးအိမ်မက်ကိုရှာဖွေပါ။
ရအောင် ရှာဖွေပါ"
ကျွန်တော့်မှာ ပိုက်ဆံတွေအများကြီးမရှိဘူး
တောင်မပိုင်ဘူး။ ကားလည်းမရှိဘူး။ဒါပေမယ့် ကျွန်တော့်
ဘဝရဲ့နေ့ရက်တိုင်းမှာလုပ်နေ
အလုပ်လို့တောင် မထင်ဘူး။ အိမ်မက်တွေနောက်ကိုလိုက်ခြ
ရဲ့ အကျိုးကျေးဇူးကို ကျွန်တော်ခံစားနေရပြီ။ ကျွန်တော်ပိုက်ဆံ
နောက်ကိုဘယ်တော့မှ လိုက်မှာမဟုတ်ဘူး။ ပိုက်ဆံဆိုတာ
ပါးပါးနပ်နပ်ကြိုးစားတဲ့သူေ
မြင့်တဲ့ဆုလာဘ်။ လိုက်စရာမလိုဘူး။ကြိုးစားရင
ရောက်လာမယ့်အရာပါ။
(စာကြွင်း- ပါးပါးနပ်နပ်ကြိုးစားတတ်ချင
ဘဝမှာ ဆုံးဖြတ်ရခက်နေသူတွေအတွက်ဒီ
အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
Credit to #မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။