ဘဝမှာ
လူကောင်းလာ လူဆိုးလာ၊
ဘယ်လိုလူ ဖြစ်ချင်လဲ။
ဘာအတတ် ပညာတတ်ချင်လဲ။
ပိန်ချင်လား ဝချင်လား။
ကျန်းမာချင်လား မကျန်းမာချင်ဘူးလာ။
ပျော်ချင်လား ဝမ်းနည်းချင်လား။
ချမ်းသာချင်လား ဆင်းရဲချင်လား။
ကျွနုပ်တို့ တစ်ဦးက ရွေးချယ်ရမှာပါ။
Yes or No!!
ရလာဒ်ကို ရဲရဲကြီး လက်ခံလိုက်ပါ။
အလိုမကျရင် ပြောင်းပါ။ ထပ်ပြီး ရွေးချယ်ပါ။ ပိုပြီးကောင်းတဲ့ ဘဝမျိုးကို တည်ဆောက်ပါ။
သင့်ရဲ့ ရွေးချယ်ပြီး ဆောင်ရွက်မှုပေါ် မူတည်ကာ လောကကြီးက တုံ့ပြန်လာလိမ့်မယ်။
သင့် ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုကြောင့် ရရှိလာသောဘဝ အတွက် သင် တာဝန်ယူရလိမ့်မယ်။
တခြားသူများကို လက်ညိုးထိုး အပြစ်တင်နေမယ်ဆိုရင်
သင်ဟာ သင့် ဘဝအတွက်တာဝန် မယူတတ်သူ၊ ကိုယ်ပိုင် ရွေးချယ်မှု မလုပ်တတ်သူ၊
သို့မဟုတ်
ခိုင်းမှလုပ်တတ်သူ
မေးမှဖြေသူ
ပြောမှသိသူ
ထိမှနာတတ်သူ
ကျွေးမှစားရသူ
သေမှအကြွေးကြေတတ်သူ
ဖြစ်လာပါလိမ့်မယ်။
အကြံပေးရမယ်ဆိုရင်. . .
၁။ ရွေးချယ်မှုကို ကို့လက်ထဲမှာထားပါ။
၂။ ဘဝအတွက် အရာရာကို ဆုံးဖြတ်တတ်အောင် သူယူလေ့လာပါ။ အောင်မြင်နေသူများ၊ အောင်မြင်ခဲ့သူများ၊ ကျရှုံးခဲ့သူများ ကျရှုံးနေသူများကို လေ့လာပါ။ ယူသင့်တာယူ ပယ်သင့်တာပယ်ပါ။
၃။ ပြီးရင် စပြီးလုပ်ပါ။ ကျင့်ပါ။
၎။ တစ်ခုအဆင်မပြေရင် နောက်တစ်ခု နောက်တစ်မျိုး ဆက်လုပ်ကြည့်ပါ။
၅။ အောင်မြင်မှုရလာတဲ့အထိပေါ့။
၆။ အောင်မြင်လာတဲ့အခါ တစ်ခြားသူတွေကို ပြန်ပြီးမျှဝေ မြင့်တင်ပေးပါ။
ပျော်ရွှင်ကျေနပ်ဖွယ် ဘဝလေး ပိုင်ဆိုင်နိုင်ပါစေ။
Credit to Original Writer.
နည်းစနစ်ကျကျအတွေးအခေါ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။