Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label မိန့်ခွန်းနှင့်ဟောပြောပွဲ. Show all posts
Showing posts with label မိန့်ခွန်းနှင့်ဟောပြောပွဲ. Show all posts

Thursday, October 12, 2017

အမုန်းစကားပြောတဲသူတွေဟာ ဘာသာတရားနဲ့ မဆိုင် သူတွေပဲ ဖြစ်ပါတယ်။..


The Melting Pot 4 U added 15 new photos.

အမုန်းစကားပြောတဲသူတွေဟာ ဘာသာတရားနဲ့ မဆိုင် သူတွေပဲ ဖြစ်ပါတယ်။..
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို..
ချစ်ခင်လေးစားရပါ ညီအစ်မောင်နှမအပေါင်းတို့
ကျွန်ုပ်တို့ဟာ မဟာနိုင်ငံတစ်ခုရဲ့ နိုင်ငံသူ နိုင်ငံသားတွေဖြစ်ရတဲ့အတွက် အလွန် ဂုဏ်ယူပါတယ်။ မြေပေါ် မြေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လူဖြစ်နေရတာဂုဏ်ယူစရာပါ။ ဒီနိုင်ငံဟာ အမှန်စင်စစ် ရွှေနိုင်ငံဖြစ်ပါတယ်။ ဒီရွှေနိုင်ငံမှာ ရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးရဲ့ ငြိမ်းချမ်းခြင်း အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဒီနေရာမှာ ကျွန်ုပ်တို့ စုရုံးနေကြပါတယ်။ ညီအစ်ကို မောင်နှတို့ " ငြိမ်းချမ်း ရေးဟာ ဖြစ်နိုင်ပါတယ်၊ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်" ငြိမ်းချမ်းရေးရဲ့ အသီးအပွင့် တွေကို ကျွန်ုပ်တို့ရဲ့ နောင်လာနောင်သား ကလေး လူငယ်များက ခံစားရရှိမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်ုပ်တို့ ပြု ကြတဲ့ ဆုတောင်းခြင်းက ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့နဲ့ သာယာလှပနေမယ့် မြန်မာပြည် ဖြစ်လာဖို့ ပါပဲ။

Thursday, September 21, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်း


(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၀ ရက်၌
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူပြောကြားသည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းကို ပြန်လည်ဖော်ပြလိုက်ပါသည်။
အဆွေတော်အား (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် မိမိအနေနဲ့ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်နိုင်မှုအောက်မှာ ယခုညီလာခံကြီးဟာ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။

Tuesday, September 19, 2017

အမေ့စုမိန့်ခွန်း အင်္ဂလိပ် / မြန်မာပြန်အပြည့်အစုံ



Myanmar State Counsellor Office added 10 new photos.

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှဆောင်ရွက်လျက် ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
နေပြည်တော် စက်တင်ဘာ ၁၉
ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေလိုပါတယ်။

Friday, August 11, 2017

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း


Myanmar State Counsellor Office added 8 new photos.

Zawgyi Version
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း
မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကျွန်မက လက်ခုပ်တီးခိုင်းတာကိုမကြိုက်ဘူးနော်။ တီးချင်မှတီးရမှာ ဒါ ဒီမိုကရေစီပဲ။ လက်ခုပ် မတီးချင် တီးချင်နဲ့ တီးခိုင်းတာ ဒါဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ကျွန်မ ထင်ပါတယ်။ ဒါကျွန်မတို့ ပြောင်းလဲရမယ့် အစဉ်အလာတစ်ခုပေါ့။ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကြိုဆိုပါတယ်။

Wednesday, July 26, 2017

အမေရိကန် သမ္မတ အိုဘားမား နဲ့ မြန်မာ ဗိုလ်ချုပ် ခင်ညွန့်


The Red အနီ added 2 new videos.

အမေရိကန် သမ္မတ အိုဘားမား နဲ့ မြန်မာ ဗိုလ်ချုပ် ခင်ညွန့်
<><><><><><><><><><><><><><><><><><>
အမေရိကန်သမ္မတ အိုဘားမား၏ ရန်ကုန်တက္ကသိုလ် မိန့်ခွန်း ကောက်နုတ်ချက် ( မြန်မာဘာသာပြန် )
=================================
November 19, 2012

" မဲဆန္ဒရှင် (ပြည်သူလူထု)ရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိသူတို့ဟာ ကန့်သတ်ခြင်းကို လက်ခံရပါတယ်။ ကျနော်တို့ရဲ့ အမေရိကန်စနစ်မှာ အဲဒီလို ပုံစံပြု ထားပါတယ်။
အခု အမေရိကန်မှာ ကမ္ဘာ့ အင်အား အကောင်းဆုံး စစ်တပ် ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်ဟာ အရပ်သား ထိန်းချုပ်မှုအောက်မှာ သစ္စာခံရပါတယ်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်တဲ့ ကျနော်က စစ်ရေးစစ်ရာကို ဆုံးဖြတ်ပေးရပါတယ်။ ဒီအပြင် တခြားနည်းလမ်းမရှိပါဘူး။ ကျနော်ဟာ သမ္မတနဲ့ စစ်သေနာပတိချုပ် (ကာကွယ်ရေးဦးစီးချုပ်) အဖြစ် ကျနော်မှာ တာဝန်ရှိလို့ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်က ပြည်သူလူထုကို တာဝန်ခံရလို့ပါပဲ။

Friday, July 21, 2017

ပျောက်ကွယ်နေသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ပုဒ်

ပျောက်ကွယ်နေသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ပုဒ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မြင့်ဆွေဦး

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို သက်ဆိုင်ရာတာဝန်ရှိအစိုးရဌာန၊ အထူးသဖြင့် ပြန်ကြား ရေးဌာနက ခေတ်အဆက်ဆက် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများကို စုစည်းထုတ်ဝေခဲ့သည်။ သို့သော်အားလုံးမဟုတ်။ အထူးသဖြင့် ဂျပန်ခေတ်တွင် ပြောဟောမိန့်ကြားခဲ့သည့် မိန့်ခွန်း များကို ချန်လှပ်ထားခဲ့ပြီး ၁၉၄၅ ခု၊ မတ်လ ၁၇ ရက်နေ့မှ မကျဆုံးမီ၊ ၁၉၄၇ ခု၊ ဇူလိုင်လအထိ ပြောကြားခဲ့သော မိန့်ခွန်းများ ကိုသာ ဖော်ပြခဲ့သည်။

Wednesday, May 24, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း


Tike ZN added 5 new photos.Follow

"အမေ့မိန့်ခွန်း အပြည့်အစုံ"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း
===============================================

နေပြည်တော် မေ ၂၄
လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်လာကြတဲ့ အထူးဧည့်သည်တော်များ၊ ကိုယ်စားလှယ်တော်ကြီးများ၊ လေ့လာသူများနဲ့ ဧည့်သည်တော်များရှင့် -
အားလုံးပဲ ငြိမ်းချမ်းမှု မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

Sunday, April 23, 2017

လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း


မြန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 3 new photos — with U Hla Oo.

လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း
———————————————————————————
မဇ္ဈိမ | ဒီဇင်ဘာ ၄ ။ ၂၀၀၈
BurmaDemocracy, 22 April 2017
လျှို့ဝှက်ပေါက်ကြားလာခဲ့သော သဘောထား တင်းမာသော နအဖအဖွဲ့ဝင်တဦးဟု ကျော်ကြားသော ပြည်ထဲရေးဝန်ကြီး၏ ဌာနတွင်းမိန့်ခွန်းကို မဇ္ဈိမက လက်ခံရရှိခဲ့ရာ ပြန်လည်ဖော်ပြ လိုက်ရပါသည်။
Credit: U Hla Oo
• ပြည်ထဲရေးဝန်ကြီး ပြောကြားသည့် မိန့်ခွန်း
စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဘာလုပ် သလဲ ဆိုလျှင် ဖြစ်လာသည့် Riot အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းခြင်းသည် International Law အရ တရားမဝင်ဟု ကမ္ဘာ့ အသိုင်းအဝိုင်း က ထောက်လာခြင်း ဖြစ်ကြောင်း၊ International တွင် ယခင်က တပ်မတော်က အုပ်ချုပ်နေသည်မှာ ပါကစ္စတန်၊ ဆူဒန်၊ မြန်မာ စသည့် (၃) နိုင်ငံသာ ကျန်တော့သည့် အနေအထားမှ ယနေ့အခြေအနေတွင် မြန်မာနိုင်ငံ တစ်ခုသာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း၊

Thursday, March 30, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း (အပိုင်း - ၁)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း (အပိုင်း - ၁)

မတ်လ ၃၀ ၊ ၂၀၁၇

ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများအပေါင်းရှင်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ နိုဝင်ဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အရ ၂၀၁၆ ခုနှစ် ၃၀ ရက်နေ့ မတ်လမှာ နိုင်ငံ့ရဲ့ အစိုးရတာဝန်တွေကို စတင်ပြီးတော့ ထမ်းဆောင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မတို့မှာ ပြည်သူလူထုကို အစီရင်ခံရမယ့် တာဝန်ရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးနဲ့ တိုင်း/ ပြည်နယ် အစိုးရများအသီးသီးဟာ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေ၊ မိမိတို့ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှု တွေနဲ့ မိမိတို့ရဲ့ အနာဂတ်အတွက် ရည်မှန်းချက်တွေကို တင်ပြပြီးဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း အပိုင်း(၂)


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း အပိုင်း(၂)

မတ်လ ၃၀ ၊ ၂၀၁၇

ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေဟာလည်း ဒီလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေချင်ပါတယ်။ အချို့ သိပြီးသားဖြစ်မှာပါ။ ကျွန်မတို့ရဲ့ ပြည်သူများဟာ ဘယ်လောက်အထိ ဒီလိုသတင်းတွေကို လိုက်ပြီးတော့ နားထောင်ကြတယ်။ ဝေဖန်ကြတယ်။ လေ့လာကြတယ်ဆိုတာ ကတော့ ကျွန်မက မသိပါဘူး။

Monday, February 13, 2017

သမိုင်းဝင် ပင်လုံ မိန့် ခွန်း 2

နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား

===============================================

ပင်လုံ ဖေဖော်ဝါရီ ၁၂
နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပြည်မတောင်တန်းပူးပေါင်းရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

သမိုင်းဝင် ပင်လုံ မိန့် ခွန်း

သမိုင်းဝင် ပင်လုံ မိန့် ခွန်း
----------------------

ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (အပိုင်း ၁ )
----------------------------------------------------
ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပသည့် နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းပြောကြားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူလူထုအားလုံးနဲ့ ဧည့်သည်တော်များကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့မှာ ပြည်ထောင်စု ကြီးကို အသိအမှတ်ပြုသောအားဖြင့် အားလုံးစုဝေးပြီးတော့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

Saturday, January 21, 2017

Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအပြည့်အစုံ


တရားသူကြီးချုပ် ရောဘတ်စ်၊ သမ္မတ ကာတာ၊ သမ္မတ ကလင်တန်၊ သမ္မတ ဘုရှ်၊ သမ္မတ အိုဘားမား၊ ရောင်းရင်း အမေရိကန်များနဲ့ ကမ္ဘာ့ပြည်သူများခင်ဗျား။
အခုအချိန်မှာ ကျနော်တို့ အမေရိကန်နိုင်ငံသားတွေဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး နဲ့ ကျနော်တို့ ပြည်သူအားလုံးကို ပေးထားတဲ့ကတိ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြီးကျယ်တဲ့ ပြည်လုံးကျွတ် အားထုတ်မှုတရပ်ကို ပူးပေါင်း ပါဝင်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် လာမယ့်နှစ်တွေမှာ ဘယ်လို ရှေ့ကို ချီတက်သွားမယ် ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ အတူတကွ ချမှတ်ရပါလိမ့်မယ်။ ကျနော်တို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ကျနော်တို့အလုပ်ကို ပြီးအောင် ဆောင်ရွက် သွားကြမှာ ဖြစ်ပါမယ်။

Wednesday, January 11, 2017

အမေရိကန် သမ္မတ အိုဘားမား နောက်ဆုံးနူတ်ဆက်မိန့်ခွန်း

အမေရိကန် သမ္မတ အိုဘားမား နောက်ဆုံးနူတ်ဆက်မိန့်ခွန်း
အိမ်ဖြူတော်တွင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ချီကာဂိုမြို့တွင် အမေရိကန်ပြည်သူတွေနှင့် တစ်ကမ္ဘာလုံးကို သမ္မတတစ်ဦးအနေဖြင့် နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
အိုဘားမား၏ နူတ်ဆက်မိန့်ခွန်းတွင် မဲဆွယ်စည်းရုံးရေးကာလက ၎င်း၏ဆောင်ပုဒ်ဖြစ်သည့် ‘ကျွန်တော်တို့ လုပ်နိုင်ပါတယ်’ ဆိုသည့် စကားကို ‘ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်’ လို့ ပြောင်းလဲ သုံးနှုန်းခဲ့သလို အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရခြင်းသည် ၎င်းဘ၀အတွက် ဂုဏ်ယူစရာကောင်းသည့် အထိမ်းအမှတ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sunday, January 8, 2017

အမေရိကန်သမတကတော် မီရှဲလ်-အိုဘားမားရဲ့ အိမ်ဖြူတော် နောက်ဆုံးမိန့်ခွန်း။

 
 
အမေရိကန်သမတကတော် မီရှဲလ်-အိုဘားမားရဲ့ အိမ်ဖြူတော် နောက်ဆုံးမိန့်ခွန်း။
------------------------------
လက်ရှိ အမေရိကန်သမ္မတကတော် မီရှဲလ်-အိုဘားမားက သူ့ရဲ့ အိမ်ဖြူတော်မှာ နောက်ဆုံးမိန့်ခွန်းကို သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ရှင်တို့ရဲ့ သမ္မတကတော် ဖြစ်ရတာ ဘဝရဲ့ ဂုဏ်အရှိဆုံး ဖြစ်ရပ်ပဲ.. ရှင်တို့ပါ ဂုဏ်ယူရအောင် လုပ်ခဲ့ပြီးပြီလို့ ကျွန်မ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
ဂုဏ်ပြုပွဲ အခမ်းအနားအတွင်း ဒီနှစ်အတွက်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူငယ်တွေ သူတို့ရဲ့ အလားအလာဆီကို ရောက်အောင် အားပေး မြှင့်တင်ရေးအတွက် မီရှဲလ်က အာရုံစိုက် မှတ်ချက်ပေးခဲ့ပါတယ်။

Sunday, January 1, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏
၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား
===================================
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင် နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Sunday, December 25, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း


National League for Democracy added 4 new photos to the album: မြန်မာကင်းထောက်ရာပြည့်.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း
---------------------------------------------------------
ရန်ကုန် ဒီဇင်ဘာ ၂၃ ။
မြန်မာကင်းထောက်ရာပြည့်အခမ်းအနားကိုံနက် ၉ နာရီခွဲတွင် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိငယ်စဉ်က ကင်းထောက် ၀တ်စုံဝတ်ပြီး ကင်းထောက်အဖွဲ့တွင် အတူတူပါဝင်ခဲ့သည့် မိတ်ဆွေများ နှင့် ယခုကဲ့သို့အတူ မရပ်ခဲ့ရသည်မှာ အနှစ်ငါးဆယ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ကင်းထောက်များ၏ စိတ်ဓါတ်များ ရှင်သန်နေသေးသည်ကို တွေ့ရသည့် အတွက် ၀မ်းမြောက်မိပါကြောင်း။

Sunday, December 18, 2016

BBC ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်း ၌ အမေး အဖြေ များ ကောက်နှုတ်ချက်

 
 
ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကိုင်တွယ် ဖြေရှင်းမှုကို အားလုံးက
ဝိုင်းပြီးအကူအညီပေးကြရန် ကိုဂျင်မီ မှ BBC ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်း ၌ အမေး အဖြေ များ ကောက်နှုတ်ချက်
*****************************************************************
မေး- ကိုဂျင်မီ ခင်ဗျာ အဓိက ရခိုင်အခြေအနေကလေ ပြည်တွင်းမှာလည်း စုံစမ်းမှုတွေလုပ်နေတော့ ဒီလို အာဆီယံရဲ့စိုးရိမ်မှုတွေ ဘာကြောင့်
ထွက်ပေါ်လာတယ်လို့ ပြောနိုင်လည်းခင်ဗျာ့။

Friday, November 4, 2016

မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

 
 
မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို
------------------

ဒေါ်အောင်ဆန်းစုကြည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ခေတ္တ ပညာသင်ယူခဲ့သည့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ ထိုချီးမြှင့်ခဲ့သည့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကျိုတိုတက္ကသိုလ်က ပထမဆုံး အကြိမ် ချီးမြှင့်ခြင်းဖြစ်သည်။

Saturday, September 24, 2016

ဒေါ်စု ကုလမှာ ဘာတွေပြောခဲ့သလဲ

 
 
ဒေါ်စု ကုလမှာ ဘာတွေပြောခဲ့သလဲ

By ဒီဗွီဘီ 24 September 2016

အမေရိကန်ပြည်ထောင်စု မာရီယန်တက္ကသိုလ်ကဖိတ်လို့ စကားသွားပြောရတယ်။ အမေး-အဖြေ တခုမှာ ဒေါ်စု ကုလသမဂ္ဂမှာ မိန့်ခွန်းပြောတဲ့အချက်ကိုပါ ထည့်ပြောဘို့လိုတာနဲ့ ပြောခဲ့ပါတယ်။ ကြော်ငြာဝင်သလိုပေါ့။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်သတင်းတိုင်းကို လိုက်မရေးပါ။ သူ့ပုံကိုလည်း အလွန်လိုအပ်မှသာ သုံးပါတယ်။ ကိုယ့်ခေါင်းဆောင်ဖြစ်လို့ ဆင်ခြင်ရတာတွေ ရှိတယ်။ အတိုက်အခံဖြစ်သူကိုလည်း ဆင်ခြင်ပြီးသာ ဝေဖန် တိုက်ခိုက်သင့်တဲ့စာလေး ရေးပါရစေ။