Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 21, 2017

ပျောက်ကွယ်နေသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ပုဒ်

ပျောက်ကွယ်နေသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ပုဒ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မြင့်ဆွေဦး

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို သက်ဆိုင်ရာတာဝန်ရှိအစိုးရဌာန၊ အထူးသဖြင့် ပြန်ကြား ရေးဌာနက ခေတ်အဆက်ဆက် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများကို စုစည်းထုတ်ဝေခဲ့သည်။ သို့သော်အားလုံးမဟုတ်။ အထူးသဖြင့် ဂျပန်ခေတ်တွင် ပြောဟောမိန့်ကြားခဲ့သည့် မိန့်ခွန်း များကို ချန်လှပ်ထားခဲ့ပြီး ၁၉၄၅ ခု၊ မတ်လ ၁၇ ရက်နေ့မှ မကျဆုံးမီ၊ ၁၉၄၇ ခု၊ ဇူလိုင်လအထိ ပြောကြားခဲ့သော မိန့်ခွန်းများ ကိုသာ ဖော်ပြခဲ့သည်။

ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းများအနက် ထူးခြားလေးနက်သော မိန့်ခွန်းနှစ်ခုရှိ သည်။ ယင်းတို့မှာ ၁၉၄၄ ခု မတ်လ ၁၃ ရက်နေ့တွင် ဟောပြော သည့်မိန့်ခွန်းနှင့် ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး နှစ်ပတ်လည် နေ့တွင် ဟောပြောသည့် မိန့်ခွန်းတို့ဖြစ်သည်။

ပထမမိန့်ခွန်းမှာ ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင်အခမ်း အနားတွင် ဟောပြောသည့် မိန့်ခွန်းဖြစ်သည်။ ထိုမိန့်ခွန်းကို ခေတ်အဆက်ဆက် ယနေ့တွင် ဖုံးကွယ်ထားသဖြင့် လူသိနည်း ပြီး မေ့လျော့နေကြသည်။ ထို့ကြောင့် အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြန်လည်တင်ပြ လိုက်ပါသည်။

ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားပွဲ
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

ရဲဘော်တို့....

ယနေ့ ရဲဘော်တို့ အခု အချို့ဟာ စစ်ဗိုလ်လောင်းကလေး များအဖြစ် အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများသာဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး၊ ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ ရတာနှင့် တစ်ပြိုင်နက် ရဲဘော်တို့အသီးသီးမှာ ကိုယ့်တာဝန် ကိုယ့် ဝတ္တရားနှင့် ဖြစ်သွားကြပြီး ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံနှင့် ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာစရာအချက်တွေကို ငါတို့မှာကြား လိုတယ်။
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့အခု ဗမာ နိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံဖြစ်တယ်။ ဒို့တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသား လုံးရဲ့အတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည် ထောင်ထားတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်၊ နိုင်ငံနှင့် အမျိုးကို ကာကွယ်စောင့်ရှောက် ဖို့ နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနှင့် လူမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ၊ တခြားလူမျိုးကို သစ္စာစောင့်တာ မဟုတ်ဘူး။ အဲဒီလိုသစ္စာဟာ ဝတ်ကျေတမ်းကျေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခုဆို ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံ သာဖြစ်တဲ့ သစ္စာမဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ၊ ယခုအခါ ရဲဘော်တို့ရဲ့ အပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူး အားလုံးတွေဟာ ဒီနိုင်ငံဒီအမျိုးရဲ့ ကိုယ်စားတွေပဲ၊ အဲဒီကိုယ်စား နိုင်ငံနှင့် အမျိုးကို သစ္စာစောင့်သိခြင်းဟာ ကိုယ့်နိုင်ငံနှင့် ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ၊ ဒီတော့....

ရဲဘော်တို့....

ရဲဘော်တို့ မေးစရာစကားရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုး နဲ့ ကိုယ့်နိုင်ငံဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့ အခါ ပြုတ်ကျတာချည်းပဲ။ ဒီလို မတရားတဲ့အကြီးအမှူးတွေ ရှိရင် ရဲဘော်တို့အပေါ်မှာလည်း တည်တယ်။ ဥပမာ- မတရားတဲ့ အကြီးအမှူး တစ်ယောက်က ဝတ္တရားနှင့်မဆိုင်တဲ့၊ နိုင်ငံနှင့် လူမျိုးအကျိုးနှင့် မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့် ဟာ နည်းကျ/မကျ၊ တရား/မတရား၊ နိုင်ငံနှင့် အမျိုးမှာ အကျိုးရှိ/မရှိကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ် ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြား အကြီးအမှူး တစ်ယောက်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲက ဖြစ်ဖြစ်၊ အခု တပ်ထဲ မှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ် အကိုင်၊ နိုင်ငံချစ်စိတ်၊ အမြော် အမြင်ရှိတယ်လို့ တွေ့တာနှင့် တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံးကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။ ကနေ့ ရဲဘော်တို့ အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံတော်အတွက် အမျိုးမျိုး အနစ်နာခံဖူးတဲ့လူရှိတယ်။ ငါတို့သိတာ လည်းရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူမျိုးတကာထက် တိုးတက်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာ လူကြီးတွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ် တော်တဲ့လူဟာ ဘယ်သူမှ နှိမ်ထားလို့မရပါဘူး။ ကိုယ့်ကိုယ် ကိုယ်လည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေ သူကြီးတွေ ကိုလည်း မျက်နှာလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် နိပွန်က ပြန်လာလို့၊ စစ်ကျောင်းက ဆင်းလို့၊ ရှေးကအနစ်နာခံဖူးလို့ ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှ တိုးတက်မှာမဟုတ်ဘူး။ ဒီ့ပြင် လူတွေအတွက် ကျုပ်မပြော နိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူ နေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မျှ ခွာမသွား ဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနှင့်ပတ်သက်ပြီး ရဲဘော်တို့ သိဖို့ ပြောပြခြင်းပဲ။

တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကျစကား ပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ်လေးနက်အောင် ပြောပြလိုက် ဦးမယ်။(ငါတို့ စစ်တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ် ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ ပြောတာမဟုတ်ဘူး) ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ် ဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ၊ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေပဲ၊ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့စိတ်ရှိတယ်။

အားနည်းတဲ့လူတွေကလည်း အားနည်းတဲ့ အခါတုန်းတော့ အားကြီးနေတဲ့ လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာမှ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါထုံးစံ အတိုင်းပဲ၊ ငါတို့က ဒီလိုမဟုတ်၊ အားနည်းတဲ့အခါလည်း အားကြီးတဲ့ လူကို မတရားရင်မကြောက်၊ အားကြီးတဲ့ အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်တယ်လို့ ပြောတာပဲ၊ နိုင်ငံဟာဘာလဲ။
နိုင်ငံဟာ အမျိုးပဲ၊ အမျိုးဟာဘာလဲ၊ အမျိုးဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ် ကို ပြောပြချင်တယ်။
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာချစ်ပြီး၊ ဒီ့ပြင် လူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးတရားပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဖို့ မလိုဘူး။ သို့သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ်၊ အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူအဖြစ် ဖြင့်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါ ဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် က္ဘာ့ လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့ဟာ အခြား လူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာမလိုဘူး။

ငါတို့တစ်တွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နှင့်အတူ ဟုတ်တာနှင့် မဟုတ်တာ ခွဲခြားသိရ မယ်။ လူမျိုးရေး တရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ကြရမယ်။ ဒါက လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။

ဇာတိမာန်ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ၊ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ခွစာတွေ၊ လူ့မတရားတွေလို ဒီက္ဘာက အထင်ခံရအောင် မလုပ်ပါနှင့်၊ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူ ကြပါ။ အဲဒါ ကျုပ်လူမျိုးရေးတရားနှင့် ပတ်သက်ပြီး မှာချင် တာပဲ။

နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်ပြီ၊ လူကြီးဆိုတာဘာလဲ အသက်ကြီးတာကို ဆိုလိုချင်သလား၊ မဟုတ်ဘူး၊ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံ လွတ်လပ်ရေး၊ ငါတို့နိုင်ငံရဲ့ နယ်မြေ၊ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ ဒါတွေကို ငါတို့ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဖို့ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါ့ဦးမလား၊ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ကြရမယ်။ အစစအရာရာ ဆင်ခြင် တတ်ရမယ်၊ ကောင်းသည်၊ တော်သည်၊ ဟုတ်သည်၊ မဟုတ် သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခုငါတို့ အချို့အလုပ် တွေက သက်သေပြနေတယ်။ ဘေးကလူတွေ လာပြောတိုင်း အရမ်းမယုံကြနှင့်၊ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ် အကျယ်ဖြစ်မယ့် ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။ ဘယ်လိုဘေးလူက ဗိုလ်ကြီးရဲ့ ဘာကြီးရဲ့နဲ့ လာမြှောက်ပေးပေး ငါတို့မရပါဘူး။ ဝတ္တရားနဲ့ ငါတို့တော့ မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ၊ တရားတဲ့ကိစ္စ၊ လူများ ကျေးဇူးတင်မယ့်ကိစ္စဆိုရင် ကိုယ်နှင့်မဆိုင်ဘူးဆိုပြီး လျစ်လျူ မရှုပါနှင့် ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ၊ မိတ်ဆွေကိစ္စတွေဟာ ကိုယ့်တာဝန် လုပ်တဲ့အရေးမှာ မနှောင့်ယှက်ပါစေနှင့်။

နောက်ပြီး မှာချင်တာက ပြောတဲ့အတိုင်း ကိုယ့်ကိုယ် ကိုယ် အထင်မကြီး ကြပါနှင့်။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့၊ ပညာဟာ ဘယ်တော့မှကုန်တယ် မရှိဘူး။ လူမျိုးဖြစ်ဖြစ်၊ လူတစ်ဦးပဲဖြစ်ဖြစ်၊ နိုင်ငံဖြစ်ဖြစ် တိုးတက်မှုဟာ လက်ရှိအခြေအနေနှင့် အားမရဘဲ၊ တင်းမတိမ် ဘဲ ရှေ့ဆက်လက်ကြိုးစားမှသာ တိုးတက်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြသထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူဆပါနဲ့ ၊ အထင်မကြီးပါနဲ့။ ဒီထက်တိုးတက်အောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချို့ယွင်းချက်တွေရှိတာပဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။

သို့ပေမယ့် ကျုပ်တစ်ခု ရဲဘော်တို့ကို ကတိပြုမယ်။ နိုင်ငံ နှင့်အမျိုး အကျိုးနှင့်သစ္စာကို ကျုပ်ဘယ်တော့မှ မဖောက်၊ ရဲဘော်တို့ထဲကဖြစ်ဖြစ်၊ ဒီပြင်ကဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့သူ ထွက်ပြနိုင်ပါစေ။ ကျုပ်ဖယ်ပေးဖို့အသင့်ပဲ။

နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ် ဆိုတဲ့စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီ့ပြင်နိုင်ငံ တွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူ ရှိကြတာ မဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ် သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည် စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကိုမတရားနှိမ်မယ်။ လူလည် လုပ်မယ်၊ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ်အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။

ယနေ့ ဒီမှာပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။