Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

`` အောင်မြင်ချင်း ပထမ ခြေလှမ်း ´´ ( မဖြစ်မနေဖတ်သင့်ပါတယ် )

`` အောင်မြင်ချင်း ပထမ ခြေလှမ်း ´´ ( မဖြစ်မနေဖတ်သင့်ပါတယ် )

အင်တာနက် မကောင်းသေးခင် အချိန်ကတည်းက အွန်လိုင်း ဈေးဝယ်နေရာ ကုမ္ပဏီ တည်ထောင်ပြီး ဘီလျံနာသူဌေး ဖြစ်လာခဲ့သူကတော့ အလီဘာဘာ တည်ထောင်သူ တရုတ်နိုင်ငံသား၊ စီးပွားရေး လုပ်ငန်းရှင်ကြီး Ma Yun ခေါ် Jack Ma ပဲ ဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ အလုပ်တွေကလည်း တစ်ခုမှ မခန့်အပ်ခံခဲ့ရသလို နောင်တစ်ချိန်မှာ သူ့ကို ကမ္ဘာသိ ဘီလျံနာတစ်ဦး ဖြစ်လာစေမယ့် အလီဘာဘာ စတည်တည်ထောင်ချိန်ကလည်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး “အလီဘာဘာကို မတည်ထောင်ရသေးခင်၊ စတင်မယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ သူငယ်ချင်း ၂၄ ဦးကို ကျွန်တော့်အိမ် ဖိတ်ခဲ့ပါတယ်၊ နှစ်နာရီလောက် ဆွေးနွေးပြီးတဲ့အထိ သူတို့တွေ ဆုံးဖြတ်ရခက်၊ ဇဝေဇ၀ါ ဖြစ်နေကြဆဲပဲ၊ နောက်ဆုံး အဆုံးအဖြတ်ခံယူတော့ အင်တာနက် မကောင်းကြောင်းနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမယ့် ငွေအရင်းအနှီး မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ၂၃ ယောက်က အခန်းထဲက ထွက်သွားခဲ့ကြတယ်” လို့ ဆိုပါတယ်။
“တစ်ယောက်တည်းပဲ၊ ဘဏ်မှာ လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်တည်းကပဲ ‘မင်းမှာ လုပ်ချင်တဲ့ ဆန္ဒ ရှိရင် စမ်းလုပ်ကြည့်ပေါ့၊ တကယ်လို့ မင်း ထင်ထားသလို အလုပ် ဖြစ်မလာခဲ့ဘူး ဆိုရင်တောင် ဘာမှ မလုပ်ရသေးတဲ့ ဒုံရင်းအခြေအနေမျိုးဆီ ပြန်သွားလို့ရတာပဲ’ ဆိုပြီး ကျွန်တော့်ကို ပြန်ပြောတယ်၊ ဒီလိုနဲ့ အလုပ်စမယ့်ကိစ္စကို တစ်ညလောက် ကျွန်တော် တစိမ့်စိမ့်တွေးနေပြီး မနက်လည်း လင်းရော ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်အကြံကို ၂၄ ယောက်စလုံးက ဆန့်ကျင်ခဲ့ရင်တောင် ကျွန်တော်ကတော့ ဆက်လုပ်မှာပဲလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆုံးဖြတ်ခဲ့တယ်” လို့ Jack Ma က ဆက်ပြောပါတယ်။ ဒါ့ပြင် “ဒီလိုနဲ့ အလုပ်စထောင်ပြန်တော့လည်း ချက်ချင်းဆိုသလို ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်၊ ကိုယ်လုပ်တဲ့အလုပ်တစ်ခုက ရှုံးတာ၊ မြတ်တာကို အသာထားလို့ အတွေ့အကြုံရတယ် ဆိုရင်တောင် အောင်မြင်တာပဲ၊ ခင်ဗျား ကြိုးစားဖို့ အခွင့်အရေးရှိတယ်၊ အေး နောက်ဆုံး အလုပ်မဖြစ်ခဲ့ဘူး ဆိုရင်တောင် ခင်ဗျား ဘာမှ မလုပ်ခဲ့ရသေးတဲ့ အခြေအနေဆီ အမြဲတမ်း ပြန်ဆုတ်လို့ ရနိုင်နေတာပဲ” လို့ ဆိုပါတယ်။
Jack Ma နောက်ဆုံးပြောတာကတော့ “အသက် ၃၅ နှစ်အထိ ဆင်းရဲနေသေးတယ် ဆိုရင်တော့ မင်းရဲ့ အမှားပါ” တဲ့။ ပြီးတော့ လူတစ်ယောက် မအောင်မြင်ရတာနဲ့ ပတ်သက်လို့လည်း အချက်တစ်ချက်ချင်း ထောက်ပြထားပြီး အဲဒါတွေကတော့
- “ခင်ဗျား ဆင်းရဲရတာက အောင်မြင်သူတစ်ယောက် ဖြစ်ဖို့ စိတ်ဆန္ဒ ခင်ဗျားမှာ မရှိလို့ပါ”
- “ခင်ဗျား ဆင်းရဲရတာက တွေးခေါ်မြော်မြင်မှု အားနည်းလို့ပါ”
- “ခင်းဗျား ဆင်းရဲရတာက သူရဲဘောကြောင်တဲ့ ခင်ဗျားရဲ့ ငကြောက်စိတ်ကို မကျော်နိုင်လို့ပါ”
- “ခင်ဗျား ဆင်းရဲရတာက သတ္တိရှိရှိနဲ့ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်မျိုး မရှိလို့ပါ”
- “ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ သိမ်ငယ်မှု အားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပြီး ခင်ဗျားရဲ့ စွမ်းပကားကိုပါ အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်တယ်”
- “ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ ခင်ဗျားဟာ မဆုတ်မနစ်ကြိုးစားနိုင်မယ်၊ အသစ်၊ အသစ်တွေကို အဆက်မပြတ်လေ့လာသင်ယူနိုင်မယ်၊ ပြိုင်စံရှားဖြစ်အောင် အားထုတ်နိုင်မယ်”
- “ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ ခင်ဗျားဟာ တစ်ဖက်စီးနင်း အခြေအနေအားလုံးကို ကြံ့ကြံ့ခံ၊ စိန်ခေါ်နိုင်မယ်၊ ဒါမှ တခြားသူတွေ မ၀ံ့မရဲတဲ့ကိစ္စမျိုးကိုပါ အံ့ဖွယ် အစွမ်းပြနိုင်မယ်”
- “ခင်ဗျား မိသားစု ဘယ်လောက်ဆင်းရဲတယ် ဆိုတာက ကိစ္စမဟုတ်ဘူး၊ ခင်ဗျားရဲ့ စွမ်းရည်ကို သံသယမဖြစ်ဘဲ ရည်မှန်းချက်ကို ပျက်စီးမခံဖို့သာ လိုတယ်”
- “ခင်ဗျား မိသားစုကပါ ခင်ဗျားကို သုံးမရဘူးလို့ ထင်လာတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး”
- “ဆေးဖိုးဝါးခ ပေးချေစရာ ခင်ဗျား မိဘတွေမှာ ငွေမရှိတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး”
- “ခင်ဗျား ပြိုင်ဘက်တွေက ခင်ဗျားကို အနိုင်ယူသွားတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး”
- “ချစ်လှပါတယ် ဆိုတဲ့ ခင်ဗျား ချစ်သူ စွန့်ပစ်သွားတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး”
- “၃၅ နှစ် ရောက်လို့ ခင်ဗျား ဘာတစ်ခုကိုမှ ပြောင်ပြောင်မြောက်မြောက် လုပ်မပြနိုင်သေးတဲ့ တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး”
- “ကြီးမားတဲ့ရည်မှန်းချက်ဆီ ဦးတည်ပါ၊ ဒါမှမဟုတ် အိမ်ပြန်ပါ၊ အဲဒါမှမဟုတ်ရင်တော့ ခင်ဗျား အလကား အချိန်ဖြုန်းနေတာပဲ”

ခေါင်းစဉ် ဖြစ်တဲ့ Jack Ma ပြောစကားကို အပြည့်အ၀ လက်ခံပါသလား။

မူရင်း
👇👇👇👇👇👇👇👇👇👇
https://m.facebook.com/ILoveYouMeLife

Credit - - - ( ဘဝပန်းတိုင် - အောင်မြင်ရေးနည်းပြ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။