*** ခွေးတောက် စိုက်ပျိုးနည်း ***
အရင်တုန်းက ခွေးတောက်ပင်ဆိုလို့ရှိရင် အနွယ်တွေနဲ့ ခြုံတွေပေါ်မှာပဲ တွေ့ရှိရတတ်ပြီး အခုချိန်မှာဆိုရင်တော့ ဒီ ခွေးတောက်ပင်ကို စနစ်တကျနဲ့ အခုလိုမျိုး တန်းစီပြီးတော့ စိုက်ပျိုးနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ ခွေးတောက်ပင်ကို ဘယ်လိုစိုက်သလဲ ဒီ ခွေးတောက်ပင်ရဲ့ အကြောင်းအရာတွေကို ကျေးဇူးရှင်တောင်သူဦးကြီးများအတွက် ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
ခွေးတောက်ပင်တွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ပါတယ်။
သဲဆန်တဲ့ မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ အပင်ကိုတော့ အစေ့ကနေ
စိုက်ပျိုးရတာဖြစ်ပြီးတော့ မျိုးစေ့တွေကို ပျိုးပြီး အပင်ပေါက်
တစ်လခွဲရတဲ့အချိန်မှာ ရွှေ့ပြောင်း စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။
ခွေးတောက်ပင်တွေကို စိုက်ပျိုးမယ့် ဘောင်တွေကိုတော့ ၆ လက်မခန့်
အမြင့်ထားပြီး တစ်ဘောင်နဲ့တစ်ဘောင်ကိုတော့
နှစ်ပေခန့် ခွာထားပေးရမှာပါ။ တစ်ပင်နဲ့တစ်ပင်ကိုတော့ ၁ ပေခန့် ခွာပြီး
စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးပြီး တစ်လသားအရွယ်မှာတော့ နွားချေး
ကြက်ချေး စတဲ့ မြေသြဇာတွေကို ကြွေးပေးရမှာပါ။ သုံးလသားအရွယ်မှာတော့
အညွှန့်များကို စတင် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ အညွန့်များကိုတော့ ၃
ရက်တစ်ကြိမ် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ ပေါင်းပင်များကိုလည်း
ရှင်းလင်းပေးရမှာပါ။ ပေါင်းမြတ်များကို ရှင်းလင်းပေးခြင်းအားဖြင့်
အညွန့်များကို သန်မာစေပြီးတော့ ရောဂါပိုး ကျရောက်မှုကိုလည်း
ကာကွယ်နိုင်ပါတယ်။
အဓိက ကျရောက်တက်တဲ့ ရောဂါပိုးတွေကတော့ ပြပိုး၊ ပိုးတုံးလုံး၊ ရွက်လိတ်ပိုးတွေပဲ ဖြစ်ပါတယ်။ ခွေးတောက်ပင်ဟာ နှစ်ရှည်ပင်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ခွေးတောက်ပင်တွေကို အရိုင်းပင်တွေက ခူးဆွတ်လို့ ရတဲ့အတွက် ရှားပါးပြီး စီးပွားဖြစ် ရောင်းချတာမျိုးကိုတော့ မတွေ့ရပါဘူး။ ဒါပေမယ့် အခုခါမှာတော့ ခွေးတောက်ပင်တွေကို စနစ်တကျ စိုက်ပျိုးလာတဲ့အတွက် ဟင်းသီးဟင်းရွက် ဈေးကွက်မှာ ခွေးတောက်ရွက်ကိုလည်း တွေ့မြင်နေရပါပြီ။
အဓိက အညွန့်တွေ များများဖြစ်လာအောင်ဆိုရင်ေ တာ့
ခူးတဲ့နေရာမှာ အရမ်း သတိထားပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြတ်လိုက်တဲ့
ကိုင်းတွေက အပေါ်ကိုရောက်မယ်ဆိုရင် အညွန့်တွေက သိပ်ပြီးတော့ သန်မှာ
မဟုတ်တော့ဘူး။ အများကြီးလည်း ထွက်လာမှာမဟုတ်ဘူး။ အဲတော့ ခူးတဲ့အခါမှာ
အောက်ခြေမှာရှိတဲ့ နှစ်တက် သုံးတက်လောက်ကို ချန်ပြီးတော့
ညှပ်ပေးမယ်ဆိုရင်တော့ အဲဒီကနေပြီးတော့မှ အကိုင်းအခက်တွေ အများကြီး
ထွက်လာမယ်ဆိုရင် အညွန့်တွေ အများကြီးရမှာ ဖြစ်ပါတယ်။
ခွေးတောက်ပင်ဟာ အခြား ဟင်းသီးဟင်းရွက်များလို အနုမစိပ်ပဲ အကြမ်းခံတဲ့ အပင်အမျိုးအစား ဖြစ်တဲ့အပြင် သုံးရက်ကို တစ်ကြိမ် ခူးဆွတ်ရတဲ့အတွက် ခွေးတောက်ကို စိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေ တိုးပွားစေပါတယ်။
Ref: Mizzima
ပံမှ စိုက်ပျိုးရေးနှင့် ပက်သက်သော နည်းပညာ ဗဟုသုဆောင်းပါးများကို နေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ နေစဉ် ဆောင်းပါးများကို PAN Page အား Like လုပ်ထားရန်လိုအပ်ပါတယ်။ ယခုပို့စ်အား လွပ်လပ်စွာ မျှဝေနိုင်ပါတယ်။
#PAN
အရင်တုန်းက ခွေးတောက်ပင်ဆိုလို့ရှိရင် အနွယ်တွေနဲ့ ခြုံတွေပေါ်မှာပဲ တွေ့ရှိရတတ်ပြီး အခုချိန်မှာဆိုရင်တော့ ဒီ ခွေးတောက်ပင်ကို စနစ်တကျနဲ့ အခုလိုမျိုး တန်းစီပြီးတော့ စိုက်ပျိုးနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်မို့ ခွေးတောက်ပင်ကို ဘယ်လိုစိုက်သလဲ ဒီ ခွေးတောက်ပင်ရဲ့ အကြောင်းအရာတွေကို ကျေးဇူးရှင်တောင်သူဦးကြီးမ
ခွေးတောက်ပင်တွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ပါတယ်။
အဓိက ကျရောက်တက်တဲ့ ရောဂါပိုးတွေကတော့ ပြပိုး၊ ပိုးတုံးလုံး၊ ရွက်လိတ်ပိုးတွေပဲ ဖြစ်ပါတယ်။ ခွေးတောက်ပင်ဟာ နှစ်ရှည်ပင်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ခွေးတောက်ပင်တွေကို အရိုင်းပင်တွေက ခူးဆွတ်လို့ ရတဲ့အတွက် ရှားပါးပြီး စီးပွားဖြစ် ရောင်းချတာမျိုးကိုတော့ မတွေ့ရပါဘူး။ ဒါပေမယ့် အခုခါမှာတော့ ခွေးတောက်ပင်တွေကို စနစ်တကျ စိုက်ပျိုးလာတဲ့အတွက် ဟင်းသီးဟင်းရွက် ဈေးကွက်မှာ ခွေးတောက်ရွက်ကိုလည်း တွေ့မြင်နေရပါပြီ။
အဓိက အညွန့်တွေ များများဖြစ်လာအောင်ဆိုရင်ေ
ခွေးတောက်ပင်ဟာ အခြား ဟင်းသီးဟင်းရွက်များလို အနုမစိပ်ပဲ အကြမ်းခံတဲ့ အပင်အမျိုးအစား ဖြစ်တဲ့အပြင် သုံးရက်ကို တစ်ကြိမ် ခူးဆွတ်ရတဲ့အတွက် ခွေးတောက်ကို စိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေ တိုးပွားစေပါတယ်။
Ref: Mizzima
ပံမှ စိုက်ပျိုးရေးနှင့် ပက်သက်သော နည်းပညာ ဗဟုသုဆောင်းပါးများကို နေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပ
#PAN
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။