Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

"သံလက်သီး"ခေတ်ဆိုးအောက် ဒူးမထောက်၊လက်မမြှောက်ခဲ့သူ (၉၀) အမတ်ဦးသန်းလွင်



နန်းဝေ added 3 new photos — with Myint Mg Mg Bago and Tun Oo Khaing.

"သံလက်သီး"ခေတ်ဆိုးအောက်
ဒူးမထောက်၊လက်မမြှောက်ခဲ့သူ
(၉၀) အမတ်ဦးသန်းလွင်
.......................
# မောင်နန်းဝေ(ဗန်းမော်) #
သူ့မှာ မျက်လုံးတစ်လုံးသာရှိတော့ပေမယ့်
ဒီမျက်လုံးတစ်လုံးထဲမှာပဲ
မာကျောတဲ့စိတ်ဓာတ်အရိပ်အရောင်၊
ရဲရင့်ခြင်းသူရသတ္တိ၊
တိုင်းပြည်အပေါ်ချစ်မြတ်နိုးခြင်း
အငွေ့အသက်နဲ့
သူ့လူမျိုးအတွက်မျှော်လင့်ချက်တွေ ထင်ဟပ်နေတာ အထင်းသားရယ်ပါပဲ။
သူက ဟိုယခင် စစ်အာဏာရှင်
လက်သပ်မွေးထားတဲ့
လူမိုက်တွေရဲ့ လက်ချက်
(အခုခေတ်အခေါ်လက်ပတ်နီဂိုဏ်းသားတွေရဲ့အစွမ်းပြချက်)ကြောင့်
မျက်စိ အတွင်းဒဏ်ဖြစ်ရာကနေ
မျက်လုံးတစ်ဖက် ကွယ်ခဲ့ရရှာသူ
ဒီချုပ်အမတ်"တစ်ဦးဖြစ်ပါတယ်။

အခုဆို
အသက်(၇၉)နှစ်အရွယ် ဒီအဘိုးအိုဟာ
သူချစ်တဲ့တိုင်းပြည်ရဲ့ ကံကြမ္မာအပေါ်
အရင်လို ကြောင့်ကြစိတ်အပြည့်နဲ့ပဲ
ကျန်နေတဲ့သူ့မျက်စိတစ်ဖက်တည်းကို
အားပြုစူးစိုက်ပြီး စောင့်ကြည့်နေဆဲ။
သူ့ကို
အဖ ဦးစံထွေး၊အမိ ဒေါ်ကျွေတို့ကနေ
(၁၉၃၈) စက်တင်ဘာ ၉ရက်မှာ
မွေးဖွားခဲ့တယ်။
စိုက်ပျိုးရေးဒီပလိုမာ(ပျဉ်းမနား)ရရှိခဲ့ပြီး
အလယ်တန်းပြကျောင်းဆရာနဲ့
စိုက်ပျိုးရေး အရာရှိအဖြစ် လုပ်ကိုင်ခဲ့တယ်။
(၁၉၉၀)ခုနှစ်မှာ
မတ္တရာမြို့နယ်၊
မဲဆန္ဒနယ်အမှတ်(၂)ကနေ
အရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ
တယ်။
ခေတ်ဆိုးခေတ်ကြပ်ထဲ
"အမတ်"ဖြစ်လာရသူမို့
(၁၉၉၆)(၁၉၉၇)(၁၉၉၈)နှစ်တွေမှာ
(၁၉၉၀)ပြည့်နှစ်ရွေးကောက်ပွဲ
နှစ်ပတ်လည်ကာလ
"မေလ"ရောက်လေတိုင်း
သူ့ကို ရန်ကုန်ဗဟိုဌာနချုပ်မသွားဖြစ်အောင်
မတ္တရာဗိုလ်တဲထဲ
(ရက်အနည်းငယ်ကနေ
အများဆုံး (၂ )ပတ်အထိ)
စစ်အစိုးရက
ခြေချုပ်ထိန်းသိမ်းထားတတ်တယ်။
လွတ်ပေးခါနီးရင်တော့
ထောက်လှမ်းရေး(၁)က
အရာရှိတချို့လာတွေ့ပြီး
ဦးသန်းလွင်အနေနဲ့ 
မိမိဘာသာ၊မိမိသဘောဆန္ဒအတိုင်း
ရန်ကုန်မသွားဖြစ်သလိုမျိုး
ပုံဖျက်ပြောဆိုတာ လုပ်လေ့ရှိမြဲ။
(၁၉၉၈)ခုနှစ်၊
လွှတ်တော်ခေါ်ဖို့
ရက်ပေါင်း(၆၀)ရာဇသံပေးထားတဲ့
အခြေအနေမျိုး ဖြစ်လာတော့
ဆိုးသွမ်း၊ပေတေနေသူတွေအပေါ်
ခံဝန်ခြေချုပ် ပြစ်ဒဏ်ထားတဲ့
၅/၁(စ)(ဆ)ပုဒ်မမျိုး အသုံးပြုပြီး
သူ့လို အမတ်တစ်ယောက်ကို
မတ္တရာ ရဲစခန်းဆီ တစ်ရက်(၂) ကြိမ်
လက်မှတ်လာလာထိုးဖို့
အာဏာပိုင်က
ဖိအားပေး စေခိုင်းလာပါတယ်။
နောက်တော့
ဒါကို "အမတ်"တစ်ယောက်အနေနဲ့
မလိုက်နာနိုင်ကြောင်း
အကြောင်းပြန်လိုက်တဲ့အခါ
မန္တလေးတောင်ခြေ (၉၅)တပ်ရင်းထဲ
ပို့ဆောင်ပြီး ဆက်လက်ထိန်းသိမ်းလိုက်ပါတယ်။
"(၉၅) တပ်မထဲ မပို့ခင် ဂါတ်တဲအောက်မှာတင်
ခြေချုပ်ပုဒ်မနဲ့ 
တရားစွဲဖို့ ၊ထောင်တစ်နှစ်ချဖို့
စကားပြောစက်နဲ့အမိန့်ပေးနေတာ ကြားရတယ်"လို့ အဘဦးသန်းလွင်က
ပြောပြတယ်။
အဲ့ဒီတုန်းက
ဒေါက်တာအောင်ငွေ(မတ္တရာမြို့နယ်
မဲဆန္ဒနယ် - ၁
လွှတ်တော်ကိုယ်စားလှယ်)၊
ဦးစောဌေး၊ကိုတင်ထွဋ်ဦး၊
ဦးမောင်မောင်သန်းတို့နဲ့ အတူ
အထိန်းသိမ်းခံရတာပါ။
(၂)ပတ် တခါအိမ်ပြန်ခွင့်ပြုပြီး
အဲ့ဒီ (၉၅)တပ်မထဲမှာ
အဘ ဦးသန်းလွင်က
(၁)နှစ်(၇)လနဲ့ ရက်(၂၀)ကြာအောင်
နေထိုင်ခဲ့ရတယ်။
အဲဒီကနေအပြင်ပြန်ရောက်တာမှ လပိုင်းပဲရှိသေး။
(၂၀၀၀) ခုနှစ်ထဲမှာပဲ
ပုဒ်မ ၅ (ည)၊ပုဒ်မ ၅(င)၊
ခွင့်ပြုမိန့်မရဘဲခရီးသွားလာမှု
ပုဒ်မ(၁၈၀)၊ပုဒ်မသုံးခုနဲ့
ထောင်ဒဏ် (၉)နှစ်(၆)လ
ပြစ်ဒဏ်ချတာ ခံရပြန်တယ်။
ဒါပေသိ
(၁)နှစ် (၇)လနဲ့ (၁၀)ရက်သာ နေခဲ့ရပြီး
(၂၀၀၂)ခုနှစ်မှာပုဒ်မ(၄၀၁)ခံဝန်နဲ့ 
ပြန်လွှတ်လာပြန်တယ်။
အဲ့ဒီအခါက
သွားလေသူ တောင်သာနယ်စားကြီး
တန်ခိုးထွားနေချိန်ဆိုတော့
သူ့လူယုံဖြစ်တဲ့အမာခံလူမိုက်တွေကို
(၂၀၀၇)ခုနှစ်၊မေလထဲမှာ
သူက မှာကြားထားတာရှိတယ်။
"မတ္တရာ၊စဥ့်ကူး၊မန္တလေးတွေမှာ
တစ်ဖက်အင်အားစုရဲ့ လှုပ်ရှားမှုကို
သတင်းရယူပြီး
ပိုမိုများပြားတဲ့ အင်အားအသုံးပြု
နှိမ်နင်းရမယ်၊
လူသေတဲ့အထိ ဖြစ်ခဲ့ရင်တောင်
အမှုမဖြစ်စေရဘူး"ဆိုသကိုး။
(၂၀၀၇)ခုနှစ် ဇွန်လ(၁၅)ရက်ကျတော့
လူအင်အား(၃၀)ပါ
အဘ ဦးသန်းလွင်တို့အဖွဲ့ဟာ
မတ္တရာမြို့ဈေးထောင့်က
ဘုန်းကြီးကျောင်း၊ဓမ္မာရုံထဲ
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
ဆုတောင်းပွဲလုပ်အပြီး
နှစ်ယောက်တစ်တွဲ ပြန်ထွက်လာကြတဲ့အခါ
ရွှေဂူကြီးဘုရားမှာကြိုတင်လူစုထားတဲ့
ရာနဲ့ချီ လူအုပ်ဟာရန်ပြုဖို့အတွက် နောက်ကနေလိုက်ပါလာကြတယ်။
စရဖ၊ရယက၊သတင်းတပ်ဖွဲ့ တွေ၊
ရဲလုံခြုံရေးတွေ လိုက်ပါလာတဲ့ကြားကနေပဲ
လူအုပ်ထဲကနေ လူတစ်ယောက်
ရုတ်တရက်ပြေးဝင်လာပြီး
မတ္တရာ ဒီချုပ်ဥက္ကဌ ဦးခင်မောင်သန်း
(ယခု ကွယ်လွန်)နဲ့ 
နှစ်ယောက်တွဲ ထွက်လာတဲ့ 
အဘဦးသန်းလွင်ကို
မျက်နှာတည့်တည့်
သံလက်သီးနဲ့ထိုးကြိတ်တော့တာလေ။
အဘ ဦးသန်းလွင်ခမျာ
နှာခေါင်းရိုးကျိုးသွားတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ
ရက်(၂၀)ကြာကုသရတယ်၊
အဲ့ဒါအပြင်
သံလက်သီးနဲ့ အထိုးခံရတဲ့ဘက်က
မျက်လုံးကိုပါ ထိခိုက်သွားတဲ့ဒဏ်က
နောက်ထပ်(၄)လအကြာ
(၂၀၀၇)အောက်တိုဘာ(၂)ရက်
ထောင်ထဲရောက်သွားပြီး
နောက်ပိုင်းကျမှ ပေါ်လာတယ်။
"နေရောင်ကို မကြည့်နိုင်ဘူး၊
မျက်လုံးက ကိုက်ခဲနေတာ၊
ထောင်က မျက်စဉ်းပေးတယ်၊
မျက်စိအထူးကု ပြတဲ့အချိန်ကျတော့
လွန်သွားပြီလေ၊
မျက်စိက မမြင်ရတော့ဘူး"လို့
အဘဦးသန်းလွင်က
နာနာကျည်းကျည်းတုန်ခါတဲ့အသံနဲ့
ပြောပြရှာပါတယ်။
ရဲမှူးကြီးမောင်မောင်လွင်က
ဦးသန်းလွင်ကို တွေ့ဆုံတဲ့အခါ
"အပြင်ကတည်းက
ခင်ဗျားမျက်စိ မမြင်တာမဟုတ်လား"လို့
ကိုယ်ချင်းမစာနာဘဲ ပြောထွက်ပါသေးတယ်။
သံလက်သီးနဲ့ထိုးပြီးထွက်ပြေးသူကို
နောက်ယောင်ခံလိုက်ကြည့်တဲ့အခါ
ပါတီရုံးတစ်ခုထဲ နောက်ဖေးပေါက်ကနေ ဝင်ရောက်သွားတာမို့
ရဲကိုအကြောင်းကြားတယ်၊
အထဲအထိ ဝင်ရှာမယ်လုပ်တော့
အစည်းအဝေးရှိနေလို့ဆိုတဲ့
အကြောင်းပြချက်နဲ့ 
ဝင်ခွင့်မပေးခဲ့ပါဘူး။
ဒီလောက်နဲ့တင်မရပ်။
တစ်ဖက်က ဆက်လက်ကောက်ကျစ်လိုက်ကြပုံများ
သူတို့ ပါတီရုံးကိုသက်သက်မဲ့ ကြိမ်းမောင်းစွပ်စွဲတယ်ဆိုတဲ့
စွဲချက်နဲ့ 
ပြန်တောင်တရားစွဲကြတဲ့အထိပါပဲ။
သံလက်သီးနဲ့ထိုးကြိတ်ပြီး
ကျူးလွန်ရမ်းကားသွားသူကိုတော့
ဖော်ထုတ်ဖမ်းဆီး
အရေးယူ မပေးရုံမျှမက၊
ကိုယ့်တွေဘက်က
(အဘဦးသန်းလွင်ရဲ့ 
မိသားစုဝင် (၄)ယောက် အပါအဝင်)
လူ(၉)ယောက်ကိုတောင်
ဒီကိစ္စနဲ့ ဆက်စပ်ပြီး
ထောင် ပြန်ချပစ်တဲ့အထိ
တရားလက်လွတ် ရက်ရက်စက်စက်
လုပ်ရက်ခဲ့ကြပါပကောလား။
သြော်...
အာဏာလက်စောင်းထက်သူတွေရဲ့ 
အံ့မခန်း ယုတ်မာချက်။
ဒီကိစ္စကြောင့်
ထောင်အချခံရသူ(၉)ဦးကတော့
(၁) ဦးသန်းလွင်ရဲ့ သမီးကြီး
ဒေါ်ခင်မာကြီး၊(၂)သမီးလတ်ဒေါ်ခင်မာလေး
(၃)အငယ်ဆုံးသား ကိုဇော်မင်းလွင်
(ယခုလက်ရှိ ဒီချုပ်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)
(၄)ဦးဉာဏ်စိန်
(ဦးသန်းလွင်ရဲ့သားမက်)
(၅)ဦးညိုကြီး(မတ္တရာ ဒီချုပ် ဒုဥက္ကဌ)
(၆)ကိုညီညီ(ဒီချုပ်ဥက္ကဌရဲ့ သား)
(၇)ဦးကျော်ဆွေ(ဒီချုပ်အတွင်းရေးမှူး)
(၈)ကိုသောင်းနိုင်
(ဒီချုပ်တွဲဘက်အတွင်းရေးမှူး)
(၉)ကိုညိုလေး(ယခု လက်ရှိဒီချုပ်အတွင်းရေးမှူး)
တို့ပါပဲ။
အဘဦးသန်းလွင်ရဲ့ 
မိသားစုတစ်ခုထဲမှာတင်
(၄)ယောက်အထိ
ထောင်ချပြီးတာတောင်မှ
အားမရကြသေး။
သမီးကြီးဒေါ်ခင်မာကြီးကို
ကလေးထောင်၊
သမီးလတ်ဒေါ်ခင်မာလေးကို
မြင်းခြံထောင်၊
သားငယ်ကိုဇော်မင်းလွင်နဲ့ 
သားမက်ဦးဉာဏ်စိန်တို့ကို
ခန္တီးထောင် စသဖြင့်
နယ်ဝေးထောင်တွေပို့ပါတယ်။
"ကျန်တဲ့သမီးငယ်မခင်မာလွင်နဲ့အတူ
ထောင်တကာ လိုက်ပြီး
ထောင်ဝင်စာတွေ့ရတောတာပေါ့လေ၊
အမေ့အတွက် သမီးတစ်ယောက်
အိမ်စောင့်ကျန်နေခဲ့လို့သာ
တော်သေးတယ်"လို့
အဘ ဦးသန်းလွင်ရဲ့ ဇနီး
အဖွားဒေါ်ခင်သီက
သူ့ဒုက္ခကို ရင်ဖွင့်ပြောပြရှာပါတယ်။
အဲ့သလို
(၉)ဦးထောင်ကျသွားပြီး
နောက်ပိုင်းကာလ၊
မန္တလေးတိုင်းအစည်းအဝေးလုပ်ကြတော့
Do (or) Die သဘောမျိုး
မိုးကုတ်ကတင်တဲ့အဆိုကိစ္စရော၊
အမေရိကန်သံအဖွဲ့နဲ့
တွေ့ဆုံတဲ့ကိစ္စကြောင့်ရော၊
အဘဦးသန်းလွင် တစ်ယောက်
ဒေါ်ဝင်းမြမြ၊ဦးကံထွန်း၊
ကိုမင်းသူနဲ့ ကိုတင်ကိုကို(ယခင် မန္တလေးတိုင်းအတွင်းရေးမှူး)တို့နဲ့အတူ
ထောင်ထဲကို အလည်တစ်ခေါက်
ထပ်ရောက်ရပြန်ပါရော။
ဒီတစ်ကြိမ်မှာတော့
အဘ ဦးသန်းလွင်က
ပုဒ်မ ၅(င)ချည်းပဲ နှစ်ခုအပါအဝင်
ပုဒ်မ ၁၅၃(က)တွေနဲ့ 
ထောင်(၈)နှစ် အချခံရပြီး
အယူခံ(၂) နှစ်နိုင်တာမို့
(၆)နှစ်ကျန်တယ်။
အိုးဘိုထောင်(၃)တိုက်ထဲ
နေရတဲ့အခိုက်မှာလည်း
တခါမတော့ အပြင်မိသားစုနဲ့
ထောင်ဝင်စာ လူတွေ့ခွင့်မပေးဘဲ
"ပါဆယ်"ပဲရတာမို့လို့
ထောင်ကို ဒီကိစ္စအရေးဆိုရတာမျိုး
ဖြစ်တယ်။
ဒါတင်မက
နောက်ထပ်တကြိမ်မှာလည်း
ဟိုဟင်းမသွင်းရ၊ဒီပစ္စည်းမပေးရဆိုပြီး
ကန့်သတ်ချုပ်ချယ်တဲ့အပေါ်
ထောင်နဲ့အခြေအတင်ပြောရမျိုး
ဦးသန်းလွင် ကြုံရပြန်တယ်။
ဒီမှာတင်
ထောင်အာဏာပိုင်တို့ ထုံးစံအတိုင်း
အခြားအကျဉ်းသားတွေပါ
အာမခံရဲအောင် ချိုးနှိမ်ဖို့ရည်ရွယ်ပြီး
စံနမူနာပြ နှိပ်ကွပ်တဲ့အနေနဲ့ 
(၂၀၀၉)မတ်လ ထဲရောက်တော့
ဦးသန်းလွင်ကို သံခြေကျင်းရိုက်ပြီး
လွိုင်ကော်ထောင်
ပြောင်းရွှေ့ စေသတည်းပေါ့လေ။
(၂၀၁၁) အောက်တိုဘာမှာ
လွိုင်ကော်ထောင်ကနေ
ပြန်လွှတ်လာလာချင်း
မမြင်တော့တဲ့ မျက်လုံးထဲဖုံဝင်ပြီး
ယောင်ကိုင်းရာကနေ
"ပြည်"တွေတောင်ထွက်လာတဲ့
အခြေအနေမို့
မျက်ဆန်ကိုထုတ်ပစ်လိုက်ရတဲ့အထိပါပဲ။
"သံလက်သီးနဲ့အထိုးခံရတဲ့ဒဏ်ကြောင့်
ထောင်ထဲမှာ မျက်စိကိုက်တာကို
အချိန်မှီဆေးမကုသနိုင်လို့
လုံးဝ မမြင်တော့တဲ့အခြေအနေ
ဆိုက်သွားရတာလေ။
နောက်ပြီး
အကြားအားရုံလည်းထိခိုက်သွားပုံပါပဲ၊
နားပါ လေးသွားခဲ့တာ"လို့
ဦးသန်းလွင်ရဲ့ သမီး မခင်မာလွင်က
ပြောပြပါတယ်။
မျက်စိမမြင်တော့ချိန်ကျမှ
နားနှာခေါင်းလည်ချောင်းကို
တက်ခွင့်ရတာပါ။
ဒါတောင်အပြင် မိသားစုအနေနဲ့ 
ထောင်ကိုအကြိတ်အနယ်
ပြောလွန်းမကပြောလို့သာ
တက်ရတာလို့မိသားစုကဆိုပါတယ်။
တစ်ပတ်လောက်နေခဲ့ရပေမယ့်
အခန်းနဲ့ထားတာမဟုတ်ဘဲ
အိမ်သာဖက်မှာ
လိုက်ကာလေးနဲ့ နေရတာဖြစ်ပြီး
ဆေးရုံကို နိုင်ငံခြားဆရာဝန်ကြီးတွေလာချိန်နဲ့
တိုက်ဆိုင်ကြုံကြိုက်တာတောင်မှ
တွေ့သွားမှာစိုးလို့ အပြင်မထွက်ဖို့
တားမြစ်ခံရသေးတဲ့အထိပါပဲ။
တကယ်တော့
အဘဦးသန်းလွင်ဆိုတာ
စစ်အာဏာရှင်အစိုးရအောက်
အမှောင်ခေတ်တစ်လျှောက်လုံး
ပြည်သူ့ဘက်က"ရဲတိုက်ကြီး"အလား
မားမားမတ်မတ်ရပ်ခဲ့သူပါပဲ။
ဒီမိုကရေစီရေး၊လူ့အခွင့်ရေးတိုက်ပွဲ
စစ်မြေပြင်မှာ
သူ့ကိုယ်သူ
"သံချပ်ကာကား"၊"တင့်ကား"လို
သဘောထားပြီး၊
သေနတ်၊ဗုံး၊လက်နက်တွေကို
ကြံ့ ကြံ့ ခံရင်ဆိုင်ရင်း၊
ရှေ့ ကိုရဲရဲဝံ့ဝံ့ တိုးထွက်
သူ ချီတက်ခဲ့တယ်မဟုတ်လား။
"ငါ၏ဦးခေါင်းသည်
သွေးသံတို့ဖြင့် ချင်းချင်းနီ၏
သို့သော်
ညွှတ်ကား...မညွှတ်"ဆိုသလို
ဘယ်လောက်ပဲ အလဲလဲအကွဲကွဲ၊
ဘဝက ဖူးယောင်ပေါက်ပြဲနေစေဦးတော့
ဒူးထောက်၊ညွှတ်တွား၊ဝပ်စင်းတာမျိုး
သူ မလုပ်ခဲ့ပါဘူး။
အာဂသတ္တိခဲ ဒီအဘိုးအိုဟာ
ခုချိန်အထိ
သူ့အလံကိုသူ လွှင့်ထူဝှေ့ရမ်းလျက်။
ဒီအောင်လံနဲ့အတူ
သူ့ စိတ်ဓာတ်လိပ်ပြာ၊
သိက္ခာတရားကလည်း
"ကြယ်"တွရဲ့အထက်မှာ
သန့်ရှင်းစင်ကြယ်စွာ
တောက်ပ၊လင်းလက်၊ဝင့်ကြွားနေမြဲ။
အဘဦးသန်းလွင်တစ်ယောက်
အသက်ရှည်၊ကျန်းမာ
ဆက်လက်အဓွန့်ရှည်နေမယ်ဆိုတာ
ယုံကြည်နေပါတယ်ခင်ဗျား။
မောင်နန်းဝေ(ဗန်းမော်)
၂၀၁၇ ဇူလိုင်၂၉၊ စနေနေ့
တွေ့ဆုံမေးမြန်းခွင့်ပြုပြီး
အချိန်ပေးဖြေကြားပေးခဲ့တဲ့ 
အဘဦးသန်းလွင်နဲ့ဇနီး ဒေါ်ခင်သီ၊
သမီး မခင်မာလွင်တို့ကို
ကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။