"Pit Bull" ခွေးတွေအကြောင်း :O
==================
ထူးချွန်ထက်မြက်မှု့ နဲ့ ဥာဏ်ရည် ဥာဏ်သွေးကတော့
86.8% နဲ့ ဒုတိယ နေရာကို ယူထားသူလဲဖြစ်ပါတယ်

-ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ပါ တက်ကြွ သန်စွမ်း
ကျန်းမာခြင်း
-မိမိသခင် အပေါ် တာဝန်ယူစိတ် ဂရုစိုက်မှု့ ရှိခြင်း
-သူတို့ရဲ့ ပါဝါဟာ အံ့မခန်းလောက်အောင်
ကြီးကျယ်ခန်းနားခြင်း
-ကြွက်သား အပြည့်နဲ့တည်ဆောက်ထားတဲ့ ကိုယ်ခန္ဓာ
ကြောင့်မယုံနိုင်စရာ ကောင်းလောက်အောင်
စွမ်းဆောင်ရည်မြင့်မားခြင်း
-သခင် အသစ်ဆီ ရောင်းလိုက်ပြီ ဆိုတာနှင့်
သူတို့ရဲ့ နှလုံးသားကို သခင်အသစ်ဆီ မြှုပ်နှံလိုက်ခြင်း
-သခင့် ရဲ့ ပစ္စည်း ဆို ခြံစည်းရိုးတောင် ထိ၍ မရခြင်း
-သင်သလောက် တတ်မြောက်နိုင်ခြင်း
-အမိန့် နာခံပြီး သစ္စာ ရှိခြင်း
-ရှက်တာ ကြောက်ရွံ့တာ လုံးဝ မရှိခြင်း
-သူတို့လိုက်ပြီဆို လုံးဝပြေးမလွတ်ခြင်း တို့ကြောင့်
လူတော်တော်များများက နှစ်သက် စွဲလန်းကြုခြင်း
ဖြစ်သလို....
-ဒေါသကြီးခြင်း
-စိတ်ကြီးခြင်း
-အကိုင် အတွယ်မတတ်ရင် အရမ်းရိုင်းသွားခြင်း
-ထိမ်းကျောင်း ကိုင်တွယ် တတ်မှ pit bull ကောင်း
တစ်ကောင်ဖြစ်ခြင်း
-အားကောင်းတဲ့အမျိုးအစားမို့ အားကောင်းမောင်းသန်
ယောက်ျား သားများသာ ထိမ်းကျောင်းနိုင်ခြင်း
-ခွေးတွေနှင့် မယဉ်ပါးတဲ့သူ ခွေးမမွေးဖူးသူများ
မွေးမိလျှင် အဆင်မပြေခြင်း
-ငယ်ရွယ် နုနယ်သော ကလေးများရှိသော အိမ်တွင်
မမွေးသင့်ခြင်း ...တို့ကြောင့်လည်း တချို့က
မမွေးရဲကြပေ
Pit bull များကို တချို့က Bully များနှင့် မှားယွင်း လေ့ရှိပါတယ်ထူးခြားတဲ့ ကွာခြားချက်ကတော့ Pit bull များက
လေးထောင့်ကျတဲ့ မျက်နှာ ရှိပြီးတော့ ခန္ဓာကိုယ် ကြွက်သားများကပိုမို တောင့်တင်းခိုင်မာခြင်းဖြစ်ပါတယ်....
မူလပထမ အစကတော့ ဗြိတိန် နိုင်ငံက စတင်ခဲ့တာပါ
အင်္ဂလန် စကော့တလန် မြောက်အမေရိက ယူနိုက်တက်စတိတ် တွေ အထိ အလျှင်အမြန် ပျံ့ နှံ့ သွားသော မျိုးစိတ်လေးပါ ခွေးခွေးချင်းကိုက်ခိုင်းကြတဲ့ မျိုးဆိုလဲ မမှားပါဘူး
Pit bull type တွေ ထဲမှာတော့
*American Pit bull Terrier
*American Staffordshire Terrier
*American Bulldog
*Staffordshire Bull Terrier
*American Bull Terrier တို့ ပါဝင်နေကြပါတယ်
Size အနေ နဲ့ကတော့ ၅ မျိုးတောင်
ရှိနေပါတယ် small,medium,large,xl,xxl ဆိုပြီးရှိပါတယ်
တစ်ပုံချင်းစီနိပ်ပြီးကြည့်သွားပါ :)
Photo Credit Original
Credit DYN

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။