ဘ၀မှာအောင်မြင်ဖို့လေးစားရမယ့်အချက်(၃)ချက်
==================================
စာရေးသူတို့ဖြတ်သန်းနေတဲ့ ဘ၀တစ်လျှောက်မှာ အချိုးအကွေ့တွေ လှိုင်းကြမ်းတွေ နှစ်မွန်းမှုတွေ ဆုံးရှုံးမှုတွေ စတာတွေကိုကျော်ဖြတ်ရင်း အောင်မြင်မှုဆီသို့ ရောက်အောင်သွားနေကြတာပဲဖြစ်ပါတယ်
ဒီလိုခက်ခဲမှုကိုကျော်ဖြတ်ဖို့ရာ မလျော့တဲ့ဇွဲ့ ကြိုးစားမှု လေ့လာမှု ရဲစွမ်းသတ္တိတို့အပြင် လေးစားမှုဆိုတဲ့အချက်ကိုလည်း ထည့်သွင်းပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်
ဘာကြောင့်လဲ
ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လေးစားမှုတွေနဲ့အပြန်အလှန်တည်ဆောက်ထားတာဖြစ်တယ် လေးစားမှုဆိုတဲ့ ကိုယ်ကျင့်တရားသာမရှိရင် တစ်ခဏအတွင်းမှာပဲ ပျက်စီးဆုံးရှုံးကြရမှာဖြစ်ပါတယ်
ထို့ကြောင့်အောင်မြင်မှုဆီသို့လျှောက်လမ်းတဲ့နေရာမှာလည်းပထမဦးဆုံးအနေဖြင့်
(၁)မိမိကိုယ်ကိုလေးစားရမယ်
မိမိကိုယ်ကိုလေးစားမှ မိမိကိုယ်ကိုယ် ပိုမြင်လာတတ်ပါတယ် မိမိရဲ့ အမူအကျင့်ဆိုးတွေဟာ မိမိကိုယ်ကိုယ်လေးစားရင် ပြုလုပ်ဖြစ်မှာမဟုတ်သလို မိမိ ကိုယ်ကိုယ် ထိပ်ဆုံးကိုရောက်အောင်တွန်းတင်မှာဖြစ်ပါတယ် ထို့ပြင် မိမိရဲ့ အားငယ်စိတ်တွေလျော့နည်းစေပြီးမိမိရဲ့ အစွမ်းအစကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်
(၂)မိမိပြုလုပ်နေသောအလုပ်ကိုလေးစားရမယ်
ဘယ်အလုပ်ကိုပဲလုပ်အမှုမဲအမှတ်မဲ့ လေးစားမှုမရှိပဲလုပ်၇င်တော့အဆင်ပြေမှာမဟုတ်ပါဘူး အလုပ်ကိုလေးစားတဲ့အတွက် အလုပ်ကပြန်ပြီးအကျိုးပြုမှာပါ အချို့အတွက်က ငွေကအဓိကဖြစ်ပြီး အလုပ်ကိုနောက်မှာထားတတ်ကြပါတယ် ဒါအမှားကြီးပါ အမှန်က အလုပ်နောက်မှာမှငွေကလိုက်လာတာဖြစ်တယ် နောက်တစ်ခုအချို့ကပြောကြတယ် အလုပ်တွေအများကြီးလုပ်တယ် လုပ်နိုင်ပါ့မလား မျောက်သစ်ကိုင်းလွတ်မလားစသည့်ဖြင့်ပေါ့ အမှန်က လုပ်တဲ့အလုပ်တိုင်းကိုလေးလေးစားစားနဲ့လုပ်ရင် အလုပ်တိုင်ကိုနိုင်နင်းစေမှာဖြစ်ပါတယ်
(၃)မိမိနဲ့ပေါင်းသင်းဆက်ဆံတဲ့လူတိုင်းကို လေးစားရမယ်
သရုပ်ဆောင်ကျော်ဟိန်းပြောဖူးတာလေးရှိပါတယ် “လူသားအားလုံးကိုလေးစားပါတယ်” မှန်ကန်သောပြောသင့်တဲ့စကားလေးပါ အခြားလူများရဲ့လေးစားမှုကိုလိုချင်ရင်ကိုယ်ကိုယ်တိုင်ကအခြားလူကိုလေးစားမှဖြစ်မှာပါ လေးစားတယ်ဆိုတဲ့စကားရဲ့နောက်ကွယ်မှာ အမှန်တရားပါတယ် တည်ကြည်မှုပါတယ် နောက်ဆုံးခိုင်မြဲမှုပါ ကပ်ပါလာပါတယ် ထို့ကြောင့်အလုပ်လုပ်ကိုင်တဲ့နေရာမှာ အချင်းချင်းလေးစားမှုအပြည့်နဲ့ဆောင်ရွက်ကြတဲ့အခါ အောင်မြင်မှုဆီသို့ချင်းကပ်နိုင်တာဖြစ်ပါတယ် အနောက်နိုင်ငံတွေမှာလူငယ်တွေအပြင် ကလေးအရွယ်လေးတွေကပါအောင်မြင်ဆီသို့ရောက်နိုင်တာဘာကြောင့်လဲ အချင်းချင်းလေးစားကြလို့ပဲ
လူငယ်တို့ရဲ့အလုပ်တွေကိုယုံကြည်စာနဲ့အခွင့်အလမ်းတွေပေးတယ်ကြိုးစားခွင့်ပေးတယ် လေးစားမှုနဲ့ပေါ့နောက်ဆုံးမှာအောင်မြင်လာကြတယ် ပညာရေးစနစ်မှာလည်း ဆရာကိုကျောင်းသားတိုင်းကလေးစားရမှာဖြစ်သလို ကျောင်းသားတွေကိုလည်းဆရာကပြန်လေးစားရမှာဖြစ်ပါတယ် ဒါမှအပြန်အလှန် ဆွေးနွေးမှုပုံစံဖြစ်လာပြီး ကျောင်းသားများအတွက် စာကိုကြောက်တဲ့စိတ်တွေလျော့နည်းစေမှာဖြစ်ပါတယ် ဒါကြောင့်
အောင်မြင်မှုဆီသို့လျှောက်လမ်းတဲ့နေရာမှာ မိမိနဲ့ပေါင်းသင်းဆက်ဆံတဲ့လူတိုင်းကို လေးစားရင်း မိမိအတွက် အကောင်းဆုံးအခွင့်အလမ်းတွေရရှိစေမှာဖြစ်ပါတယ်
စေတနာအရင်းခံဖြင့် ရေးသားသည်။
#Ye Min Phyo
==========================
စာရေးသူတို့ဖြတ်သန်းနေတဲ့ ဘ၀တစ်လျှောက်မှာ အချိုးအကွေ့တွေ လှိုင်းကြမ်းတွေ နှစ်မွန်းမှုတွေ ဆုံးရှုံးမှုတွေ စတာတွေကိုကျော်ဖြတ်ရင်း အောင်မြင်မှုဆီသို့ ရောက်အောင်သွားနေကြတာပဲဖြစ်
ဒီလိုခက်ခဲမှုကိုကျော်ဖြတ်ဖိ
ဘာကြောင့်လဲ
ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လေးစားမှုတွေနဲ့အပြန်အလှန်တည
ထို့ကြောင့်အောင်မြင်မှုဆီသိ
(၁)မိမိကိုယ်ကိုလေးစားရမယ်
မိမိကိုယ်ကိုလေးစားမှ မိမိကိုယ်ကိုယ် ပိုမြင်လာတတ်ပါတယ် မိမိရဲ့ အမူအကျင့်ဆိုးတွေဟာ မိမိကိုယ်ကိုယ်လေးစားရင် ပြုလုပ်ဖြစ်မှာမဟုတ်သလို မိမိ ကိုယ်ကိုယ် ထိပ်ဆုံးကိုရောက်အောင်တွန်း
(၂)မိမိပြုလုပ်နေသောအလုပ်ကိ
ဘယ်အလုပ်ကိုပဲလုပ်အမှုမဲအမှတ
(၃)မိမိနဲ့ပေါင်းသင်းဆက်ဆံတ
သရုပ်ဆောင်ကျော်ဟိန်းပြောဖူ
လူငယ်တို့ရဲ့အလုပ်တွေကိုယုံ
အောင်မြင်မှုဆီသို့လျှောက်လမ
စေတနာအရင်းခံဖြင့် ရေးသားသည်။
#Ye Min Phyo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။