Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

ပိုက်ဆံ ချေးပေးပါရစေ ပိုက်ဆံ ချေးပေးပါရစေ

ပိုက်ဆံ ချေးပေးပါရစေ ပိုက်ဆံ ချေးပေးပါရစေ
==============================

ရေးသူ - ထက်ကျော်

၂ဝဝ၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက 'ဂရားမင်း ဘဏ်' (Grameen Bank) ရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုဟာမက် ယူနွတ်ပဲ ဖြစ်ပါတယ်။ 'ဆင်းရဲမွဲတေ မှုကို ပြတိုက်ထဲပို့ပစ်မယ်' ဆိုတဲ့ သူ့ရဲ့ ဆောင်ပုဒ်ကလည်း လူအများကို မှတ်မှတ်ရရ ရှိစေ ခဲ့ပါတယ်။ စီးပွားရေး ပညာရှင် တစ်ဦးလည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်ဟာ သူရဲ့ Micro Finance အယူအဆခိုင်မာကြောင်း ဂရားမင်း ဘဏ်ရဲ့ လုပ်ငန်းများ အံ့မခန်းတိုးတက် လာ မှုတွေနဲ့ သက်သေ ပြနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်က ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အာမခံမပါတဲ့ အသေး စားချေးငွေရရှိနိုင်ရေး လှုံ့ဆော်သွားတဲ့ ကွန်ဖရင့်ရဲ့ နောက်ကွယ်ကနေပြီး ဦးဆောင်နေသူဟာလည်း သူပဲဖြစ် ပါတယ်။ သူဟာ ကမ္ဘာ့ဆင်းရဲတဲ့ မိသားစု သန်းတစ်ရာအတွက် ချေးငွေတွေ ရအောင်ကြိုး စားနေ ပါတယ်။ သူက ဆင်းရဲတဲ့မိသားစု၊ အထူးသဖြင့် မုဆိုးမတွေကို အဓိကထားပြီး ငွေချေးခဲ့တယ်။ ဘာကြောင့်မုဆိုးမနဲ့ အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးစားပေးပြီး ငွေချေးရတာလဲလို့ 'ဗစ်ဟူတီပတေး' (Vibhuti Patel) ဆိုတဲ့ နယူးစ်ဝိခ် (News Weeks) သတင်းထောက်ရဲ့အမေးကို ''အမျိုးသမီးတွေကို ငွေထုတ်ချေးရတာက အပြုသဘော တော်တော်လေးဆောင်တယ်။ ဖြစ်ထွန်းမှုတွေလည်းရှိတယ်။ အိမ်ထောင်ရှင် အမျိုးသမီး တွေက မိသားစုအခြေအနေ တိုးတက်ကောင်းမွန်ဖို့ အတွက် အနာဂတ်စီမံကိန်းတွေကို မျှော်ကြည့်တတ်သူတွေဖြစ်နေလို့ပါပဲ။ အမျိုးသားတွေက ဒါကိုအလေးမထားကြဘူး။ ဒါကြောင့် မိသားစုဘဝ ပိုမိုတိုးတက် ကောင်း မွန်အောင် ဆောင်ရွက်နေတဲ့ အမျိုးသမီး တွေကို ဦးစားပေးတာပါ'' လို့ ဖြေကြားသွားပါတယ်။ သူက ဒီဘဏ်ကို စတင်ထူထောင် စဉ်က သူရဲ့ကိုယ်ပိုင်ငွေကလေးနဲ့ စခဲ့ရတာဖြစ်ပြီး အတိုးနှုန်းကလည်း ယူတယ်ဆိုရုံ ဝ.၅ ရာခိုင်နှုန်းပဲရှိတာ။ ငွေချေးမယ့်သူကို ရှာရတာကလည်းအမော။ သူ့ရဲ့ပစ်မှတ်က ဆင်းရဲ တဲ့အိမ်ထောင်စုတွေက အိမ်ထောင်ထိန်း ဇနီးသည်တွေနဲ့ မဆိုးမတွေဖြစ်ပါတယ်။

ဘာကြောင့် သူတို့ကို ရွေးချယ်ရလဲဆိုရင် အမျိုးသမီးတွေသာ မိသားစုရဲ့ဝင်ငွေကို တစ်စုံ တစ်ရာဖြည့်ပေးနိုင်ရင် ဆင်းရဲမွဲတေမှုက အမြန်လွတ်မြောက်နိုင်တယ်လို့ယုံကြည်လို့ပါ။ ဒါပေမဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ယောကသားများကလည်း သူတို့မသိဘဲနဲ့ မိန်းမတွေက ငွေ ချေးပြီး လုပ်ငန်းအသေးလေးတွေ လုပ်တာမျိုးကို သဘောမကျတဲ့ သူကများတယ်။ ဒီတော့ 'ဂရားမင်းဘဏ်' အဖို့ အိမ်ထောင်ရှင်အမျိုးသမီးတွေ ငွေချေးယူပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ လုပ်နိုင်ဖို့အတွက် အိမ်ထောင်ဦးစီး တွေကို စည်းရုံးဖျောင်းဖျရတယ်။ သူတို့သိက္ခာမကျတဲ့ အကြောင်းပြောပြရတယ်။ အဲဒီအတွက် နှစ်သိမ့်ဆွေးနွေးတဲ့ အဖွဲ့ လေးတွေတောင် ဖွဲ့ထား ရတယ်လို့ဆိုပါတယ်။ ''ပိုက်ဆံချေးပေးပါရစေ'' ဆိုပြီး တောင်း တောင်းပန်ပန်ချေးရတဲ့ သဘောမျိုးတောင် သက်ရောက်လို့နေရဲ့။ ဒါပေမဲ့ အခုတော့ မစ္စတာ မိုဟာမက် ယူနွတ်ကိုယ်တိုင် နိုဘယ်ဆုရပြီး ပုဂ္ဂိုလ်ရေးအရအောင်မြင်ခဲ့သလို သူတို့ရဲ့ 'ဂရားမင်း ဘဏ်' ဟာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ဘဏ်၊ 'ကမ္ဘာ့ဘဏ်' စတာတွေနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါပြီ။ ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံအတော် များများလည်း 'ဂရားမင်းဘဏ်' ရဲ့သဘောသဘာဝတွေကိုလေ့လာပြီး အတုယူ လုပ်ဆောင် နေကြပြီဖြစ်ပါတယ်။ တချို့အချိန်၊ တချို့ကာလတွေမှာ ပိုက်ဆံချေးပေးဖို့ကြိုးစားရတဲ့ ကိစ္စ လည်းမလွယ်ပါလား။ ပိုက်ဆံရှိသူက ပိုက်ဆံချေးပေးချင်ပေမဲ့ ပိုက်ဆံချေး ယူမယ့်သူ မရှိလို့ အခက်အခဲတွေ့ကြရတဲ့ကိစ္စတွေလည်း တချို့နိုင်ငံတွေက ဘဏ်တွေမှာ ရှိတတ်သတဲ့။

တစ်လောက နိုင်ငံတကာအတွေ့အကြုံရှိတဲ့ မိတ်ဆွေတစ်ဦးနဲ့တွေ့လို့ အဲဒီကိစ္စကိုပြော မိတော့ ''ဟုတ်တယ်ဗျ၊ တချို့နိုင်ငံတွေမှာ ဘဏ်မှာငွေထုတ်ချေးချင်တဲ့အကြောင်း လာ ရောက် အဆိုပြုတဲ့သူနဲ့ ဘဏ်မှာစာရင်းဖွင့်ပြီး ငွေအပ် ဖို့လာတဲ့လူဆိုပြီး နှစ်ယောက် ရှိ တယ်ဆိုပါတော့။ အဲဒီအထဲက ဘဏ်မှာငွေလာချေးတဲ့ လူကိုဦးစားပေးပြီး အရေးတယူ ဧည့်ခံတတ်တယ်။ ငွေသွင်းဖို့ လာတဲ့ သူကိုတော့ ဒါလောက်မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် ငွေချေးယူမယ့်သူမှာလိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံနေမှတော့ သူဟာဘဏ် ကို အတိုးမှန်မှန်လာပေးနေမယ့်သူလို့ သတ်မှတ်တာလေ။ ဘဏ်မှာငွေလာအပ်တဲ့ သူ ကတော့ သူ့အတွက်ဘဏ်က အတိုးတွက်ပေးနေရတာကိုး။ သူတို့ဆီမှာက အဲဒီလိုပါဆို'' လို့ရှင်းပြပါတယ်။ သြော် ငွေချေးရတာက မျက်နှာပွင့်ပြီး ငွေအပ်ရတာက မျက်နှာငယ်ရတဲ့ အဖြစ်မျိုးတွေလည်း တချို့နိုင်ငံတွေမှာရှိတဲ့အကြောင်း ဗဟုသုတရခဲ့ပါတယ်။ ''ပိုက်ဆံချေး ပေးပါရစေ'' ဆိုပြီး ကိုယ့်ဆီကငွေကိုလာချေး ဖို့ဖိတ်ခေါ်ပြီးယူခဲ့ရတဲ့ကိစ္စတစ်ခုကိုလည်း လွန်ခဲ့တဲ့နှစ်များက တွေ့ဖူးသေးတယ်။ ပိုက်ဆံချေးမယ့် ကုမ္ပဏီက ဂျပန်နိုင်ငံက 'ဝါတာနာ ဘေးဆောက်လုပ်ရေးကုမ္ပဏီ' ဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူ မစ္စတာဝါတာနာဘေးဟာ သူရဲ့ ကုမ္ပဏီကို ဒေါ်လာတစ်သောင်း ပတ်ဝန်းကျင်နဲ့ ခက်ခက်ခဲခဲထူထောင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အရင်းအနှီးနည်းနည်းလေးနဲ့ လုပ်ငန်းကိုအောင်မြင်အောင်လုပ် ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းအစပျိုးချိန်မှာ သူ့လို ငွေကြေးအခက်အခဲရှိနေကြမယ့် လုပ်ငန်းရှင်ကလေးတွေ၊ လုပ်ငန်းအစပျိုးနေသူတွေကို စာနာစိတ်နဲ့ ကူညီလိုတဲ့ အတွက် 'ပိုက်ဆံချေးပေးပါရစေ'ဆိုပြီးဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ထုတ်ချေးမယ့် ငွေကြေးအရေအတွက်ဟာ ယန်းသန်းတစ်ရာဖြစ်ပြီး အဲဒီငွေကို သီးသန့် ရန်ပုံငွေအဖြစ် သူကထားခဲ့ပါတယ်။ ဝါတာနာဘေးဟာ သူ့ရဲ့လုပ်ငန်းတွေ စတင်ထူထောင် စဉ် က အခက်အခဲမျိုးစုံကြုံခဲ့ရပါတယ်။ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ကျော် လွှားပြီးမှ ဂျပန်ရဲ့ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီးအဖြစ် ရောက်ရှိခဲ့ရတာပါ။ ကုမ္ပဏီပိုင်ရှင် မစ္စတာဝါတာနာဘေးရဲ့ စိတ်ထဲမှာလည်း ''လုပ်ငန်းတွေ စတင် လုပ်ကိုင်နေ ရတဲ့အချိန်မှာ တစ်ယောက်ယောက်ကသာ သူ့ကိုကူညီခဲ့ရင် ဒါထက်အများကြီး စောပြီး အောင်မြင်နိုင်တာပေါ့'' ဆိုတဲ့အမြင်နဲ့ အစွဲရှိနေပါတယ်။ သူဟာ လုပ်ငန်းအစပျိုးနေသူတွေ၊ လုပ်ငန်းတစ်ပိုင်းတစ်စဆောင်ရွက်ရင်း အခက်အခဲတွေ့နေကြသူတွေရဲ့ အနေအထားကို သိရှိပြီး ဒီငွေချေးပေးမယ့်ကိစ္စကို စာနာစိတ်နဲ့ ကူညီဖို့ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ သူ့ကြော်ငြာကြောင့် လျှောက်လွှာပေါင်း ၄,၅ဝဝ ကျော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလျှောက် လွှာရှင်တွေ အားလုံးကိုစိစစ်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ 'ယူကီ-ဆာတိုး' ကိုရွေးချယ်ခဲ့ပါ တယ်။ 'ယူကီဆာတိုး' ဆိုတဲ့အမျိုးသမီးလေးဟာ တိုကျိုမြို့က နှိုရှိရှင်ဂျူကု လမ်းမတစ် လျှောက်က ရုံးဝန်ထမ်းတွေကို 'နေ့လယ်စာ' ရောင်းချတဲ့ လုပ်ငန်းကို ဆောင်ရွက်ရာမှာ ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းကို မတိုးချဲ့နိုင်ခဲ့ပါဘူး။ ဈေးကွက်လိုအပ်ချက်ကို မဖြည့် ဆည်းနိုင်တဲ့ အခက် အခဲနဲ့ ကြုံနေရတာပါ။ အခုတော့ ဝါတာနာဘေးကုမ္ပဏီရဲ့ အကူ အညီ နဲ့ သူ့ရဲ့မျှော်မှန်းချက်တွေ ပြည့်ခဲ့ရပြီဖြစ်ပါတယ်။ ဝါသနာဘေးကုမ္ပဏီရဲ့ '' ပိုက်ဆံ ချေးပေး ပါရစေ'' အကူအညီကြောင့် ယူကီ-ဆာတိုးလို ဂျပန်နိုင်ငံက ကုမ္ပဏီအသေး၊ အလတ် အတော် များများဟာ တစ်စုံတရာ တိုးတက်အောင်မြင် သွားခဲ့ကြပါတယ်။

စာနာစိတ်ရာနှုန်းပြည့်နဲ့ အဲဒီကူညီစောင့်ရှောက်မှုဟာ တကယ့်ကိုလေးစား ဂုဏ်ယူစရာပါ။ ကမ္ဘာပေါ်မှာ အခက်အခဲတွေကို ကြုံတွေ့နေရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အမြောက် အများရှိပါတယ်။ ဆင်းရဲတဲ့နိုင်ငံ၊ ဆင်းရဲတဲ့ အိမ်ထောင်စုတွေလည်း အနမတဂ္ဂဆိုတာ ယုံမှားသံသယဖြစ်စရာ လိုမယ် မထင်ပါဘူး။ မစ္စတာမိုဟာမက်ယူနွတ်လို ပုဂ္ဂိုလ်မျိုး၊ မစ္စတာ ဝါတာနာ ဘေးလိုပုဂ္ဂိုလ်မျိုး၊ အလားတူ ''ပိုက်ဆံချေးပေးပါရစေ'' ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ များများ ပေါ်ပေါက်ဖို့လိုပါတယ်။ တချို့က ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် အားသွန် ခွန်စိုက်တော့ ကြိုးပမ်းကြပါရဲ့။ တစ်စုံတစ်ရာလည်း အောင်မြင် သွားကြပါရဲ့။ ဒါပေမဲ့ အများ စုဟာ အောက်ခြေက ရုန်းကန်ပြီး တက်လာကြသူတွေဖြစ်ပေမဲ့ ဟိုအရင်က ကိုယ်ရုန်းကန် သလို ရုန်းကန်နေကြတဲ့သူတွေရဲ့ အခက်အခဲကို မေ့နေတတ်ကြတယ်။ ထောက်ပံ့ ကူညီ ပေးဖို့လည်း သတိမရကြဘူး။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ''ပိုက်ဆံ ချေးပေးပါရစေ'' ဆိုတဲ့ ပုဂ္ဂိုလ်တွေ များများပေါ်လာလေ လူတွေဆင်းရဲတွင်း နက်နက်ထဲက ခုန်ထွက် နိုင်လေဖြစ်မှာ သေချာပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။