ကြက်ဥရောင်းရင်း တစ်နှစ် ပေါင် 13000 ဝင်ငွေရှိနေတဲ့ 8 နှစ်အရွယ် ကောင်လေး
Junior Wyatt ဆိုတဲ့ အသက် 8 နှစ်အရွယ် ကျောင်းသားလေးဟာ စွန့်ဦးတီထွင်လိုစိတ် ရှိသူ၊ သမ္မာအာဇီဝနည်းနဲ့ လုပ်ငန်းတစ်ခုကို လုပ်ပြီး ချမ်းသားအောင် ကြိုးစားလိုသူဖြစ်ပါတယ်။ သူဟာ အသက် 7 နှစ်သားလောက်ကတည်းက သန်းကြွယ်သူဌေးကြီးများအကြောင်း ထုတ်လွှင့်တဲ့ ရုပ်သံအစီအစဉ်တွေကို မလွတ်တမ်း ကြည့်သူ ဖြစ်ပါတယ်။
ဒီတော့ အရွယ်နဲ့မလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု သူ့မှာ စွဲစွဲမြဲမြဲ ဖြစ်ပေါ်လာပါတယ်။ ဒါကတော့ သူလည်း ချမ်းသာချင်တာပါဘဲ။ ဒီလိုအရွယ်မှာ ကလေးတိုင်း မင်း ချမ်းသာချင်လားလို့ မေးတဲ့အခါ၊ ချမ်းသာချင်တာပေါ့လို့ ကလေးပီပီ ဖြေကြမှာပါဘဲ။ ဒါပေမယ့် လက်တွေ့ အလုပ်လုပ်ခဲ့တဲ့ Wyatt ကတော့ တစ်နှစ်ကို ပေါင် 13000 ရနေပါပြီ။
1 ပေါင်ကို လက်ရှိပေါက်ဈေး 1750 ကျပ် ဈေးနဲ့တွက်ရင် 227 သိန်း ကျော်နေပါပြီ။ ဒီပမာဏဟာ ဗြိတိန် အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ သာမန်လုပ်ခလစာကို ကောင်းကောင်းယှဉ်နိုင်တဲ့ ပမာဏပါဘဲ။ Wyatt ရဲ့ အလုပ်ကတော့ ကြက်ဥ ရောင်းချခြင်း ဖြစ်ပါတယ်။
Wyatt ဟာ ကြက်ဥကို 6 လုံးယူရင် 2 ပေါင်၊ 12 လုံးယူရင် 3.5 ပေါင်၊ အလုံး 30 ဆိုရင် 6 ပေါင် နှုန်းနဲ့ Discount ဆန်ဆန် ဈေးနှုန်းချိုသာစွာ ရောင်းချပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံးအပတ်တစ် ခုတည်းမှာပင် သူဟာ ကြက်ဥ အလုံးပေါင်း 750 ရောင်းချနိုင်ခဲ့ပြီး၊ ပေါင် 250 အထိ အိတ်ထဲကို ထည့်နိုင်ခဲ့ပါတယ်။
အခုဆို Wyatt ဟာ အင်တာနက်မှ အမှာတွေ များလာပြီမို့ Tamworth, Staffs မြို့အနှံ့ကိုတောင် လိုက်ပို့နေပြီလို့ သိရပါတယ်။ ဒီအခါမှာတော့ မိခင်ကပါ သူနဲ့အတူ ကူညီရောင်းချပေးနေရပြီး၊ ယခုနှစ်မကုန်မီမှာပင် ယမန်နှစ်က ပေါင် 13000 စံချိန်ကို ချိုးနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Wyatt ကို ကြက်ဥရောင်းချဖို့ ဘယ်က စိတ်ကူးရသလဲလို့ မေးတဲ့အခါ Channel 4 show How’d You Get So Rich တီဗွီအစီစဉ်ကို ကြည့်ပြီးကတည်းက သူက စတင်လုပ်ဆောင်ဖို့ အကောင်ထည်ဖော်ခဲ့တာ ဖြစ်ကြောင်း၊ သူ ပထမဆုံး ရောင်းချနိုင်ခဲ့တဲ့ ငွေနဲ့ သူချစ်တဲ့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝတ်စုံကို ၀ယ်ယူနိုင်ခဲ့သလို၊ တစ်ခြား အသုံးအဆောင်တွေကိုလည်း မိဘတွေဆီ လက်ဖြန့်စရာ မလိုတော့ကြောင်း ရှင်းပြခဲ့ပါတယ်။
#Credit
Junior Wyatt ဆိုတဲ့ အသက် 8 နှစ်အရွယ် ကျောင်းသားလေးဟာ စွန့်ဦးတီထွင်လိုစိတ် ရှိသူ၊ သမ္မာအာဇီဝနည်းနဲ့ လုပ်ငန်းတစ်ခုကို လုပ်ပြီး ချမ်းသားအောင် ကြိုးစားလိုသူဖြစ်ပါတယ်။ သူဟာ အသက် 7 နှစ်သားလောက်ကတည်းက သန်းကြွယ်သူဌေးကြီးများအကြေ
ဒီတော့ အရွယ်နဲ့မလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု သူ့မှာ စွဲစွဲမြဲမြဲ ဖြစ်ပေါ်လာပါတယ်။ ဒါကတော့ သူလည်း ချမ်းသာချင်တာပါဘဲ။ ဒီလိုအရွယ်မှာ ကလေးတိုင်း မင်း ချမ်းသာချင်လားလို့ မေးတဲ့အခါ၊ ချမ်းသာချင်တာပေါ့လို့ ကလေးပီပီ ဖြေကြမှာပါဘဲ။ ဒါပေမယ့် လက်တွေ့ အလုပ်လုပ်ခဲ့တဲ့ Wyatt ကတော့ တစ်နှစ်ကို ပေါင် 13000 ရနေပါပြီ။
1 ပေါင်ကို လက်ရှိပေါက်ဈေး 1750 ကျပ် ဈေးနဲ့တွက်ရင် 227 သိန်း ကျော်နေပါပြီ။ ဒီပမာဏဟာ ဗြိတိန် အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ သာမန်လုပ်ခလစာကို ကောင်းကောင်းယှဉ်နိုင်တဲ့ ပမာဏပါဘဲ။ Wyatt ရဲ့ အလုပ်ကတော့ ကြက်ဥ ရောင်းချခြင်း ဖြစ်ပါတယ်။
Wyatt ဟာ ကြက်ဥကို 6 လုံးယူရင် 2 ပေါင်၊ 12 လုံးယူရင် 3.5 ပေါင်၊ အလုံး 30 ဆိုရင် 6 ပေါင် နှုန်းနဲ့ Discount ဆန်ဆန် ဈေးနှုန်းချိုသာစွာ ရောင်းချပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံးအပတ်တစ်
အခုဆို Wyatt ဟာ အင်တာနက်မှ အမှာတွေ များလာပြီမို့ Tamworth, Staffs မြို့အနှံ့ကိုတောင် လိုက်ပို့နေပြီလို့ သိရပါတယ်။ ဒီအခါမှာတော့ မိခင်ကပါ သူနဲ့အတူ ကူညီရောင်းချပေးနေရပြီး၊ ယခုနှစ်မကုန်မီမှာပင် ယမန်နှစ်က ပေါင် 13000 စံချိန်ကို ချိုးနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Wyatt ကို ကြက်ဥရောင်းချဖို့ ဘယ်က စိတ်ကူးရသလဲလို့ မေးတဲ့အခါ Channel 4 show How’d You Get So Rich တီဗွီအစီစဉ်ကို ကြည့်ပြီးကတည်းက သူက စတင်လုပ်ဆောင်ဖို့ အကောင်ထည်ဖော်ခဲ့တာ ဖြစ်ကြောင်း၊ သူ ပထမဆုံး ရောင်းချနိုင်ခဲ့တဲ့ ငွေနဲ့ သူချစ်တဲ့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝတ်စုံကို ၀ယ်ယူနိုင်ခဲ့သလို၊ တစ်ခြား အသုံးအဆောင်တွေကိုလည်း မိဘတွေဆီ လက်ဖြန့်စရာ မလိုတော့ကြောင်း ရှင်းပြခဲ့ပါတယ်။
#Credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။