မြန်မာသတင်း added 2 new photos.
လူမျိုး ရေးခွဲခြားမှုကြောင့်
နစ်နာသွားသောမြန်မာပြည်
----------*****---------
ဒီတစ်ပတ်ဖတ်စာရာ စာအုပ်တွေဝယ်တဲ့အထဲမှာ
လူမျိုးရေး ခွဲခြားမှုတွေကို အသက်သွင်းခဲ့တဲ့
မှော်ဝန်းသားဦးခင်ညွှန့်ရဲ့ စာအုပ်ရယ်
ဗန်းမော်သိန်းဖေရဲ့ ဆင်းရဲနွံမှ ချမ်းသာဘုံသို့
စာအုပ်တွေနှင့်အတူ အခြားစာအုပ် ၃ အုပ်ပါ
ဝယ်ဖြစ်ခဲ့ပါတယ်။
ဦးခင်ညွှန့် စာအုပ်ကတော့် သူ့အကြောင်းရေးထားတဲ့
ဆရာသန်းဝင်လှိုင်တို့ရဲ့ ရေးသားချက်တွေကို
ပြန်ရှင်းထားတဲ့ ကိုယ်ရေသွေး စာအုပ်တစ်အုပ်ပါ။
ဒါပေမဲ့ မှတ်သားစရာတွေတော့ ပါပါရဲ့။
ဗန်းမော်သိန်းဖေရဲ့ စာအုပ်ထဲမှာတော့်
ကမ္ဘာနဲ့အ၀ှမ်းက သန်းကြွယ်သူဌေးတွေ
ဘ၀ကို ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတဲ့
စိတ်ဝင်စားစရာလေးတွေနဲ့ ဖော်ပြထားပါတယ်။
အဲ့ဒိထဲမှာမှ အမေရိကန်မှ သန်းကြွယ်သူဌေးကြီး
တစ်ဦးအကြောင်းပါ။အမေရိကန် သမ္မတ အိုဗားမားရဲ့
ဂုဏ်ပြုခြင်းခံရတဲ့လူပါ။ဘာလို့ဂုဏ်ပြုတာလဲဆိုတော့
၂၀၁၁ ၀န်းကျင် အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းချိန်
တွင် အမေရိကန်နိုင်ငံသားတွေကို အလုပ်ပေးခဲ့တဲ့
ဖီလစ်မောင်ဆိုတဲ့ မြန်မာနိုင်ငံသားအကြောင်းပါ။
တကယ်တော့ သူ့နာမည်က မောင်ဖုန်းလွင်ပါ။
အမေရိကန်ရောက်တော့ ဖုန်းလွင်မောင်
ဖြစ်သွားရာကနေ အများအခေါ် အဆင်ပြေစေရန်
ဖီးလစ်မောင်လို့ ပြောင်းခဲ့တာပါ။
သူအဖိုးအဖွားတွေက တရုတ်ပြည်မကြီးကပါ
သူတို့တွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်ပွားခင်က
မြန်မာပြည်မှာ လာရောက်အခြေ နေထိုင်ကြပြီး
ဖီးလစ်ရဲ့ အဖေနဲ့ အမေတို့ဟာ မြန်မာပြည်မှာပဲ
မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံသားတွေပါပဲ။
သူတို့ဟာ စီးပွားရေးအဆင်မပြေကြဘဲ
ဖီးလစ်ဟာ သူ့အဖေရဲ့ ၀က်ခေါက်ကင်ဆိုင်မှာ
ငယ်စဉ်ကတည်းက အလုပ်ဝင်လုပ်ခဲ့ရတယ်။
ဒီအလုပ်ဟာ ပင်ပန်းလွန်းလို့ သူဟာ
ပညာတတ်ဖြစ်ရမယ်ဆိုပြီး စာကိုကြိုးစားသင်ခဲ့တယ်။
အထက်တန်းအောင်လို့ အမှတ်များများရခဲ့ပြီး
ဆေးကျောင်းတက်ခဲ့တယ်။
ကျောင်းတက်ပြီး ၃ လအကြာမှာပဲ သူ
ကျောင်းကထွက်လိုက်ရပြီး ရိုးရိုးမေဂျာပဲ
သင်ခဲ့ရပါတယ်။ဘာလို့လဲ ဆိုတော့
အစိုးရက သွေးနှော်တွေကို ဆရာဝန်
အင်ဂျင်နီယာတွေ ဖြစ်ခွင့်မပေးဘူးဆိုတဲ့
မတရားဥပဒေကြောင့်ပေါ့။
ဒီလိုနဲ့ သူဟာ ရိုးရိုးဘွဲ့လေးယူပြီး
ဖီလစ်ပိုင်မှာ ကျောင်းဆက်တက်ဖို့
တိုင်းပြည်ကထွက်သွားခဲ့တယ်။
ဒီနိုင်ငံသူ့ကို မြန်မာနိုင်ငံသားအဖြစ်လက်မခံခဲ့တဲ့
တရုတ်ကလေးဟာ မြန်မာ့ပညာအရည်အချင်းတွေ
ပြည့်ဝနေပေမဲ့ ဖီလစ်ပိုင်မှာ တရုတ်စာမကြွမ်းလို့
ကျောင်းထွက်လိုက်ရပြန်ပါတယ်။
သူက အဲ့ဒိမှာလည်းအဆင်မပြေ
မြန်မာပြည်ပြန်ဖို့က ပိုဆိုးသေး။
ဒါနဲ့ပဲ အမေရိကန်ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး
လေယာဉ်လက်မှတ်ကို ငွေတွေချေးပြီး
ဝယိကာ ထွက်သွားလိုက်ပါတယ်။
ဟိုကိုရောက်တော့ အနေဆင်းရဲ အစားဆင်းရဲ
ကြုံရာ အလုပ်ဝင်လုပ်ပြီး ဘ၀ကိုဖြတ်သန်းခဲ့တယ်။
တစ်နေ့သူ့ဘ၀အတွက် အစပျိုးချိန်
လုပ်ငန်းတွေ အဆင်ပြေလာပါတယ်။
အဲ့ဒါက အစားအသောက်လုပ်ငန်းဖြစ်တဲ့
ဆူရှိလုပ်ငန်းပါပဲ။
သူဒါကိုတွေ့ချိန် အရင်းအနှီးလည်းမရှိ
ဆူရှီပညာလည်းမတတ်ပါ။
ဆိုင်ရှင်ဆီက ပညာသင်ပြီး
ဆိုင်ခွဲတွေဖွင့်ရင်း အမေရိကန်ပြည်နယ်
အများစုမှာ သူ့ဆူရှီဆိုင်တွေအောင်မြင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ စီးပွားရေးကျနေချိန်မှာ
အမေရိကန်လူမျိုးတွေ သောင်းနဲ့ချီပြီးသူက
အလုပ်ပေးထားနိုင်ခဲ့တယ်။
အဲ့ဒိလူက မြန်မာနိုင်ငံသားဆိုတာ
စာစဖတ်ချိန် ကျွှန်တော်မယုံနိုင်ခဲ့ပါဘူး။
တကယ်လို့သာ သူသာ ကျွှန်တော်တို့တိုင်းပြည်မှာ
ရှိနေခဲ့ရင်သာဆိုတဲ့ အတွေးတွေကို တွေးရင်း
သက်ပြင်းချမိပါတော့တယ်။
ဒါပေမဲ့ ဒါဟာ အမှန်တရားပါပဲ
ယခုအချိန်ထိလည်း ဒီသွေးနှော်ခေါင်းစဉ်
အောက်ကနေ လူတော်တွေကို နှိပ်ကွပ်နေတုံးပါပဲ။
အချို့လူတွေ မှတ်ပုံတင်မရှိရင်
ရိုးရိုး ဘွဲ့လက်မှတ်တောင် ထုတ်လို့မရပါဘူး။
ဒါပေမဲ့ ဒီလူတွေ တခြားတိုင်းပြည်မှာ
အောင်မြင်တိုးတက်သွားပါမယ်။
အဲ့ဒိတိုင်းပြည်က လူတွေကိုလည်း
အလုပ်အကိုင်တွေပေးနိုင်လိမ့်မယ်။
အဲ့ဒိတိုင်းပြည်ကိုလည်း ဂျီဒီပီတွေတိုးစေတယ်။
ကျုပ်တို့တိုင်းပြည်ကတော့ လူမျိုးရေးခွဲခြားမှု
ခေါင်းစဉ်အောက်ကနေ လူတော်တွေကို
ဖိနှိပ်ပြီး တိုင်းပြည်ကို မွဲပြာကျအောင်လုပ်ရုံမှတပါး
အခြားမရှိတော့ပါ။
Credit………

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။