Warren
Buffett ပြောခဲ့သော ထင်ရှားသော စကားများထဲမှ တစ်ခုမှာ " တခြားလူများ
လောဘကြီးနေချိန်မှာ ကြောက်တတ်ပြီး တခြားလူများ ကြောက်နေချိန်မှာ
လောဘကြီးပါ" ဟူ၍ဖြစ်ပါသည်။
ဒေါ်လာ ၁၃ ဘီလီယံရှာခဲ့နိုင်သော သူ့ရဲ့ဗျူဟာကို ဘယ်လိုအတုယူကြမလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
Warren Buffet ၏ ရင်းနှီးမြုပ်နှံမှုနည်းဗျူဟာ
ဒီတစ်ပတ်တော့ Financial Thuatha အနေဖြင့် ကမ္ဘာ့အထင်ကရ ရင်းနှီးမြုပ်နှံသူ Warren Buffet ကိုလေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ " တခြားလူများ လောဘကြီးနေချိန်မှာ ကြောက်တတ်ပြီး တခြားလူများ ကြောက်နေချိန်မှာ လောဘကြီးပါ" လို့ပြောထားသော သူရဲ့ လူသိများသောစကားမှနေပြီး သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုဗျူဟာကို
နက်နက်နဲနဲ စမ်းစစ်လေ့လာကြည့်ဖို့ ဆုံးဖြတ်ထားလိုက်တယ်။ ဤဆောင်းပါးကို
Yahoo Finance and Investopedia မှ ထုတ်ယူ ကိုးကား ပုံဖော်ထားခြင်းဖြစ်သည်။
Berkshire Hathaway (BRK-A, BRK-B)၏ CEO တစ်ယောက်ဖြစ်သော အထင်ကရ ရင်းနှီးမြုပ်နှံသူ Warren Buffett သည် တချိန်က ဒုက္ခရောက်ခဲ့ဖူးသော financial firm များတွင် ဘီလီယံပေါင်းများစွာသော ရင်းနှီးမြုပ်နှံမှုများ လုပ်ခဲ့ပါသည်။ Yahoo Finance ၏ခန့်မှန်းချက်အရ Buffett သည် Bank of America (BAC)၌ ရင်းနှီးမြုပ်နှံမှုမှ ဒေါ်လာ ၁၃ ဘီလီယံခန့် ရှာဖွေနိုင်ခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
အဖိုးတန်သော စတော့ရှယ်ရာများ ရှာဖွေခြင်း
၂၀၁၁ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် Bank of America သည် အပေါင်စာချုပ်များနှင့် အပေါင်အာမခံများနှင့်သက်ဆို င်သော
ဒဏ်ငွေနှင့် အကြွေးဆပ်ငွေများ နှင့်ရင်ဆိုင်နေခဲ့ရတယ်။ အများစုမှာ
၂၀၀၈ခုနှစ်က Bank of America ဝယ်ယူခဲ့သော Countrywide Financial
ကြောင့်ဖြစ်သည်။
ထိုနွေရာသီတွင် Buffett သည် Bank of America ရဲ့ CEO Brain Moynihan ကိုခေါ်လိုက်တယ်။ ပြီးတော့ သူရင်းနှီးမြုပ်နှံမှု လုပ်ချင်ကြောင်း ပြောလိုက်တယ်။ ၂၀၁၁ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် Buffett သည် နှစ်စဉ်အမြတ်ငွေ ၆% ပေးသော အထူးစတော့ရှယ်ယာ (Preferred Stock) ကို ဒေါ်လာ ၅ ဘီလီယံတန်ဖိုးလောက်ထိ ချက်ချင်းဝယ်ယူလိုက်ကြောင်း
ထိုဘဏ်မှ ထုတ်ဖော်ကြေငြာခဲ့သည်။ တနည်းအားဖြင့်ဆိုသော် Bank of America
သည် နှစ်စဉ် ဒေါ်လာ သန်း၃၀၀ ကို Buffett ပေးရလိမ့်မည်ဖြစ်သည်။
ထိုရင်းနှီမြုပ်နှံမှုနှင့်အ တူ
အာမခံချက်တစ်ခုပါ ရရှိလိုက်သေးသည်။ ထိုအာမခံချက်မှာ ၂၀၂၁ စက်တင်ဘာလ
၂ရက်နေ့ေ မတိုင်ခင် မည်သည့်အချိန်တွင်မဆို တစ်ရှယ်ယာဈေး
၇.၁၄ဒေါ်လာနှုန်းဖြင့် ပုံမှန်ရှယ်ယာ သန်း၇၀၀ ကိုဝယ်ယူခွင့်ဖြစ်သည်။
ဒီအပတ်ထဲတွင် Bank of America သည် သူ့ရဲ့ပုံမှန်ရှယ်ယာအတွက် နှစ်တစ်စိတ်အမြတ်ငွေကို ၁၂ပြားအထိ တနည်းအားဖြင့် နှစ်စဉ်အမတ်ြငွေကို ၄ဂပြားထိ တိုးရန် စီစဉ်နေသည်ဟု ပြောခဲ့သည်။ ပြီးတော့ အားလုံးမျှော်လင့်ထားသကဲ့သို့ပင် အမြတ်ဝေစု စတိုးသောအချိန်တွင် ယခင်က ရရှိထားသော အာမခံချက်ကို အသုံးပြုရန် အစီအစဉ်များကို Buffett ထုတ်ပြန်ခဲ့သည်။
ထို့နောက် Warren Buffett သည် အထူးရှယ်ယာ (Preferred Stock) များကို ပုံမှန်ရှယ်ယာ(Ordinary Share)များနှင့် စတင်လဲလှယ်ခဲ့သည်။ Berkshire Hathaway သည် သောကြာနေ့ဈေးကွက်ပိတ်ဈေး ဒေါ်လာ၂၄.၂၆နှင့်တွက်ရင် ဒေါ်လာ ၁၆.၉၈ဘီလီယံ ပိုင်ဆိုင်ထားပြီး Bank of America ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာပါလိမ့်မည် ။ ထို့ပြင် ကျွန်ုပ်တို့ခန်မှန်းချက်အရ Berkshire Hathaway ၏အကြီးဆုံး အရင်းအနှီိး (၅) ခုထဲက တစ်ခုဖြစ်လာပါလိမ့်မည်။
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
အမြတ်ဘယ်လောက်ရရှိခဲ့လဲ တွက်ချက်ကြည့်ခြင်း
ဝယ်ဈေးက ၇.၁၄ဒေါ်လာ။ သောကြာနေ့ဈေးကွက်ပိတ်ချိန် မှာ
၂၄.၂၆ဒေါ်လာ။ မှုလ ဒေါ်လာ (၅)ဘီလီယံ စတင်ရင်းနှီးခဲ့ခြင်းအပေါ် Bershire သည်
စာရင်းထဲ၌ ဒေါ်လာ ၁၁.၉၈ ဘီလီယံ ရရှိခဲ့ပါသည်။ နှစ်စဉ် အမြတ်ငွေ
ဒေါ်လာသန်း၃၀၀ ရရှိမှုကိုထည့်စဉ်းစားလျှင်ေ တာ့ Buffett သည် နောက်ထပ် ဒေါ်လာ ၁.၇၂၅ဘီလီယံ ရရှိခဲ့ပါသည်။
ခန့်မှန်းအကျိုးအမြတ် : ဒေါ်လာ ၁၃.၇၁ ဘီလီယံ
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
အထူးရှယ်ယာ(Preferred Stock)ဆိုတာဘာလဲ? ဘာလုပ်ပေးလဲ?
အထူးရှယ်ယာဆိုတာ အကြွေးပေးခြင်း(debt) နှင့် ရှယ်ယာတန်ဖိုး(equity) နှစ်ခုစလုံး၏ အင်္ဂါရပ်များပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
အကြွေးပေးထားသကဲ့သို့ ပုံသေအမြတ်ငွေ ရရှိပါသည်။ ရှယ်ယာတန်ဖိုးအနေဖြင့်
တန်ဖိုး(ဈေး)တတ်ဖို့ အလားအလာရှိပါသည်။ အထူးရှယ်ယာ(Preferred Stock)
တစ်မျိုးစီ၏ အသေးစိတ်မှာ ထုတ်ပြန်တဲ့အပေါ် မှုတည်ပါသည်။
အထူးရှယ်ယာ(Preferred Stock)များသည် ရှယ်ယာတန်ဖိုး(Equity)ဖြစ်ေ သ်ာလည်း စတော့ရှယ်ယာ(stock) နှင့် ငွေချေးစာချုပ်(bond) နှစ်ခုကြားတွင်ရှိသော ကပြားပိုင်ဆိုင်မှု(asset)တစ်ခုနှင့် တော်တော်များများတူပါသည်။ ပုံမှန်ရှယ်ယာများနှင့်ယှဉ် ရင်
ပိုမိုခန့်မှန်းနိုင်သော ဝင်ငွေရရှိနိုင်ပြီး အဓိက
အကြွေးအဆင့်သက်မှတ်ပေးသော အဖွဲ့အစည်းများ (credit rating agencies)နှင့်
သတ်မှတ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
အထူးရှယ်ယာ(Preferred stock) အချို့ကို ပုံစံပြောင်းနိုင်တယ်
တချို့ အထူးရှယ်ယာ(preferred stock)ကို ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုသည်မှာ အခြေအနေတစ်ခုခုတွင် ပြောထားသောပုံမှန်ရှယ်ယာ အရေအတွက်နှင့် လဲလှယ်နိုင်ပါသည်။ အုပ်ချုပ်မှုဘုတ်အဖွဲ့(BOD) မှာ ပြောင်းဖို့မဲခွဲဆုံးဖြတ်နိုင်သည်၊
သို့မဟုတ် ရင်းနှီမြုပ်နှံသူမှ ပြောင်းလဲရန် ရွေးချယ်မှုရှိနိုင်သည်၊
သို့မဟုတ် အချိန်ရက်စွဲတစ်ခု၌ အလိုအလျောက်ပြောင်းလဲသွားနိုင်ပါသည်။ ရင်းနှီိးမြုပ်နှံသူအတွက် အကျိုးရှိ မရှိကတော့ ဈေးကွက်ရှိ ပုံမှန်ရှယ်ယာ၏ပေါက်ဈေးပေါ် တွင် မူတည်ပါသည်။
ပြောင်းလဲမှုကို ရွေးချယ်နိုင်ချင်းသည် Warren Buffett ဒေါ်လာ ၁၃.၇ ဘီလီယံခန့် ရှာဖွေ့ခဲ့နိုင်သော အဓိကအကြောင်းအရင်းဖြစ်သည်။ ရှယ်ယာ တစ်ခုဈေး ၇.၁၄ဒေါ်လာနဲ့ ပြောင်းနိုင်ခဲ့တာဖြစ်တယ်။ အဲ့အချိန်တုန်းက ဈေးကွက်ပိတ်ချိန်ဈေးမှာ ၂၄.၂၆ဒေါ်လာဖြစ်သည်။ ထို့ကြောင့်ပင် သူ့အတွက် ရှယ်ယာတစ်စောင်အတွက် စာရင်းပေါ်၌ အမြတ်ငွေ ၁၇.၁၂ဒေါ်လာရရှိပြီးဖြစ်သည်။ Buffettသည် ပုံမှန်ရှယ်ယာ သန်း ၇၀၀ ဝယ်ယူခွင့်ရှိသောကြောင့်
ရှယ်ယာ သန်း၇၀၀ * ၁၇.၁၂ဒေါ်လာ = ဒေါ်လာ ၁၁.၉၈၄ ဘီလီယံ
ထို့ကြောင့် ရလဒ်အနေဖြင့် အမြတ်ငွေ ဒေါ်လာ ၁၁.၉ဘီလီယံခန့် ရခဲ့ပါသည်။ နှစ်စဉ်အမြတ်ငွေကိုပါ ထည့်တွက်လျှင်တော့ ခန့်မှန်းချေအားဖြင့် စုစုပေါင်းအမြတ်
ဒေါ်လာ ၁၁.၉ဘီလီယံ + ဒေါ်လာ ၁.၇၂၅ဘီလီယံ = ဒေါ်လာ ၁၃.၇၁ ဘီလီယံ ရရှိခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
နိဂုံးချုပ်
ဒါတွေကြောင့်ပဲ Warren Buffett သည် ကမ္ဘာ့အတော်ဆုံးအကောင်းဆုံး ရင်းနှီမြုပ်နှံသူတွေထဲက တစ်ယောက် ဖြစ်နေတာဖြစ်သည်။ သူ့မှာ သတ္တိရှိသည်။ တခြားသူများ ကြောက်နေချိန်တွင် လောဘကြီးရဲခဲ့သည်။ ပြီးတော့ ထိုကဲ့သို့သော ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ကြီးမားလုံလောက်သော ငွေကြေးအင်အားရှိခဲ့သည်။ ရင်းနှီမြုပ်နှံမှုနိယာမများ နှင့် အထူးရှယ်ယာ(preferred stock)အကြောင်း များကို သူ့ရဲ့ထိုးထွင်းသိမြင်နိုင် စွမ်းကြောင့် လက်ဖျားခါလောက်သော အကျိုးအမြတ်ရရှိစေခဲ့တာဖြစ် သည်။
Credit # Financial Thutha
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~
#BillionTechDigitalMarketi ng
ဒေါ်လာ ၁၃ ဘီလီယံရှာခဲ့နိုင်သော သူ့ရဲ့ဗျူဟာကို ဘယ်လိုအတုယူကြမလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~
Warren Buffet ၏ ရင်းနှီးမြုပ်နှံမှုနည်းဗျူဟ
ဒီတစ်ပတ်တော့ Financial Thuatha အနေဖြင့် ကမ္ဘာ့အထင်ကရ ရင်းနှီးမြုပ်နှံသူ Warren Buffet ကိုလေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ " တခြားလူများ လောဘကြီးနေချိန်မှာ ကြောက်တတ်ပြီး တခြားလူများ ကြောက်နေချိန်မှာ လောဘကြီးပါ" လို့ပြောထားသော သူရဲ့ လူသိများသောစကားမှနေပြီး သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုဗျူဟာကို
Berkshire Hathaway (BRK-A, BRK-B)၏ CEO တစ်ယောက်ဖြစ်သော အထင်ကရ ရင်းနှီးမြုပ်နှံသူ Warren Buffett သည် တချိန်က ဒုက္ခရောက်ခဲ့ဖူးသော financial firm များတွင် ဘီလီယံပေါင်းများစွာသော ရင်းနှီးမြုပ်နှံမှုများ လုပ်ခဲ့ပါသည်။ Yahoo Finance ၏ခန့်မှန်းချက်အရ Buffett သည် Bank of America (BAC)၌ ရင်းနှီးမြုပ်နှံမှုမှ ဒေါ်လာ ၁၃ ဘီလီယံခန့် ရှာဖွေနိုင်ခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
အဖိုးတန်သော စတော့ရှယ်ရာများ ရှာဖွေခြင်း
၂၀၁၁ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် Bank of America သည် အပေါင်စာချုပ်များနှင့် အပေါင်အာမခံများနှင့်သက်ဆို
ထိုနွေရာသီတွင် Buffett သည် Bank of America ရဲ့ CEO Brain Moynihan ကိုခေါ်လိုက်တယ်။ ပြီးတော့ သူရင်းနှီးမြုပ်နှံမှု လုပ်ချင်ကြောင်း ပြောလိုက်တယ်။ ၂၀၁၁ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် Buffett သည် နှစ်စဉ်အမြတ်ငွေ ၆% ပေးသော အထူးစတော့ရှယ်ယာ (Preferred Stock) ကို ဒေါ်လာ ၅ ဘီလီယံတန်ဖိုးလောက်ထိ ချက်ချင်းဝယ်ယူလိုက်ကြောင်း
ဒီအပတ်ထဲတွင် Bank of America သည် သူ့ရဲ့ပုံမှန်ရှယ်ယာအတွက် နှစ်တစ်စိတ်အမြတ်ငွေကို ၁၂ပြားအထိ တနည်းအားဖြင့် နှစ်စဉ်အမတ်ြငွေကို ၄ဂပြားထိ တိုးရန် စီစဉ်နေသည်ဟု ပြောခဲ့သည်။ ပြီးတော့ အားလုံးမျှော်လင့်ထားသကဲ့သိ
ထို့နောက် Warren Buffett သည် အထူးရှယ်ယာ (Preferred Stock) များကို ပုံမှန်ရှယ်ယာ(Ordinary Share)များနှင့် စတင်လဲလှယ်ခဲ့သည်။ Berkshire Hathaway သည် သောကြာနေ့ဈေးကွက်ပိတ်ဈေး ဒေါ်လာ၂၄.၂၆နှင့်တွက်ရင် ဒေါ်လာ ၁၆.၉၈ဘီလီယံ ပိုင်ဆိုင်ထားပြီး Bank of America ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာပါလိမ့်မည်
~~~~~~~~~~~~~~~~~~~~~~~~~~
အမြတ်ဘယ်လောက်ရရှိခဲ့လဲ တွက်ချက်ကြည့်ခြင်း
ဝယ်ဈေးက ၇.၁၄ဒေါ်လာ။ သောကြာနေ့ဈေးကွက်ပိတ်ချိန်
ခန့်မှန်းအကျိုးအမြတ် : ဒေါ်လာ ၁၃.၇၁ ဘီလီယံ
~~~~~~~~~~~~~~~~~~~~~~~~~~
အထူးရှယ်ယာ(Preferred Stock)ဆိုတာဘာလဲ? ဘာလုပ်ပေးလဲ?
အထူးရှယ်ယာဆိုတာ အကြွေးပေးခြင်း(debt) နှင့် ရှယ်ယာတန်ဖိုး(equity) နှစ်ခုစလုံး၏ အင်္ဂါရပ်များပေါင်းစပ်ထားခြင
အထူးရှယ်ယာ(Preferred Stock)များသည် ရှယ်ယာတန်ဖိုး(Equity)ဖြစ်ေ
~~~~~~~~~~~~~~~~~~~~~~~~~~
အထူးရှယ်ယာ(Preferred stock) အချို့ကို ပုံစံပြောင်းနိုင်တယ်
တချို့ အထူးရှယ်ယာ(preferred stock)ကို ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုသည်မှာ အခြေအနေတစ်ခုခုတွင် ပြောထားသောပုံမှန်ရှယ်ယာ အရေအတွက်နှင့် လဲလှယ်နိုင်ပါသည်။ အုပ်ချုပ်မှုဘုတ်အဖွဲ့(BOD) မှာ ပြောင်းဖို့မဲခွဲဆုံးဖြတ်နိ
ပြောင်းလဲမှုကို ရွေးချယ်နိုင်ချင်းသည် Warren Buffett ဒေါ်လာ ၁၃.၇ ဘီလီယံခန့် ရှာဖွေ့ခဲ့နိုင်သော အဓိကအကြောင်းအရင်းဖြစ်သည်။ ရှယ်ယာ တစ်ခုဈေး ၇.၁၄ဒေါ်လာနဲ့ ပြောင်းနိုင်ခဲ့တာဖြစ်တယ်။ အဲ့အချိန်တုန်းက ဈေးကွက်ပိတ်ချိန်ဈေးမှာ ၂၄.၂၆ဒေါ်လာဖြစ်သည်။ ထို့ကြောင့်ပင် သူ့အတွက် ရှယ်ယာတစ်စောင်အတွက် စာရင်းပေါ်၌ အမြတ်ငွေ ၁၇.၁၂ဒေါ်လာရရှိပြီးဖြစ်သည်။
ရှယ်ယာ သန်း၇၀၀ * ၁၇.၁၂ဒေါ်လာ = ဒေါ်လာ ၁၁.၉၈၄ ဘီလီယံ
ထို့ကြောင့် ရလဒ်အနေဖြင့် အမြတ်ငွေ ဒေါ်လာ ၁၁.၉ဘီလီယံခန့် ရခဲ့ပါသည်။ နှစ်စဉ်အမြတ်ငွေကိုပါ ထည့်တွက်လျှင်တော့ ခန့်မှန်းချေအားဖြင့် စုစုပေါင်းအမြတ်
ဒေါ်လာ ၁၁.၉ဘီလီယံ + ဒေါ်လာ ၁.၇၂၅ဘီလီယံ = ဒေါ်လာ ၁၃.၇၁ ဘီလီယံ ရရှိခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
နိဂုံးချုပ်
ဒါတွေကြောင့်ပဲ Warren Buffett သည် ကမ္ဘာ့အတော်ဆုံးအကောင်းဆုံး ရင်းနှီမြုပ်နှံသူတွေထဲက တစ်ယောက် ဖြစ်နေတာဖြစ်သည်။ သူ့မှာ သတ္တိရှိသည်။ တခြားသူများ ကြောက်နေချိန်တွင် လောဘကြီးရဲခဲ့သည်။ ပြီးတော့ ထိုကဲ့သို့သော ရင်းနှီးမြုပ်နှံမှုလုပ်ဖို့
Credit # Financial Thutha
~~~~~~~~~~~~~~~~~~~~~~~~~~
#BillionTechDigitalMarketi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။