ဝါကြွားခြင်း
======
တစ်ခါတုန်းက ဂျပန်နိုင်ငံမှာ ပညာရှင်တစ်ဦးဟာ တံငါးသည် တစ်ဦးရဲ့ လှေကို စီးပြီး ရူ့ခင်းပတ်ကြည့်ပါသတဲ့၊
လှေပေါ်မှာ ပညာရှင်က တံငါးသည်ကို မေးပါတယ်။ “ အို..တံငါးသည်၊ သင် သတ္တဗေဒ ကို နားလည်းပါသလား”
တံငါးသည်က နားမလည်ပါလို့ ဖြေကြားလိုက်ပါတယ်။
ပညာရှင် “ ဒါဆိုရင် သင့်ဘ၀ လေးပုံတစ်ပုံ ဆုံးရူံးသွားပြီ ” လို့ ပြောပါတယ်။
တစ်အောင့်လောက်ကျတော့ ပညာရှင်က ထပ်မေးပြန်တယ်။ “ သင် သင်္ချာပညာရပ်ကို နားလည်ပါသလား”
တံငါးသည်က နားမလည်ပါ လို့ ထပ်မံဖြေကြားလိုက်ပါတယ်။
“ ဒါဆိုရင် သင့်ဘ၀နောက်ထပ် လေးပုံတစ်ပုံ ဆုံးပါးသွားပြီ” လို့ ပညာရှင်က ပြောလိုက်ပါတယ်။
နောက်တစ်အောင့် ထပ်ကြာတော့ ပညာရှင်က ထပ်မေးပြန်တယ်။ “ သင်သိပ္ဗံပညာရပ်ကို သိပါသလား ” တဲ့
တံငါးသည်က နားမလည်ပါလို့ ထပ်မံဖြေလိုက်ပါတယ်။
အဲဒီအချိန်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်လာပါတယ်။ လှေကလေး ဟိုယိမ်းဒီယိုင် ဖြစ်လာပါတယ်။
တံငါးသည်က ပညာရှင်ကို မေးလိုက်ပါတယ်။ “ သင်ရေကူးတတ်ပါသလား”
“ မကူးတတ်ပါ ” လို့ ပညာရှင်က ဖြေဆိုလိုက်ပါတယ်။
“ ဒါဆိုရင် သင်ဘ၀တစ်ခုလုံး ဆုံးရူံးရတော့မယ်။ ” လို့ တံငါးသည်က ပြောကြလိုက်ပါတယ်။
Ref: WeChat

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။