Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 25, 2017

ထူးခြားတဲ့ မိဘဆရာ အစည်းအဝေး တစ်ခု

ထူးခြားတဲ့ မိဘဆရာ အစည်းအဝေး တစ်ခု
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရုတ်ပြည်တောင်ပိုင်းမြို့ တစ်မြို့ မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာပါ။ မူလတန်း အတန်းလိုက် ကျင်းပတဲ့ မိဘဆရာ အစည်းအဝေးမှာပါ။

မနက် ( ၉ ) နာရီ၊ ကျောင်းသူကျောင်းသားများရော ကျောင်းသားမိဘများပါ တစ်ဖွဲဖွဲ ရောက်လာကြပါတယ်။ အစည်းအဝေး တက်ရောက်သူများအားလုံး လှလှပပ ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။

ကျောင်းသားမိဘအများစုဟာ ပညာတတ်များဖြစ်ကြပါတယ်။ ကျောင်းသားမိဘများ တက်ရောက်ကြောင်းလက်မှတ်ရေးထိုးကြရပါတယ်။ အချို့ မိဘများ ကျေကျေနပ်နပ် ထိုးကြသလို အချို့ မိဘများလည်း ဆရာမကို တစ်ခွန်းစ နှစ်ခွန်းစ ပြစ်တင်ပြီးမှ ထိုးကြတာလည်း ရှိပါတယ်။

“ ကျွန်မသား ဘာလို့ ဒီတစ်နှစ်မှာ အဆင့်ကျသွားတာလဲ၊ အဲဒါ ဆရာမတို့ ရှင်းပြဖို့လိုပါလိမ့်မယ်။”

မိဘတစ်ဦးထံမှ စတင်လိုက်တဲ့ ပြစ်တင်မူပါ။
ဆရာမ ဘာမှ ပြန်မပြောပါ။

လာရောက်တဲ့မိဘများကို ဆက်လက်မှတ်ထိုးခိုင်းပါတယ်။ မနက် ( ၉ ) နာရီခွဲ၊ အစည်းအဝေး စတင်ခါနည်းလေးမှာ၊ အ၀တ်အစားဟောင်းနွမ်းပြီး၊ ဖုန်များပေတေနေတဲ့၊ အလုပ်ကြမ်းဝတ်စုံ ၀တ်ထားတဲ့ လူလတ်အမျိုးသားတစ်ဦး ၀င်လာပါတယ်။
နောက်ကျလို့ အားနာအပြုံးပြုံးပြီး

“ ကျွန်တော် ဘယ်မှာ ထိုင်ရမလဲ ဆရာမ”

လို့ မေးလိုက်ပါတယ်။

ဆရာမက ကြည့်လိုက်တာနဲ့ ဆောက်လုပ်ရေးခွင်ကနေ ရောက်လာတဲ့ အလုပ်သမားမှန်း ရိပ်မိပါတယ်။

“ ဒါနဲ့ ဒီမိဘက....”
၊ ဆရာမက ယဉ်ကျေးစွာမေးလိုက်ပါတယ်။

“ ကျွန်တော်က ကျောင်းသား “ကျိဟောက်” ရဲ့ အဖေပါ။”

ဆရာမက ထိုင်ခုံစီစဉ်ပေးဖို့ နည်းနည်းခက်သွားပုံရပါတယ်။

“ အော…ဟုတ်ကဲ့ ဟိုဒေါင့်မှာ လွတ်တဲ့ခုံ နေရာမှာ ထိုင်ပါရှင့်၊ တက်ရောက်ကြောင်း လက်မှတ်ထိုးပါရှင့်” ဆရာမက လက်မှတ်စာအုပ် ကမ်းပေးလိုက်ပါတယ်။

“ ကျွန်တော် စာမတတ်ဘူးဗျ၊ လက်မှတ်မထိုးတတ်ဘူး”
လူလတ်က အားနာနာနဲ့ ဖြေလိုက်ပါတယ်။

“ အော၊ ကိစ္စမရှိပါဘူးရှင့်၊ ဦးသားကို ထိုးခိုင်းလိုက်ပါ့မယ်။ ”

၉ နာရီခွဲမှာ အစည်းအဝေး စဖြစ်ပါတယ်။ အတန်းပိုင် ဆရာမက ကျောင်းသားမိဘများ မအားလပ်တဲ့ ကြားထဲကနေ အစည်းအဝေး တက်ရောက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ စာသင်နှစ်ရဲ့ နောက်ဆုံး အစည်းအဝေးဖြစ်တဲ့အတွက် ဆရာမအနေနဲ့ ထွေထွေထူးထူး ပြောစရာမရှိကြောင်း၊ မိဘများ၊ အထူးသဖြင့်၊ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသားများရဲ့ မိဘများကို အိမ်မှာ သားသမီးရဲ့ ပညာရေး ဘယ်လိုအားပေးတယ်ဆိုတာ အတွေ့ အကြုံ ဖလှယ်ရန် မေတ္တာရပ်ခံ ကြောင်း ပြောကြားပါတယ်။

အစည်းအဝေး လုပ်လုပ်ရွရွ ဖြစ်သွားပါတယ်။ ဆရာမက ကျောင်းသူ
“ လီပင်း” ရဲ့ ဖခင်ကို ထူးချွန်တဲ့ သားသမီး ပျိုးထောင်တဲ့ အတွေ့အကြုံကို စတင်စကားပြောခိုင်းပါတယ်။

“ လီပင်း” ရဲ့ ဖခင်က အိမ်မှာ စည်းကမ်းဘယ်လို ကြီးကြောင်း၊ စာတော်ဖို့အတွက် အချိန်ပို ဘယ်လိုသင်ပေးရကြောင်း၊ အိမ်စာလုပ်ဖို့ Guide ဘယ်လိုခေါ် ပေးရကြောင်း စသည်ဖြင့် ပြောကြားပါတယ်။ ဆွဲဆောင်စရာ ထွေထွေထူးထူး မရှိပါ။

နောက်မိဘ တစ်ဦးပြောပါသေးတယ်။ အကြောင်းအရာ သိပ်မကွာပါဘူး။ ဆရာမက အတန်းထဲမှာ “ ကျိဟောက်” စာအရမ်းထူးချွန်တဲ့အတွက် ကျိဟောက်ရဲ့ အဖေကို တစ်ခုခု ပြောပြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အစတော့ ငြင်းပါသေးတယ်။ သားကလည်း

“ တက်ပါအဖေ” လို့ပြောတော့မှ မ၀န့်မရဲနဲ့ အတန်းရှေ့ စင်ပေါ် ကိုတက်သွားပါတယ်။ ချောင်းနှစ်ချက် ဟန့်လိုက်ပါတယ်။ ဘာပြောရမလဲ လို့ စဉ်းစားနေပုံရပါတယ်။

ဆရာမက “ကျိဟောက်ရဲ့ ဖခင် အားပေးတဲ့အကြည့်နဲ့ ခေါင်းငြိမ့် ပြုံးပြပါတယ်။ “ ကျောင်းသားမောင်ကျိဟောက်ဟာ အတန်းထဲမှာ ဘာသာစုံ အထူးချွန်ဆုံးကျောင်းသားထဲမှာ ပါပါတယ်။ တစ်ခါမှလည်း ကျောင်းပျက်တာမျိုး၊ ကျောင်းနောက်ကျတာမျိုး မရှိခဲ့ပါဘူး၊ အခု သူ့ဖခင်က အိမ်မှာဘယ်လို ပျိုးထောင်သင်ကြားပေးသလဲ ဆိုတာကို ပြောပြမှာဖြစ်တယ်။ အားလုံးအားပေးကြပါ။ ”

အားလုံး အားပေးကြပါတယ်။
ကျိဟောက် ဖခင်က အဲလို စပြောပါတယ်။

“ ကျွန်တော်နဲ့ ကျွန်တော်သားဟာ အဖေတစ်ခု သားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ဆောက်လုပ်ရေး အလုပ်သမားပါ။ ကျွန်တော် ပညာမသင်ခဲ့တော့ စာမတတ်ပါဘူး၊”

“ ဒါကြောင့် ကျွန်တော့မှာ ပြောပြဖို့ အတွေ့အကြုံဆိုတာလည်း မရှိပါဘူး၊ကျွန်တော်က ကျွန်တော့သား အိမ်စာလုပ်တာကို ကြည့်တာကို အရမ်းဝါသနာပါတယ်။ နေ့တိုင်းအိမ်ပြန်လို့ ဘယ်လောက်ပဲ အလုပ်မောမော သူအိမ်စာလုပ်တာကို ထိုင်ကြည့်ပါတယ်။ တစ်ရက်ကျတော့ သားကမေးတယ်။"

“ ဖေဖေက နားလည်းမလည်ပဲနဲ့ ဘာလို့ထိုင်ကြည့်နေတာလဲ၊ သွားအိပ်တော့လေ” တဲ့၊
ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။"

“ ဖေဖေက နားမလည်တာမှန်တယ်။ ဒါပေမဲ့ သားစာလုပ်တတ်လား၊ မလုပ်တတ်ဘူးလားဆိုတာတော့ သိတယ်။ သားရေးတာမြန်ရင်၊ သားစာလုပ်တာ ဖြောင့်ဖြူးရင် သားစာရတယ်ဆိုတာ ဖေဖေသိတယ်။ အဲ..သားက ပန်ကာထဖွင့်လိုက်၊ ရေထသောက်လိုက်ဆိုရင် သားအခက်အခဲတွေ့ပြီဆိုတာ ဖေဖေသိတယ်။”

အခန်းတစ်ခုလုံး အပ်ကျတာတောင်မှ ကြားရလောက်တဲ့အထိ ငြိမ်သက်သွားပါတယ်။ သူကဆက်ပြောပါတယ်။

“ ကျွန်တော်က အလုပ်သမားဆိုပေမဲ့ အလုပ်များတယ်။ သားကို အချိန်ပေးပြီး မသင်ပေးတတ်ဘူး၊ သင်လည်း မသင်တတ်ဘူး၊ အားတဲ့အခါကျရင် စကားပြောပေးတယ်။ ကျွန်တော်သူ့ကို အမြဲတမ်း တစ်ခုခု မေးတယ်။
“ သား၊ တီဗွီထဲက နိုင်ငံတော်ခေါင်းဆောင်တွေလို နိုင်ငံခြားခဏခဏ မထွက်ချင်ဘူးလား”
“ ထွက်ချင်တာပေါ့ အဖေ” သားကအဲလိုဖြေပါတယ်။
“ အေး၊ ထွက်ချင်ရင် စာကောင်းကောင်းကြိုးစား”
ကျွန်တော်က မေးပါတယ်။ “ သားသူများလို အိမ်ကြီးကြီး မနေချင်ဘူးလား”
“ နေချင်တာပေါ့” လို့ သားက ခေါင်းငြိမ့်ပြီး ဖြေပါတယ်။

“ အဲလိုဆို စာကောင်းကောင်းကြိုးစား”
လမ်းမမှာ ပြေးလွှားနေတဲ့ အမဲရောင်၊ အရမ်းလှတဲ့ကားတွေ့ရင် ကျွန်တော်ကသူ့ကိုမေးတယ်။
“ သား အဲဒီကားမျိုး စီးချင်သလား”
စီးချင်တယ်လို့ သူဖြေပါတယ်။
“ စီးချင်ရင် စာကောင်းကောင်းကြိုးစား”
ကျွန်တော်က ပညာမတတ်တော့ လေးနက်တဲ့ဆုံးမစကားမပြောတတ်ဘူးလေ၊ တွေ့တဲ့ဟာနဲ့ပဲ သားကို အားပေးရပါတယ်။ ကျွန်တော် အရမ်းကျေနပ်ရင် သားဦးခေါင်းလေးကို ကိုင်တာလည်း အရမ်းဝါသနာပါပါတယ်။"

" သားက ကျွန်တော့နားမှာ ဖင်ထိုင်ထိုင်နေတတ်တယ်။ ကျွန်တော် အလုပ်လုပ်တာကို ထိုင်ကြည့်နေတတ်တယ်။ တစ်ခုခုပြောလိုက်၊ သူ့ခေါင်းလေးကိုကိုင်လိုက်နဲ့ အချိန်ကုန်နေတတ်တယ်။ တစ်ခါတစ်လေ သူက ကျွန်တော့ကို သောက်ရေ ခတ်ပေးတယ်။ အ၀တ်လျှော်ပေးတယ်။ ကျွန်တော်သူ့ကို မူန့်ဖိုးမပေးသလောက်ပါပဲ၊ အဲဒါကြောင့်သူ အင်တာနက် မဆော့တတ်ဘူး၊ အင်တာနက် ကဖေး မသွားတတ်ဘူး၊ မူန့်မ၀ယ်စားတတ်ဘူး၊ အားရင် အိမ်အလုပ်ကူလုပ်ပေးပါတယ်။ "

"ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေဟာ မတည်ငြိမ်တတ်ပါဘူး၊ အတွေ့အကြုံလည်း တကယ်မရှိပါဘူး၊ သားနဲ့ အတူနေရတာပျော်တယ်။ သူအိမ်စာလုပ်တာ ထိုင်ကြည့်တာ ပျော်တယ်။ သူ့ခေါင်းကလေး ကိုင်ရတာ ပျော်တယ်။ သူနဲ့ စကားပြောရတာ ပျော်တယ်။ အမြဲတမ်းသူ့ကိုမေးတယ်။ “

"ငါ့သားကို ဒီလိုထူးချွန်အောင်သင်ပေးတဲ့ ကျောင်းကို ကျေးဇူးတင်ပြီးပြီလား၊ ဆရာဆရာမတွေကို ကျေးဇူးတင်ပြီးပြီလား၊ ဆရာဆရာတွေအားလုံးကိုရော ကျောင်းကိုရော ကျေးဇူးအထူးတင်ရှိပါတယ်။”

အဲလိုပြောရင်း ကျိဟောက်ရဲ့ ဖခင်ဟာ အရိုအသေပေး အလေးပြုလိုက်ပါတယ်။
ကျန်တဲ့မိဘများ စိတ်တော်တော်ခိုက်သွားပုံရပါတယ်။

ပုံမှန်အားဖြင့် ထူးချွန်ရင်၊ အိမ်က ပမ့်ပိုးလို့၊ မထူးချွန်ရင် ကျောင်းမကောင်းလို့၊ ဆရာဆရာမ ညံ့ဖျင်းလို့ အပြစ်တင်တတ်တဲ့မိဘများဟာ ကျိဟောက်ဖခင်ရဲ့ စကားနဲ့ အပြုအမူကြောင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြပါတယ်။

ကျိဟောက်ဖခင်စကားအဆုံးမှာ အစည်းအဝေးတစ်ခုလုံး လက်ခုပ်သံညံသွားပါတယ်။ ထောက်ခံခြင်း၊ အားကျခြင်း၊ အားပေးခြင်း အပြင် ကိုယ့်ကိုယ်ကို ဆန်းစစ်ခြင်းလည်း ပါကောင်းပါနိုင်ပါလိမ့်မယ်
သင်ကော ကလေးနဲ့အတူ အိမ်စာလုပ်ပါသလား၊
သင်ကော ကလေးဦးခေါင်းကို မကြာခဏ ပွတ်သပ်ပေးပါသလား၊
သင်ကော ကလေးနဲ့ စိတ်ချင်းဖလှယ် စကားပြောဖြစ်ပါသလား၊

Ref: WeChat
Credit # ဆရာ အောင်ကိုလတ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။