Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 29, 2017

သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ

 
 
သုံးတတ်လျှင်မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ

credit card အကြောင်း ကောင်းကောင်းမသိဘဲ အသုံးလွန်ပြီး ဒုက္ခရောက်နေတဲ့လူတွေ များလာလို့ ဒီ post လေး ရေးပေးလိုက်ပါတယ်။

1). credit card ဆိုတာ ဘာလဲ
ပထမဦးဆုံး credit card ဆိုတာ ဘာလဲဆိုတာကို အရင်ဆုံးလေ့လာကြည့်ရအောင်။

credit card ဆိုတာ ကျသင့်ငွေကို ငွေသားဖြင့် လက်ငင်းမပေးချေပဲ ကတ်ပြားဖြင့်ပေးချေတဲ့ စနစ်တစ်မျိုးသာဖြစ်ပါတယ်။
အဘိဓာန်တွေထဲမှာတော့ credit card ကို အကြွေးဝယ်ကတ်ပြားလို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။

credit card စနစ်မှာ
၁). ကတ်ပြားသုံးစွဲသူ (ကတ်ပြားကိုင်ဆောင်သူ)
၂). ဆိုင်( ကတ်ပြားသုံးလို့ရတဲ့ဆိုင်)
၃). ကတ်ပြားကုမ္ပဏီ (visa, master, etc...)
ဆိုပြီး အပိုင်း၃ပိုင်း ရှိပါတယ်။

ကျွန်တော်တို့တွေ ဆိုင်တစ်ဆိုင်မှာ credit card သုံးပြီး ဈေးဝယ်ကြတယ်ဆိုပါစို့။ ကျွန်တော်တို့တွေ အဲ့ဒီဆိုင်မှာငွေသားနဲ့ လက်ငင်းရှင်းစရာမလိုပါဘူး။ ကတ်ပြားနဲ့ ရှင်းလိုက်ရုံပါပဲ။ ဆိုင်က ကျွန်တော်တို့ဆီကနေ ငွေမရတဲ့အတွက် ကတ်ပြားကုမ္ပဏီ(visa, master, etc...) ကို တောင်းပါတယ်။ ကတ်ပြားနံပါတ် ဘယ်လောက်အတွက် ငွေဘယ်လောက်ပေးပါ ဆိုပြီးတောင်းပါတယ်။ ကတ်ပြားကုမ္ပဏီက ကျသင့်ငွေကို ကြားကနေ ပေးချေပေးပါတယ်။

ကျွန်တော်တို့တွေက နောက်တော့မှ ကတ်ပြားကုမ္ပဏီကို ပြန်ပေးဆပ်ကြရပါတယ်။ ပုံမှန်အားဖြင့် တစ်လလုံးသုံးထားသမျှကိုပေါင်းပြီး နောက်လရဲ့သတ်မှတ်ထားတဲ့ရက်မှာ ပြန်ပေးကြရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့တွေဟာ ကတ်ပြားသုံးချင်တဲ့အတွက် credit card ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ကြရပါတယ်။ credit card ကုမ္ပဏီတွေကလည်း ယုံကြည်စိတ်ချရတဲ့လူတွေကိုပဲ ကတ်ပြားထုတ်ပေးကြပါတယ်။

တစ်ဖက်မှာလည်း credit card ကုမ္ပဏီတွေဟာ ဆိုင်တွေနဲ့ချိတ်ဆက်ထားကြရပါတယ်။ ဒီကတ်ပြားကို သုံးလာတဲ့လူတွေကို လက်ခံပေးပါ၊ အာမခံပါတယ်ဆိုပြီး စာချုပ်ချုပ်ဆိုထားကြရပါတယ်

credit card စနစ်မှာ credit card ကုမ္ပဏီတွေဟာ အလွန်အဓိကကျပါတယ်။ visaတို့လို master တို့လို credit card ကုမ္ပဏီ တွေ ရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့တွေဟာ ငွေသားကို သုံးစရာမလိုပဲ ကတ်ပြားနဲ့ ဈေးဝယ်ယူမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

2). credit card ရဲ့ အားသာချက်
credit card ဘာလဲဆိုတာ နားလည်သွားပြီဆိုရင် ဒီကတ်သုံးတဲ့အတွက် ကောင်းတဲ့အချက်တွေကို လေ့လာကြည့်ကြရအောင်...

၁). ငွေလက်ငင်းမချေရခြင်း
ကျွန်တော်တို့တွေ ဈေးဝယ်တဲ့အခါ ငွေသားနဲ့လက်ငင်းပေးချေလျှင် လက်ထဲမှာငွေလက်ကျန် မရှိမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ credit card ကို သုံးတဲ့အခါ လက်ငင်းပေးချေစရာမလိုပါဘူး။ နောက်နေ့တွေမှ ပေါင်းပြီးပေးချေလို့ရတဲ့အတွက် လက်ထဲကငွေလည်းမလျှော့သွားပါဘူး။ တနည်းပြောရလျှင် ငွေလှည့်၊ ငွေကစားလို့ရပါတယ်။ ပုံမှန်အားဖြင့် ဒီလဝယ်လျှင် နောက်လမှ စချေရပါတယ်။

၂). point ရရှိခြင်း
credit card တွေဟာ ဈေးဝယ်လျှင် ဝယ်သလောက် point တွေ ရရှိနိုင်ပါတယ်။ လစဉ်ကုန်ကျတဲ့ ရေဖိုး၊ မီးဖိုး၊ gasဖိုး၊ ဖုန်းဖိုး တွေကို credit card နဲ့ ပေးချေလျှင် point တွေ လစဉ်ရပါလိမ့်မယ်။ အဲ့ဒီ point တွေကိုစုထားပြီး ဈေးပြန်ဝယ်လို့ ရပါတယ်။ ဘယ်ကတ်ပြားနဲ့ဘယ်ဆိုင်မှာဝယ်လျှင် discount ဘယ်လောက်ပေးတယ် ဆိုတာတွေလည်း ရှိပါတယ်။

၃). ဝန်ဆောင်ခ မပေးရခြင်း
အင်တာနက်ဆားဗစ်အချို့ဟာ ငွေသားဖြင့်ဝယ်ယူပြီး အိမ်ရောက်မှငွေပေးချေလျှင် ဝန်ဆောင်ခ ပေးရတာများပါတယ်။ အင်တာနက်ကနေ credit card နဲ့ ဝယ်ယူတဲ့အခါ ဝန်ဆောင်ခ မပေးရတာများပါတယ်။

၎). ငွေချေးလို့ရခြင်း
အချို့ credit card တွေဟာ ငွေချေးလို့ရပါတယ်။
လိုအပ်တဲ့အချိန်မှာ ငွေချေးလို့ရတဲ့အတွက် ခဏတဖြုတ် ငွေလှည့်နိုင်ပါတယ်။ ဒါပေမယ့် အတိုးပေးရတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

၅). ငွေသားကိုင်ဆောင်ရန်မလိုချင်း
တန်ဖိုးကြီးပစ္စည်းတွေဝယ်တဲ့အခါ ငွေသားအမြောက်အမြားကို သယ်သွားစရာမလိုပါဘူး။ ပိုက်ဆံအိတ်ထဲမှာ credit card ထည့်သွားရုံပါပဲ။ လုယက်မှုခံရမှုမှလည်း ကင်းဝေးနိုင်ပါတယ်။

3). credit card ရဲ့ အားနည်းချက်
credit card သုံးတဲ့အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အချက်တွေကိုလည်း လေ့လာထားဖို့ လိုအပ်ပါတယ်။

၁). အတိုးပေးရခြင်း
credit card သုံးပြီး ဈေးဝယ်ကြတဲ့အခါ တစ်ကြိမ်တည်း ပြန်ဆပ်မလား၊ အကြိမ်ကြိမ်ပြန်ဆပ်မလားဆိုပြီး ရွေးချယ်ခွင့်ရှိပါတယ်။ တစ်ကြိမ်တည်းပြန်ဆပ်တဲ့အခါ အတိုးမပေးရပါဘူး။ ဂျပန်လို 一括払い(ikkatsuharai)လို့ ခေါ်ပါတယ်။ အကြိမ်ကြိမ်ပြန်ဆပ်မယ်ဆိုလျှင်တော့ အတိုးပေးရပါလိမ့်မယ်။ ဂျပန်လို 分割払い(bunkatsubarai) လို့ခေါ်ပါတယ်။
ဥပမာ ယန်း၁၀သောင်းတန် ပစ္စည်းတစ်ခု ဝယ်တယ်ဆိုပါစို့။ တစ်ကြိမ်တည်းပြန်ဆပ်တဲ့အခါ ယန်း၁၀သောင်းပဲ ပေးရပါလိမ့်မယ်။ ယန်၁၀သောင်းတန် ပစ္စည်းကို တစ်လတစ်သောင်းနဲ ၁၀ခါခွဲပြီးပြန်ဆပ်မယ်ဆိုလျှင်
၁၀သောင်းနဲ့၆၈၀ဝပြန်ဆပ်ရပါလိမ့်မယ်။ ပြန်ဆပ်တဲ့ အကြိမ်နည်းလျှင် အတိုးပေးရနည်းပြီး ပြန်ဆပ်တဲ့အကြိမ်များလျှင် အတိုးများများပေးရပါလိမ့်မယ်။
ပြန်ဆပ်ပုံဆပ်နည်းထဲမှာ နောက်တစ်မျိုး リボ払い(ribobarai) ဆိုတာလည်း ရှိပါသေးတယ်။ သူကတော့ တစ်လမှာ ဘယ်လောက်ပဲ ပြန်ဆပ်မယ်ဆိုတဲ့ system ပါ။
ဥပမာ တစ်လကို ယန်း၂သောင်းနဲ့ ကျေတဲ့အထိပြန်ဆပ်မယ်ဆိုတာမျိုးပါ။ သူကအတိုးပိုပေးရတတ်ပါတယ်။ リボ払い ကို ရှောင်တာကတော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။

၂). ငွေမရှိဘဲ သုံးမိခြင်း
လက်ထဲမှာငွေမရှိလည်း credit card သုံးပြီး အလွယ်တကူဝယ်ယူနိုင်တဲ့အတွက် အသုံးလွန်တတ်ပါတယ်။ မလိုအပ်တဲ့ ပစ္စည်းတွေလည်းဝယ်မိတတ်ပါတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူမိတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ငွေထက် ပိုသုံးမိတတ်ကြပါတယ်။ ကိုယ်သုံးထားသလောက် ကိုယ်ပြန်ဆပ်ရမယ်ဆိုတာကိုလည်း မမေ့ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် လက်ကြီးတဲ့လူတွေ၊ လက်လွယ်တဲ့လူတွေ ပြန်မဆပ်နိုင်ဘဲ ပြဿနာတက်ကြတာများပါတယ်။

၃). ငွေချေးမိခြင်း
အချို့credit card တွေဟာ ငွေချေးလို့ရပါတယ်။
ဂျပန်လို キャッシング(kyasshingu)လို့ခေါ်ပါတယ်။
credit card ရဲ့အကြီးမားဆုံးအန္တရာယ်တစ်ခုကတော့ အလွယ်တကူ ငွေချေးလို့ရခြင်းပါပဲ။ ငွေချေးတဲ့အခါ ဈေးဝယ်တာထက် အတိုးပိုပေးကြရပါတယ်။ ငွေကိုအလွယ်တကူ ချေးတတ်တဲ့လူတွေအနေနဲ့ကတော့ သတိထားရမယ့် အန္တရာယ်ကြီးတစ်ခုပါပဲ။

၎). နှစ်စဉ်ကြေးပေးရခြင်း
credit card တော်တော်များများဟာ နှစ်စဉ်ကြေးပေးရတတ်ပါတယ်။ ဝန်ဆောင်မှုကောင်းလေ နှစ်စဉ်ကြေးလည်း မြင့်လေပါပဲ။ နှစ်စဉ်ကြေးမပေးရတဲ့ credit card တွေလည်းရှိပါတယ်။

၅). ငွေပေးချေရက်ကို သတိထားရခြင်း
credit card တွေဟာ လတစ်လရဲ့ ဘယ်နေ့အထိသုံးထားတဲ့ငွေတွေကို နောက်လဘယ်နေ့မှာ ပေးချေရမယ်ဆိုတာ ကတ်ပြားလုပ်ကတည်းက သတ်မှတ်ထားကြပါတယ်။ အဲ့ဒီရက်မတိုင်မီမှာ ဘဏ်ထဲမှာ ကိုယ်သုံးထားတဲ့ ပမာဏကို ထည့်ထားဖို့လိုအပ်ပါတယ်။ ငွေထည့်ဖို့မေ့သွားခြင်းနဲ့ ငွေထည့်ရက်မှားတဲ့အခါ အတိုးတက်လာနိုင်တယ်ဆိုတာကိုလည်း မမေ့ဖို့လိုအပ်ပါတယ်။

၆). ဘယ်လောက်သုံးထားမိသလဲဆိုတာချက်ခြင်းမသိနိုင်ခြင်း
credit card တွေဟာ တစ်လမှတစ်ခါ ဘယ်လောက်ပေးချေပါဆိုပြီး ဘေလ်လာတဲ့အတွက် ဒီတစ်လကိုယ်ဘယ်လောက် သုံးမိသလဲဆိုတာ ချက်ခြင်းသိဖို့ခက်ခဲပါလိမ့်မယ်။
ငွေသားဆိုလျှင်တော့ ကိုယ်လက်ထဲမှာ ကျန်တဲ့ဟာကို ရေတွက်လိုက်လျှင် ကိုယ်ဒီလ ဘယ်လောက်သုံးလိုက်တယ်ဆိုတာ ချက်ခြင်းသိနိုင်ပါတယ်။ credit card ကတော့ သုံးထားတဲ့ပမာဏကို သိရှိဖို့ ခက်ခဲတဲ့အတွက် ငွေအချိန်မီ မပေးဆပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။
ကတ်ပြားများများလုပ်ထားလေ ဘယ်ကတ်ကနေ ဘယ်လောက်သုံးမိပြီး ဘယ်နေ့မှာ ဘယ်လောက်ပြန်ဆပ်ရမယ်ဆိုတာ ထိန်းချုပ်ဖို့ ပိုခက်ခဲလေပါပဲ။

၇). ငွေထွက်လို့ထွက်မှန်းမသိခြင်း
ငွေသားကိုသုံးတဲ့အခါ ကိုယ်ကိုတိုင် ရေတွက်ပြီး ပေးချေရတဲ့အတွက် ပိုက်ဆံထွက်လျှက် ထွက်မှန်းသိသာပါတယ်။ credit card နဲ့သုံးတဲ့အခါ ပိုက်ဆံထွက်လို့ ထွက်မှန်မသိတဲ့အတွက် ပိုက်ဆံရဲ့တန်ဖိုးကို သိပ်နားမလည်တော့တာတွေဖြစ်တတ်ပါတယ်။

နောက်ဆုံး အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင် credit card ဆိုတာ သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူပါပဲ။
credit card နဲ့သုံးတယ်ဆိုတာ ငွေချေးပြီး သုံးနေတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ဝယ်လိုက်၊ ပြန်ဆပ်လိုက်၊ အတိုးပေးလိုက်နဲ့ လုံးပါးပါးတတ်ပါတယ်။
မလိုအပ်လျှင် မသုံးတာ အကောင်းဆုံးပါပဲ။ အင်တာနက်ကနေဈေးဝယ်တာလောက်ဆိုလျှင် debit card ကို သုံးသင့်ပါတယ်(debit card ကတော့ ကိုယ့်ဘဏ်ထဲမှာ ငွေရှိမှ သုံးလို့ရပါတယ်)။

credit card သုံးချင်တယ်ဆိုလျှင်လည်း နားလည်တဲ့လူတွေကို လိုက်လုပ်ခိုင်းပါ။ နှစ်စဉ်ကြေးမပေးရတဲ့ ကတ်ပြားကို အရင်ဆုံးစမ်းသုံးကြည့်ပါ။ ဈေးဝယ်တဲ့အခါမှာလည်း တစ်ကြိမ်တည်းပြန်ဆပ်နိုင်အောင်လုပ်ပါ။ リボ払い ကို ရှောင်ပါ။ မလိုအပ်ဘဲ ငွေမချေးမိပါစေနဲ့။ လက်ရှိမိမိဘယ်လောက်သုံးထားသလဲဆိုတာ ချက်ခြင်းသိနိုင်မယ့် application တွေ ဖုန်းထဲမှာထည့်ထားပြီး စီမံခန့်ခွဲပြီးသုံးပါ။ credit card အကြောင်းနားမလည်သေးခင် ကတ်ပေါင်းစုံမသုံးဘဲ ကတ်တစ်ခုတည်းကိုပဲ အဓိကထားသုံးနိုင်လျှင် အကောင်းဆုံးပါပဲ။

မေတ္တာဖြင့်
အကီ ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။