Aung Ko Latt
ကျေးဇူးတရား
========
တစ်ခါ တုန်းက စိတ်ရင်းကောင်းပြီး သဘောထားကြီးတဲ့ လူငယ်တစ်ယောက်ရှိသတဲ့။ လူငယ်ဟာ သူအလုပ်သွားတဲ့ လမ်းမှာ တောင်းစားနေတဲ့ အဖိုးကြီးတစ်ဦးကို သနားစိတ်ဝင်တာနဲ့ အဲဒီအဖိုးအိုကို ဒေါ်လာ နှစ်ဆယ်ပေးလိုက်ပါတယ်။ အဖိုးကြီးက အရမ်းဝမ်းသာပြီး အကြီးအကျယ် ကျေးဇူးတင်ပါတယ်။ ဒီလိုနဲ့ လူငယ်ဟာ လတိုင်း ဒေါ်လာ နှစ်ဆယ်ပေးတာ နှစ်အတန်ကြာလာခဲ့ပါတယ်။ အဖိုးကြီးဟာ ကျေးဇူးတင်တယ်ဆိုပေမဲ့ စိတ်ထဲမှာ အဲဒီပိုက်ဆံကို သူရသင့်ရထိုက်တာပဲလို့ အလိုလို ထင်လာပါတော့တယ်။
တစ်ရက်ကျတော့ လူငယ်ဟာ အဆိုပါအဖိုးအိုကို ဒေါ်လာ နှစ်ဆယ်မပေးတော့ပဲ ဆယ်ဒေါ်လာပဲ ပေးပါတော့တယ်။
အဲဒါနဲ့ အဖိုးကြီးက လူငယ်ကို မေးလိုက်ပါတယ်။
“ လူငယ်၊ မင်းဘာလို့ ဒီတစ်လ ငါ့ကို ဆယ်ဒေါ်လာပဲပေးတာလဲ”
“ သြော၊ ကျွန်တော်ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အိမ်ထောင်ပြုလိုက်တာလေ၊ အဲဒါကြောင့် ဆယ်ဒေါ်လာပဲ ပေးနိုင်တော့တယ်။”
အဖိုးကြီး အကြီးအကျယ် ဒေါသထွက်သွားပြီး လူငယ်ကို ပါးတစ်ချက်တီးလိုက်ပါတယ်။ ပါးစပ်ကနေလည်း အသံကျယ်ကျယ်နဲ့ ဆဲဆိုလိုက်ပါတယ်။
“ ဘာဆိုင်လို့ မင်းမိန်းမက ငါ့ရပိုင်ခွင့်ကို လုရတာလဲ” တဲ့
ဆင်ခြင်ဖို့ ရေးလိုက်တာပါ။ ဒီပုံပြင်နဲ့ ထပ်တူထပ်မျှ ဖြစ်ခဲပေမဲ့
ခပ်ဆင်ဆင် အဖြစ်အပျက်မျိုးတော်တော်များပါတယ်။ စေတနာနဲ့ လုပ်ပေးတိုင်း
ကျေးဇူးတင်တယ်လို့ မထင်သင့်သလို၊ ကိုယ်က ရနေတိုင်း ရသင့်တယ်လို့
မထင်သင့်ပါ။ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။