Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် အပိုင်း (၇)



မြန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 11 new photos.

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် အပိုင်း (၇)
———————————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
လူ့အဖွဲ့အစည်းတခုအတွင်းမှာ အာဏာရှင်စနစ် ကြီးစိုးလာပြီဆိုရင် အာဏာကို ဦးစားပေးတဲ့ အလေ့အကျင့်တွေလည်း ထွန်းကားလာ စမြဲပါ။ အာဏာဟာ အဆင့်အတန်းအတွက် သင်္ကေတ ဖြစ်လာပြီး အာဏာရှိမှ လူရာဝင် လာပါတယ်။ အာဏာရှိတဲ့သူက ထင်သလို ချယ်လှယ်နိုင်ပြီး အာဏာမဲ့တဲ့သူက လုပ်သမျှ ငုံ့ခံရပါတယ်။ အာဏာ ရှိသူ ဟာ စည်းစိမ်ချမ်းသာ ရှိသူတွေ ဖြစ်လာပြီး အာဏာမဲ့သူတွေက ဆင်းရဲမွဲတေသူတွေ ဖြစ်လာပါတယ်။

အာဏာရှင်စနစ်အောက်မှာ မှန်ခြင်းမှားခြင်း၊ ကောင်းခြင်းဆိုးခြင်းဆိုတာတွေကိုလည်း အာဏာကပဲ ဆုံးဖြတ် ပါတယ်။ အာဏာရှိတဲ့သူ လုပ်တာဆိုရင် အမြဲကောင်းနေတတ်ပြီး ဘယ်တော့မှ မမှားဘူးလို့ သတ်မှတ်ပါတယ်။ အာဏာမဲ့သူ လုပ်တာဆိုရင်တော့ အာဏာရှိတဲ့သူတွေက လက်သင့်မခံရင် အမှန်ဟာ အမှားဖြစ်သွားပြီး အကောင်းဟာလည်း အဆိုး ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်အောက်မှာ အာဏာမဲ့တဲ့သူက အာဏာရှိတဲ့သူကို ရိုကျိုးဆည်းကပ်ရပါတယ်။ အာဏာရှိသူ အချင်းချင်းမှာလည်း အာဏာ သေးတဲ့သူက အာဏာကြီးတဲ့သူကို ရိုသေကိုင်းရှိုင်းရပါတယ်။ အာဏာဟာ ကိုးကွယ်စရာ ဖြစ်လာပြီး အာဏာမှတပါး အခြား ကိုးကွယ်ရာမရှိဆိုတဲ့ အယူအဆက လွှမ်းမိုးနေပါတယ်။
မြန်မာနိုင်ငံမှာလည်း အာဏာရှင်စနစ် သက်ဆိုးရှည်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် အာဏာကို ကိုးကွယ်တဲ့ ဓလေ့တွေ အကြီးအကျယ် ထွန်းကားနေပါတယ်။ အာဏာကို ကိုးကွယ်ရာမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး အရ သက်ရှိထင်ရှား အာဏာရှင်တပါးပါးကို ဆည်းကပ်ရုံမကဘဲ ဘာသာရေးအရပါ အာဏာရှင်ဆန်တဲ့ အရာတွေကို ကိုးကွယ်လာပါတယ်။ တန်ခိုးရှိတယ်ဆိုတဲ့ ဘိုးတော်တွေ မယ်တော်တွေ ဓာတ်တွေ နတ်တွေအပေါ် ကိုးကွယ်ဆည်းကပ်လာခြင်းကို ဆိုလိုတာပါ။ ဒီလို တန်ခိုးရှိတဲ့ အရာတွေက နိုင်ငံရေး အာဏာရှင်တပါးလို ကိုယ့်ကို စောင်မ ကြည့်ရှုလိမ့်မယ်လို့ ယုံကြည်မျှော်မှန်းနေတတ်ပါတယ်။
တန်ခိုးဆိုတာ အာဏာပုံစံတမျိုး ဖြစ်ပါတယ်။ လူအများ ယုံကြည်ကိုးကွယ်နေတဲ့ တန်ခိုးရှင်ဆိုတာမျိုးကလည်း အာဏာရှင်ပုံစံ တမျိုးသာ ဖြစ်နေတတ်ပါတယ်။ ဘိုးတော်တွေ မယ်တော်တွေ ဓာတ်တွေ နတ်တွေ ၀ိဇ္ဇာတွေ ဇော်ဂျီတွေဟာ မှန်သူမှားသူ လူကောင်းလူဆိုး မရွေးဘဲ သူတို့အနား ကပ်ပါးယပ်ပါးလုပ်ပြီး ပူးဇော်ပသ နေသူ တွေကို စောင်မကြည့်ရှုတတ်တဲ့ အာဏာရှင်နဲ့ ဆင်ဆင်တူပါတယ်။ ဒါကြောင့် သာမန်လူတွေ မဆိုထားနဲ့ ဆိုးပေ့ ရက်စက်ခက်ထန်ပေ့ဆိုတဲ့ အာဏာရှင်များသည်ပင် ဒီလို တန်ခိုးရှင်တွေအနား ဆည်းကပ်ပူဇော်ပြီး သူတို့ အာဏာ တည်မြဲရေးအတွက် အကူအညီ တောင်းခံနေကြတာပါ။
တန်ခိုးရှင်ဆိုသူတွေကလည်း ဘယ်လောက်ကောက်ကျစ်တဲ့ အာဏာရှင် ဖြစ်ပါစေ၊ သူ့ကို ဆည်းကပ်ပြီဆိုတာနဲ့ အာဏာရှင်ဘက်သားလုပ်ပြီး လက်ဝါးချင်းရိုက်တတ်ပါတယ်။ ဒါကြောင့် တန်ခိုးရှင်တွေနဲ့ အာဏာရှင်တွေဟာ စီးပွားဘက်တွေ ဖြစ်နေတတ်ပါတယ်။ ဒါကို မသိနားမလည်ဘဲ တန်ခိုးရှင် ကယ်တင်ပါမှ ချမ်းသာရာ ရမယ်လို့ အယူမှား အယုံမှား နေသရွေ့ လွတ်မြောက်မှုနဲ့ ဝေးသည်ထက် ဝေးပါမယ်။ တန်ခိုးရှင် ကိုးကွယ်မှုတွေ ခေတ်စား နေခြင်းဟာ အာဏာရှင်စနစ် လွှမ်းမိုးနေတဲ့ မြန်မာနိုင်ငံအတွက် နောက်ထပ် နှောင်ကြိုးတခု ထပ်တိုးလာခြင်းသာ ဖြစ်ပါတယ်။
တန်ခိုးရှင်ဆိုတဲ့ ဘိုးတော်တွေ မယ်တော်တွေဟာ အာဏာရှင်နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ချောက်ထဲ တွန်းချခဲ့တဲ့ အဖြစ်အပျက်တွေ သမိုင်းမှာ အထင်အရှား ရှိပါတယ်။
ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံးလို့ သတ်မှတ်ထားတဲ့ ဂျာမန်အာဏာရှင် ဟစ်တလာဟာ သူ့ရဲ့အာဏာ ကြီးထွား ခိုင်မာရေးအတွက် ကြိုးစားရာမှာ အဓိကထားပြီး အားကိုးတဲ့နည်းကတော့ တန်ခိုးရှိတယ်ဆိုတဲ့ မှော်ဆရာ တွေဆီက အကြံဥာဏ်ယူပြီး အုပ်စိုးတဲ့ နည်းဖြစ်ပါတယ်။
ဟစ်တလာ ကိုးကွယ်တဲ့ သူတယောက်က အက်ခပ် (Eckart) ဆိုတဲ့ မှော်ဆရာပါ။ အက်ခပ် ဟာ လျှို့ဝှက်ပညာ ဂိုဏ်းခေါင်းဆောင် တယောက်ဖြစ်ပြီး နာဇီပါတီကို တည်ထောင်ဖို့ ဟစ်တလာကို အကြံပေး လမ်းညွှန်ခဲ့ပါတယ်။ အက်ခပ် ကိုယ်တိုင်ကလည်း နာဇီပါတီကို စတင်တည်ထောင်သူ ခုနှစ်ဦးထဲက တဦးဖြစ်ပါတယ်။ ဟစ်တလာဟာ အရေးကြီးတဲ့ ကိစ္စတွေမှာ အက်ခပ်တို့လို မှော်ဆရာတွေဆီက အကြံဥာဏ်တောင်းယူပြီးမှ ဆုံးဖြတ်လေ့ ရှိပါ တယ်။ မှော်ဆရာ ဘိုးတော်တွေနဲ့ ပေါင်းပြီး ကမ္ဘာ့အာဏာရှင်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ ဟစ်တလာဟာ မကောင်းမှု မျိုးစုံကိုလည်း ကျုးလွန်၊ ကမ္ဘာကြီးကိုလည်း မီးလောင်တိုက်၊ နောက်ဆုံး ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံပြီး သေသွားခဲ့ပါတယ်။ ဂျူးလူမျိုး သန်းပေါင်းများစွာဟာ ဟစ်တလာရဲ့ ငရဲခန်းများအတွင်းမှာ အသက်ပေးခဲ့ရတာပါ။
ဘိုးတော်ဆိုသူကို ကိုးကွယ်ရင်း ပျက်စီးခဲ့ရတဲ့ တိုင်းပြည်တခုကတော့ ၁၉၁၇ ခု အောက်တိုဘာ တော်လှန်ရေး မတိုင်မီ ဇာဘုရင်အုပ်စိုးခဲ့တဲ့ ရုရှပြည် ဖြစ်ပါတယ်။ ဇာဘုရင် မိသားစုဟာ ဘုန်းကြီးရူးလို့ နာမည်ကြီးတဲ့ ဘိုးတော် ရပ်စပြူတင် (Rusputin) ကို ကိုးကွယ်ပြီး သူတို့ရဲ့ ပုဂ္ဂလိက ကိစ္စများအတွက်သာမက နိုင်ငံအတွက်ပါ အကြံဥာဏ် တောင်းခံခဲ့ပါတယ်။ ရပ်စပြူတင်ဟာ ဇာဘုရင် မိသားစုအတွက် ပရောဟိတ် ဖြစ် လာတာနဲ့အမျှ ဇာဘုရင်ခေတ် ရုရှားနိုင်ငံကြီး ကျဆုံးခန်းအတွက် မီးလောင်ရာ လေပင့်ပေး လာ ပါတယ်။ နန်းတွင်းသူတွေနဲ့ ရှုပ်ရုံမက နန်းတွင်းရေးတွေမှာလည်း ၀င်ရှုပ်ခဲ့တဲ့ ဘိုးတော်ရပ်စပြူတင် ဟာ နောက်ဆုံးတော့ အသတ်ခံ ရပါ တယ်။ တန်ခိုးရှင် ဘိုးတော်ကို ကိုးကွယ်ခဲ့တဲ့ ဇာဘုရင် မိသားစုလည်း ပြုတ်ကျသွားပါတယ်။ ရုရှပြည်ကြီးလည်း အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ အလူးလူး အလှိမ့်လှိမ့် ဆက်လက် ခံစား နေခဲ့ရပါတယ်။
ဘိုးတော်တွေဟာ တန်းခိုးရှိချင်ရှိမှာ ဖြစ်ပေမယ့် အကျင့်စာရိတ္တကောင်းတော့ မရှိ တတ်ဘူးဆိုတဲ့ အချက်ကို လူတွေ မေ့နေတတ်ပါတယ်။ ဒါကြောင့်လည်း တန်ခိုးရှင် ဆိုသူတွေဟာ မင်းဆိုးမင်းညစ်တွေနဲ့ ပုလင်းတူဗူးဆို့ ဖြစ်နေတတ်ပြီး သက်ဆိုင်ရာ တိုင်းပြည်ကို ချောက်ထဲကျအောင် အားပေးကူညီကြပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ ဟစ်တလာခေတ်က ဂျာမနီနိုင်ငံနဲ့ ဇာဘုရင်ခေတ်က ရုရှနိုင်ငံလို့ ဘိုးတော်မယ်တော် ကိုးကွယ်မှု တွေဟာ နာမည်အမျိုးမျိုးနဲ့ မှိုလိုပေါက်နေပါတယ်။ ဓာတ်ဆရာတွေ နတ်ဆရာတွေ နက္ခတ်ဆရာတွေ ဗေဒင်ယတြာ ဆရာတွေ ၀ိဇ္ဇာတွေ ဇော်ဂျီတွေ အကြားအမြင်ပေါက်သူတွေ လက်ညှိုးထိုးမလွဲအောင် ပေါများ နေ ပါတယ်။ ဓာတ်တွေ နတ်တွေ အကြောင်း ရေးသားထားတဲ့ စာပေတွေဟာလည်း လူကြိုက်အများဆုံး စာပေ ဖြစ် နေ ပါတယ်။ ပြည်သူလူထုကို လွတ်မြောက်ရာလမ်းနဲ့ ဝေးသည်ထက်ဝေးအောင် သည်စာပေတွေက လမ်းမှား ပို့နေတယ်လို့ပင် ပြောနိုင်ပါတယ်။ သည်စာပေမျိုးတွေက ဖတ်သူကို ခွန်အားပေးမှာ မဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် မားမားရပ်လာနိုင်အောင်၊ လက်သီးကိုဆုပ်ပြီး လက်ရုံး လက်မောင်းဆန့်တန်းလာနိုင် အောင် ခွန်အားပေးတဲ့ စာပေမျိုး မဟုတ်ပါဘူး။ ဒူးတုပ်ပြီး လက်ဝါးဖြန့်လာအောင် စိတ်ဓာတ်ချိုးနှိမ်ပစ်မယ့် စာပေမျိုး တွေသာ ဖြစ်ပါတယ်။
တိုင်းပြည်ကို အတင်းလုယူပြီး အဓမ္မအုပ်စိုးနေတဲ့ အာဏာရှင်တွေကလည်း ဘိုးတော်တွေ မယ်တော်တွေနား ဆည်းကပ်နေကြပြီး အာဏာရှင်စနစ် တည်မြဲရေးအတွက် အကြံဥာဏ်တွေ တောင်းခံနေကြပါတယ်။ ဆိုရှယ်လစ် ခေတ်ရဲ့ အာဏာရှင် ဦးနေ၀င်းက အစ နအဖခေတ်ရဲ့ အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အဆုံး ဓာတ်ဆရာ နတ်ဆရာ ဘိုးတော်မယ်တော်တွေဆီက အကြံဥာဏ်တွေ တောင်းခံပြီး မြန်မာနိုင်ငံကို အမျိုးမျိုး ဒုက္ခပေး ခဲ့ပါ တယ်။ ငွေစက္ကူ ဖျက်သိမ်းခဲ့တာတွေ၊ အစိုးရရုံးစိုက်ရာဒေသကို နေပြည်တော် အမည်တပ်ပြီး ပျဉ်းမနားဘက် ရွှေ့ပြောင်းခဲ့တာတွေဟာ ဒီဓာတ်ဆရာ နတ်ဆရာတွေရဲ့ အကြံပေးချက်များနဲ့ မကင်းပါဘူး။
ဗုဒ္ဓဘာသာဆိုတာက ဒီလို ဘိုးတော်မယ်တော်ကိုးကွယ်မှုတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ အာဏာကို ကိုးကွယ်တဲ့ ဘာသာမျိုး မဟုတ်ပါဘူး။ တန်ခိုးကို ဦးထိပ်တင်တဲ့ ဘာသာ မျိုး မဟုတ်ပါဘူး။ အကျင့်စာရိတ္တကို ကိုးကွယ်တဲ့ ဘာသာ ဖြစ်ပါတယ်။ သီလ သမာဓိ ပညာကို ကိုးကွယ်တဲ့ ဘာသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်က တန်ခိုးအာဏာရအောင် လုပ်ပြီး လူလူချင်း ဖိစီးအုပ်ချုပ်ဖို့ မဟုတ်ပါဘူး။ အကျင့်စာရိတ္တကောင်းမွန်ခိုင်မာအောင်လုပ်ပြီး လူလူချင်း ချစ်ကြည်သင့်မြတ်စွာ ပေါင်းသင်း ဆက်ဆန်ဖို့သာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ တန်ခိုးအာဏာရှင်ဆိုတာ အခြေခံဦးတည်ချက်အရ လုံးဝခြားနား ပါတယ်။
ဘိုးတော်မယ်တော်ကိုးကွယ်နေတဲ့သူဟာ ဗုဒ္ဓဘာသာဝင် အဖြစ်ကပင် ဆုံးရှုံး သွားပါတယ်။ ဗုဒ္ဓဘာသာ ဖြစ်တယ်ဆိုတာ အဖေအမေ အဘိုးအဘွားက ဗုဒ္ဓဘာသာဝင်ဖြစ်လို့ အလိုလိုဖြစ်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့အတွက် သရဏဂုံသုံးပါး တည်ရပါတယ်။ မိမိကိုယ်တိုင်ရဲ့ အသိပညာ အားဖြင့်သာ ဗုဒ္ဓဘာသာဝင် ဖြစ်ရတာပါ။
သရဏဂုံသုံးပါးဆိုတာ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ကိုးကွယ်ဆည်းကပ်ရမယ့်အရာ သုံးခုပါ။ ပါဠိဘာသာအားဖြင့် ဗုဒ္ဓ ဓမ္မ သံဃ လို့ခေါ်ပါတယ်။ မြန်မာစကားနဲ့ အလွယ်ပြောရရင် ဘုရား တရား သံဃာ ဖြစ်ပါတယ်။ သရဏဂုံ သုံးပါးမှာ ဓမ္မဆိုတဲ့ တရားက အဓိက ကျပါတယ်။ ဒီတရားကို ရှာဖွေတွေ့ရှိတဲ့သူဟာ ဗုဒ္ဓဘုရားဖြစ်ပြီး ဒီတရားကို ဆက်လက် ထိန်းသိမ်းဖြန့်ဖြူးနေသူတွေက ရဟန်းသံဃာများ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်ဆိုသူအတွက် မိမိရဲ့ ဘ၀လမ်းညွှန်အဖြစ် ဒီသရဏဂုံသုံးပါးကလွဲပြီး တခြားမရှိပါဘူး။ တခြားဆည်းကပ်စရာ ရှိနေသေးရင် သရဏဂုံ ပျက်တာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအဖြစ်မှ အလိုလို ဆုံးရှုံး သွားပါတယ်။
ဗုဒ္ဓဘာသာဝင်ဆိုသူဟာ တရားကို ကိုးကွယ်သူပါ။ တရားကိုပဲ ကိုးကွယ်မယ်လို့ သန္နိဋ္ဌာန်ချထားတဲ့သူပါ။ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ရမယ့် ဗုဒ္ဓဘုရားကလည်း တရားကို ရှာဖွေတွေ့ရှိဟောကြား သွားသူ ဖြစ်ပါတယ်။ တန်ခိုးအာဏာပြတဲ့ ဖန်ဆင်းရှင်ဘုရားမျိုး မဟုတ်ပါဘူး။ တန်ခိုးအာဏာနဲ့ လူတွေကို ကယ်တင်စောင်မမယ့် သူမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ရမယ့် ရဟန်း သံဃာဟာလည်း တရားကို ကျင့်ကြံဟောညွှန် နေသူတွေ ဖြစ်ပါတယ်။ တန်ခိုးအာဏာနောက်ကို လိုက်နေတဲ့သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် တရားကို ဘေးဖယ်ထားပြီး တန်ခိုးအာဏာကို ပဓာနထားတဲ့ ဘိုးတော်မယ်တော် ကိုးကွယ်မှုတွေ ပြုလုပ်နေတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာရဲ့ သမိုင်းမှာ တန်ခိုးအာဏာနောက်ကို လိုက်သွားတဲ့အတွက် ဆင်းရဲဒုက္ခရောက်ရသူတွေ ရှိပါတယ်။ ဥပမာပြုရရင် ဒေ၀ဒတ်နဲ့ အဇာတသတ်ပါ။ ဒေ၀ဒတ်ဟာ ဗုဒ္ဓ နောက်ကို လိုက်တယ်ဆိုပေမယ့် တရားကို ပဓာန မထားဘဲ တန်ခိုးအာဏာကို ဦးထိပ်ထားသူ ဖြစ်ပါတယ်။ တန်ခိုးတွေ အမျိုးမျိုးရအောင် ကြိုးစားအားထုတ်ပြီး ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ အယူအဆတွေကို ဟောပြောပါတယ်။ ဒါကြောင့် ဗုဒ္ဓ ကိုယ်တိုင်က သူ့ကို သံဃာ အတွင်းမှ ထုတ်ပယ်ပစ်ခဲ့ရပါတယ်။
ဒါပေမဲ့ တန်ခိုးရှိသူ ဒေ၀ဒတ်ဟာ တန်ခိုးပြပြီး အဇာတသတ်ရဲ့ ပရောဟိတ်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အဇာတသတ်ကလည်း အာဏာ ငန်းငန်းတက်သူ ဖြစ်တာကြောင့် တန်ခိုးပြနိုင်သူ ဒေ၀ဒတ်ကို ဆရာတင်ခဲ့ရာမှာ နောက်ဆုံး ဖခင်ကို သတ်ပြီး အာဏာလုတဲ့အထိ မိုက်မဲခဲ့ ပါတယ်။ ဒီလို ကြီးမားတဲ့ အမှားအယွင်းတွေကို ကျူးလွန်ခဲ့တဲ့အတွက် ထီးနန်းစည်းစိမ်ကို ခံစားနေရပါလျက်နဲ့ အိပ်မပျော် စားမ၀င်ဖြစ်ပြီး အဆင်းရဲကြီး ဆင်းရဲသွားရတဲ့ သူပါ။
မြန်မာနိုင်ငံက အာဏာရှင်အုပ်စု တစုလုံးဟာလည်း အကျင့်သီလထက် တန်ခိုး အာဏာကို ဦးစားပေးသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ ဘိုးတော်မယ်တော် ဓာတ်ဆရာ နတ်ဆရာတွေကို ကိုးကွယ် ဆည်းကပ်နေကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ မြတ်ဗုဒ္ဓကို ကျောခိုင်းပြီး ဒေ၀ဒတ်ကို ကိုးကွယ်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အဇာတသတ်မင်းသားရဲ့ ဆင်းရဲပူပန်မှုမျိုးကိုပဲ ရရှိနေကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ သည်လို အာဏာရှင်တွေရဲ့ နောက်က အတုလိုက်ပြီး တန်ခိုးအာဏာ ကိုးကွယ်မှုပဲ လုပ်နေမယ်ဆိုရင် ဟစ်တလာခေတ်က ဂျာမန်နိုင်ငံသားတွေလို ၊ဇာဘုရင်ခေတ်က ရုရှနိုင်ငံသား တွေလို ဘ၀ဆိုးထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေရလိမ့်မယ်။ ။
မောင်သာမည
26 March 2011
(ဒီမိုကရက်တစ်မြန်မာ့အသံတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်)
Saffron Page မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။