Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 27, 2017

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်

( ၁ ) မဝေးသွားစေပါနှင့်။
အရပ်ဒေသဝေးခြင်းကို မဆိုလိုပါ။ သူ့အသိထဲမှာ ကိုယ်အမြဲရှိနေအောင် ကြိုးစားရမှာပါ message တစ်စောင်ပို့ချိန်က 2 မိနစ်မပေးရပါဘူး။အချစ်မှာ သွေးနွေးနေဖို့လိုပါတယ် ဓားကောင်းတစ်ချောင်းကို ပစ်ထားလိုက်ရင်သံချေးကိုက်ပြီးတုံးသွားတတ်သလိုပေါ့။

( ၂ ) မာနမထားပါနှင့်။
( ယုံကြည်မူ့လွန်ကဲခြင်း ) ကိုယ့်ကို သူမချစ်ပဲမနေနိုင်ပါဘူးဆိုပြီးပစ်မထားပါနဲ့လူဆိုတာ မြင့်မိုရ်လောက်ပေးဆပ်တယ်ဆိုပေမယ့် သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြပါတယ်။ နောက်ဆုံး ဘယ်လောက်ချစ်ချစ် ချစ်သူကို ကိုယ်ကဒုက္ခပေးသလိုဖြစ်တယ်အထင်နဲ့ လက်လျော့သွားတတ်ကြပါတယ်။ ကျောက်ဆောင်တွေတောင် တိုက်စားပါများရင် ပြိုလဲသွားတတ်ပါတယ်။

( ၃ )မကြာခဏ ချစ်တယ်ပြောပေးပါ။
ချစ်တယ် " ချစ်သူတွေ ဖြစ်သွားပြီးပဲ ရှက်စရာစကားစုမဟုတ်တော့ပါဘူး။ ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အဓိကအချက်ကလေးပေါ့။ ချစ်သူတွေကြား နေ့စဉ်ချစ်တယ်ဆိုတဲ့ စကားလေးက အလှပဆုံးစကားလုံးပါပဲ။ သစ်ပင်တစ်ပင်ကို ရှင်ပြီအထင်နဲ့ ရေမလောင်းပဲ ထားလိုက်ရင် သေသွားသလိုမျိုးပေါ့။

( ၄ ) စကားလုံးလေးများ ဂရုစိုက်ပါ။
ယောက်ျားလေးကော မိန်းကလေးကော အချစ်စမ်းတဲ့ အနေနဲ့ နာမ်စားစကားလုံးရိုင်းကြည့်တတ်ပါတယ်။ တစ်ခါ နှစ်ခါ ဘာမှမဖြစ်ပေမယ့် များလာတဲ့အခါ ငါ့ချစ်သူက ငါ့ကို နှိမ်ချင်လို့ သက်သက်ပြောတာပဲ ဆိုပြီး မာနကိုထိပါးသလိုဖြစ်တာကြောင့် လက်တွဲဖြုတ်သွားတတ်ပါတယ်။ အိမ်ထောင်ကျသွားသူတွေတောင် ကွာရှင်းပြတ်စဲကြသေးတာပဲ။ချစ်သူဆိုတာ အချိန်မရွေးပြတ်သွားနိုင်ပါတယ်။
တာနောယက္ခတောင် အချစ်နဲ့တွေ့တော့ နူးညံ့သွားတတ်ပါတယ်။ကိုယ်တွေက ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ ! စကားပြောကြမ်းတဲ့ ကြက်တူရွေးကို အိမ်ဦးခန်းမှာထားဖို့ ဘယ်သူမှဆုံးဖြတ်မှာမဟုတ်ပါဘူး။

( ၅ )သံသယမထားပါနဲ့။
ချစ်သူချင်း သံသယရှိနေခြင်းက အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ တအားချစ်လွန်းလို့ဖြစ်တာပါ။ ဒါကြောင့်ဒီအချက်ကြောင့်ပြတ်သွားတဲ့ချစ်သူတွေကို တအားနှမြောမိပါတယ် ။ သံသယကို ပြေလည်အောင်ရှင်းပါ။ မာမာထန်ထန်မရှင်းပါနှင့်။ အကောင်းဆုံးစကားလုံး အလှပဆုံးနိမိတ်ပုံ နားလည်တတ်ကျွမ်းပြီး ကိုယ်တို့ချစ်သူအကြောင်းကို သိနေသူတွေထံအကူအညီယူပါ။
( ခြွင်းချက်အနေနဲ့ အဲ့သည့်လူက ကိုယ်တွေကို တကယ်လက်တွဲစေခြင်တဲ့သူဖြစ်ရပါမယ် ) ပြီးမှ နှစ်ဦးသားပြေလည်သွားတဲ့ အခါ ပြဿနာဟာ တကယ့်သေးသေးလေးဖြစ်သွားမှာပါ ။ ငယ်ငယ်က စက်ဘီးစီးသင်သလိုပေါ့ ဘယ်လို ကိုင်တွယ်ရမလဲ သိတဲ့အခါ အားလုံးဟာ လွယ်ကူသွားပါလိမ့်မယ်။

( ၆ )နားလည်မူ့ထားပါ ။
ချစ်သူကို နားလည်ပေးပါ ဖြည့်တွေးပေးပါ ကိုယ်ဖြစ်စေချင်တာ ပြောပြပါ သူဖြစ်စေချင်တာလည်း မေးပါ သွေးသားရင်းတွေတောင် အကြိုက်မတူသေးတာပဲချစ်သူဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ 100% မဖြစ်နိုင်ရင်တောင် 98 % တော့ရမှာပါ အရာရာကိုယ့်ဘက်အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့ တကယ်တမ်းဆုံးရှုံးလိုက်ရရင် နှစ်ဦးစလုံးခံစားရမှာပါ လွတ်လပ်ရေးနေ့ 'သုံးချောင်းထောက်'ပြေးရသလို သူနဲ့ကိုယ် နားလည်မူ့ရှိနေမှ ပန်းတိုင်ရောက်မှာဖြစ်ပါတယ်။

( ၇ )ချစ်သူကို ဦးစားပေးပါ။
သူငယ်ချင်းတွေနဲ့ ပေးတဲ့အချိန်ကိုလျှော့ခိုင်းတာမဟုတ်ပါဘူး။ ချစ်သူနဲ့ တွေ့နေကျအချိန်မှာ အပြင်ဘက် ချစ်သူတွေဆို ဖုန်းကိုဆိုင်းလန့်လုပ်ထားတာမျိုးပေါ့။online ချစ်သူတွေဆို chat ဝင်တဲ့အခါ ရှိနေပါလျက် တခြားသူနဲ့ စကားဆက်ပြောနေတာမျိုးပေါ့။ လူတိုင်းဟာ ကိုယ့်ကိုဦးစားပေးရတာကို နှစ်သက်ပါတယ် ချစ်သူရဲ့ ဦးစားပေးမူ့ကို ပိုလိုချင်ပါတယ်။သေးငယ်တဲ့ ပြဿနာဆိုပေမယ့် ဂရုမပြုလို့မဖြစ်ပါဘူး ဆူးလေးသေးသေးလေးပါပဲ မနူတ်ပဲထားတဲ့အခါကျတော့ ဘဝတစ်ခုလုံးဆုံးရှုံးသွားတတ်ပါတယ်။

( ၈ ) ချစ်သူခြင်း လေးစားပါ။
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုသေပါ။ သဝန်တိုတာ လျော့ပါ လေးစားမူ့မရှိရင် ယုံကြည်မူ့ပါပျောက်သွားတတ်ပါတယ် ယုံကြည်မူ့ပျက်သွားတဲ့အခါ အထင်သေးသွားတတ်ပါတယ် အထင်သေးသွားတဲ့အခါ လက်တွဲဖို့ဆုံးဖြတ်ချက်တွေ ယိုင်နဲ့သွားတတ်ပါတယ် နှစ်ဖက်စလုံး လေးစားမှဖြစ်မှာပါ သူ့ကောင်းကွက်ကိုရှာပါ သူ့ကို နားလည်အောင်ပြောပြပါ ချစ်သူချင်း လေးစားမူ့က အရမ်းအရေးကြီးပါတယ် နှစ်ဘက်ဆွဲထားတဲ့ သရေကြိုးတစ်ကြိုးကို အလည်ကဖြတ်လိုက်သလိုပဲ ထိခိုက်နစ်နာသူက နှစ်ဘက်စလုံးပါ။

( ၉ ) အချစ်ကို ရှာဖွေပါ။
ချစ်သူဟာ ကိုယ့်ဆီက ဘာလိုချင်သလဲ သိအောင်ရှာဖွေပါ ငွေကြေးကို ဆိုလိုခြင်းမဟုတ် စကားလုံးလား ? ဂရုစိုက်မူ့လား ? ပြုစုယုယမူ့လား ? ချစ်သူက ပေးတဲ့ စာသားလေးတစ်ကြောင်းလေးဖတ်နေရရင် မာယာကော့စကီး ဆယ်ယောက် ကဗျာလာရွတ်ပြရင်တောင် သူဂရုစိုက်မှာမဟုတ်ဘူး။

( ၁၀ ) မရောင့်ရဲပါနဲ့။ အများစုကယောက်ျားလေးတွေပါ။ ချစ်သူတွေဖြစ်သွားတဲ့အခါ အဖြေမရခင်ကလောက် ချစ်သူကိုမချစ်ပြပဲ ဖြစ်သွားတက်တယ်။ ချစ်သူဘဝရောက်လည်း အချစ်တွေ မရောင့်ရဲပါနဲ့ ချစ်သူက သည့်ထက်ပိုချစ်လာအောင် ကြိုးစားပါ။ များများချစ်လေ များများကြိုးစားရလေပါ။ ဘယ်တော့မှ အချစ်ကို မရပ်ပစ်လိုက်ပါနဲ့ ပင်လယ်ရေက ဘယ်လောက်ခပ်ခပ်ကုန်သွားရိုးမရှိသလို ချစ်သူက ချစ်လို့ ငြီးငွေ့သွားတဲ့ချစ်သူဆိုတာ မရှိပါဘူး။

( ၁၁ ) ဒိုင်ယာရီလေးတစ်အုပ်ထားပါ
ချစ်သူ စဖြစ်တဲ့နေ့ အနမ်းစပေးတဲ့နေ့ ချစ်သူ့မွေးနေ့ ချစ်သူနဲ့ ဆုံတဲ့နေ့တိုင်း ဒိုင်ယာရီရေးပါ သူချစ်တာလည်း ရေးပါ ကိုယ်ချစ်တာလည်း ရေးပါ နောင်တစ်ချိန် အိမ်ထောင်ကျလို့ ချစ်သူအပေါ် စိတ်ပျက်သလိုများဖြစ်လာတဲ့အခါ ဒိုင်ယာရီ စာအုပ်ထုတ်လို့ ပြန်စမ်းစစ်ပါ။ ချစ်သူဘဝက ပျော်ရွှင်ခဲ့တာတွေ ပြန်ဖတ်ပါ။ ကိုယ်ဘက်က ချစ်သူဘဝကလောက် ဘယ်လောက်လျော့သွားသလဲ ပြန်ကြည့်ပါ သူ့ကိုလည်း ပေးဖတ်ပါ အတိတ်က ချစ်သူဘဝကို တစ်ခါပြန်ခံစားပါ။

အိမ်ထောင်ကျသွားလည်း ချစ်သူတွေပါ။
ဖေဖေမေမေဖြစ်သွားလည်း ချစ်သူတွေပါ။
ဖိုးဖိုးဖွားဖွားတွေဖြစ်သွားလည်း ချစ်သူတွေပါ။ သေဆုံးသွားသည့်တိုင် ချစ်သူတွေပါ။

အချစ်စစ်ဆိုတာ ပြောင်းလဲသွားခြင်းမရှိသလို
သေဆုံးသွားခြင်းမရှိပါဘူး။ အမြဲတမ်းနုပျိုနေတဲ့ ပျော်ရွှင်မူ့ပါပဲ။

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ။
လမ်းခွဲခြင်းများ ကင်းကြပါစေ။

Credit-Original Upload

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။