Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 29, 2014

ချက်ပြုတ် တာတွေနဲ့ပတ်သက်လို့ဝေါဟာရများ

ချက်ပြုတ် တာတွေနဲ့ပတ်သက်လို့ဝေါဟာရများ
————————————————–
Peel – အခွံနွှာသည်
Slice – အလွှာလိုက်လှီးသည်
Grate – ခြစ်ချသည်။
Pour – လောင်းချသည်
Mix – သမအောင်မွှေသည်
Whisk – ( ကြက်ဥ၊မလှိုင်စသည်တို့ကို ) ခလောက်သည်။
Boil – အရည်ဆူအောင်ပွက်အောင်တည်သည်။

same နဲ့ like

မေး....ဆရာ same နဲ့ like က ဘယ်လိုကွဲပြားပီးဘယ်လိုနေရာမှာအသုံးပြုရပါသလဲဆရာ
ဖြေ......same ( adj ) တူညီသော
My twin sister and I have the same nose.
( ကျနော်နဲ့ ကျနော့် အမွှာညီအစ်မက နှာတံခြင်း ဆင်ကြတယ် )
like ( verb ) နှစ်သက်သည်။
I like this book.
like ( preposition ) - ၀ိဘတ် - တူသည်၊ ဆင်သည်။ကဲ့သို့ ၊ လိုပဲ
She looks like her mother.
( သူမဟာ သူ့အမေနဲ့ ဆင်တယ် )။

ပါတီဝင်ထက် ပညာတတ်ကို ဦးစားပေးမယ်ဆိုလို့ပါ..။



 

ပါတီဝင်ထက် ပညာတတ်ကို ဦးစားပေးမယ်ဆိုလို့ပါ..။

အင်န်အယ်လ်ဒီပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းများရွေးချယ်ရာမှာ ပါတီဝင် ဖြစ်ခြင်း မဖြစ်ခြင်းထက် ပညာတက်မြောက်မှုကို ဦးစားပေးမယ်လို့ ပြောတာ ၀မ်းသာပါတယ်။ တိုင်းပြည်မှာ ပညာမဲ့သူတွေနှစ်ပေါင်းများစွာ အုပ်ချုပ်ရေးမှာ (ဒီကနေ့ထိ) ဦးဆောင်နေလို့ ဒီဘ၀ဆိုးကိုရောက်နေတာ အားလုံးအသိ။ပညာတတ်တွေ နေရာရဖို့လိုအပ်ပါတယ်။ လူမှန် နေရာမှန်ဆိုတာမျိုးပေါ့..။

မဆလခေတ်ကစပြီး ဒီကနေ့အထိ ပညာသာတတ်ပြီး အတ္တကြီးတဲ့ ငါ့ဘို့ သမားတွေ၊ပညာတတ်ပြီး နိုင်ငံရေးမသိ၊ လက်ညှိုးထောင်ခေါင်းငြိမ့် အူတူတူလူမျိုးတွေ၊ ပညာတတ်ပြီး ကိုယ်ပိုင် အတွေးအခေါ်မရှိ အမောင်တောင်မှန်း မြောက်မှန်းမသိသူတွေ၊ ပညာတတ်ပြီး သူရဲဘောကြောင်သူတွေ၊အတတ်ပညာကလွဲလို့ အသိပညာချို့တဲ့သူတွေ မြန်မာ့နိုင်ငံရေးနယ်ထဲမှာ ဒုနဲ့ဒေးပါ။

ကျရူံးသူရဲ့ အောင်မြင်မှု


ကျရူံးသူရဲ့ အောင်မြင်မှု
-------------------------

Schulz လို့ခေါ်တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်နေရတယ်။ မူလတန်းကတည်းက သူဟာ သင်သမျှ ဘာသာတိုင်းမှာ မင်နီတွေနဲ့ ပြည့်နေတတ်တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ ရူပဗေဒအမှတ်က အမြဲသုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တစ်ခြားသာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းနေခဲ့တဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။

Friday, November 28, 2014

ယောက္ခမကို တိုက်တဲ့ဆေး


ယောက္ခမကို တိုက်တဲ့ဆေး

အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။

တစ်သက်တာ မျှော်လင့်ချက်


တစ်သက်တာ မျှော်လင့်ချက်
-----------------------------

ကျွန်တော့်တစ်သက်မှာ မျှော်လင့်ချက်တစ်ခုပဲရှိတယ်။ အဲဒီမျှော်လင့်ချက်က အမိုးရှိတဲ့အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အိပ်ရဖို့ပါပဲ။

ဘာဖြစ်လို့ ကျွန်တော့်မှာ ဒီလိုမျှော်လင့်ချက်မျိုး ရှိရသလဲ၊ ကျွန်တော်က အိန္ဒိယနိုင်ငံ Kolkata (then Calcutta)မှာနေတဲ့ သူတောင်းစားဖြစ်လို့ပါပဲ။ ကျွန်တော်မွေးပြီး မကြာဘူး အဖေဆုံးသွားခဲ့တယ်။ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲနေတယ်။ ကျွန်တော်တို့က လမ်းကျဉ်းလေးတစ်နေရာမှာနေတဲ့ သူတောင်းစားတွေဖြစ်တယ်။

ရေအောက်မှာ မြို့တည်မယ့် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ စီမံကိန်း


ရေအောက်မှာ မြို့တည်မယ့် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ စီမံကိန်း

ကမ္ဘာမှာ လူအများစုက မိမိတို့ မြို့ ရေအောက်ရောက်သွား မှာ ကြောက်လန့်နေကြတဲ့ ဂျပန်နိုင်ငံက Shimizu Corporation လို့ အမည်ရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ကတော့ ရေအောက်မြို့တော် စီမံကိန်း ကို စတင်လိုက်ပါပြီ။ 

Thursday, November 27, 2014

ဦးဝီရသူ၏ လှို့ဝှက်ချက်များ

ဝီရသူဟာ ပု စ္ဆာ ဖြစ်တယ်။
ဦးဝီရသူ၏ လှို့ဝှက်ချက်များ
===============
(၁)
ဦးဝီရသူသည်... ဦးသန်းရွှေနှင့်ဇာတိအတူတူ
ကျောက်ဆည်ဇာတိဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်ခဲ့သည်၊
အမည်ရင်း ၀င်ခိုင်ဦးဖြစ်ပြီး ၈၈ အရေးခင်းပြီးနောက်
ဘုန်းကြီးဝတ်ခဲ့သည်၊
၂၀၀၃ ခုနှစ်မေလတွင်ဖြစ် ကျောက်ဆည်မြို့
လေးမျက်နာဘုရားတွင်အမျိုးသားရေးဟောရာမှ
နောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး..
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနှင့်
လှုံ့ဆော်စည်းရုံးခြင်းတို့ကြောင့်ဦးသန်းရွှေအစိုးရမှ
သူ့အား ထောင် ၂၅ နှစ်ချလိုက်သည်၊
သူသည်၂၀၀၇ ခုနှစ်ရွှေဝါရောက်တော်လှန်ရေးကာလကို
မမှီခဲ့ပါ..၊

စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်၏ အမူအကျင့်ကောင်းများကို Straits Times သတင်းစာ ချီးကျူးဖော်ပြ


AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ ကောင်းမွန်သော လုပ်ဆောင်မှု တစ်ရပ်နှင့် ပတ်သက်၍ စင်ကာပူ အခြေစိုက် Straits TIMES သတင်းစာက အဆင့်အတန်းရှိသည့် အမူအကျင့် တစ်ခုအဖြစ် ချီးကျူးရေးသား ဖော်ပြခဲ့သည်။
မြန်မာအသင်းသည် နိုဝင်ဘာ (၂၆)ရက် ညပိုင်းက အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာတွင် အိမ်ရှင် စင်ကာပူကို (၄-၂)ဖြင့် အရေးနိမ့်သွားခဲ့သည်။ မြန်မာ ပရိသတ်များသည် ပွဲစဉ်တစ်လျှောက်လုံး လက်ရွေးစင် အသင်းကို အားပေးခဲ့ကြပြီးနောက် ပွဲအပြီးတွင် မိမိတို့၏ နေရာမှ အမှိုက်များကို စည်းကမ်းရှိရှိ ပြန်လည် သိမ်းယူ လုပ်အားပေးခဲ့ကြသည်။

Wednesday, November 26, 2014

တစ်ပါးသူသမီးကို ခွင့်လွှတ်ပေးပါ



တစ်ပါးသူသမီးကို ခွင့်လွှတ်ပေးပါ
________________________

စားသောက်ဆိုင်မှာ ကျွန်မတို့စားပွဲဝိုင်းကို တာဝန်ယူစားပွဲထိုးတဲ့မိန်းကလေးက ငယ်ရွယ်နုပျိုသူတစ်ဦးပါ။ သူ့ကို ကျွန်မသတိထားမိရတာက သူဟာ စားပွဲထိုးရာမှာ တုံ့နှေးတုံ့နှေးနဲ့ ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်သေးတဲ့ ပုံစံမို့ပါ။ သူဟင်းတွေချနေတုန်း ဟင်းရည်တွေ ကျွန်မပေါ် သူမတော်တဆ လောင်းချလိုက်မှာကို ကျွန်မစိုးရိမ်နေမိတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ မှာတမ်းစာတဲ့..


ဒေါ်အောင်ဆန်းစုကြည်ရဲ မှာတမ်းစာတဲ့...ဖတ်ပြီးမျက်ရည်တောင်ကျတယ်..

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ........

(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ

*ဘဝ ဟူသည်

တိုတောင်း လှပေစွ.

ကန်ရေပြင်၌ တက်သော

ရေပွက်မျှသာ ဖြစ်တယ်။*

I am agree. လို့သုံးရင်မှားပါတယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်လို့မှားတတ်သောအမှားများ
----------------------------------------------------------
I am agree. လို့သုံးရင်မှားပါတယ်။ ဘာကြောင့်လည်းဆိုတော့
Verb to be ကြိယာနဲ့ နောက်က Simple verb နဲ့ တွဲသုံးလို့မရ
ပါဘူး.........I agree. လို့သုံးရပါမယ်....
မှားတတ်တဲ့ အမှားများအတွက် စာကြောင်းပေါင်းများစွာနဲ့ရှင်းလင်း
ပို့ချပေးထားပါတယ်...အသံဖိုင်ကိုနားထောင်ကြည့်လိုက်ပါ။
http://www.thebestenglish4you.com/common-errors-1/

နော်ဝေးနိုင်ငံဘုရင်ကြီးကို နော်ဝေးရောက်မြန်မာများ အိပ်ဖွင့်ပေးစာပေးပို့.


လက်ရှိမြန်မာအစိုးရလူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် သတိပြုမိစေဖို့
နော်ဝေးနိုင်ငံဘုရင်ကြီးကို နော်ဝေးရောက်မြန်မာများ အိပ်ဖွင့်ပေးစာပေးပို့.


ဒီဇင်ဘာပထမအပတ်အတွင်း မြန်မာပြည်ကိုသွားရောက်လည်ပတ်မဲ့ နော်ဝေးဘုရင်ကို
 နော်ဝေးနိုင်ငံမှာနေထိုင်နေတဲ့ မြန်မာစုစုပေါင်း ၁၀၀ကျော်ရဲ့ အမည်စာရင်းများနဲ့တကွ
 ဒီကနေ့ နိုဝင်ဘာလ၂၅ရက် နေ့မှာ အိပ်ဖွင့်ပေးစာတစောင်ပေးပို့ထားပါတယ်။

မနီးစပ်ခဲ့ကြပါဘူး

မနီးစပ်ခဲ့ကြပါဘူး
အသံဝဲနဲ့ ဒီတောင်ပေါ်သား
နားဝင်ချိုအောင် မပြောတတ်ခဲ့
ပမီသတဲ့ အချစ်စကားလုံးတွေကို
မင်းနှလုံးသားက နားလည်ဖို့ခက်ခဲ့တာလား
လက်ခံနိုင်စွမ်း မရှိခဲ့တာလား..
် မိန်ကလေး
ဘာသာရပ်တစ်ခုကို ကျေလည်ဖို့
အတန်းတက် လက်ကိုင်ဟောင်း
ပုံနှိပ်စာအုပ်စာမျက်နှာ မစုံခဲ့ဘူး
ရောင်စုံတွေ မှေးမှိန်ဖျော့ခဲ့
ခွဲခြားတတ်ဖို့ ထင်းရှူးမီး မှိန်မှိန်နဲ့
ကြိုးစားခဲ့ဘူးတယ်..

အောင်မြင်ခြင်းဆီသွားတဲ့လမ်း


အောင်မြင်ခြင်းဆီသွားတဲ့လမ်းက ကွေ့ကောက်လွန်းတယ်။
တကယ်လို့ အလုပ်တစ်ခုကို လက်ဗလာနဲ့ သင်သတ္တိရှိရှိစရဲခဲ့ရင် ဘယ်အခြေအနေရောက်ရောက် မိမိကိုယ်ကိုယ်ယုံကြည်မှုကို မပျောက်ပျက်စေပါနဲ့တော့။

ရှုံးနိမ့်မှာကိုကြောက်ပြီး ခြေတစ်လှမ်းမရွေ့ခဲ့ရင် နဂိုနေရာမှာတင် သင်ရပ်ကျန်ရစ်နေလိမ့်မယ်။

သတ္တိ၊ ယုံကြည်ချက်နဲ့ လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကို ရဲရဲလုပ်ဆောင်ရင် ခွန်အားတွေက အလိုလိုပြည့်လာတတ်ပါတယ်။ အခွင့်ကောင်းအခါကောင်းရောက်လာချိန် အသိဉာဏ်ဆိုတဲ့အတောင်ပံရဲ့အကူကိုလည်းယူ ဇွဲလုံ့လနဲ့ယုံကြည်မှုကိုလည်း ဆုပ်ကိုင်ထားရင် ကောင်းကင်အမြင့်ထက်ဆီ သင်ပျံသန်းနိုင်ပါတယ်။

Dandelionလို့ခေါ်တဲ့ တောရိုင်းပန်းလေးတစ်ပွင့်


Dandelionလို့ခေါ်တဲ့ တောရိုင်းပန်းလေးတစ်ပွင့်က ကောင်းကင်ကြီးကို
မော့ကြည့်ပြီး "ဝါး... ကောင်းကင်ကြီးက ပြာလဲ့ပြီး အပြောကျယ်လိုက်တာ.. ကောင်းကင်ပေါ်အထိပျံသန်းဖို့ကျွန်တော်တို့ အခွင့်အရေး ရှိပါ့မလား" လို့ မေးခဲ့တယ်။

တောရိုင်းပန်းမေမေက "ရှိတာပေါ့.. မြန်မြန်ကြီးပြင်းကြပြီး လေနဲ့အတူ ပျံသန်းသွားနိုင်ပြီ" လို့ ပြောတယ်။

"ဒီလိုဆိုရင် ကျွန်တော်တို့ နေရာအနှံ့ ကြည့်လို့ရပြီနော်.. သိပ်ကောင်းတာပဲ"

Tuesday, November 25, 2014

ရေမျက်နှာပြင်ပေါ်မှာ လူသားတွေပုံဖော်တဲ့ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်


ရေမျက်နှာပြင်ပေါ်မှာ လူသားတွေပုံဖော်တဲ့ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်

ရေမျက်နှာပြင်မှာ ပေါလောပေါ်နေတဲ့ အနေအထားနဲ့ လူသားတွေ ပုံဖော်သမျှ အမှတ်တံဆိပ်တွေအနက် ဂျော်ဒန်နိုင်ငံ ပင်လယ်သေမှာ ပုံဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး အမှတ်တံဆိပ်က ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း ၀င်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံက ပင်လယ်သေဟာ ကမ္ဘာ့ရေမျက်နှာပြင်အောက် ၄၁၂မီတာ နိမ့်ပြီး ကမ္ဘာပေါ်က အနိမ့်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။

Share ပေးခြင်းဖြင့် အသက်တချောင်းကို ကယ်တင်ပါ

Share ပေးခြင်းဖြင့် အသက်တချောင်းကို ကယ်တင်ပါ

---------------------------------

စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့က
တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။
ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ
သတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံသားများအတွက်
များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

စာရေးသူက အစကတော့မရေးဘူးဆိုပြီး
စိတ်ကူးထားခဲ့ပေမယ့် မြန်မာပြည်သူများရဲ့
အသက်ကိုထောက်ပြီး မရေးချင်ပေမယ့်
ရေးခဲ့ရပါတယ် ။

ကျနော်မြင်တာက ၂ပွင့်ဆိုင်ပါပဲ။



 

သမတဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးခင်မောင်မြင့်၊ ကာချုပ်မင်းအောင်လှိုင်၊ စိုင်းအိုက်ပေါင်း(ကျားဖြူ)နဲ့ ဒေါ်အောင်ဆန်းစုကြည်..။
ပြောတော့(၆)ပွင့်ဆိုင်တဲ့..

ကျနော်မြင်တာက ၂ပွင့်ဆိုင်ပါပဲ။
အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တဲ့သဘောပါပဲ။
စိုင်းအိုက်ပေါင်းဆိုတာလဲ ပရိုဂါဗားမင်န့်လို့နာမည်ထွက်နေတာ..။

အစိုးရအဖွဲ့ထဲမှာ ၄ပွင့် သီးသန့်ခွဲလိုက်တာကတော့ နည်းနည်းစဉ်းစားစရာတွေဖြစ်ကုန်တယ်။
သူတို့လည်း အစုအဖွဲ့ကွဲနေတာလား၊ ဒါမှမဟုတ် လူခွဲကစားတာလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ညှပ်ပူးညှပ်ပိတ် လုပ် ကျုံးသွင်းမှာလား.။ ဒေါ်စုလက်နဲ့ မြွေဖမ်းအုံးမှာလား..။ အသုံးချဖို့ သက်သက်တော့ မဖြစ်သင့်တော့ဘူး။ လက်ပံတောင်းဦးပိုင်ကိစ္စက ဘ၀နဲ့ယှဉ်တဲ့ သင်ခန်းစာ.။

ပြည်သူတွေမသိသေးတဲ့ သူတို.လက်တွေ.ဘ၀များ


Kyaw Swar Myint added 2 new photos — with Ko Nyo and 11 others.

ပြည်သူတွေမသိသေးတဲ့ သူတို.လက်တွေ.ဘ၀များ
=================================
မနေ့က Park Royal မှာ လုပ်တဲ့ ရွှေအသင်းနှစ်ပတ်လည်မှာ သတင်းထောက်
တွေကို မတ်တပ်ရပ်စောင့်နေတုန်း Duty ကျတဲ့ ရဲတွေက ညည်းနေတာ နားစွင့်
မိတယ်။သူတို့ပြောနေတာက ''ဘယ်အချိန်ထိ စောင့်ရမလည်း မသိဘူးတဲ့။ အပြန်
လမ်းစရိတ် မရှိဘူးကွာ'' တဲ့။ တစ်ယောက်က အားပေးတယ်။ မုန့်ဖိုးရချင်ရမှာပါတဲ့။
အင်း မရရင် ဘယ်လိုပြန်ရမလည်းဆိုတော့။ အားပေးနေတဲ့ တစ်ယောက်က ပါးစပ်
ပိတ်သွားတယ်။ ဘေးနားကို ရောက်လာလို့ ကြည့်မိတော့ ရိုးရိုးတပ်သားတွေ။

စာအုပ်ဆိုင်


အင်တာနက်စာအုပ်ဆိုင်တွေရဲ့ ဈေးနှုန်းသက်သာမှု၊ မြန်ဆန်မှုကြောင့် အစဉ်အလာရှိခဲ့တဲ့ စာအုပ်ဆိုင်တော်တော်များများဟာ လျစ်လျူရှုခံနေရပါတယ်။ တကယ်လို့ အောက်က စာအုပ်ဆိုင်တွေလိုမျိုးစာအုပ်ဆိုင်တွေကို သင်တွေ့မြင်ခဲ့ရင် ဆိုင်ထဲဝင်ရောက်ကြည့်ရှုဖို့သင့်ခြေလှမ်းကို သင်ရပ်တန့်ထားနိုင်မှာလား...

The Bookshop, Scotland

ဒလိုင်းလားမားကိုမေးထားတဲ့ အမေး ၁ဝခု


ဟောင်ကောင်သတင်းထောက်က ဒလိုင်းလားမားကိုမေးထားတဲ့ အမေး ၁ဝခုလို့ ဖတ်ရပါတယ်။ တကယ်မေးထားလား မမေးထားလားဆိုတာမသိပေမယ့် အမေးအဖြေတွေကိုနှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်။

(၁) ဆုံးရှုံးသွားတဲ့အရာကို ပြန်ပေးပါလို့လိုက်တောင်းဖို့လိုသလား

“ဆုံးရှုံးသွားတဲ့အရာက တကယ်တော့ သင့်ဟာ အမှန်တကယ်မဟုတ်သေးပါဘူး။ ဒါကြောင့် နှမြောစရာမလိုသလို ပိုပြီးတော့တောင် လိုက်တောင်းစရာမလိုပါဘူး”

(၂) ဘဝဟာ ပင်ပန်းလွန်းတယ်၊ ဘယ်လို ဖြေဖျောက်ရမလဲ

“ဘဝပင်ပန်းရတာဟာ တစ်ဝက်က အသက်ရှင်နေထိုင်ရေးအတွက်၊ နောက်တစ်ဝက်က ရမ္မက်လိုအင်နဲ့ ပြိုင်ဆိုင်မှုကြောင့်ဖြစ်တယ်”

Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း


Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း

Starrbuck ကမ္ဘာမှာ အအောင်မြင်ဆုံး ကော်ဖီ ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ဝန်ထမ်းအင်အား ၁သန်းခွဲကျော် မကနဲ့ လုပ်ငန်း လည်ပတ်လျက် ရှိပါတယ်။ သူ အောင်မြင်ရတဲ့ အကြောင်းအရင်းကို inc.com က စာရေး ဆရာတစ်ဦးဟာ လက်ရှိ Starbuck ရဲ့ စီအီးအို ဖြစ်သူ Howard Schultz ကို မေးမြန်းအင်တာဗျူးခဲ့ ပြီး ယခုလို အကြောင်းချက်များ ထုတ်ပြခဲ့ ပါတယ်။ 

ကိုးရိုးကားယားနိုင်တဲ့ အမှုအခင်းတွေပါ။


ဒီစာလေးတင်ပေးပါလို့ မက်ဆေ့တစ်စောင်ရတယ်.. ဖတ်ကြည့်တော့ ဖတ်ဖူးသလိုလိုရှိသားပေါ့.. အောက်ဆုံးနားမှာ နိုင်းနိုင်းစနေ ဘာသာပြန်သည်ကို
တွေ့မှ အော်.. ရေးခဲ့ဖူးတာပဲလို့ သတိရတယ် .. အဲဒီလိုပဲ တချို့စာတွေက မှတ်ဉာဏ်ထဲစွဲမနေဘူး.. ဗဟုသုတအဖြစ်နဲ့ပဲရှိခဲ့တယ်။ အခုလည်း ဗဟုသုတအလို့ငှာ မျှဝေပါတယ်ပေါ့။ ဒီဆုက ၂ဝဝ၂ - ၂ဝဝ၇ ခုနှစ်အတွင်းမှာပဲရှိခဲ့တဲ့ဆုလို့ သိရပါတယ်။ အရင်ကရေးခဲ့တဲ့စာကို အနည်းငယ်ပြင်ဆင်ပြီး မျှဝေပါတယ်။

အမေရိကန်နိုင်ငံက Stellaဆု
------------------------------

အမေရိကန်နိုင်ငံမှာ Stellaဆုဆိုတာရှိခဲ့ပါတယ်။ အဲဒီဆုအချီးမြှင့်ခံရသူတွေက အဲဒီနှစ်ရဲ့အအောင်မြင်ဆုံးနဲ့ ကိုးရိုးကားယားအနိုင်ဆုံး အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ၊ ဂျုရီလူကြီးအဖွဲ့တွေဖြစ်တယ်

မကာအို (Macao)


မကာအို (Macao)

မကာအိုဟာရှေးအရင်တုန်းကပေါ်တူဂီရဲ့ကိုလိုနီလက်အောက်
ခံဒေသတခုဖြစ်ခဲ့ဘူးပါတယ်။ အခုအခါမှာမကာအိုဟာတရုပ်ပြည်ရဲ့
အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်တည်ရှိနေပါတယ်။ပေါ်တူဂီတွေ
ကပေးသွားတဲ့နာမည်ဟာမကာအိုလို့အမည်တွင်ပြီးအခုအခါမှာ
တရုပ်လိုအေအိုမင်လို့ခေါ်ပါတယ်။

မကာအိုဟာတရုပ်ပြည်တောင်ပိုင်းကမ်းရိုးတန်းဒေသပိုင်းမှာရှိနေပြီး
ကျွန်းနှစ်ကျွန်းလဲပါရှိပါတယ်။

" အမိန့်ပေးသူနဲ့အမိန့်နာခံသူ "


" အမိန့်ပေးသူနဲ့အမိန့်နာခံသူ "
=====================

ပင်လယ်ကွေ့စစ်ပွဲတုန်းက စစ်မြေပြင်တစ်နေရာက

အမေရိကန်စစ်သားတစ်ယောက်က သမ္မတဘုရှ်ကို ဖိတ်ခေါ်ခဲ့တဲ့

စကားတစ်ခွန်းကိုမှတ်မိကြဦးမယ် ထင်ပါတယ်..

"သမ္မတကြီးခင်ဗျာ ကျွန်တော်တို့နဲ့အတူ သဲကန္တာရထဲမှာ

ရေပူပူတစ်ခွက်လောက် အတူတူသောက်ရအောင်" ဆိုတဲ့စကားပါ..

ဒါနောက်ဆုံးသောကာလ..။



 

ဒါနောက်ဆုံးသောကာလ..။

မြန်မာပြည်ကြီး နောက်ကြောင်းပြန်လှည့်နေပုံက
သမတဦးသိန်းစိန်နဲ့ ကြံ့ဖွတ်အစိုးရက
ဒီမိုကရေစီလမ်းကြောင်းကိုချီတက်နေပါပြီလို့
မစင်ငုံပြီး သက်သေထူပြောလည်း ယုံနိုင်စရာမရှိတော့။

မယုံကြည်ကြပေမယ့် စစ်ဓားပြလက်အောက်ခံဘ၀နဲ့
သီးခံခေါင်းငုံ့ နှုတ်ပိတ် အညံ့ခံပေါင်းသင်းနေသူတွေ
ခြံစည်းရိုးခွထိုင်နေသူတွေကိုတော့
အားနာပါတယ်။
ကိုယ့်တစ်ဘ၀ထဲကြည့်တတ်သူတွေရဲ့သမိုင်းက သက်တမ်းတိုပါတယ်။

ရေခဲတိုက် တစ်ခုတွင် ဖြစ်သည်.....


ရေခဲတိုက် တစ်ခုတွင် ဖြစ်သည်.....
နာမည်ကြီးနိုင်ငံရေးသမား ၃ ဦး၏ အလောင်းများ မီဒီယာများကို ပြသရန် ရေခဲတိုက်တွင် ပြင်ဆင်ထားသည်။
အလောင်းအားလုံး၏ မျက်နှာကိုယ်စီတွင် အပြုံးတွေ ဆင်ယင်ထားသည်။ ရေခဲတိုက်မှူးက ရဲများကို ဖိတ်ကြားပြီး အဖြစ်အပျက်ကို လိုက်လံ ရှင်းလင်းပြသည်။ ထိုအချိန်တွင် ရဲမှူးတစ်ဦး ရောက်လာပြီး ပထမ အလောင်းကို ကြည့်ရှုရာ ရေခဲတိုက်မှူးက…
““သူက အာဏာရပါတီ ၀န်ကြီးတစ်ဦးပါ အသက် ၆၅ နှစ်ရှိပြီ။ စမောတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ သာယာနေတုန်း ရုတ်တရက် နှလုံးခုန်ရပ်သွားတာ၊ ဒါကြောင့် သူ့မျက်နှာမှာ အပြုံးကျန်ခဲ့တာ””
အော်........