မနီးစပ်ခဲ့ကြပါဘူး
အသံဝဲနဲ့ ဒီတောင်ပေါ်သား
နားဝင်ချိုအောင် မပြောတတ်ခဲ့
ပမီသတဲ့ အချစ်စကားလုံးတွေကို
မင်းနှလုံးသားက နားလည်ဖို့ခက်ခဲ့တာလား
လက်ခံနိုင်စွမ်း မရှိခဲ့တာလား..
နားဝင်ချိုအောင် မပြောတတ်ခဲ့
ပမီသတဲ့ အချစ်စကားလုံးတွေကို
မင်းနှလုံးသားက နားလည်ဖို့ခက်ခဲ့တာလား
လက်ခံနိုင်စွမ်း မရှိခဲ့တာလား..
် မိန်ကလေး
ဘာသာရပ်တစ်ခုကို ကျေလည်ဖို့
အတန်းတက် လက်ကိုင်ဟောင်း
ပုံနှိပ်စာအုပ်စာမျက်နှာ မစုံခဲ့ဘူး
ရောင်စုံတွေ မှေးမှိန်ဖျော့ခဲ့
ခွဲခြားတတ်ဖို့ ထင်းရှူးမီး မှိန်မှိန်နဲ့
ကြိုးစားခဲ့ဘူးတယ်..
ဘာသာရပ်တစ်ခုကို ကျေလည်ဖို့
အတန်းတက် လက်ကိုင်ဟောင်း
ပုံနှိပ်စာအုပ်စာမျက်နှာ မစုံခဲ့ဘူး
ရောင်စုံတွေ မှေးမှိန်ဖျော့ခဲ့
ခွဲခြားတတ်ဖို့ ထင်းရှူးမီး မှိန်မှိန်နဲ့
ကြိုးစားခဲ့ဘူးတယ်..
မင်းရဲ့ ပုံတူ ပန်းချီကား ဆွဲတတ်ချင်ပါရဲ့
အရောင်တွေ မကွဲခဲ့ဘူး မိန်းကလေး...
ရွှေ့ပြောင်းတောင်ယာ
အလှမ်း ကွာဝေးလွန်းတဲ့ ကျောင်း
သုံးလေးလံကွာ လှမ်းမမြင်ရ်
မှိုင်းတွေပိတ်ဖုံး ဝါးလုံးထိုးမိုး လေကဆွဲရမ်း
ခိုက်တုန်တုန် ကျောင်းနဲ့အိမ်
ကျောင်းခေါ်ချိန်ဇယားမှာ က်ြက်ခြေခတ် မင်နီ
သဒ္ဒါကျေဖို့ ရက်မစုံခဲ့ဘူး
မင်း ကဗျာဖြစ်ဖို့ ငါ့နှလုံးသား အောက်သက်မကျေခဲ့ဘူး မိန်းကလေး..
အလှမ်း ကွာဝေးလွန်းတဲ့ ကျောင်း
သုံးလေးလံကွာ လှမ်းမမြင်ရ်
မှိုင်းတွေပိတ်ဖုံး ဝါးလုံးထိုးမိုး လေကဆွဲရမ်း
ခိုက်တုန်တုန် ကျောင်းနဲ့အိမ်
ကျောင်းခေါ်ချိန်ဇယားမှာ က်ြက်ခြေခတ် မင်နီ
သဒ္ဒါကျေဖို့ ရက်မစုံခဲ့ဘူး
မင်း ကဗျာဖြစ်ဖို့ ငါ့နှလုံးသား အောက်သက်မကျေခဲ့ဘူး မိန်းကလေး..
မင်းဘဝအတွက် မစွမ်းသာတဲ့ အရပ်ဒေသက
တောင်ပေါ်သား ကျနော်
ခေတ်အမှီလိုက်ဖို့ လမ်းမပေါက်ခဲ့ဘူး
ဘွဲ့တစ်လုံးယူဖို့ ကျောင်းမရှိခဲ့ဘူး
စီးပွားဖြစ်ဖို့ ထွက်ကုန် မရှိခဲ့ဘူး
အတက် အဆင်းနဲ့ အမောဖြေခွင့်ရသူ
မတူမတန်အောင် ချစ်ခဲ့တယ် မိန်းကလေး,....
တောင်ပေါ်သား ကျနော်
ခေတ်အမှီလိုက်ဖို့ လမ်းမပေါက်ခဲ့ဘူး
ဘွဲ့တစ်လုံးယူဖို့ ကျောင်းမရှိခဲ့ဘူး
စီးပွားဖြစ်ဖို့ ထွက်ကုန် မရှိခဲ့ဘူး
အတက် အဆင်းနဲ့ အမောဖြေခွင့်ရသူ
မတူမတန်အောင် ချစ်ခဲ့တယ် မိန်းကလေး,....
လောကမှာ ဖြစ်သင့် ဖြစ်ထိုက်တာတွေ
မချစ်သင့် မချစ်ထိုက်တာတွေနဲ့
သတ်မှတ် ကန့်သန့်ခံရတဲ့ စည်းဘောင်တွေအောက်
တောင်ပေါ် မြေပြန့် မနီးစပ်ခဲ့ပါဘူး
မျှော်ရင်း ပြိုရင်း မနီးစပ်နိုင်တဲ့ အဝေးဆုံးကနေ
ချစ်နေမိတယ် မိန်းကလေး..
မချစ်သင့် မချစ်ထိုက်တာတွေနဲ့
သတ်မှတ် ကန့်သန့်ခံရတဲ့ စည်းဘောင်တွေအောက်
တောင်ပေါ် မြေပြန့် မနီးစပ်ခဲ့ပါဘူး
မျှော်ရင်း ပြိုရင်း မနီးစပ်နိုင်တဲ့ အဝေးဆုံးကနေ
ချစ်နေမိတယ် မိန်းကလေး..
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။